Posts

Showing posts from August, 2023

အားကစားရုံ

ကစားရုံ၊အား ။ ။အားကစားရုံကို အင်္ဂလိပ်လိုဂျင် မနေဒီယမ်ဟု ခေါ်သည်။ ဂျင်မနေဒီယမ် ဆိုသည့် စကားသည် ဂျင်မနော့ဟူသော ဂရိစကားမှ ဆင်းသက်လာ၍ ကိုယ်တုံးလုံးဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ်ဂရိ လူငယ်များသည် ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်းဆင်းချိန် တွင် မိမိတို့ဝတ်ဆင်ထားသော အဝတ်များကိုချွတ်၍ ကစား ကြသည်။ အားကစားရုံတွင် ကိုယ်လက် ကြံ့ခိုင်ရေး၊ ပေါ့ ပါးဖျတ်လတ်ရေး၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အချိုး အဆစ်ပြေပြစ်ရေး စသည်တို့အတွက် လေ့ကျင့်ကစားနိုင် သောပစ္စည်းများထားရှိရ၏။ များသောအားဖြင့် ကျောင်း များတွင် ကစားရုံများထားရှိပြီးလျှင် ကျောင်းသားလူငယ် များအား ကိုယ်လက်ကျန်းမာဖွံ့ဖြိုးလာအောင် နည်း လမ်းတကျ သင်ပြပေးလေ့ရှိပေသည်။ အားကစားရုံများတွင် လက်နှင့်ဆွဲတက်ရန် ကြိုးများနှင့် လှေကားများကိုလည်း ကောင်း ၊ကွင်းဗါး(ရင်းဗါး)၊ တတန်းဗါး၊ နှစ်တန်းဗါးများကို လည်းကောင်း၊ ဒမ်ဗယ်ဗါးဗဲခေါ် အလေးများနှင့် အင်းဒီးယန်းကလပ်ခေါ် တင်းပုတ်များကိုလည်းကောင်း၊ လက်သီးထိုးကျင့်စရာ ဘောလုံးနှင့် လက်ထောက် ခုန်ပြီး ကစားရသော မြင်းဗါးများကိုလည်းကောင်း၊ကစားစရာ ပစ္စည်းအမျိုးမျိုးကို တွေ့မြင်နိုင်ပေသည်။ အားကစားလေ့ကျင့်ရာတွင် ကိုယ်လက်အင်္ဂါအားလုံးကို တစ်ခုနှင

ကစားစရာများ

 ကစားစရာများ  ။ ။ကစားစရာများသည် လူတစ်မျိုး နှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲကောင်းကွဲလွဲမည် ဖြစ်သော်လည်း၊ ရှေးပဝေဏီကပင် ပေါ်ပေါက်ခဲ့ပေသည်။ သို့ရာတွင် လူတို့၏ခေတ်သည် အမျိုးမျိုးပြောင်းလဲခဲ့သည့် အတိုင်း ကလေးကစားစရာများသည်လည်း ခေတ်အလိုက် အမျိုးမျိုး တိုးတက်ပြောင်းလဲလာခဲ့ကြပေသည်။ အထူး သဖြင့်စက်မှုနှင့်သိပ္ပံပညာ ထွန်းကားလာသည့် အခါမှစ၍ ကလေးကစားစရာများ၏ အဆင့်အတန်းမှာ သိသိသာသာ တိုးတက်၍လာခဲ့ပေသည်။ ရှေးခေတ်လူတို့သည် ရွှံ့နှင့် ပြုလုပ်သောမြင်းရုပ်၊ နွားရုပ်များ၊ ဝါးပင်ကျူပင်မှ ပြုလုပ် သော ပြွေကလေးများဖြင့် မိမိတို့သားသမီးများ၏ စိတ် ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့ကြ၏။ အဝတ်စုတ်များ၊သစ်တိုဝါးစများနှင့် ပြုလုပ်သော ကစားစရာများဖြင့်လည်း သား သမီးငယ်များကို နှစ်သိမ့်စေခဲ့ကြလေသည်။ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ရှေးနှစ်ပေါင်းများစွာ ကစ၍ ကလေးကစားစရာများကို ကမ္ဘာအနှံ့အပြားသို့ တင် ပို့ရောင်းချခဲ့ကြသည်။ ထိုတိုင်းပြည်များမှ ခေတ်စားသော အရုပ်များမှာ ကော်ရုပ်ကလေးများနှင့် မော်တော်ကား၊ မီး ရထား၊ စက်ဘီးစသည့်အရုပ်ကလေး များဖြစ်သည်။ ကလေး များတက်စီးနိုင်သော လှုပ်မြင်းရုပ်များ၊ နှစ်ယောက်စီးများ ရဟတ်များ

ကစားခြင်း၏အရေးကြီးပုံ

 ကစားခြင်း၏အရေးကြီးပုံ သင်ကြားရေး၌ ကစားခြင်းသည် ခြင်းနှင့် ထပ်တူထပ်မှ အရေးကြီးလေသည်။ ကစားခြင်း အားဖြင့် က ။တို့၌ ကသာမက ဥာဏပါ ဖွံ့ဖြိုးတို။ ဘက်နိုင်လေသည်။ (ကင်ဒါဂါင် – ရှု) က တိုင်း ကစားခြင်းဖြင့်သာ အချိန်ကုန်လွန်လိုကြ၍၊ ကစားရမည်ဆိုလျှင် မည်သည့်ကလေးမျှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ လူတို့၏စိတ်သည်ပင် က၊အရွယ်၌ကစား ရန်သာ စိတ်အားထက်သန်၏။ ကလေးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၌ရှိသော အင်အားများသည် လိုသည် ဆက် ငိုနေသဖြင့် ထိုအားပိုများကိုအသုံးချရန် ကစားပေးရသည် ဟုဆိုလေသည်။ မကစာ။သောကလေးသည် ကျန်းမာရေး ၌လည်းကောင်။ ဥာဏ်ပညာဖွံ့ဖြို။ရေး၌လည်။ကောင်း၊ ချို့တဲ့ တတ်သည်။ ကစားရမည့်အရွယ်တွင် ကစားပေ။မှ သာအရာ ရ။ မည်း စာသင်ကြားပေ။ ရာ တိုးတက်နိုင်ပေမည်။ လူတို့သည် အမွေ။ကတည်းက ပုက်တွင်းငယ်ခြောက် လှုပ်ရှာ။ကထားလာခဲ့ကြ၍ ကြသည်။ ဖြည်ပြေးကရွာ။ကာနှင့် ကစာ။ဘင်လာပြီးနောက်၊ ကြီးပြင်းလာသောအခါ ကစားကွင်းများ၌ စနစ်တကျ ကစားကြရောခ့သည်။ ထိုသို့ ကစားသွားယင်းနှင့်မြို့၌မည်ကဲ့သို့ အကျိုးရှိလာသည်ကို သိနားလည်သောအခါ လူကြီးများပင် ကိုယ်လက် လှုပ်ရှာဧကစားခြင်းကို အလေ့ အကျင့် ပြုလုပ်ကြလေသည်။ က။စိတ်နှင့်တိရစ္ဆာန်တို့စိတ် ကလေးသူငယ်များကို အကျိုး

ကချင်လူမျိုး

 ကချင်လူမျိုး။ ။ ။ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကချင်လူမျိုးတို့ နေထိုင်ရာအချက်အချာဒေသမှာ ချင်းတွင်း မြစ်ဖျားနှင့် ဧရာဝတီမြစ်များတို့ ဖြတ်သန်းစီးဆင်း ရာ ဒေတစ်ငိုက်ဖြစ်၏။ မြောက်ဖက်လတ္တီတွဒ်၂၃၃၇ ဒီဂရီ နှင့် ၂၈၂၅ဒီဂရီဂိုအာ။ အရှေ့ဘက် လောင်ဂျီတွဒ် ၉၆ဒီဂရီနှင့် ၉၈၄၇ဒီဂရီ အကြာဖြစ်သော အဆင်ပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်မြန်မာ နယ်စပ် အလွန် ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။ ကရင် တို့၏ လူဦးရေမှာ တဖြည်းဖြည်းတိုးတက်များပြာ။၁၁ ခဲ့ရာ မိုးကုတ်နယ် ကိုဘောင်ဒေသ ရွှေလီမြစ်ဝှမ်းဒေသ လားရှိုးနယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတောင်ဖက်ကျိုင်း တိုနယ်အထိပျံ့နှံ့လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ အပ ဖြစ်သော အာသံပြည် ပတ်ကွိုင်ကောင်၏ အနောက်ဖက် လောင်စောင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အရှေ့ဖက်ရေလောင်ဂျီတွဒ် ၉၉ဒီဂရီခန့် အထိဒေသတို့တွင် သည်။ ကချင်လူမျိုးများကို တွေ့ရပေသည်။ ၃၁ခုနှစ် မြန်မာနိုင်ငံသန်။ခေါင်စာရင်းအရ မြန် မာနိုင်ငံအတွင်းနေထိုင်ကသောကချင်ဦးရေမှာ ၁၅၃ဝဝဝ ကျေင်ရှိ၏။ ထိုအရေအတွက်မှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သေ။သော ပူတာအိုနယ် ဟူးကောင်းနယ် ဗနယ်မေနှင့် မလိဖြစ်စားရှိ ဂံနယ်တို့တွင

ကချင်ပြည်နယ်

  ကချင်ပြည်နယ် ၊ ။မြောက်ဖက် သမပိုင်းဇုန်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ရှိသော ကချင်ပြည်နယ်မှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားမြစ်ဝှမ်း ဒေသမြေပြန့် များနှင့်တောတောင် ရောပြွမ်းလျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မြင့်မားညိုမှိုင်းသော တောင် ထွတ်တောင်တန်းကြီးများ နက်ရှိုင်းသော ထုထပ်သောသစ် တောကြီးများ၊ ကြည်လင်အေးမြသော မြစ်ချောင်းရေတံခွန်များ အင်းအိုင်ကြီးများနှင့် တန်ဆာဆင်ထားလျက်ရှိ ပေရာ သဘာဝအားဖြင့်စိမ်းလန်း သာယာလှပေသည်။ မြောက်ဘက်လတ္တီတွဒ် ၂ ဒီဂရီ၂၃၃၇နှင့် ၂၈၂၅အရှေ့ ဘက် လောင်ဂျီတွဒ် ဒီဂရီ၉၆° ၄၇ တို ့၏အကြာ။ မြောက်ဘက်နှင့်အရှေ့ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် ကသာခရိုင်၊ အထက်ချင်းတွင်းခရိုင် နာဂတောင်တန်း နှင့် အာသံပြည်တို့ ဝန်းရံလျက်တည်ရှိသည်။ ပြည်နယ်အ တွင်းတွင်မြစ်ကီးနားခရိုင်နှင့်ဗန်းမော်ခရိုင်တို့ပါဝင်၍ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၃၉၉ဝဝခန့်ရှိသည်။ မြေမျက်နှာပြင်နှင့်ရာသီဥတု ကချင်ပြည်နယ်မှာ ကုန်းမြင့်ဒေသဖြစ်သည်အလျောက် ပင်လယ်ရေပြင်ထက် ပျမ်းမျှ ပေ၃ဝဝဝခန့်မြင့်သည်။ တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန်လက်မ ၈ဝခန့်ရွာသွန်းသည်။ ပြည်နယ်၏ မြောက်ဖက်ပိုင်းမိုး အများဆုံးသော ဒေသများ မှ

ကခုန်ခြင်း

 ကခုန်ခြင်း။ ။ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါအစိတ် အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ထိုသို့ လှုပ်ရှားမှုတိုင်းတွင် သဘောသရုပ်အဓိပ္ပါယ်အမျိုးမျိုး ပါရှိ လေသည်။ကခုန်သည့်အခါ တေးသီချင်းများကိုသီဆိုပြီး လျှင်လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။အချို့သော ရှေးခေတ်အကအခုန်တို့တွင် ခေါင်းခြေထောက်၊ ကျော၊ခါး၊ လက်မောင်း၊ လက်ချောင်းစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးကိုလှုပ်ရှား၍ တပင်တပန်းလိမ်ကောက်ခုန်ပေါက်က ကြရ၏။ အချို့သောအကများတွင်ကား ခြေလက်များကို လှုပ် သည်ဆိုရုံမျှလှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့် သူနှစ်သက်မှုရရန်ထက် ကသူ ပျော်ရွှင်ကျေနပ်မှုရရန်မှာ အဓိက အချက်ပင်ဖြစ်သည်။ တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများတွင် ပို၍ ခေတ်စားလာရကား ကခုန်ခြင်းသည် ဖိုမဆက် ဆံရေးနှင့်သာ လုံးဝဆက်သွယ်နေသည်ဟု အချို့က ထင်မြင် ကြသည်။ ထို ထင်မြင်ချက်မှားယွင်းကြောင်းကို ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့၏ ကခုန်မှုလေ့ထုံးစံများကို လေ့လာခြင်း ဖြင့် သိရှိ နိုင်သည်။ အကအခုန်ဟူသရွှေတွင် ဖိုမဆက်ဆံရေး သဘော ဖြစ်သော ကာမဂုဏ်အာရုံစိတ်လှုံ့ဆော်မှုများ မကင်းသော်လည်း ထိုလှ

ကကေးအိုပင်

 ကကေးအိုပင်။ ။ စပိန်လူမျိုးများ အမေရိကတိုက်သို့ဦး စွာရောက်စဉ်က မက္ကဆီကိုနယ်မှ တိုင်းရင်းသားတို့သည် ကကေးအိုပင်မှရသော အစေ့မှုန်ဖြင့်ဖျော်ထားသည့် အရည် ခါးခါးကို သောက်သုံးလျက်ရှိကြောင်း တွေ့ရသည်။ ထိုတိုင်းရင်းသားတို့က ဤအရည်ခါးကို ချောကလက်ဟု ခေါ်၍ ကကေးအိုပင်မှရကြောင်း ပြောပြသဖြင့် ယနေ့ တိုင် ထိုအပင်ကို ကကေးအိုပင်ဟူ၍လည်းကောင်း၊ ထို အပင်၏အသီးမှ ရရှိသောအစေ့မှုန်နှင့် သကြားရောစပ် ထားသည်ကို ချောကလက်ဟူ၍လည်းကောင်း အမည် တွင်လျက်ရှိပေသည်။ ကော်ဖီလက်ဖက် ခြောက်တို့ကဲ့သို့ လူတို့သောက်သုံးကြသော ကိုကိုးမှုန့်မှာ ကကေးအိုသီး အစေ့မှုန်များပင်ဖြစ်သည်။(ကိုကိုး- ရှု။) ကကေးအိုပင်များ၏ မူလပေါက်ရောက်ရာအရပ်မှာ အ မေရိကတိုက ယဉ်စွန်းတန်းများအတွင်းရှိ ပူပြင်းစွတ်စိုသော ဒေသများဖြစ်သည်။ ထိုအရပ်ဒေသမှတစ်ဆင့် အာဖရိက တိုက် နှင့် အာရှတိုက်ရှိ ပူပြင်းသောအပိုင်းတို့တွင် ကကေးအို ပင်ကို စိုက်ပျိုးလာခဲ့ကြသည်။ ယခုအခါတွင် အာဖရိကတိုက် ၌ ကကေးအိုပင်ကို အမြောက်အများ စိုက်ပျိုးလျက် ရှိလေ သည်။ ကကေးအိုပင်မှာ ဆယ့်နှစ်ရာသီစိမ်းလန်းသော အမြဲ စိမ်းပင်ဖြစ်သည်။ အမြင့်ပေ ၂ဝမှ ပေ၄ဝ အထိရှိ၍ တစ်နှစ် ပတ်လုံး အပွင့်များ ပွင့်သည်။ ကကေးအိုပင်ကိုအခြားအ ပင

ကကူရံ

 ကကူရံ ။ ။ ကကုရံသည် ပင်လယ်ငါးမျိုး ဖြစ်၍ ရခိုင် ပြည်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင် ဟု၎င်း တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကုရံသည် ငပုဏ္ဏားနှင့် အတူ “ပေါ်လီနီမီဒို’ မျိုးရင်းတွင် ပါဝင်၍၊ ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့် အရောင်းရ တွင်ကျယ်လေသည်။ ကကုရံသည် ခြောက်ပေ ကျော်ကျော်အထိ ရှည်နိုင်သည်။ နှာယောင်ပွ၍ ဝိုင်းသည်။ မျက်လုံး ကြီးသည်။ ပါးစပ်ကြီး၍ပါးစပ်ပေါက် နက်သည်။ ကျောဆူးတောင် နှစ်ခုပါ၍ ထင် ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုး ဖြစ် သည့် အကြေးများမှာ သေးငယ်၍ ထောင်လိုက်ပေါက်သော ဆူးတောင်ဖျား အထိပင် ဖုံးအုပ်နေတတ်သည်။ ဤငါး၏ အရောင်မှာ အစိမ်းနှင့် ငွေရောင် ရောစပ်ထားသော အရောင် မျိုး ဖြစ်၍ ကိုယ်နံဘေးနှင့် ဝမ်းပိုက်ပိုင်းတွင် ဖြူဝါရောင် သို့ ပြောင်းသွားသည်။ ကျောနှင့် အမြီးဆူးတောင်ထိပ်ဖျား တို့မှာ မည်း၍ သေးငယ်သော အမည်းပြောက် ကလေးများ ပါသည်။ ဝမ်းနှင့် စအိုဆူးတောင်တို့၏ အနားတစ်လျှောက် မှာ အဝါနုရောင် သန်းနေ၏။ ပါးဟက်ဖုံးပေါ်တွင် အမည်း ကွက် တစ်ခုစီ ပါရှိသည်။ ကကုရံကို အဆိပ်အတောက် ကင်းသည်ဆိုကာ လူဖျားလူနာများ စားသုံးနိုင်သော င

ကကုသန်မြတ်စွာဘုရား

 ကကုသန်မြတ်စွာဘုရား။ ။ ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒ ကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမ ဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သား ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီး နောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော် မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဓိပင်ရင်းဝယ် သမ္ဗုညုတဉာဏ်တော်ကို ရ၍ ဘုရား ဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့် နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဒ္ဓိဝတို့ဖြစ်သည်။ အလုပ် အကျွေး (တပည့်)ကား ရှင်ဗုဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာ ဘုရား၏ဉာဏ်တော်အမြင့်သည်အတောင် လေးဆယ် ဖြစ်၏။ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံ၌ ပရိနိဗ္ဗာန်ပြုတော်မူရာ၊ ကြွင်းသောဓာတ်တော်အစု ကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထား ကိုးကွယ်ကြသည်။ ထိုအခါ လူတို့၏သက်တမ်းမှာ ၄ သောင်းဖြစ်၏။

ကကတစ်

 ကကတစ်။ ။ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ် လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ် ၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ‘ပါစီဒို’ မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေး ရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ဘေး တစ်ဖက်တစ်ချက် တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင် နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများ ပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင်မှာ မွဲပြာရောင် ဖြစ်၍၊ ကျောပိုင်းတွင် အစိမ်းရောင် ဝမ်းပိုက်တစ်လျှောက်တွင် အဖြူရောင် သန်း နေသည်။ ကကတစ်သည် သာမန်အားဖြင့် တစ်ပေခွဲသာ ရှိသော်လည်း၊ တစ်ခါတစ်ရံ အရှည် ၅ ပေ အလေးချိန် ၅၅ ပိဿာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ အတော်အသင့် ကောင်းမွန်သော ငါး စည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။ ဘ