ကကေးအိုပင်

 ကကေးအိုပင်။ ။ စပိန်လူမျိုးများ အမေရိကတိုက်သို့ဦး

စွာရောက်စဉ်က မက္ကဆီကိုနယ်မှ တိုင်းရင်းသားတို့သည်

ကကေးအိုပင်မှရသော အစေ့မှုန်ဖြင့်ဖျော်ထားသည့် အရည်

ခါးခါးကို သောက်သုံးလျက်ရှိကြောင်း တွေ့ရသည်။

ထိုတိုင်းရင်းသားတို့က ဤအရည်ခါးကို ချောကလက်ဟု

ခေါ်၍ ကကေးအိုပင်မှရကြောင်း ပြောပြသဖြင့် ယနေ့

တိုင် ထိုအပင်ကို ကကေးအိုပင်ဟူ၍လည်းကောင်း၊ ထို

အပင်၏အသီးမှ ရရှိသောအစေ့မှုန်နှင့် သကြားရောစပ်

ထားသည်ကို ချောကလက်ဟူ၍လည်းကောင်း အမည်

တွင်လျက်ရှိပေသည်။ ကော်ဖီလက်ဖက် ခြောက်တို့ကဲ့သို့

လူတို့သောက်သုံးကြသော ကိုကိုးမှုန့်မှာ ကကေးအိုသီး

အစေ့မှုန်များပင်ဖြစ်သည်။(ကိုကိုး- ရှု။)

ကကေးအိုပင်များ၏

မူလပေါက်ရောက်ရာအရပ်မှာ အ

မေရိကတိုက ယဉ်စွန်းတန်းများအတွင်းရှိ ပူပြင်းစွတ်စိုသော

ဒေသများဖြစ်သည်။ ထိုအရပ်ဒေသမှတစ်ဆင့် အာဖရိက

တိုက် နှင့် အာရှတိုက်ရှိ ပူပြင်းသောအပိုင်းတို့တွင် ကကေးအို

ပင်ကို စိုက်ပျိုးလာခဲ့ကြသည်။ ယခုအခါတွင် အာဖရိကတိုက်

၌ ကကေးအိုပင်ကို အမြောက်အများ စိုက်ပျိုးလျက် ရှိလေ

သည်။ ကကေးအိုပင်မှာ ဆယ့်နှစ်ရာသီစိမ်းလန်းသော အမြဲ

စိမ်းပင်ဖြစ်သည်။ အမြင့်ပေ ၂ဝမှ ပေ၄ဝ အထိရှိ၍ တစ်နှစ်

ပတ်လုံး အပွင့်များ ပွင့်သည်။ ကကေးအိုပင်ကိုအခြားအ

ပင်ကြီးများက ကာကွယ် ထားမှသာလျှင် သီးသမျှအသီး

တိုင်း အောင်မြင်မည် ဖြစ် သဖြင့် အချို့ ကကေးအိုခြံများ

တွင် ငှက်ပျောပင်များကို အရိပ်ရစေရန် ရော၍စိုက်ပျိုးတတ်ကြ သည်။ ကကေးအို အပွင့်နှင့်အသီးများသည်

ပင်စည်မှလည်းကောင်း၊ အကိုင်းရင့်ကြီးများမှလည်းကောင်း

ထွက်၍ ပွင့်ကြသီးကြသည်။

အသီးများမှာ သခွားသီးအငယ်စားအရွယ်ရှိ၍ နို့သီးကဲ့သို့

အသီးတောင့်မျာဖြစ်သည်။ အစပထမတွင် အသီးများ

မှာအရောင်စိမ်းနေ၍ မှည့်လာသည့်အခါ ဝါညစ်ညစ်

အရောင်သို့ ပြောင်းသွားသည်။ ကကေးအိုခင်းထဲတွင်

အသီးများမှည့်ချိန်သည် အလုပ်အများဆုံး အချိန်ဖြစ်၏။

အသီးမှည့်များကို လိုက်လံ၍ဆွတ်ခူးသူတို့သည် လက်

လှမ်းမမီသော အသီးများကို တံချူဖြင့် ချူယူကြသည်။

ကကေးအိုသီးခွံကိုခွာလိုက်လျှင် အရသာချိုသော အတွင်း

သားအနှစ်ပျော့ထဲ၌ ကကေးအိုစေ့ပေါင်း ၂၉ စေ့မှ ၅ဝ

ထိ ရှိတတ်သည်။ ကကေးအိုစေ့များသည် ဗါဒမ်စေ့အ

ရွယ်ခန့် ဖြစ်သည်။ အနှစ်ဖတ်များ တွယ်ကပ်နေသော အ

စေ့ များကို ၃ ရက်ခန့် စုပုံ၍ ထားကြ၏။ ဤအတောအတွင်း

အစေ့များ ကာ်ပေါက်လာသဖြင့် အရသာ ခါးသက်

သက် ဖြစ်လာသည်။ ၃ရက်က ကျော်လွန်လာလျှင် ထို

အစေ့များကို နေပူထဲတွင်ဖြန့်၍ အခြောက်လှမ်းကြသည်။မိုးများလွန်းသော အရပ်ဒေသများ၌မူ ဖိုများတွင် အစေ့

များကို အခြောက်ခံထား ကြသည်။ ကိုကိုး၊ သို့မဟုတ်

ချောကလက်ပြုလုပ်မည့် စက်ရုံများရှိရာအရပ်သို့ မတင်ပို့

မီ ကကးအိုများကို ကောင်းစွာခြောက်သွေ့အောင်

ပြုလုပ်ရသည်။ ယင်းသို့ မပြုလုပ်ခဲ့လျှင် လမ်းခရီးတွင်

ကဧကေးအိုစေ့များ မှိုတက် တတ်သည်။ စက်ရုံများသို့

ရောက်သည့်အခါ ထို အစေ့များကို အမှုန့်ဖြစ်အောင်ကြိတ်၍

ကိုကိုးမှုန့် ချောကလက် စသည် တို့ပြုလုပ်ကြသည်။

စက်ရုံများတွင် ဦးစွာပထမကစကေးအိုစေ့ကို ဖုံးထားသော

အခွံပါးကို ခွာပစ်လိုက်သည်။ ကစကေးအိုစေ့များတွင် လူတို့

အတွက် အာဟရဓါတ်ကို အထူးဖြစ်စေနိုင်သည့် ဆီတစ်မျိုး

ပါရှိသည်။ ထိုဆီကြောင့် ချောကလက်သည် လူတို့အတွက်

အာဟာရနှင့်ပြည့်စုံသည့် အစားအစာတစ်ရပ်ဖြစ်တော့သည်။

ထိုဆီ၏အရောင်မှာ ညိုညစ်ညစ်ဖြစ်သည်။ ဧချောကလက်တွင်

ဤကဲ့သို့ အာဟာရဓါတ်ပြည့်စုံစွာ ပါရှိသဖြင့်၊ စစ်သား

များနှင့် ရသစ်မြေသစ် ရှာဖွေသူများအဖို့ အလွန် အသုံး

ကျသောအစာတစ် ရပ်ဖြစ်ပေသည်။

ယခင်ခေတ်အခါက လူတို့စားသုံးလျက်ရှိသောချော

လက်မှာ ကဧကေးအိုဒေ့ရသော အမှုန့်ကို နဂိုအခါးဓါတ်

ပျောက်ပြယ်သွားအောင်သကြားကို လိုသမျှ ရောစပ်၍

ပြုလုပ်ထားသည့် အစာမျှသာ ဖြစ်သည်။ သို့သော် ယခု

ခေတ်တွင်ချိုရင်းစွဲဆီအပြင် ချိုချဉ်ခဲဖွယ် လုပ်သူတို့သည်

ချောကလက်တွင် ကိုကိုးဆီအပိုကို ဆောင်း၍ထည့်ကြ

လေသည်။ ထိုကြောင့် အချို့

ချောကလက်များမှာ အစာကြေနိုင်ခဲသည်။ ဤကဲ့သို့ ချော

ကလက် လုပ်ငန်းတွင် ကိုကိုးဆီကို အသုံးများလာသည့်

အလျောက် ကိုကိုးမှုန့် လုပ်ငန်းမှာလည်း ပိုမို၍ ကြီးကျယ်

လာတော့သည်။ အကြောင်းဆိုသော် သာမန်ကိုကိုးမှုန့်တွင်

ကိုကိုးဆီများလွန်းသဖြင့် ကိုကိုးဖျော်ရည်၌ ဆီဝေ နေသည်ကို

တွေ့ရပေမည်။ ထိုချောကလက်ပြုလုပ်ရာ၌ လိုမည့် ကိုကိုးဆီအပိုအတွက် ကိုကိုးမှုန့်များမှ ရသမျှဆီကိုစက်ဖြင့် တစ်ဖန်

ကြိတ်ညှစ်ယူ ကြရပြန်သည်။ ယင်းသို့ရရှိသောဆီကို အများ

အားဖြင် ချောကလက် ပြုလုပ်ရာ၌အသုံးချကြသည်။ သို့

သော် တိရစ္ဆာန် အစာနှင့်ရေမွှေးကဲ့သို့ အမွှေးအကြိုင်

ပစ္စည်းများ ပြု လုပ်ရာ၌လည်း ထိုဆီကိုအသုံးချကြသည်။

ဖက်နှင့်သက်ဆိုင်သည့် ဆီတစ်မျိုးကိုပင် ထိုကိုကိုးဆီ

ဖြင့် ပြုလုပ်ကြသည်။ လက်ဖက်ခြောက်နှင့် ကာဖီမှုန့်တို့ကဲ့သို့

ကိုကိုးမှုန်ကိုအသုံးများကြ၏။

BE

ကဧကေးအိုပင်များကို ပျိုးခင်းများတွင် ပထမပျိုး

ထောင်၍စိုက်ရသည်။ အပင်သက်၅ နှစ်ခန့်ရှိမှ အသီးများ

သီးသည်။ ကဧကးအိုပင်အကြီးအကျယ်စိုက်ပျိုး သည့်တိုင်း

နိုင်ငံ တို့မှာမက္ကဆီကို၊ အက်ကွာဒေါ၊ ဗင်နီးဇွီးလား၊ ဗရာဇီး၊

ကျူးဗါး၊ပွါးတိုရီကိုး၊ ဟေးတီး၊ ဒိုမင်နီကန်ရီပတ်ဗလစ်၊

ထရင်းနီဒက်၊ဂျမေးကား၊ဂိုးလကို့၊ ပေါ်တူဂီ အရှေ့အာ

ဖရိကနယ်နှင့် သီဟိုဠ်ကျွန်းများဖြစ် ကြသည်။

..

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)