မဖဲဝါရဲ့ကျောက်ရုပ် (စ/ဆုံး)


" ဘယက္ခကြီးဗျာ ကျုပ်တို့ ဘယက္ခကြီးကို တွေ့ချင်လို့
မြင်ချင်လို့ ကိုယ်ထင်ပြပေးပါဗျာလို့ သွားပြောလိုက်တာ
ကိုကြီးမိုးညိုရေ"
" ဟေ ဟုတ်လား" ဒီတော့ ဘယက္ခကြီးက ကိုယ်ထင်ပြရောလားကွ"
" ပြလိုက်တာမှ နဲနဲနောနောကြီး မဟုတ်ပါဘူးဗျာ
ဆယ်ပေလောက်ရှိတယ်ဗျ။ ကိုယ်လုံးကြီးက စပါးတစ်ရာဆန့်တဲ့
ရာဝင်ပုတ်ကြီးလောက်ရှိတယ်ဗျ။ မျက်လုံးကြီးတွေက ဟင်း
သောက် ပန်ကန်လုံးကြီးလောက် ရှိတယ်ဗျ။ ပါးစပ်ကြီးက
တစ်ပေလောက် ကျယ်ဗျ။ ပါးစပ်ထဲမှာ အစွယ်ကြီးတွေမှ ဖွေးနေ
တာပဲဗျာ။ ပါးစပ်ကြီး ဟပြတာ လျှာကြီးက မျက်နှာသုတ်တဲ့
တဘတ်ကြီးလောက် ရှိတယ်ဗျ။ ရဲပြီး အောက်ကို တွဲလောင်းကြီး
ကျနေတာဗျ။ ကိုယ်မှာတော့ ပုဆိုးကွက်တုံးကြီး ဝတ်ထားတယ်။
အပေါ်ပိုင်းမှာတော့ င်္အကျီဝတ်မထားဘူး အမွှေးတွေကျိုးတိုးကျဲတဲ
ပေါက်နေတယ်ဗျ။ အဲ့ဒါကြီး ဘွားကနဲ ပေါ်လာရော ကျုပ်နဲ့ ငပွ
ဆိုတာ ကြက်သေ သေပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွား
တော့တာဗျ။
ခဏကြာမှ ကျုပ်က သတိဝင်လာပြီး ငပွပြေးလို့ ပြောပြီး သူကို
လက်နဲ့ပုတ်လိုက်တော့မှ ဒီကောင်လည်း သတိဝင်သွားပြီး
နှစ်ယောက်သား ပြေးကျတော့တာဗျို့။
ပြေးရင်းနဲ့ ဘာတွေ အော်လို့ အော်မှန်းကို မသိတော့ပါဘူးဗျာ။
ဘယ်ရောက်လို့ ရောက်သွား မှန်း မသိတော့ဘဲ သတိလစ်သွား
တာဗျ ။ ခုမှပဲ အားလုံးကို ပြန်မှတ်မိတော့တာ ကိုကြီးမိုညိုရဲ့ "
" မင်းတို့တွေ တာတေ ရှိလို့ ကံကောင်းသွားတာ "
" ဒါ အကြောက်လွန်ပြီး လိပ်ပြာလွင့်သွားတာ ကွ
တာတေမှာ ဆေးကောင်းဝါးကောင်း ရှိလို့ သတိပြန်ရသွားတာ "
" ကျေးဇူးတင်ပါတယ် တာတေရာ"
" ကိုထိန်က ကျုပ် ပုခုံးကို ဖက်ပြီး ပြောတယ်ဗျ။ ခက်တာက
သူတို့ နှစ်ယောက် ဘန့်ဘွေးကုန်းကို မပြန်ဝံ့တော့တာဗျ။
ဒါနဲ့ ကျုပ်တို့ ဆယ်ယောက်စုပြီး ကိုထိန်နဲ့ ကိုပွကြီးတို့ကို
ဘန့်ဘွေးကုန်းအထိ ပြန်ပို့ပေးလိုက်ကြရတယ်။အဲ့ဒီ အဖွဲ့ထဲမှာ
ကျုပ်လည်း ပါတယ်ဗျ။
လမ်းမှာ ကိုထိန်နဲ့ ကိုပွကြီးတို့ တအားကြောက်နေလို့ ကျုပ်တို့
အဖွဲ့က သူတို့နှစ်ယောက်ကို အလယ်မှာထားပြီးတော့ကို
ပို့လိုက်ရတာဗျို့။
လေဆင်နှာမောင်းကြီးနဲ့ ပါလာတဲ့ ဘီလူးရုပ်ကြီးတော့ ပြဿနာ
ဖြစ်ပြီပေါ့ဗျာ။ တကယ်တော့ ဒီ ဘီလူးရုပ်ကြီးမှာ ဘီလူးဝိညဉ်ပါလာတာ ဟုတ်ချင်မှလည်း ဟုတ်မယ်ဗျ။
ကျုပ်တို့ဆီက လူတွေက သဲသဲလှုပ်ဖြစ်ကြပြီ ဟိုဟာကျွေး
ဒီဟာကျွေးတွေ လုပ်ကျလို့ အပက ဘီလူးဝိညဉ်ဖြစ်ဖြစ်
သရဲဝိညဉ်ပဲ ဖြစ်ဖြစ် မြေဘုတ်ဝိညဉ်ပဲ ဖြစါဖြစ် တွယ်ကပ်လာတာ
လည်း ဖြစ်နိုင်တယ်ဗျ။
ဘာပဲဖြစ်ဖြစ် ပြဿနာတော့ ဖြစ်ပြီပေါ့ဗျာ။ ကျုပ်တို့ ရွာသားတွေ
ရော ဘန့်ဘွေးကုန်းသားတွေရော မီးလောင်းကုန်းသားတွေရော
တော်တော်တော့ ရယ်စရာကောင်းသားဗျ။
ပန်းတွေ သစ်သီးတွေ အလုအယက် လာဆက်ကြ ဖဲသမားတွေက
လည်း တိုးတိုးတိတ်တိတ် အမဲသားကျွေးလို့ ကျွေးကြနဲ့ လုပ်ကြ
တာလည်း သူတို့ပဲ ဗျ ။ ကိုထိန်ကြီးနဲ့ ကိုပွကြီးတို့ သတင်းက
ရွာတွေကို ပျံ့သွားတော့ ကြောက်ကုန်ကျပြီး တယောက်မှကို
မကပ်ရဲကြတော့ဘူဗျို့။
ရွာတွေမှာ လူကြီးတွေက မိန်းခလေးတွေကို နောက်ကြ ပြောင်ကြ
တယ်ဗျ။
"'ဟဲ့ ဝိုင်းစိန် နင့် ဘယက္ခကြီး ဆာနေရော့မယ်ဟဲ့ "
"ငှက်ပျောသီး သင်္ဘောသီးလေး သွားဆက်လိုက်ဦးလေ "
" တော်ပါ ဘိုညိုရယ် အစွယ်ပြူးပြူးကြီးတွေနဲ့ ထလိုက်လို့
ပြေးပေါက်မှားနေပါဦးမယ်တော်"
"'ဟာ မကြောက်ပါနဲ့ ဝိုင်းစိန်ရဲ့ ဘန့်ဘွေးကုန်းက ငပွကြီးက
ပြပါ ပြပါ နဲ့ ပြောလို့ ဟိုက ပြထည့်လိုက်တာ ပါဟယ် "
"အဲ့ဒီလို မပြောရင် ဘယက္ခကြီးက မပြပါဘူးဟဲ့ သွားသာ
သွားစမ်းပါ ဝိုင်းစိန်ရယ်"
" တော်ပါပြီ ဘိုးရယ် " ဘယက္ခကြီး ပြပြ မပြပြ ဝိုင်းစိန်တော့
ကြားတာနဲ့တင် ကြောက်လွန်းလို့ ကြက်သီးတွေ တဖြန်းဖြန်းထလို့
ပါတော်"
ကြောက်ပြီဆိုတာ့လည်း တကယ်ကြောက်ကြတာဗျ။ ရွာတောင်ဦး
ဘုရားကိုတောင် အရင်လောက် လူမလာတော့ဘူဆိုတော့
ဆရာတော်ရော ရွာက လူကြီးတွေရော မကြိုက်ကြတော့ဘူပေါ့ဗျာ။
ဒါကြောင့်လည်း ဆရာတော်တွေနဲ့ ရွာလူကြီးတွေ ရွာဦးကျောင်းမှာ
အစည်းဝေးလုပ်ကျတာဗျ။
" ကဲ ဒကာကြီးတို့ ရွာရဲ့ အဓိကရ ရွာတောင်ဦး ဘုရားကိုတော့
ဘုရားဖူးတွေ မလာသလောက် ဖြစ်သွားပြီဗျ ။ ဘုရား ဆိုတာ
ခြောက်သွေ့သွားတော့တာဗျို့ ။ အဲ့ဒီလို ဘုရားပုထိုး ခြောက်ခမ်း
သွားတာ မကောင်းဘူး ဒကာကြီးတို့ ဒီတော့ ဒီကိစ္စကို ဘယ်လို
လုပ်ကြမတုံး တိုင်ပင်ကြပါဦးဗျာ။
ရွာဦးကျောင်း ဆရာတော်က မိန့်တော်မူတာဗျ။ ရွာက လူကြီး
တွေလည်း တိုင်ပင်ကြတာပေါ့ဗျာ။ ဘာလုပ်ရင် ကောင်းမတုံးပေါ့။
ဘုရားပေါ်တင်ထားတဲ့ ဘီလူးကို ပြန်ချပြီး ဘယ်ကို ပို့ရင်
ကောင်းမတုံးပေါ့။
ကျုပ်ကိုလည်း ဘိုးညီလေးက ခေါ်သွားလို့ အစည်းဝေး
လိုက်လာရတာဗျ။ ကျုပ်လိုက်တော့ ကျောက်ခဲ နဲ့ သံမဏိကလည်း
ကပ်လ်ုက်ကျပြန်ရောဗျ။ ကျောင်းရောက်တော့ ကျုပ်တို့
သုံးယောက်က ဘုန်းကြီးကျောင်းသားတွေနဲ့ အတူတူ ရေနွေး
ကြမ်းထည့် လက်ဖက် ပွဲချ ကွမ်းအစ်ချ ဆေးလိပ်ချ စ တာ တွေ
ဝိုင်းလုပ်ကြတာပေါ့ဗျာ။
လူကြီးတွေလည်း တိုင်သာတိုင်ပင်နေကြတာဗျ။ ဘာလုပ်လို့
လုပ်ရမှန်းကို မသိကြတာ။
" ကဲ ဘိုးညီလေး သဘောကို ပြောပါဦး "
ဘိုးညီလေးကို ဝိုင်းပြီး မေးကြတယ်ဗျ။
" ဘာမှ စဉ်းစားမနေကျပါနဲ့ဗျာ ဘီလူးရုပ်ကို ထုရိုက်ချိုးဖဲ့ပြီး
မြေကျငိးတူး မြုပ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
အားလုံးက ဘိုးညီလေးပြောတာကို နားထောင်ပြီး ခေါင်းညိတ်ကျတယ် ခဏနေမှ ဘိုးရုံကြီးက ဝင်ပြောတယ်ဗျ။
" ထုရိုက်ချိုးဖဲ့ပြစ်လိုက်တာတော့ ဟုတ်ပါပီ အဲ့ဒီလို ထုရိုက်ချိုးဖဲ့
ပစ်ဖို့ ဘယ်သူလုပ်ဝံ့တုံး
" ဘိုးရုံပြောလိုက်တော့မှ အားလုံးက စဉ်းစားမိသွားတာဗျ။
ဟုတ်တာပေါ့ဗျာ ။ ဒီ ဘီလူးကို ဒီလောက်ကြောက်နေကြတော့မှ
ဘယ်သူက ထုရိုက်ချိုးဖဲ့ လုပ်ရဲမှာတုံး ။ အနားတောင်
မလာဝံ့တော့လို့ မလာကြတာလေဗျာ။
" အေး ကိုရုံ ပြောတာလဲ ဟုတ်တာပဲ "
လို့ ဘိုးညီလေး က ပြောတယ်ဗျ ။ နောက်ဆုံးတော့ ဘာလုပ်ရ
မယ်ဆိုတာ အဖြေမထွက်ပဲ အစည်းဝေး ပြီးသွားတော့တာပဲဗျ။
ဇတ်လမ်းက အဲ့ဒီညကတည်းက စ တာပဲဗျ။
" ဝုတ် ဝုတ် ဝုတ် ဝုတ် '"
တစ်ရွာလုံးမှာ ရှိတဲ့ ခွေးတွေ ထဟောင်တာဗျ။ ခွေးတကောင်
ရှိတဲ့အိမ်က တကောင် ဟောင်တယ် နှစ်ကောင် ရှိတဲ့ အိမ်က
နှစ်ကောင်ဟောင်တယ် ။ဟောင်ရင်းနဲ့ ခွေးတွေက ရွာစည်းရိုးဘက်ကို ပြေးကြတာဗျ။အရှေစည်းရိုးဘက်ကို ပြေးတဲ့ ကောင်က ပြေး
အနောက်ဘက် စည်းရိုးဘက်ကို ပြေးတဲ့ကောင်တွေကပြေး တယ်။
တောင်ဘက်ပြေးတဲ့ ကောင်က ပြေး မြောက်ဘက် ပြေးတဲ့ကောင်က ပြေးနဲ့ ရွာစည်းကို ကြည့်ပြီး ဟောင်နေကြတာဗျ။
တကယ်တော့ ဒီကောင်တွေက မမြင်ရတဲ့ ရွာပြင်ကို
ဟောင်နေတာ။
ခွေးဆိုတာ အာရုံခံ သိပ်ကောင်းတာဗျ။ မျက်စိနဲ့ မြင် ရမှ
မဟုတ်ဘူး။ နားတို့ နှာခေါင်းတို့က အာရုံခံကြတာ။ အခု့လည်း
ရွာပြင်ကို ဟောင်နေကြတာက တရွာလုံးဆိုတာ ဆူညံနေတာပါပဲ
ဗျာ။ လူတွေကတော့ လန့်ကုန်ကြပြီး တခါးတွေအလုံ ပိဆ်တော့
တာဗျို့။
" ကိုကြီးတာတေ ကိုကြီးတာတေ"
ကျောက်ခဲ နဲ့ သံမဏိဗျ။ ကျုပ်ဆီကို ပြေးချလာကြတာ။
" ဟဲ့ ဒီနှစ်ကောင် မကြောက်မရွံ့နဲ့ ရွာထဲ
လျှောက်သွားနေကြတယ် ဟုတ်လား"
" အမေက မေးလိုက်တာဗျ"
" ရွာပြင်မှာ ဘာရှိတုံး မသိဘူး အရီးရ" ခွေးတွေက ရွာပြင်ကြည့်
ပြီးအထဲကနေ လှမ်း ဟောင်နေကြတာ ။
" အေးလေ အဲ့ဒါ နင်တို့ မကြောက်ဘူးလား "
"အိမ်ထဲမှာ နေကြပါလား ကျောက်ခဲ နဲ့ သံမဏိရဲ့ "
"'ဟာ အရီးကလဲ ကြောက်ရအောင် ဘာမှန်းမှ မသိတဲ့ဟာ "
ရမ်းပြီး ကြောက်နေသလို ဖြစ်နေမှာပေါ့။ဒါ့ကြောင့် တိတိကျကျ
သိအောင် ကိုကြီး တာတေကို လာခေါ်တာဗျ။
" သြော် အေး ကောင်းတယ် ကိုစပ်စု တို့ လန့်ပြီး ပြန်ပြေးလာလို့
ကတော့ အိမ်တံခါးကို ပိတ်ထားဦးမယ်။
" ဟာ အရီးကလည်း ကျုပ်တို့က ဒီလောက် သတ္တိမနည်းပါဘူးဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းပြီး လိုက်လာခဲ့တယ်။
ပြီးတော့ ရွာတောင်ဘက်ကိုသွားပြီး ရွာစည်းရုးနဲ့ အနီးဆုံးက
မန်ကျည်းပင်ကြီးပေါ် ကို တက်ခဲ့ကြတယ်။ ဒီကောင်နှစ်ကောင်က
တော့ လေးဂွတစ်ယောက်တစ်ချောင်းနဲ့ဗျ။ဂ
ခွေးတွေက ရွာအနောက်ဘက်မှာ ထိုးဟောင်နေကြတာဗျ။
ဟော လာပြီ လာပြီ ။ ခွေးတွေ တဖြည်းဖြည်းနဲ့ တောင်ဘက်ကို
ပြေးလာကြပြီဗျို့။ ပြေးရင်းနဲ့ ဟောင်နေလိုက်ကျတာ ဆူညံနေ
ရောဗျာ။
" ဟာ ကိုကြီး တာတေ" ခွေးတွေ ကျုပ်တို့ ဘက်ကို ပြေးလာ
နေပြီဗျ။
"'အေး ကျောက်ခဲ မင်းတို့ မလှူပ်နဲ့နော် ငြိမ်နေကြ"
ကျုပ်က ရွာစည်းရိုး အပြင်ကို မန်ကျည်းပင်ကြီး ပေါ်ကနေ
လှမ်းကြည့်နေတာဗျ။
ဟာ . . . လာပြီဗျို့။ မည်းမည်းအကောင်ကြီးဗျာ ။ ရွာတောင်ဘက်
ပတ်လျှောက်လာတာဗျ။ အရပ်က ဆယ့်ငါးပေ
ပေနှစ်ဆယ်လောက်ရှိတယ်ဗျ။ ကိုယ်လုံးကြီးကလည်း နည်းတာ့ကြီးမဟုတ်ဘူးဗျာ။ ရာဝင်ပုတ်ထက်တောင် ကြီးမယ်
ထင်တယ်ဗျ။ ခြေထောက်ကြီး တဖက်ကို ထန်းပင်လုံးလောက်ကြီး
ရှိတယ်ဗျ။ (ပုတ်ဆိုတာ စပါးထည့်တဲ့ ဝါးတောင်းအကြီးကြီးတွေ
ပေါ့ဗျာ)။
" ဘုတ် ဘုတ် ဘုတ် ဘုတ်"
ချော နားထောင်ကြည့်တော့မှ ခြေသံကြီးကို ကြားရတာဗျို့။
ခွေးတွေ ဒီအသံကို ပြေးလိုက်ပြီး ဟောင်နေကြတာဗျ။
" နည်းတဲ့ မကောင်းဆိုးဝါးကြီး လားဗျာ။ ကျုပ် လရောင်
ဖျော့ဖျော့လေးအောက်မှာ သေချာ အာရုံစိုက်ကြည့်တယ်ဗျ။
ခေါင်းမှာ ဆံပင်မရှိဘူး။ ခေါင်းပြောင်ကြီး။ အဲ့ဒီခေါင်းကြီးမှာ
အထစ် အထစ်ကြီးတွေနဲ့ဗျ။ မျက်လုံးကြီးနှစ်လုံးက ဟင်းသောက်
ပန်ကန်လောက်ရှိတယ်ဗျ။ နီရဲပြီး ပြူးထွက်နေတာဗျို့။ နှာခေါင်း
ကြီးက တိုတိုကြီးဗျ ။ ပါးစပ်ကြီး ကျုပ် စိတ်အထင် တစ်တောင်
လောက်ကို ရှိမယ်ထင်တယ်ဗျ။ ပါးစပ်ထဲက အစွယ်ကြီးတွေက
ဘေးကိုကောက်ထွက်နေတာဗျို့။
ဒါဘာကောင်ကြီးလဲ လို့ ကျုပ် တွေးရင်း ကြည့်နေတာဗျ။
သရဲကြီးလား သဘတ်ကြီးလားဆိုတာ ကျုပ်မပြောတတ်ဘူးဗျ။
မကောင်းဆိုးဝါးကြီး ကျုပ်တို့ရွာကိုပတ်ပြီးသွားနေတာ ဗျ။ဒီကောင်
ကြီး ကျုပ်တို့ရွာကို တပတ်ပြီးတပတ် ပတ်နေတာ အကြောင်းတော့
ရှိမယ်ဗျ။
ကျုပ်လည်း ကျောက်ခဲ နဲ့ သမဏိကို ကျုပ်တွေ့တဲ့ အကောင်ကြီး
အကြောင်းပြောပြပြီး အိမ်ပြန်လိုက်ပို့ပေးလိုက်တယ်။ သံမဏိက
ကျောက်ခဲအိမ်မှာ အိပ်မှာလေဗျာ။
ကျုပ်လည်း အိမ်ကို ပြန်လာခဲ့တယ်။ ကျုပ်တွေ့ တာတွေကို အဘ
နဲ့ အမေ့ကို ပြောပြလိုက်တော့ အဘတို့လည်း အံ့သြသွားကြတာ
ပေါ့ဗျာ။ခွေးတွေက သဲသဲမဲမဲကို ဟောင်နေတုံးဗျ။ကျုပ်တို့ တရွာလုံးလည်း တိတ်ဆိတ်နေတာဗျို့။ခဏကြာတော့ ကျုပ်လည်း အိပ်ချင်
လာတယ်။ အဘတို့ အမေတို့လည်း အ်ပ်ကြတော့မယ်။ ရာသီက
ဆောင်းဦးပေါက်ဆိုတော့ သိပ်မအေးသေးဘူးဗျ။ အအေး ငွေ့ငွေ့
လေးပဲ ရှိသေးတယ်။
ကျုပ် စိတ်အထင်တော့ ဒီကောင်ကြီးရွာကို ပတ်နေတာ ခုနှစ်
ပတ်လောက်ရှိပြီထင်တယ်ဗျ။ ဒီည ကင်းကျတဲ့ကောင်တွေကတော့
ကြောက်နေကြမှာပဲ လို့ ကျုပ်တွေးရင်း အိပ်ပျော်သွားတယ်ဗျ။
မနက်မိုးလင်းလို့ ကျုပ်နိုးတော့ ကျောက်ခဲ နဲ့ သံမဏိတို့ ဝိုင်းထဲ
လာကြတယ်ဗျ။
"'ကိုကြီး တာတေရေ ညက နွားတကောင်တော့ သေသွားပြီဗျို့။
"'ဟေ ဘယ်သူနွားတုံး ဘာဖြစ်လို့ သေတာတုံး"
"ဘထွေးဆစ်တိုရဲ့ နွားဗျ ညက ရွာကိုပတ်သွားနေတဲ့
ဟိုကောင်ကြီး ဝင်စားသွားတာ ဖြစ်မှာပေါ့ဗျာ နွားတကောင်လုံးမှာ
အသားဆိုလို့ နည်းနည်းပဲ ကျန်တော့တာဗျ။ အရိုးတွေပဲ
ကျန်တော့တာ။
"'ဟေ ဟုတ်လားကွ နေပါဦး ဘထွေးဆစ်တိုဆိုတော့
ရွာမြောက်ပိုင်းကို ဝင်သွားတာပေါ့ "
" ဟုတ်တယ်ဗျ ညက ဘယ်သူမှကို မသိလိုက်ကြဘူး"
တစ်ရွာလုံး အိပ်ပျော်နေတာကြတာ ထင်တယ်။ ကင်းသမားတွေ
လည်း အိပ်ပျော်သွားတဲ့ ကိုကြီးတာတေရဲ့'"
"'ဟာ ဒီကောင်ကြီးက ရွာကို တပတ်ပြီး တပတ် ပတ်နေတာ
အိပ်မွေ့ချနေတာကိုး ဒါကြောင့် အကြောင်းတော့ရှိမယ်လို့
ငါ တွေးမိသေးတယ်ကွ ငါလည်း အိပ်ပျော်သွားတာပဲ ကျောက်ခဲရ"
"ကျုပ်တို့လည်း ခွေးသံတွေ နားထောင်ရင်းနဲ့ကို အိပ်ပျော်သွား
တယ်ဗျ။
" မင်းတို့ နွားသေကြီးကို သွားကြည့်ပြီးပြီလား "
" ကြည့်ပြီးပြီဗျ နွားတကောင်လုံးကို စားသွားတာ ကိုကြီးတာတေ
ရ "
" အေး ညက ငါတွေ့တဲ့အကောင်ကြီးရဲ့ အရွယ်အစားနဲ့ဆိုရင်
နွားတကောင်လောက်တော့ သာသာလေး စားနိုင်မဲ့ပုံပဲကွ"
" အဲ့ဒါ ခက်တာပေါ့ကွာ လူတွေက ဘီလူးရုပ်ကြီးကို အစလုပ်ပြီး
အမဲသားတွေ ကျွေးမွေးလုပ်ကြတော့ ဒီကောင်ကြီးက စားချင်
သောက်ချင် ဖြစ်သွားပြီပေါ့ကွာ။အခုတော့
ကြောက်လန့်ကုန်ကြပြီး ဆက်မကျွေးတော့ ရွာထဲဝင်ပြီး
စားတဲ့သောက်တဲ့ အဆင့်ထိ ရောက်လာပြီပေါ့ကွာ"
"'နေပါဦး ကိုကြီးတာတေရဲ့ " ဒီအကောင်ကြီးက ဘန့်ဘွေး
ကုန်းက လေးလေးထိန်တို့ လေးလေးပွကြီးတို့ တွေ့ခဲ့တဲ့ အကောင်
ကြီးပဲလားဗျ"
" သေချာတာပေါ့ကွာ အဲ့ဒီအကောင်ကြီးပေါ့ ကျောက်ခဲရ"
"'ဟာ ဒါဆိုရင် ရွာတောင်ဦးဘုရားက ဘီလူးကြီးပေါ့ "
" ဟုတ်လား ကိုကြီး တာတေ"
" အင်မတန် စကားနည်းတဲ့ သံမဏိကတောင် ဝင်မေးတာဗျ"
" ဒီကောင်တွေ တော်တော် စိတ်ဝင်စားတဲ့ပုံပဲဗျ"
ညရောက်တော့ ကြက်တကောင်ချက်နဲ့ ထမင်းတောင်းပြင်ပြီး
တော့ ရွာပြင်င်္သချိုင်းကို ထွက်ခဲ့တယ်။ ခု နောက်ပိုင်းတော့
နတ်ကတော် ခေါ်စရာ မလိုတော့ဘူးဗျ။ မျက်ကွင်းဆေးကို
နားမှာ လိမ်းပြီး ' ဒိဗ္ဗသောတ "ဂါတာ ရွတ်လိုက်ရင် မဖဲဝါပြောတဲ့
စကားတွေပါ ကျုပ် ကြားရတယ်။
ထုံစံအတိုင်း ကျောင်းအမကြီး ဒေါ်ခရဲ့ ဂူကြီးပေါ်မှာ ထမင်းပွဲ
ပြင်ရင်း မဖဲဝါကို ပင့်လိုက်တယ်။ မဖဲဝါက ထမင်းစားရင်း
ကျုပ်ကို ကြည့်တယ်။
" မဖဲဝါ ကျုပ်တို့ရွာ ဘီလူးဝင်နေလို့ဗျ"
" အဲ့ဒါ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်လို့ပါ"
" တာတေ ဒီဘီလူးက လေဆင်နှာမောင်းနဲ့ ပါလာတာ မဟုတ်ဘူး"" လေဆင်နှာမောင်း နဲ့ ပါလာတာ အရုပ်ချည်းပဲ ပါလာတာ"
အဲ့ဒါ ရိုးရိုးအရုပ်ပါ ဒီဘီလူးက သွားရင် လာရင်း နဲ့ ဒီဘီလူးရုပ်ကြီး
ကို ကျွေးမွေးနေမှန်း သိလို့ အရုပ်ကြီးမှာ ဝင်ကပ်ပြီး စားသောက်
နေတာ လွယ်တော့ မလွယ်ဘူး တာတေ"
အရုပ်ကို ဝင်ကပ်နေတဲ့ ဘီလူးက အစွမ်းတော့ တော်တော်ထက်
တယ်။ ဒါပေမယ့် နင်နဲ့ငါ နှစ်ယောက်ပေါင်းလုပ်ရင်တော့ ဒီကောင်
ကို နိုင်လောက်ပါတယ်။
"နင့်ဆီမှာ နတ်ဘီလူး အင်း ရှိတယ်မလား"
"'အဲ့ဒါ ယူခဲ့ " အင်မတန်လိုအပ်မှ သုံး " အခုလာမယ့် လကွယ်
ညရောက်ရင် ဒီဘီလူး နင်တို့ ရွာကို ခုနှစ်ပတ် ပတ်ပြီး အိပ်မွေ့ချ
လိမ့်ဦးမယ် ပြီးတော့ ရွာထဲဝင်ပြီး နွားတကောင် စားဦးမှာ
တာတေ "
"ရွာတောက်ဘက် တံခါးက နင် ထွက်လာခဲ့ ငါကြည့်နေမယ်"
"ကျုပ်လည်း ကျောက်ခဲနဲ့ သမဏိကို ခေါ်ပြီး ရွာထဲကို ပြန်ဝင်ခဲ့
တယ်" ဒီကောင် နှစ်ယောက်ကတော့ မဖဲဝါကို မြင်လည်း မမြင်
ကြားလည်း မကြားဘူးပေါ့ဗျာ"
" ဘယ်လိုတုံး ကိုကြီးတာတေ "
" အခုလာမဲ့ လကွယ်ည ငါနဲ့ မဖဲဝါ ဒီကောင်ကြီး ကို မောင်းထုတ်
မယ်ကွ "
" ဟာ ဟုတ်လား " ကျုပ်တို့လည်း လိုက်မယ် ကိုကြီးတာတေ"
" အေးလိုက်ချင်ရင်တော့ လ်ုက်ပေါ့ ဒါမဲ့ မင်းတို့ ရွာအပြင်ကို
မထွက်နဲ့ ငါ ရွာပြင်ကို ထွက်တာနဲ့ မင်းတို့က တခါးပြန်ပိတ်ထားပြီး
စောင့်နေရမယ်"
"စိတ်ချ ကိုကြီးတာတေ"
" လကွယ်ညရောက်တော့ ခွေးတွေ ဟောင်ပြန်ရောဗျို့"
ကျုပ် ရွာပြင်ကို ထွက်လိုက်တယ်။ ကျောက်ခဲ နဲ့ သံမဏိက
ရွာတံခါးကို ပြန်ပိတ်ထားကြတယ်။ ခွေးဟောင်သံတွေက
ရွာတောင်ဘက် စည်းရိုးနားကို ရောက်လာတယ်။
" ဟော လာပြီဗျို့ " ဘီလူးကြီး လာနေပြီ "
"'ရွာထဲက ခွေးသံတွေက ဆူညံနေတာ ဗျို့"
" ဘုတ် ဘုတ် ဘုတ် ဘုတ် "
ဘီလူးကြီးရဲ့ ခြေသံက ကြောက်စရာကြီးဗျာ။တဖြည်းဖြည်း
နီးလာပြီဗျို့။ ကျုပ်က မဖဲဝါ ပြောတဲ့ အင်းချပ်ကို ရှာပြီးယူလာတယ်
လက်ထဲမှာ အင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
အင်းနိူးဂါတာကို ရွတ်လိုက်တယ်။
" ဝုန်း " မဖဲဝါ ရောက်လာပြီဗျို့"
"'ကျုပ်နဲ့ မလှမ်းမကမ်းမှာ မဖဲဝါက ဆံပင်ဖားလျားကြီးနဲ့
ရောက်လာတာဗျ။ အရပ်ကြီး ဆယ်ပေလောက်ရှိတဲ့ မဖဲဝါက
ဘီလူးကြီးနဲ့ ယှဉ်လိုက်တော့ ငယ်နေတာပေါ့ဗျာ။
မဖဲဝါက ဘီလူးကြီးကို စေ့စေ့ကြည့်နေတယ်ဗျ။
ဘီလူးကြီးကလည်း မဖဲဝါကို စေ့စေ့ပြန်ကြည့်နေတယ်။
" ဝုန်း "
" ဟာ မဖဲဝါ ထခုန်လိုက်ပြီဗျို့" ဘီလူးကြီး အပေါ်ကို ကျော်တက်
ပြီးမှ ပြနိကျလာတာဗျ။ ဟာ ရိုက်ပြီဗျို့။ ရိုက်ပြီ"
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
" ဘီလူးကြီးရဲ့ ကျောကို မဖဲဝါရဲ့ လက်ဝါးကြီးနဲ့ ငါးချက်ဆင့်ရိုက်
တာဗျို့။ မဖဲဝါ ရဲ့ လက်နဲ့ နှစ်ချက်ရိုက်ရင်ပဲ ဒူးထောက်ရက်
ကျပြီး သွေးပွက်ပွက် အန်ကျတာဗျ။ အခု ဘီလူးက ရှေ့ကို
ငိုက်ရုံပဲ ငိုက်သွားတာဗျ။ နောက်ကို ဆက်ကနဲလှည့်ပြီး ထန်းပင်
လောက်ရှိတဲ့ သူ့ခြေထောက်ကြီးနဲ့ လှမ်းကန်လိုက်တာဗျို့။
မဖဲဝါကလည်း လွှားကနဲ ထခုန်ပြီး ရှောင်လိုက်တယ်။
ဟော မဖဲဝါက ကျုပ်ရှိတဲ့ ဘက်ကို ပြန်ရောက်လာပြီဗျို့။
ဘီလူးက ဒီဘက်ကို ပြန်လှည့်လာပြီး မျက်လုံးနီနီကြီး နှစ်လုံးက
အနီရောင် အတန်းနှစ်တန်းနဲ့ လှစ်ကနဲ ထွက်လာပြီး မဖဲဝါကို
ထိသွားတယ်ဗျို့။
"'ဟာ မဖဲဝါ မဖဲဝါ သတိထားဗျ"
ကျုပ် စကားတောင်မဆုံးသေးပါဘူးဗျာ မဖဲဝါ ကျောက်ရုပ်ကလေး
ဖြစ်သွားတယ်ဗျို့။ ဆံပင်ဖားလျားလေးနဲ့ မဖဲဝါကြီးက လူပုံစံ
အတိုင်းလေးဗျ။ တစ်တောင်လောက်ရှိတဲ့ ကျောက်ရုပ်ကလေး
ဖြစ်သွားရောဗျာ။
ကျုပ်လည်း အံ့သြပြီး မဖဲဝါ ကျောက်ရုပ်လေးကို ပြေးပြီး မချီလိုက်
တယ်။
" ဟာ အလေးကြီးဗျာ"
"ကျုပ် ဘယ်လို မမ မလို့ကို မရဘူးဗျ။ လေးနှစ်ပြီး
နေရာကတောင် မရွေ့ဘူးဗျ။ ဘီလူးကြီးက ကျုပ်ကို စိုက်ကြည့်
နေတယ်ဗျို့။ ကျုပ်လည်း လက်ထဲက အင်းကို ကျစ်ကျစ်ပါအောင်
ဆုပ်ပြီး ဘီလူးကြီးဆီကို ပစ်ထည့်လိုက်တယ်"
" ဝုန်း"
ကျုပ်ပစ်လ်ုက်တဲ့ နတ်ဘီလူးအင်းက မီးခိုးလုံးကြီးထသွားပြီ။
မီးခိုးတွေ ပြယ်သွားတော့ ဘုရားမှာ တွေ့ရတဲ့ ဘီလူးမျိုး
ဘီလူးကြီး တကောင် ရပ်နေတာဗျို့။ ဒီ ဘီလူးက နှစ်ကောင်
ဖြစ်သွားပြီပေါ့ဗျာ။ င်္အကျီမပါတဲ့ ဘီလူးက ဘီလူးအဝတ်စားတွေ
ပြိုးပြိုးပြောင်ပြောင် ဝတ်ထားတဲ့ ဘီလူးဆီကို ပြေးပြီးဝင်လာရော
ဗျို့။ တင်းပုတ်နဲ့ ဘီလူးကြီးက ပြေးဝင်လာတဲ့ ဘီလူးကြီးရဲ့
ခေါင်းကို လက်ထဲက တင်းပုတ်နဲ့ ဆီးပြီး ထုလိုက်တယ်။
" ဒုန်း"
ဆိုတဲ့ အသံကြီးနဲ့ အတူ င်္အကျီမပါတဲ့ ဘီလူးကြီး
ဒူးထောက်ရက် ကျသွားတယ်ဗျို့။
" ဘုန်း ဘုန်း ဘုန်း "
နတ်ဘီလူးကြီးက ဒူးထောက်ရက်ကျသွားတဲ့ ဘီလူးရဲ့ ကျောကုန်း
ကို တင်းပုတ်နဲ့ သုံးချက် ဆင့်ထုလိုက်တယ်ဗျ။
" အီး အား အီး အား "
ဒူးထောက်ရက်ကျနေတဲ့ ဘီလူးကြီးရဲ့ အော်လိုက်တဲ့အသံကြီးက
အနီးနားက ရွာတွေတောင် ကြားလောက်တယ်ဗျ။ စူးပြီး
နက်ကျယ်တဲ့ အသံကြီး ဗျ။ ကျုပ်ဖြင့် နားတွေ ကို အူသွားတာ
ပါဗျာ။
" ဝုန်း "
"'ဟော ပျောက်သွားပြီဗျို့"
င်္အကျီမပါတဲ့ ဘီလူးကြီး ပျောက်သွားပြီဗျ။ကိုထိန်တို့ ကိုပွကြီးတို့ကို
ကိုယ်ထင်ပြလိုက်တဲ့ အကောင်ကြီးပေါ့ဗျာ။ကျုပ်တို့ ရွာက ဘထွေး
ဆစ်တိုရဲ့ နွားကိုဝင်စားသွားတဲ့ အကောင်ကြီးတော့
ပြေးပြီဗျို့။
ဒီတော့မှ ကျုပ်က ကပျာကယာ ပြေးပြီး
"'နတ်ဘီလူးကြီး ဗျာ ကျောက်ရုပ်ဖြစ်သွားတဲ့ မဖဲဝါကို
ပြန်ကောင်းအောင် လုပ်ပေးခဲ့ပါဗျာ။
လို့ မဖဲဝါ ကျောက်ရုပ်ကလေးကို လက်ညှိုးထိုးပြပြီး
ပြောလိုက်တယ်ဗျ။ဒီတော့မှ နတ်ဘီလူးကြီးက မဖဲဝါ
ကျောက်ရုပ်ကလေးကို ကြည့်ပြီး သူမျက်လုံးက အစိမ်းရောင်
အလင်းတွေ ထွက်လာတယ်ဗျ။ အဲ့ဒီ အလင်းတန်းလေး နှစ်ခု
မဖဲဝါ ကျောက်ရုပ်ကလေးကို ထိသွားတာနဲ့ ကျောက်ရုပ်ကလေးကနေ ချက်ချင်း မဖဲဝါကြီး ပြန်ဖြစ်သွားရောဗျို့။
" ဝုန်း"
နတ် ဘီလူးကြီးလည်း ပျောက်သွားရောဗျ။မြေကြီးပေါ်မှာ ကျနေတဲ့
ကျုပ်ရဲ့ နတ်ဘီလူး အင်းချပ်လေးက အရောင်လင်းနေတယ်။
ဒါနဲ့ ကျုပ်လည်း အင်းချပ်လေးကို ပြေးပြီး ကောက်ယူလိုက်တယ်။
မဖဲဝါက ကျုပ်ကို စိုက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။
ကျေးဇူးတင်ကြောင်း ပြောမှန်း ကျုပ် သိလိုက်တယ်။
" ဟော မဖဲဝါ ပါ ပျောက်သွားပြီဗျို့။
ကျောက်ခဲနဲ့ သံမဏိက ကျုပ်ကို ရွာတံခါး ဖွင့်ပေးကြတယ်။
ကျုပ် အိမ်ပြန်ရောက်တော့ အဘတို့တောင် အိပ်နေကြပြီဗျ။

ပြီးပါပြီ

Zawgyi


" ဘယကၡႀကီးဗ်ာ က်ဳပ္တို႔ ဘယကၡႀကီးကို ေတြ႕ခ်င္လို႔
ျမင္ခ်င္လို႔ ကိုယ္ထင္ျပေပးပါဗ်ာလို႔ သြားေျပာလိုက္တာ
ကိုႀကီးမိုးညိဳေရ"
" ေဟ ဟုတ္လား" ဒီေတာ့ ဘယကၡႀကီးက ကိုယ္ထင္ျပေရာလားကြ"
" ျပလိုက္တာမွ နဲနဲေနာေနာႀကီး မဟုတ္ပါဘူးဗ်ာ
ဆယ္ေပေလာက္ရွိတယ္ဗ်။ ကိုယ္လုံးႀကီးက စပါးတစ္ရာဆန္႔တဲ့
ရာဝင္ပုတ္ႀကီးေလာက္ရွိတယ္ဗ်။ မ်က္လုံးႀကီးေတြက ဟင္း
ေသာက္ ပန္ကန္လုံးႀကီးေလာက္ ရွိတယ္ဗ်။ ပါးစပ္ႀကီးက
တစ္ေပေလာက္ က်ယ္ဗ်။ ပါးစပ္ထဲမွာ အစြယ္ႀကီးေတြမွ ေဖြးေန
တာပဲဗ်ာ။ ပါးစပ္ႀကီး ဟျပတာ လွ်ာႀကီးက မ်က္ႏွာသုတ္တဲ့
တဘတ္ႀကီးေလာက္ ရွိတယ္ဗ်။ ရဲၿပီး ေအာက္ကို တြဲေလာင္းႀကီး
က်ေနတာဗ်။ ကိုယ္မွာေတာ့ ပုဆိုးကြက္တုံးႀကီး ဝတ္ထားတယ္။
အေပၚပိုင္းမွာေတာ့ အၤက်ီဝတ္မထားဘူး အေမႊးေတြက်ိဳးတိုးက်ဲတဲ
ေပါက္ေနတယ္ဗ်။ အဲ့ဒါႀကီး ဘြားကနဲ ေပၚလာေရာ က်ဳပ္နဲ႔ ငပြ
ဆိုတာ ၾကက္ေသ ေသၿပီး ဘာလုပ္ရမွန္း မသိေအာင္ ျဖစ္သြား
ေတာ့တာဗ်။
ခဏၾကာမွ က်ဳပ္က သတိဝင္လာၿပီး ငပြေျပးလို႔ ေျပာၿပီး သူကို
လက္နဲ႔ပုတ္လိုက္ေတာ့မွ ဒီေကာင္လည္း သတိဝင္သြားၿပီး
ႏွစ္ေယာက္သား ေျပးက်ေတာ့တာဗ်ိဳ႕။
ေျပးရင္းနဲ႔ ဘာေတြ ေအာ္လို႔ ေအာ္မွန္းကို မသိေတာ့ပါဘူးဗ်ာ။
ဘယ္ေရာက္လို႔ ေရာက္သြား မွန္း မသိေတာ့ဘဲ သတိလစ္သြား
တာဗ် ။ ခုမွပဲ အားလုံးကို ျပန္မွတ္မိေတာ့တာ ကိုႀကီးမိုညိဳရဲ႕ "
" မင္းတို႔ေတြ တာေတ ရွိလို႔ ကံေကာင္းသြားတာ "
" ဒါ အေၾကာက္လြန္ၿပီး လိပ္ျပာလြင့္သြားတာ ကြ
တာေတမွာ ေဆးေကာင္းဝါးေကာင္း ရွိလို႔ သတိျပန္ရသြားတာ "
" ေက်းဇူးတင္ပါတယ္ တာေတရာ"
" ကိုထိန္က က်ဳပ္ ပုခုံးကို ဖက္ၿပီး ေျပာတယ္ဗ်။ ခက္တာက
သူတို႔ ႏွစ္ေယာက္ ဘန္႔ေဘြးကုန္းကို မျပန္ဝံ့ေတာ့တာဗ်။
ဒါနဲ႔ က်ဳပ္တို႔ ဆယ္ေယာက္စုၿပီး ကိုထိန္နဲ႔ ကိုပြႀကီးတို႔ကို
ဘန္႔ေဘြးကုန္းအထိ ျပန္ပို႔ေပးလိုက္ၾကရတယ္။အဲ့ဒီ အဖြဲ႕ထဲမွာ
က်ဳပ္လည္း ပါတယ္ဗ်။
လမ္းမွာ ကိုထိန္နဲ႔ ကိုပြႀကီးတို႔ တအားေၾကာက္ေနလို႔ က်ဳပ္တို႔
အဖြဲ႕က သူတို႔ႏွစ္ေယာက္ကို အလယ္မွာထားၿပီးေတာ့ကို
ပို႔လိုက္ရတာဗ်ိဳ႕။
ေလဆင္ႏွာေမာင္းႀကီးနဲ႔ ပါလာတဲ့ ဘီလူး႐ုပ္ႀကီးေတာ့ ျပႆနာ
ျဖစ္ၿပီေပါ့ဗ်ာ။ တကယ္ေတာ့ ဒီ ဘီလူး႐ုပ္ႀကီးမွာ ဘီလူးဝိညဥ္ပါလာတာ ဟုတ္ခ်င္မွလည္း ဟုတ္မယ္ဗ်။
က်ဳပ္တို႔ဆီက လူေတြက သဲသဲလႈပ္ျဖစ္ၾကၿပီ ဟိုဟာေကြၽး
ဒီဟာေကြၽးေတြ လုပ္က်လို႔ အပက ဘီလူးဝိညဥ္ျဖစ္ျဖစ္
သရဲဝိညဥ္ပဲ ျဖစ္ျဖစ္ ေျမဘုတ္ဝိညဥ္ပဲ ျဖစါျဖစ္ တြယ္ကပ္လာတာ
လည္း ျဖစ္ႏိုင္တယ္ဗ်။
ဘာပဲျဖစ္ျဖစ္ ျပႆနာေတာ့ ျဖစ္ၿပီေပါ့ဗ်ာ။ က်ဳပ္တို႔ ႐ြာသားေတြ
ေရာ ဘန္႔ေဘြးကုန္းသားေတြေရာ မီးေလာင္းကုန္းသားေတြေရာ
ေတာ္ေတာ္ေတာ့ ရယ္စရာေကာင္းသားဗ်။
ပန္းေတြ သစ္သီးေတြ အလုအယက္ လာဆက္ၾက ဖဲသမားေတြက
လည္း တိုးတိုးတိတ္တိတ္ အမဲသားေကြၽးလို႔ ေကြၽးၾကနဲ႔ လုပ္ၾက
တာလည္း သူတို႔ပဲ ဗ် ။ ကိုထိန္ႀကီးနဲ႔ ကိုပြႀကီးတို႔ သတင္းက
႐ြာေတြကို ပ်ံ႕သြားေတာ့ ေၾကာက္ကုန္က်ၿပီး တေယာက္မွကို
မကပ္ရဲၾကေတာ့ဘူဗ်ိဳ႕။
႐ြာေတြမွာ လူႀကီးေတြက မိန္းခေလးေတြကို ေနာက္ၾက ေျပာင္ၾက
တယ္ဗ်။
"'ဟဲ့ ဝိုင္းစိန္ နင့္ ဘယကၡႀကီး ဆာေနေရာ့မယ္ဟဲ့ "
"ငွက္ေပ်ာသီး သေဘၤာသီးေလး သြားဆက္လိုက္ဦးေလ "
" ေတာ္ပါ ဘိုညိဳရယ္ အစြယ္ျပဴးျပဴးႀကီးေတြနဲ႔ ထလိုက္လို႔
ေျပးေပါက္မွားေနပါဦးမယ္ေတာ္"
"'ဟာ မေၾကာက္ပါနဲ႔ ဝိုင္းစိန္ရဲ႕ ဘန္႔ေဘြးကုန္းက ငပြႀကီးက
ျပပါ ျပပါ နဲ႔ ေျပာလို႔ ဟိုက ျပထည့္လိုက္တာ ပါဟယ္ "
"အဲ့ဒီလို မေျပာရင္ ဘယကၡႀကီးက မျပပါဘူးဟဲ့ သြားသာ
သြားစမ္းပါ ဝိုင္းစိန္ရယ္"
" ေတာ္ပါၿပီ ဘိုးရယ္ " ဘယကၡႀကီး ျပျပ မျပျပ ဝိုင္းစိန္ေတာ့
ၾကားတာနဲ႔တင္ ေၾကာက္လြန္းလို႔ ၾကက္သီးေတြ တျဖန္းျဖန္းထလို႔
ပါေတာ္"
ေၾကာက္ၿပီဆိုတာ့လည္း တကယ္ေၾကာက္ၾကတာဗ်။ ႐ြာေတာင္ဦး
ဘုရားကိုေတာင္ အရင္ေလာက္ လူမလာေတာ့ဘူဆိုေတာ့
ဆရာေတာ္ေရာ ႐ြာက လူႀကီးေတြေရာ မႀကိဳက္ၾကေတာ့ဘူေပါ့ဗ်ာ။
ဒါေၾကာင့္လည္း ဆရာေတာ္ေတြနဲ႔ ႐ြာလူႀကီးေတြ ႐ြာဦးေက်ာင္းမွာ
အစည္းေဝးလုပ္က်တာဗ်။
" ကဲ ဒကာႀကီးတို႔ ႐ြာရဲ႕ အဓိကရ ႐ြာေတာင္ဦး ဘုရားကိုေတာ့
ဘုရားဖူးေတြ မလာသေလာက္ ျဖစ္သြားၿပီဗ် ။ ဘုရား ဆိုတာ
ေျခာက္ေသြ႕သြားေတာ့တာဗ်ိဳ႕ ။ အဲ့ဒီလို ဘုရားပုထိုး ေျခာက္ခမ္း
သြားတာ မေကာင္းဘူး ဒကာႀကီးတို႔ ဒီေတာ့ ဒီကိစၥကို ဘယ္လို
လုပ္ၾကမတုံး တိုင္ပင္ၾကပါဦးဗ်ာ။
႐ြာဦးေက်ာင္း ဆရာေတာ္က မိန္႔ေတာ္မူတာဗ်။ ႐ြာက လူႀကီး
ေတြလည္း တိုင္ပင္ၾကတာေပါ့ဗ်ာ။ ဘာလုပ္ရင္ ေကာင္းမတုံးေပါ့။
ဘုရားေပၚတင္ထားတဲ့ ဘီလူးကို ျပန္ခ်ၿပီး ဘယ္ကို ပို႔ရင္
ေကာင္းမတုံးေပါ့။
က်ဳပ္ကိုလည္း ဘိုးညီေလးက ေခၚသြားလို႔ အစည္းေဝး
လိုက္လာရတာဗ်။ က်ဳပ္လိုက္ေတာ့ ေက်ာက္ခဲ နဲ႔ သံမဏိကလည္း
ကပ္လ္ုက္က်ျပန္ေရာဗ်။ ေက်ာင္းေရာက္ေတာ့ က်ဳပ္တို႔
သုံးေယာက္က ဘုန္းႀကီးေက်ာင္းသားေတြနဲ႔ အတူတူ ေရေႏြး
ၾကမ္းထည့္ လက္ဖက္ ပြဲခ် ကြမ္းအစ္ခ် ေဆးလိပ္ခ် စ တာ ေတြ
ဝိုင္းလုပ္ၾကတာေပါ့ဗ်ာ။
လူႀကီးေတြလည္း တိုင္သာတိုင္ပင္ေနၾကတာဗ်။ ဘာလုပ္လို႔
လုပ္ရမွန္းကို မသိၾကတာ။
" ကဲ ဘိုးညီေလး သေဘာကို ေျပာပါဦး "
ဘိုးညီေလးကို ဝိုင္းၿပီး ေမးၾကတယ္ဗ်။
" ဘာမွ စဥ္းစားမေနက်ပါနဲ႔ဗ်ာ ဘီလူး႐ုပ္ကို ထု႐ိုက္ခ်ိဳးဖဲ့ၿပီး
ေျမက်ငိးတူး ျမဳပ္လိုက္တာ အေကာင္းဆုံးျဖစ္မွာပါ။
အားလုံးက ဘိုးညီေလးေျပာတာကို နားေထာင္ၿပီး ေခါင္းညိတ္က်တယ္ ခဏေနမွ ဘိုး႐ုံႀကီးက ဝင္ေျပာတယ္ဗ်။
" ထု႐ိုက္ခ်ိဳးဖဲ့ျပစ္လိုက္တာေတာ့ ဟုတ္ပါပီ အဲ့ဒီလို ထု႐ိုက္ခ်ိဳးဖဲ့
ပစ္ဖို႔ ဘယ္သူလုပ္ဝံ့တုံး
" ဘိုး႐ုံေျပာလိုက္ေတာ့မွ အားလုံးက စဥ္းစားမိသြားတာဗ်။
ဟုတ္တာေပါ့ဗ်ာ ။ ဒီ ဘီလူးကို ဒီေလာက္ေၾကာက္ေနၾကေတာ့မွ
ဘယ္သူက ထု႐ိုက္ခ်ိဳးဖဲ့ လုပ္ရဲမွာတုံး ။ အနားေတာင္
မလာဝံ့ေတာ့လို႔ မလာၾကတာေလဗ်ာ။
" ေအး ကို႐ုံ ေျပာတာလဲ ဟုတ္တာပဲ "
လို႔ ဘိုးညီေလး က ေျပာတယ္ဗ် ။ ေနာက္ဆုံးေတာ့ ဘာလုပ္ရ
မယ္ဆိုတာ အေျဖမထြက္ပဲ အစည္းေဝး ၿပီးသြားေတာ့တာပဲဗ်။
ဇတ္လမ္းက အဲ့ဒီညကတည္းက စ တာပဲဗ်။
" ဝုတ္ ဝုတ္ ဝုတ္ ဝုတ္ '"
တစ္႐ြာလုံးမွာ ရွိတဲ့ ေခြးေတြ ထေဟာင္တာဗ်။ ေခြးတေကာင္
ရွိတဲ့အိမ္က တေကာင္ ေဟာင္တယ္ ႏွစ္ေကာင္ ရွိတဲ့ အိမ္က
ႏွစ္ေကာင္ေဟာင္တယ္ ။ေဟာင္ရင္းနဲ႔ ေခြးေတြက ႐ြာစည္း႐ိုးဘက္ကို ေျပးၾကတာဗ်။အေရွစည္း႐ိုးဘက္ကို ေျပးတဲ့ ေကာင္က ေျပး
အေနာက္ဘက္ စည္း႐ိုးဘက္ကို ေျပးတဲ့ေကာင္ေတြကေျပး တယ္။
ေတာင္ဘက္ေျပးတဲ့ ေကာင္က ေျပး ေျမာက္ဘက္ ေျပးတဲ့ေကာင္က ေျပးနဲ႔ ႐ြာစည္းကို ၾကည့္ၿပီး ေဟာင္ေနၾကတာဗ်။
တကယ္ေတာ့ ဒီေကာင္ေတြက မျမင္ရတဲ့ ႐ြာျပင္ကို
ေဟာင္ေနတာ။
ေခြးဆိုတာ အာ႐ုံခံ သိပ္ေကာင္းတာဗ်။ မ်က္စိနဲ႔ ျမင္ ရမွ
မဟုတ္ဘူး။ နားတို႔ ႏွာေခါင္းတို႔က အာ႐ုံခံၾကတာ။ အခု႔လည္း
႐ြာျပင္ကို ေဟာင္ေနၾကတာက တ႐ြာလုံးဆိုတာ ဆူညံေနတာပါပဲ
ဗ်ာ။ လူေတြကေတာ့ လန္႔ကုန္ၾကၿပီး တခါးေတြအလုံ ပိဆ္ေတာ့
တာဗ်ိဳ႕။
" ကိုႀကီးတာေတ ကိုႀကီးတာေတ"
ေက်ာက္ခဲ နဲ႔ သံမဏိဗ်။ က်ဳပ္ဆီကို ေျပးခ်လာၾကတာ။
" ဟဲ့ ဒီႏွစ္ေကာင္ မေၾကာက္မ႐ြံ႕နဲ႔ ႐ြာထဲ
ေလွ်ာက္သြားေနၾကတယ္ ဟုတ္လား"
" အေမက ေမးလိုက္တာဗ်"
" ႐ြာျပင္မွာ ဘာရွိတုံး မသိဘူး အရီးရ" ေခြးေတြက ႐ြာျပင္ၾကည့္
ၿပီးအထဲကေန လွမ္း ေဟာင္ေနၾကတာ ။
" ေအးေလ အဲ့ဒါ နင္တို႔ မေၾကာက္ဘူးလား "
"အိမ္ထဲမွာ ေနၾကပါလား ေက်ာက္ခဲ နဲ႔ သံမဏိရဲ႕ "
"'ဟာ အရီးကလဲ ေၾကာက္ရေအာင္ ဘာမွန္းမွ မသိတဲ့ဟာ "
ရမ္းၿပီး ေၾကာက္ေနသလို ျဖစ္ေနမွာေပါ့။ဒါ့ေၾကာင့္ တိတိက်က်
သိေအာင္ ကိုႀကီး တာေတကို လာေခၚတာဗ်။
" ေၾသာ္ ေအး ေကာင္းတယ္ ကိုစပ္စု တို႔ လန္႔ၿပီး ျပန္ေျပးလာလို႔
ကေတာ့ အိမ္တံခါးကို ပိတ္ထားဦးမယ္။
" ဟာ အရီးကလည္း က်ဳပ္တို႔က ဒီေလာက္ သတၱိမနည္းပါဘူးဗ်။
က်ဳပ္က မ်က္ကြင္းေဆး ကြင္းၿပီး လိုက္လာခဲ့တယ္။
ၿပီးေတာ့ ႐ြာေတာင္ဘက္ကိုသြားၿပီး ႐ြာစည္း႐ုးနဲ႔ အနီးဆုံးက
မန္က်ည္းပင္ႀကီးေပၚ ကို တက္ခဲ့ၾကတယ္။ ဒီေကာင္ႏွစ္ေကာင္က
ေတာ့ ေလးဂြတစ္ေယာက္တစ္ေခ်ာင္းနဲ႔ဗ်။ဂ
ေခြးေတြက ႐ြာအေနာက္ဘက္မွာ ထိုးေဟာင္ေနၾကတာဗ်။
ေဟာ လာၿပီ လာၿပီ ။ ေခြးေတြ တျဖည္းျဖည္းနဲ႔ ေတာင္ဘက္ကို
ေျပးလာၾကၿပီဗ်ိဳ႕။ ေျပးရင္းနဲ႔ ေဟာင္ေနလိုက္က်တာ ဆူညံေန
ေရာဗ်ာ။
" ဟာ ကိုႀကီး တာေတ" ေခြးေတြ က်ဳပ္တို႔ ဘက္ကို ေျပးလာ
ေနၿပီဗ်။
"'ေအး ေက်ာက္ခဲ မင္းတို႔ မလႉပ္နဲ႔ေနာ္ ၿငိမ္ေနၾက"
က်ဳပ္က ႐ြာစည္း႐ိုး အျပင္ကို မန္က်ည္းပင္ႀကီး ေပၚကေန
လွမ္းၾကည့္ေနတာဗ်။
ဟာ . . . လာၿပီဗ်ိဳ႕။ မည္းမည္းအေကာင္ႀကီးဗ်ာ ။ ႐ြာေတာင္ဘက္
ပတ္ေလွ်ာက္လာတာဗ်။ အရပ္က ဆယ့္ငါးေပ
ေပႏွစ္ဆယ္ေလာက္ရွိတယ္ဗ်။ ကိုယ္လုံးႀကီးကလည္း နည္းတာ့ႀကီးမဟုတ္ဘူးဗ်ာ။ ရာဝင္ပုတ္ထက္ေတာင္ ႀကီးမယ္
ထင္တယ္ဗ်။ ေျခေထာက္ႀကီး တဖက္ကို ထန္းပင္လုံးေလာက္ႀကီး
ရွိတယ္ဗ်။ (ပုတ္ဆိုတာ စပါးထည့္တဲ့ ဝါးေတာင္းအႀကီးႀကီးေတြ
ေပါ့ဗ်ာ)။
" ဘုတ္ ဘုတ္ ဘုတ္ ဘုတ္"
ေခ်ာ နားေထာင္ၾကည့္ေတာ့မွ ေျခသံႀကီးကို ၾကားရတာဗ်ိဳ႕။
ေခြးေတြ ဒီအသံကို ေျပးလိုက္ၿပီး ေဟာင္ေနၾကတာဗ်။
" နည္းတဲ့ မေကာင္းဆိုးဝါးႀကီး လားဗ်ာ။ က်ဳပ္ လေရာင္
ေဖ်ာ့ေဖ်ာ့ေလးေအာက္မွာ ေသခ်ာ အာ႐ုံစိုက္ၾကည့္တယ္ဗ်။
ေခါင္းမွာ ဆံပင္မရွိဘူး။ ေခါင္းေျပာင္ႀကီး။ အဲ့ဒီေခါင္းႀကီးမွာ
အထစ္ အထစ္ႀကီးေတြနဲ႔ဗ်။ မ်က္လုံးႀကီးႏွစ္လုံးက ဟင္းေသာက္
ပန္ကန္ေလာက္ရွိတယ္ဗ်။ နီရဲၿပီး ျပဴးထြက္ေနတာဗ်ိဳ႕။ ႏွာေခါင္း
ႀကီးက တိုတိုႀကီးဗ် ။ ပါးစပ္ႀကီး က်ဳပ္ စိတ္အထင္ တစ္ေတာင္
ေလာက္ကို ရွိမယ္ထင္တယ္ဗ်။ ပါးစပ္ထဲက အစြယ္ႀကီးေတြက
ေဘးကိုေကာက္ထြက္ေနတာဗ်ိဳ႕။
ဒါဘာေကာင္ႀကီးလဲ လို႔ က်ဳပ္ ေတြးရင္း ၾကည့္ေနတာဗ်။
သရဲႀကီးလား သဘတ္ႀကီးလားဆိုတာ က်ဳပ္မေျပာတတ္ဘူးဗ်။
မေကာင္းဆိုးဝါးႀကီး က်ဳပ္တို႔႐ြာကိုပတ္ၿပီးသြားေနတာ ဗ်။ဒီေကာင္
ႀကီး က်ဳပ္တို႔႐ြာကို တပတ္ၿပီးတပတ္ ပတ္ေနတာ အေၾကာင္းေတာ့
ရွိမယ္ဗ်။
က်ဳပ္လည္း ေက်ာက္ခဲ နဲ႔ သမဏိကို က်ဳပ္ေတြ႕တဲ့ အေကာင္ႀကီး
အေၾကာင္းေျပာျပၿပီး အိမ္ျပန္လိုက္ပို႔ေပးလိုက္တယ္။ သံမဏိက
ေက်ာက္ခဲအိမ္မွာ အိပ္မွာေလဗ်ာ။
က်ဳပ္လည္း အိမ္ကို ျပန္လာခဲ့တယ္။ က်ဳပ္ေတြ႕ တာေတြကို အဘ
နဲ႔ အေမ့ကို ေျပာျပလိုက္ေတာ့ အဘတို႔လည္း အံ့ၾသသြားၾကတာ
ေပါ့ဗ်ာ။ေခြးေတြက သဲသဲမဲမဲကို ေဟာင္ေနတုံးဗ်။က်ဳပ္တို႔ တ႐ြာလုံးလည္း တိတ္ဆိတ္ေနတာဗ်ိဳ႕။ခဏၾကာေတာ့ က်ဳပ္လည္း အိပ္ခ်င္
လာတယ္။ အဘတို႔ အေမတို႔လည္း အ္ပ္ၾကေတာ့မယ္။ ရာသီက
ေဆာင္းဦးေပါက္ဆိုေတာ့ သိပ္မေအးေသးဘူးဗ်။ အေအး ေငြ႕ေငြ႕
ေလးပဲ ရွိေသးတယ္။
က်ဳပ္ စိတ္အထင္ေတာ့ ဒီေကာင္ႀကီး႐ြာကို ပတ္ေနတာ ခုႏွစ္
ပတ္ေလာက္ရွိၿပီထင္တယ္ဗ်။ ဒီည ကင္းက်တဲ့ေကာင္ေတြကေတာ့
ေၾကာက္ေနၾကမွာပဲ လို႔ က်ဳပ္ေတြးရင္း အိပ္ေပ်ာ္သြားတယ္ဗ်။
မနက္မိုးလင္းလို႔ က်ဳပ္ႏိုးေတာ့ ေက်ာက္ခဲ နဲ႔ သံမဏိတို႔ ဝိုင္းထဲ
လာၾကတယ္ဗ်။
"'ကိုႀကီး တာေတေရ ညက ႏြားတေကာင္ေတာ့ ေသသြားၿပီဗ်ိဳ႕။
"'ေဟ ဘယ္သူႏြားတုံး ဘာျဖစ္လို႔ ေသတာတုံး"
"ဘေထြးဆစ္တိုရဲ႕ ႏြားဗ် ညက ႐ြာကိုပတ္သြားေနတဲ့
ဟိုေကာင္ႀကီး ဝင္စားသြားတာ ျဖစ္မွာေပါ့ဗ်ာ ႏြားတေကာင္လုံးမွာ
အသားဆိုလို႔ နည္းနည္းပဲ က်န္ေတာ့တာဗ်။ အ႐ိုးေတြပဲ
က်န္ေတာ့တာ။
"'ေဟ ဟုတ္လားကြ ေနပါဦး ဘေထြးဆစ္တိုဆိုေတာ့
႐ြာေျမာက္ပိုင္းကို ဝင္သြားတာေပါ့ "
" ဟုတ္တယ္ဗ် ညက ဘယ္သူမွကို မသိလိုက္ၾကဘူး"
တစ္႐ြာလုံး အိပ္ေပ်ာ္ေနတာၾကတာ ထင္တယ္။ ကင္းသမားေတြ
လည္း အိပ္ေပ်ာ္သြားတဲ့ ကိုႀကီးတာေတရဲ႕'"
"'ဟာ ဒီေကာင္ႀကီးက ႐ြာကို တပတ္ၿပီး တပတ္ ပတ္ေနတာ
အိပ္ေမြ႕ခ်ေနတာကိုး ဒါေၾကာင့္ အေၾကာင္းေတာ့ရွိမယ္လို႔
ငါ ေတြးမိေသးတယ္ကြ ငါလည္း အိပ္ေပ်ာ္သြားတာပဲ ေက်ာက္ခဲရ"
"က်ဳပ္တို႔လည္း ေခြးသံေတြ နားေထာင္ရင္းနဲ႔ကို အိပ္ေပ်ာ္သြား
တယ္ဗ်။
" မင္းတို႔ ႏြားေသႀကီးကို သြားၾကည့္ၿပီးၿပီလား "
" ၾကည့္ၿပီးၿပီဗ် ႏြားတေကာင္လုံးကို စားသြားတာ ကိုႀကီးတာေတ
ရ "
" ေအး ညက ငါေတြ႕တဲ့အေကာင္ႀကီးရဲ႕ အ႐ြယ္အစားနဲ႔ဆိုရင္
ႏြားတေကာင္ေလာက္ေတာ့ သာသာေလး စားႏိုင္မဲ့ပုံပဲကြ"
" အဲ့ဒါ ခက္တာေပါ့ကြာ လူေတြက ဘီလူး႐ုပ္ႀကီးကို အစလုပ္ၿပီး
အမဲသားေတြ ေကြၽးေမြးလုပ္ၾကေတာ့ ဒီေကာင္ႀကီးက စားခ်င္
ေသာက္ခ်င္ ျဖစ္သြားၿပီေပါ့ကြာ။အခုေတာ့
ေၾကာက္လန္႔ကုန္ၾကၿပီး ဆက္မေကြၽးေတာ့ ႐ြာထဲဝင္ၿပီး
စားတဲ့ေသာက္တဲ့ အဆင့္ထိ ေရာက္လာၿပီေပါ့ကြာ"
"'ေနပါဦး ကိုႀကီးတာေတရဲ႕ " ဒီအေကာင္ႀကီးက ဘန္႔ေဘြး
ကုန္းက ေလးေလးထိန္တို႔ ေလးေလးပြႀကီးတို႔ ေတြ႕ခဲ့တဲ့ အေကာင္
ႀကီးပဲလားဗ်"
" ေသခ်ာတာေပါ့ကြာ အဲ့ဒီအေကာင္ႀကီးေပါ့ ေက်ာက္ခဲရ"
"'ဟာ ဒါဆိုရင္ ႐ြာေတာင္ဦးဘုရားက ဘီလူးႀကီးေပါ့ "
" ဟုတ္လား ကိုႀကီး တာေတ"
" အင္မတန္ စကားနည္းတဲ့ သံမဏိကေတာင္ ဝင္ေမးတာဗ်"
" ဒီေကာင္ေတြ ေတာ္ေတာ္ စိတ္ဝင္စားတဲ့ပုံပဲဗ်"
ညေရာက္ေတာ့ ၾကက္တေကာင္ခ်က္နဲ႔ ထမင္းေတာင္းျပင္ၿပီး
ေတာ့ ႐ြာျပင္သၤခ်ိဳင္းကို ထြက္ခဲ့တယ္။ ခု ေနာက္ပိုင္းေတာ့
နတ္ကေတာ္ ေခၚစရာ မလိုေတာ့ဘူးဗ်။ မ်က္ကြင္းေဆးကို
နားမွာ လိမ္းၿပီး ' ဒိဗၺေသာတ "ဂါတာ ႐ြတ္လိုက္ရင္ မဖဲဝါေျပာတဲ့
စကားေတြပါ က်ဳပ္ ၾကားရတယ္။
ထုံစံအတိုင္း ေက်ာင္းအမႀကီး ေဒၚခရဲ႕ ဂူႀကီးေပၚမွာ ထမင္းပြဲ
ျပင္ရင္း မဖဲဝါကို ပင့္လိုက္တယ္။ မဖဲဝါက ထမင္းစားရင္း
က်ဳပ္ကို ၾကည့္တယ္။
" မဖဲဝါ က်ဳပ္တို႔႐ြာ ဘီလူးဝင္ေနလို႔ဗ်"
" အဲ့ဒါ ဘယ္လို လုပ္ရမလဲဆိုတာ သိခ်င္လို႔ပါ"
" တာေတ ဒီဘီလူးက ေလဆင္ႏွာေမာင္းနဲ႔ ပါလာတာ မဟုတ္ဘူး"" ေလဆင္ႏွာေမာင္း နဲ႔ ပါလာတာ အ႐ုပ္ခ်ည္းပဲ ပါလာတာ"
အဲ့ဒါ ႐ိုး႐ိုးအ႐ုပ္ပါ ဒီဘီလူးက သြားရင္ လာရင္း နဲ႔ ဒီဘီလူး႐ုပ္ႀကီး
ကို ေကြၽးေမြးေနမွန္း သိလို႔ အ႐ုပ္ႀကီးမွာ ဝင္ကပ္ၿပီး စားေသာက္
ေနတာ လြယ္ေတာ့ မလြယ္ဘူး တာေတ"
အ႐ုပ္ကို ဝင္ကပ္ေနတဲ့ ဘီလူးက အစြမ္းေတာ့ ေတာ္ေတာ္ထက္
တယ္။ ဒါေပမယ့္ နင္နဲ႔ငါ ႏွစ္ေယာက္ေပါင္းလုပ္ရင္ေတာ့ ဒီေကာင္
ကို ႏိုင္ေလာက္ပါတယ္။
"နင့္ဆီမွာ နတ္ဘီလူး အင္း ရွိတယ္မလား"
"'အဲ့ဒါ ယူခဲ့ " အင္မတန္လိုအပ္မွ သုံး " အခုလာမယ့္ လကြယ္
ညေရာက္ရင္ ဒီဘီလူး နင္တို႔ ႐ြာကို ခုႏွစ္ပတ္ ပတ္ၿပီး အိပ္ေမြ႕ခ်
လိမ့္ဦးမယ္ ၿပီးေတာ့ ႐ြာထဲဝင္ၿပီး ႏြားတေကာင္ စားဦးမွာ
တာေတ "
"႐ြာေတာက္ဘက္ တံခါးက နင္ ထြက္လာခဲ့ ငါၾကည့္ေနမယ္"
"က်ဳပ္လည္း ေက်ာက္ခဲနဲ႔ သမဏိကို ေခၚၿပီး ႐ြာထဲကို ျပန္ဝင္ခဲ့
တယ္" ဒီေကာင္ ႏွစ္ေယာက္ကေတာ့ မဖဲဝါကို ျမင္လည္း မျမင္
ၾကားလည္း မၾကားဘူးေပါ့ဗ်ာ"
" ဘယ္လိုတုံး ကိုႀကီးတာေတ "
" အခုလာမဲ့ လကြယ္ည ငါနဲ႔ မဖဲဝါ ဒီေကာင္ႀကီး ကို ေမာင္းထုတ္
မယ္ကြ "
" ဟာ ဟုတ္လား " က်ဳပ္တို႔လည္း လိုက္မယ္ ကိုႀကီးတာေတ"
" ေအးလိုက္ခ်င္ရင္ေတာ့ လ္ုက္ေပါ့ ဒါမဲ့ မင္းတို႔ ႐ြာအျပင္ကို
မထြက္နဲ႔ ငါ ႐ြာျပင္ကို ထြက္တာနဲ႔ မင္းတို႔က တခါးျပန္ပိတ္ထားၿပီး
ေစာင့္ေနရမယ္"
"စိတ္ခ် ကိုႀကီးတာေတ"
" လကြယ္ညေရာက္ေတာ့ ေခြးေတြ ေဟာင္ျပန္ေရာဗ်ိဳ႕"
က်ဳပ္ ႐ြာျပင္ကို ထြက္လိုက္တယ္။ ေက်ာက္ခဲ နဲ႔ သံမဏိက
႐ြာတံခါးကို ျပန္ပိတ္ထားၾကတယ္။ ေခြးေဟာင္သံေတြက
႐ြာေတာင္ဘက္ စည္း႐ိုးနားကို ေရာက္လာတယ္။
" ေဟာ လာၿပီဗ်ိဳ႕ " ဘီလူးႀကီး လာေနၿပီ "
"'႐ြာထဲက ေခြးသံေတြက ဆူညံေနတာ ဗ်ိဳ႕"
" ဘုတ္ ဘုတ္ ဘုတ္ ဘုတ္ "
ဘီလူးႀကီးရဲ႕ ေျခသံက ေၾကာက္စရာႀကီးဗ်ာ။တျဖည္းျဖည္း
နီးလာၿပီဗ်ိဳ႕။ က်ဳပ္က မဖဲဝါ ေျပာတဲ့ အင္းခ်ပ္ကို ရွာၿပီးယူလာတယ္
လက္ထဲမွာ အင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး
အင္းႏိူးဂါတာကို ႐ြတ္လိုက္တယ္။
" ဝုန္း " မဖဲဝါ ေရာက္လာၿပီဗ်ိဳ႕"
"'က်ဳပ္နဲ႔ မလွမ္းမကမ္းမွာ မဖဲဝါက ဆံပင္ဖားလ်ားႀကီးနဲ႔
ေရာက္လာတာဗ်။ အရပ္ႀကီး ဆယ္ေပေလာက္ရွိတဲ့ မဖဲဝါက
ဘီလူးႀကီးနဲ႔ ယွဥ္လိုက္ေတာ့ ငယ္ေနတာေပါ့ဗ်ာ။
မဖဲဝါက ဘီလူးႀကီးကို ေစ့ေစ့ၾကည့္ေနတယ္ဗ်။
ဘီလူးႀကီးကလည္း မဖဲဝါကို ေစ့ေစ့ျပန္ၾကည့္ေနတယ္။
" ဝုန္း "
" ဟာ မဖဲဝါ ထခုန္လိုက္ၿပီဗ်ိဳ႕" ဘီလူးႀကီး အေပၚကို ေက်ာ္တက္
ၿပီးမွ ျပနိက်လာတာဗ်။ ဟာ ႐ိုက္ၿပီဗ်ိဳ႕။ ႐ိုက္ၿပီ"
"ဘုန္း ဘုန္း ဘုန္း ဘုန္း"
" ဘီလူးႀကီးရဲ႕ ေက်ာကို မဖဲဝါရဲ႕ လက္ဝါးႀကီးနဲ႔ ငါးခ်က္ဆင့္႐ိုက္
တာဗ်ိဳ႕။ မဖဲဝါ ရဲ႕ လက္နဲ႔ ႏွစ္ခ်က္႐ိုက္ရင္ပဲ ဒူးေထာက္ရက္
က်ၿပီး ေသြးပြက္ပြက္ အန္က်တာဗ်။ အခု ဘီလူးက ေရွ႕ကို
ငိုက္႐ုံပဲ ငိုက္သြားတာဗ်။ ေနာက္ကို ဆက္ကနဲလွည့္ၿပီး ထန္းပင္
ေလာက္ရွိတဲ့ သူ႔ေျခေထာက္ႀကီးနဲ႔ လွမ္းကန္လိုက္တာဗ်ိဳ႕။
မဖဲဝါကလည္း လႊားကနဲ ထခုန္ၿပီး ေရွာင္လိုက္တယ္။
ေဟာ မဖဲဝါက က်ဳပ္ရွိတဲ့ ဘက္ကို ျပန္ေရာက္လာၿပီဗ်ိဳ႕။
ဘီလူးက ဒီဘက္ကို ျပန္လွည့္လာၿပီး မ်က္လုံးနီနီႀကီး ႏွစ္လုံးက
အနီေရာင္ အတန္းႏွစ္တန္းနဲ႔ လွစ္ကနဲ ထြက္လာၿပီး မဖဲဝါကို
ထိသြားတယ္ဗ်ိဳ႕။
"'ဟာ မဖဲဝါ မဖဲဝါ သတိထားဗ်"
က်ဳပ္ စကားေတာင္မဆုံးေသးပါဘူးဗ်ာ မဖဲဝါ ေက်ာက္႐ုပ္ကေလး
ျဖစ္သြားတယ္ဗ်ိဳ႕။ ဆံပင္ဖားလ်ားေလးနဲ႔ မဖဲဝါႀကီးက လူပုံစံ
အတိုင္းေလးဗ်။ တစ္ေတာင္ေလာက္ရွိတဲ့ ေက်ာက္႐ုပ္ကေလး
ျဖစ္သြားေရာဗ်ာ။
က်ဳပ္လည္း အံ့ၾသၿပီး မဖဲဝါ ေက်ာက္႐ုပ္ေလးကို ေျပးၿပီး မခ်ီလိုက္
တယ္။
" ဟာ အေလးႀကီးဗ်ာ"
"က်ဳပ္ ဘယ္လို မမ မလို႔ကို မရဘူးဗ်။ ေလးႏွစ္ၿပီး
ေနရာကေတာင္ မေ႐ြ႕ဘူးဗ်။ ဘီလူးႀကီးက က်ဳပ္ကို စိုက္ၾကည့္
ေနတယ္ဗ်ိဳ႕။ က်ဳပ္လည္း လက္ထဲက အင္းကို က်စ္က်စ္ပါေအာင္
ဆုပ္ၿပီး ဘီလူးႀကီးဆီကို ပစ္ထည့္လိုက္တယ္"
" ဝုန္း"
က်ဳပ္ပစ္လ္ုက္တဲ့ နတ္ဘီလူးအင္းက မီးခိုးလုံးႀကီးထသြားၿပီ။
မီးခိုးေတြ ျပယ္သြားေတာ့ ဘုရားမွာ ေတြ႕ရတဲ့ ဘီလူးမ်ိဳး
ဘီလူးႀကီး တေကာင္ ရပ္ေနတာဗ်ိဳ႕။ ဒီ ဘီလူးက ႏွစ္ေကာင္
ျဖစ္သြားၿပီေပါ့ဗ်ာ။ အၤက်ီမပါတဲ့ ဘီလူးက ဘီလူးအဝတ္စားေတြ
ၿပိဳးၿပိဳးေျပာင္ေျပာင္ ဝတ္ထားတဲ့ ဘီလူးဆီကို ေျပးၿပီးဝင္လာေရာ
ဗ်ိဳ႕။ တင္းပုတ္နဲ႔ ဘီလူးႀကီးက ေျပးဝင္လာတဲ့ ဘီလူးႀကီးရဲ႕
ေခါင္းကို လက္ထဲက တင္းပုတ္နဲ႔ ဆီးၿပီး ထုလိုက္တယ္။
" ဒုန္း"
ဆိုတဲ့ အသံႀကီးနဲ႔ အတူ အၤက်ီမပါတဲ့ ဘီလူးႀကီး
ဒူးေထာက္ရက္ က်သြားတယ္ဗ်ိဳ႕။
" ဘုန္း ဘုန္း ဘုန္း "
နတ္ဘီလူးႀကီးက ဒူးေထာက္ရက္က်သြားတဲ့ ဘီလူးရဲ႕ ေက်ာကုန္း
ကို တင္းပုတ္နဲ႔ သုံးခ်က္ ဆင့္ထုလိုက္တယ္ဗ်။
" အီး အား အီး အား "
ဒူးေထာက္ရက္က်ေနတဲ့ ဘီလူးႀကီးရဲ႕ ေအာ္လိုက္တဲ့အသံႀကီးက
အနီးနားက ႐ြာေတြေတာင္ ၾကားေလာက္တယ္ဗ်။ စူးၿပီး
နက္က်ယ္တဲ့ အသံႀကီး ဗ်။ က်ဳပ္ျဖင့္ နားေတြ ကို အူသြားတာ
ပါဗ်ာ။
" ဝုန္း "
"'ေဟာ ေပ်ာက္သြားၿပီဗ်ိဳ႕"
အၤက်ီမပါတဲ့ ဘီလူးႀကီး ေပ်ာက္သြားၿပီဗ်။ကိုထိန္တို႔ ကိုပြႀကီးတို႔ကို
ကိုယ္ထင္ျပလိုက္တဲ့ အေကာင္ႀကီးေပါ့ဗ်ာ။က်ဳပ္တို႔ ႐ြာက ဘေထြး
ဆစ္တိုရဲ႕ ႏြားကိုဝင္စားသြားတဲ့ အေကာင္ႀကီးေတာ့
ေျပးၿပီဗ်ိဳ႕။
ဒီေတာ့မွ က်ဳပ္က ကပ်ာကယာ ေျပးၿပီး
"'နတ္ဘီလူးႀကီး ဗ်ာ ေက်ာက္႐ုပ္ျဖစ္သြားတဲ့ မဖဲဝါကို
ျပန္ေကာင္းေအာင္ လုပ္ေပးခဲ့ပါဗ်ာ။
လို႔ မဖဲဝါ ေက်ာက္႐ုပ္ကေလးကို လက္ညႇိဳးထိုးျပၿပီး
ေျပာလိုက္တယ္ဗ်။ဒီေတာ့မွ နတ္ဘီလူးႀကီးက မဖဲဝါ
ေက်ာက္႐ုပ္ကေလးကို ၾကည့္ၿပီး သူမ်က္လုံးက အစိမ္းေရာင္
အလင္းေတြ ထြက္လာတယ္ဗ်။ အဲ့ဒီ အလင္းတန္းေလး ႏွစ္ခု
မဖဲဝါ ေက်ာက္႐ုပ္ကေလးကို ထိသြားတာနဲ႔ ေက်ာက္႐ုပ္ကေလးကေန ခ်က္ခ်င္း မဖဲဝါႀကီး ျပန္ျဖစ္သြားေရာဗ်ိဳ႕။
" ဝုန္း"
နတ္ ဘီလူးႀကီးလည္း ေပ်ာက္သြားေရာဗ်။ေျမႀကီးေပၚမွာ က်ေနတဲ့
က်ဳပ္ရဲ႕ နတ္ဘီလူး အင္းခ်ပ္ေလးက အေရာင္လင္းေနတယ္။
ဒါနဲ႔ က်ဳပ္လည္း အင္းခ်ပ္ေလးကို ေျပးၿပီး ေကာက္ယူလိုက္တယ္။
မဖဲဝါက က်ဳပ္ကို စိုက္ၾကည့္ၿပီး ေခါင္းညိတ္ျပတယ္။
ေက်းဇူးတင္ေၾကာင္း ေျပာမွန္း က်ဳပ္ သိလိုက္တယ္။
" ေဟာ မဖဲဝါ ပါ ေပ်ာက္သြားၿပီဗ်ိဳ႕။
ေက်ာက္ခဲနဲ႔ သံမဏိက က်ဳပ္ကို ႐ြာတံခါး ဖြင့္ေပးၾကတယ္။
က်ဳပ္ အိမ္ျပန္ေရာက္ေတာ့ အဘတို႔ေတာင္ အိပ္ေနၾကၿပီဗ်။

ၿပီးပါၿပီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)