ဘီလူးစောင့်တဲ့အင်း (စ/ဆုံး)

ကိုကြီးလူတော်က
ဘာမှမပြောဘဲ ဒီအတိုင်းလေးသာ နေလိုက် နောက်တစ်
ရက် နှစ်ရက်ဆိုရင် ကျုပ်ဆရာကြီး ဘိုးလူပေ ရောက်လာ
လိမ့်မယ် ဘာမှမစိုးရိမ်နဲ့"
"ဟေ…ဘိုးလူပေ လာမယ် ဟုတ်လား ဝမ်းသာလိုက်တာ
တာတေရာ အေး ဒါဆိုရင် ငါမကြောက်တော့ဘူး
မင်းသာ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးပါတော့ကွာ"
"စိတ်ချစမ်းပါ ကိုကြီးလူတော်ရာ ခင်ဗျားက ကျုပ်သူငယ်
ချင်း လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ ဒီတော့ ကျုပ်
အစ်ကိုကြီးပဲပေါ့ ကိုကြီးလူတော်"
"အေးပါကွာ မင်းကို ငါ အားကိုးပါတယ် တာတေရယ်
မင်းသာ ဒီကိစ္စကို အခုလို မဖဲဝါဆီမှာ မေးမကြည့်ရင်
ငါဟာ လူ့ဘဝမှာ သုံးနှစ်ပဲ နေရတော့မှာ ပြီးရင်လည်း
ဘီလူးသွေးဖောက်စုပ်ခံရပြီး သေရမယ့်ကောင်လေ
မင်းကြောင့် ငါမသေတာပါ တာတေရာ"
ကျုပ် သေသေချာချာ ပြောဆိုပြီး အိမ်ပြန်လာခဲ့တယ်
မဖဲဝါ အိပ်မက်ထဲမှာ ကျုပ်ကိုပြောလိုက်တဲ့ အတိုင်းပါပဲဗျာ။
ဘိုးလူပေ နှစ်ရက်ကြာတော့ ရောက်လာတယ်။
ထုံးစံအတိုင်းပဲ။ဘန့်ဘွေးကုန်းပဲ တည်းတယ်။ကိုစံအေး
ကြီး ကျုပ်ကို လာခေါ်လို့ ဘန့်ဘွေးကုန်းကို လိုက်ခဲ့တော့
ဘိုးလူပေက ကျုပ်ကို ပြုံးပြုံးလေး ဆီးကြိုနေတယ်ဗျ။
ပြီးတာမှ ကျုပ်ကို ရယ်စရာပြောတယ်
"မောင်တာတေ မင်းဒို့ ရွာမှာ ထူးထူးခြားခြား ဧည့်သည်
ရောက်နေတယ်ဆို "
"ဟုတ်ပါ့ ဆရာကြီးရယ် ကျုပ်ဖြင့် မျက်ကွင်းဆေး
ကွင်းပြီး အင်းချပ်ကို ကြည့်လိုက်တာ လန့်တောင်
သွားတယ်ဗျာ"
"ဟေ …ဟုတ်လား မောင်တာတေ ဘာမြင်ရလို့တုံး"
"အင်းစောင့်ဘီလူးက သန်လျင်ကြီးထမ်းလို့ဗျ။
လှုပ်နေတယ် ပြီးတော့ မျက်တောင်ခတ်တယ်"
"ဟေ…ဘယ်တော့မှ မျက်တောင် မခတ်တဲ့ ဘီလူးက
မျက်တောင်ခတ်ပြတယ်ဆိုတော့ သူအသက်ရှိကြောင်း
မောင်တာတေကို တမင်လုပ်ပြတာပေါ့ကွယ်
နို့ နေပါဦး မောင်တာတေရဲ့ မင်းတွေ့တဲ့ အင်းက
ဘယ်လိုအနေအထားမျိုးတုံး "
"မဖဲဝါ ပြောတာတော့ ရဟန်းလောင်း သိမ်ဝင်တဲ့အချိန်မှာ
ကမ္မဝါဖတ်တုန်း အလိုလို ကွဲသွားတဲ့ သိမ်ဝင်သပိတ်ကွဲမှာ
စီရင်ထားတာတဲ့ ဆရာကြီး ကျုပ်တွေ့တာကတော့
အင်းကို အောက်ကချပြီးမှ ဘီလူး သန်လျင်ထမ်းပြီး
ထိုင်တဲ့ပုံကို အပေါ်က ဆွဲထားတာဗျ။
ဒီအင်းကို စီရင်တဲ့ ဆရာဟာ ပန်းချီပညာလည်း
တက်ပုံရတယ်ဗျ။သူဆွဲတဲ့ ဘီလူးပုံဟာ တော်တော်ကို
အချိုးကျတာပဲ ဆရာကြီးရဲ့"
ကျုပ်စကားကို ကြားတော့ ဘိုးလူပေက ပြုံးပြုံးကြီး
ကျုပ်ကို ကြည့်တယ်ဗျ။
"မောင်တာတေက အမှန်းအဆ တော်တော်ကို
တော်ပေတာပဲကွယ် မင်းပြောတာ ဟုတ်တယ်ကွဲ့
ဒီအင်းကို စီရင်တဲ့ ကိုမှိုင်းဆိုတဲ့လူက ပန်ချီဆရာကွဲ့
လေးဝါးလေးလည်း ကုတယ်။ဒါကြောင့် အင်းပေါ်မှာ
ဆွဲထားတဲ့ ဘီလူးပုံက မောင်တာတေ ပြောသလို
လက်ရာမြောက်နေတာကွဲ့ သိမ်ဝင်တဲ့အချိန်
သပိတ်အလိုလိုကွဲတယ်ဆိုတာ အင်မတန်မှ
ဖြစ်ခဲတာပဲကွယ် ။အဲဒီလိုဖြစ်ခဲ့ရင် ဒီသပိတ်ကွဲဟာ
မှော်ဝင်ပစ္စည်း ဖြစ်သွားရောကွဲ့ ကိုမှိုင်းဆိုတဲ့လူက
ဗေဒင်လေးကလည်းတတ် နက္ခတ်ကလေးကလည်း
နားလည် အင်းပညာလေးလည်းတတ်ဆိုတော့
နက္ခတ်ဖမ်းတာကလည်း မိသွားပြီး သူ့အင်းဟာ
တကယ့်ကို အသက်ဝင်သွားတာပေါ့ကွယ်
သူ့အင်းကို အစောင့်ချက်ချင်း ကပ်တော့တာပေါ့
ဒါပေမဲ့ ဒီအစောင့်က လူပြည်က အစောင့် မဟုတ်ဘဲ
စတုမဟာရာဇ်နတ်ပြည်က နတ်ဘီလူးက အလစ်ဝင်
လာပြီး သူ့အင်းကို ကပ်တော့တာကွဲ့ ဒါကို
ကိုမှိုင်း ဘယ်သိမှာတုံး သူ့အင်း စွမ်းတာပဲ
သူသိသွားတာ ဘီလူးကလည်း ဘီလူးဆိုးကွဲ့
သွေးအင်မတန်ဆာတဲ့ကောင် ကိုမှိုင်းကို ကြက်သွေး
်တိုက်ပြီး သူနဲ့ မိတ်ဖွဲ့ခိုင်းတယ် ကိုမှိုင်းကလည်း
ဘာပြောကောင်းမလဲ တစ်လတစ်ခါ လကွယ်ည
သန်းခေါင်တိုင်းမှာ ကြက်သွေးတိုက်တော့တာ
မောင်တာတေရဲ့ လူပဲလေ သိပ်ချမ်းသာချင်တာပေါ့ကွယ်
ဘီလူးကလည်း သူ့ကို စောင့်ရှောက်ပြီး လုပ်ပေးလိုက်
တာမှ ဆေးလေးဝါးလေး မတောက်တခေါက်နဲ့
ကုနေရာကနေ နာမည်ကျော် ဆရာကြီးကို
ထဖြစ်တော့တာဟေ့ ငွေတွေဆိုတာမှ ရလိုက်တာ
မောင်တာတေရယ် ပြီးရင် သေတ္တာထဲ ထည့်ထားတဲ့
ငွေတွေက ပွါးနေသေးတယ် တစ်နှစ်ကြာတော့
တိုက်ထဆောက်ထားတော့တာပေါ့ကွယ်
နောက်တစ်နှစ်ကြာတော့ မယားငယ်ယူတယ်
မယားကြီးကို တိုက်တစ်လုံး မယားငယ်ကို
တိုက်တစ်လုံး သူကတော့ အော်စတင်ကားလေးတစ်စီးနဲ့
မယားနှစ်ယောက်ကြား ဆောင်တော်ကူးလို့ပေါ့ကွယ်
သုံးနှစ်လည်းပြည့်ရော ဘီလူးက သူ့လည်ချောင်းကို
ကိုက်ဖောက်ပြီး တစ်ကိုယ်လုံးက သွေးတွေ
စုပ်သွားတော့တာပဲကွယ်"
"ဒီဘီလူးက တော်တော်ကို ဆိုးတာပါလား ဆရာကြီးရဲ့"
"ဟုတ်တယ် မောင်တာတေ စတုမဟာရာဇ်မှာကို
ဆိုးလွန်းလို့ နတ်မင်းကြီးတွေက သူ့ကို ပိတ်လှောင်
ထားတာ ဒါကို ဒီဘီလူးက ဘယ်လိုလွတ်လပ်တယ်
မသိပါဘူးကွယ့် လူပြည့်မှာ လာပြီး မွှေနေတော့တာကွဲ့
အခုတော့ အထက်ပုဂ္ဂိုလ်ကြီးတွေက နတ်မင်းကြီးလေးပါးကို
အကြောင်းကြားပြီပါပြီလေ ဒီဘီလူးကို ဖမ်းပြီး
နတ်မင်းကြီးတွေလက်ကို ပြန်အပ်ဖို့ ကျုပ်ကို
တာဝန်ပေးလိုက်ကြလို့ ကျုပ် ဒီကို ရောက်လာတာကွဲ့
ဆိုင်ရာပိုင်ရာတွေကို စုံစမ်းကြည့်လိုက်တော့
သူတို့တွေ ကျုပ်ကို ပြောကြတယ် ဘိုးလူပေ ရှာနေတဲ့
ဘီလူးက ဘိုးလူပေရဲ့ တပည့် ထနောင်းကုန်းက
တာတေ့ဆီမှာ ရောက်နေတယ်တဲ့"
ဘိုးလူပေက ကျုပ်ကို လှမ်းပြီးကြည့်လိုက်တယ်
"ကျုပ်ဆီ ရောက်လာတော့ မဟုတ်ပါဘူး ဆရာကြီးရယ်
ကျုပ်တို့ ရွာသား ကိုလူတော်ဆီကို ရောက်တာပါ
ကိုလူတော်က မြို့တက်ပြီး နှမ်းသွားရောင်းရင်းကနေ
ကောက်ရလာတာတဲ့ ဆရာကြီးရဲ့
အဲဒါ သူနားမလည်ဆိုပြီး ကျုပ်ကိုလာပြတာ
ကျုပ်က ဆေးကွင်းပြီး ကြည့်တော့ ဘီလူးအသက်
ရှိတာကို တန်းတွေ့သွားတာဗျ။ပြီးတော့ ကိုလူတော်က
ကျုပ်ကို လာပြီး အကူအညီတောင်းတာ
ဆရာကြီးရဲ့ ဘီလူးက သူ့ကို အိပ်မက်ပေးသတဲ့
သူ့ကို ကြက်သွေးတိုက်ပြီး မိတ်ဖွဲ့ဖို့ တဲ့ဗျ အဲဒါကို
ကိုကြီးလူတော်က သူ မတိုက်ဝံ့လို့ ကျုပ်ကို
တိုက်ပေးဖို့ လာပြောတာဗျ။ဒီမှာတင် ကျုပ်က
မဖဲဝါကို မေးကြည့်တာ ဆရာကြီးရဲ့
မဖဲဝါက ကျုပ်ကိုပြောတယ် နင် ဘာမှမစိုးရိမ်နဲ့
တာတေတဲ့ နင့်ဆရာကြီး ဘိုးလူပေ နောက်နှစ်ရက်ဆိုရင်
ရောက်လာလိမ့်မယ်တဲ့ဗျ"
"ဟား ဟား ဟား ဟား မောင်တာတေရယ် မင်းကတော့
တကယ့်လူပေပဲကွယ် ကျုပ်ရောက်လာမှာကိုတောင်
မင်းက ကြိုသိနေတာပါလား"
"ဟာ…ကျုပ်သိတာ မဟုတ်ပါဘူး ဆရာကြီးရဲ့
မဖဲဝါ သိတာပါဗျ"
"အေးလေကွယ် မဖဲဝါ သိတော့လည်း
မင်းသိတာပဲ မဟုတ်လား မောင်တာတေရဲ့"
"ဟုတ်တော့ ဟုတ်ပါတယ် ဆရာကြီး"
ဘိုးလူပေက တစ်ခုခုကို စဉ်းစားနေတယ်ဗျ
ပြီးတော့မှ ကျုပ်ကိုပြောတယ်။
"မောင်တာတေ ကျုပ်တို့တော့အခုလာမယ် လကွယ်
ညအထိ စောင့်ရတော့မယ် ဘာဖြစ်လို့တုံးဆိုတော့ ဒီဘီလူးက
လကွယ်ညရောက်မှ ထွက်မှာကွဲ့"
ကျုပ်က ရက်ကို တွက်ကြည့်တယ်။လကွယ်ဖို့က
လေးငါးရက်တော့ လိုသေးတာပဲ။
ဘီလူးတစ်ကောင်ကိုဖမ်းဖို့ ဆိုတာရော
လွယ်ပါ့မလား ပြီးတော့ ဖြစ်မှာက ကျုပ်တို့ရွာထဲမှာ။ ရွာထဲ
မှာများ အန္တရာယ်တွေ ကျမှာလားလို့ ကျုပ်တွေးနေမိတာဗျို့
။တွေးရင်းနဲ့ ကျုပ် တစ်ခု သတိရသွားတယ်ဗျ။
"သြော် …ဆရာကြီး လကွယ်ညရောက်ရင် ကိုလူတော်ကို
သွေးတိုက်ခိုင်းရဦးမှာလား"
ကျုပ်က ဆရာကြီး ဘိုးလူပေကို မေးလိုက်တယ်။ဘိုးလူပေက
ချက်ချင်းပဲ ပြန်ပြောတယ်။
"ဟာ…တိုက်ခိုင်းရမှာပေါ့ မောင်တာတေရဲ့ ဒါမှ ဘီလူးက
လွယ်လွယ်ထွက်လာတာမှာကွ ဘီလူးထွက်လာမှ ကျုပ်တို့က
အလုပ်လုပ်ရမှာလေကွယ်"
"သြော်…ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး ဒါဆိုရင်
ကိုလူတော်ကို ကျုပ် စီစဉ်စရာရှိတာ စီစဉ်ခိုင်းလိုက်ပါမယ်"
အဲ့ဒါနဲ့ ကျုပ် ထနောင်းကုန်းကို ပြန်လာခဲ့တယ် ကျုပ်ဝိုင်းထဲ
ဝင်လိုက်တာနဲ့…
"ဟော…ဟိုမှာ တာတေ ပြန်လာပြီ တာတေ ဒီမှာ
လူတော်က…နင့်ကို စောင့်လို့"
ကျုပ်က အိမ်ပေါ်တက်ခဲ့တယ် တန်းလျားမှာဝင်ထိုင်
လိုက်တာနဲ့ ကိုကြီးလူတော်က တန်းပြောတာဗျို့။
"တာတေရေ ငါတို့ အိမ်မှာတော့ ထူးထူးခြားခြားတွေ
ဖြစ်ကုန်ပြီဟေ့"
"ဟင်…ဘာဖြစ်လို့တုံးဗျ"
"ညက ငါ့မိန်းမရော ငါ့ကလေးနှစ်ယောက်ရော
လန့်ကြလို့ဟေ့"
"ဗျာ …လန့်တယ် ဟုတ်လား ကိုကြီးလူတော်"
"အေးလေ ပထမ အငယ်မက အိပ်နေရာကနေ
လန့်အော်တယ် ခဏနေတော့ အကြီးမကပါ
လန့်ပြန်ရောကွာ ဒါနဲ့ ငါက ကလေးနှစ်ယောက်ကို
ချော့မော့ပြီး ပြန်သိပ်ရတာပေါ့ကွာ
မနက်မိုးလင်းကာနီးတော့ ငါ့မိန်းမပါ လန့်အော်လို့ကွာ"
"ဟင်…ဘာကို လန့်ကြတာတုံးဗျ"
"ဘာရယ်လို့ကို မဟုတ်တာကွ တာတေရ
အိပ်ပျော်နေရင်းကနေ လန့်သွားပြီး အော်ကြတော့တာဟေ့"
"နို့ ခင်ဗျားရော မလန့်ဘူးလား ကိုကြီးလူတော်ရဲ့"
"ငါကတော့ မလန့်ဘူးကွ တာတေရ"
"အင်းစောင့်က လကွယ်ကာနီးလာလို့ သတိပေးတာနေ
မှာပါဗျာ ကိုကြီးလူတော် သူ့ကို ဘာပြောထားသေးတုံး"
"ဟေ့အေး…မင်းက ဘာမှမလုပ်နဲ့ ဆိုလို့ ငါ ဘာမှမလုပ်
ဘူးလေကွာ"
"သြော်…ကောင်းတယ် ကိုကြီးလူတော် ဘာမှမစိုးရိမ်နဲ့
တော့ဗျ။ကျုပ်ဆရာကြီး ဘိုးပေလည်း ရောက်နေပြီဗျ"
"ဟေ…ဆရာကြီး ဘိုးလူပေ နဲ့ ရောက်ပြီ ဟုတ်လား
ဟာ…အားရှိလိုက်တာကွာ မင်းရော ဘိုးလူပေနဲ့
တွေ့ပြီးပြီလား"
"ကျုပ်အခု ဘိုးလူပေဆီက ပြန်လာတာလေဗျာ
ဘိုးလူပေကို အကျိုးအကြောင်းအားလုံး ကျုပ်ပြောခဲ့
ပြီးပါပြီ ဒီတော့ ကိုကြီးလူတော် ဒီကပြန်တာနဲ့
အင်းစောင့်ကို ပြောလိုက်ပါ လကွယ်နေ့ညသန်းခေါင်မှာ
ကြက်သွေးတိုက်ပြီး မိတ်ဖွဲ့မယ်လို့ အိမ်သားတွေကို
ထိတ်အောင်လန့်အောင် မလုပ်ဖို့ပြောဗျာ"
"အေး…ဟုတ်ပြီ ငါပြောလိုက်မယ် တာတေ"
နောက်တော့ ကိုကြီးလူတော်က ဆေးလိပ်သောက်ရင်း
ရေနွေးကြမ်းသောက်ရင်းနဲ့ ကျုပ်နဲ့ ခဏလောက်ထိုင်ပြီး
စကားပြောနေသေးတာဗျ စကားပြောရင်းနဲ့ ကျုပ်က
သတိရပြီး မေးလိုက်တယ်။
"နေဦးဗျ ကိုကြီးလူတော်ရဲ့ ဒီအင်းအကြောင်းကို
ကိုကြီးလူတော် ဘယ်သူ့ကို ပြောမိသေးလဲ"
"ဟေ့အေး မပြောဘူးကွ မင်းတစ်ယောက်ကိုပဲ
ငါလာပြောတာ တခြား ဘယ်သူ့ကိုမှ မပြောဘူး
ငါ့မိန်းမကိုတောင် မပြောဘူး တာတေ"
"ဟာ …ကောင်းတယ်ဗျာ မပြောနဲ့ ကိုကြီးလူတော်
ဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံးပဲဗျ
ကဲ…ဒီက ပြန်ရင်သာ ကျုပ်ပြောသလို အင်းစောင့်ကို
ပြောထားလိုက်ပါ"
"အေး…ဟုတ်ပြီ တာတေ မင်းပြောခိုင်းတဲ့အတိုင်း
ငါပြောထားလိုက်မယ်"
"သြော် လကွယ်မရောက်ခင် ကြက်ဖကြီးကြီးတစ်ကောင်
ရှာထားဦးဗျ နီးတော့မှ ရှာလို့မရရင် ခက်မယ်"
"ဒီအတွက်တော့ စိတ်ချ တာတေ အရှေ့ပိုင်းက
ကြက်စွဲတွေဆီမှာ ဝိုင်းမဝင်တော့တဲ့ ကြက်ဖကြီးတွေ
ရှိတယ် အသားစျေးလောက်နဲ့ ရောင်းမယ် ကြက်တွေ
ငါမေးထားပြီးသားကွ"
ကိုကြီးလူတော် ပြန်သွားတော့မှ ကျုပ်လည်း
မနေ့က ယာထဲကခုတ်လာတဲ့ ပြောင်းရိုးတွေကို
စင်းခုံကိုယူလာပြီး ပြောင်းရိုးတွေ စင်းရတော့တာဗျို့
ကျုပ်တို့ နွားကြီးတွေဆိုတာ အဘနဲ့ ကျုပ်နဲ့
ဂရုစိုက်ထားလို့ ဝဖီးနေကြတာဗျ။အဘက သူ့နွားကြီးတွေကို
ဂရုမစိုက်ရင် လွှတ်စိတ်ဆိုးတာဗျ။
နောက်တနေ့ မနက်အစောကြီး ကျောက်ခဲနဲ့ သံမဏိ
ကျုပ်ဆီကို ရောက်လာတယ်ဗျ။
"ကိုကြီးတာတေရေ ညကတော့ ရွာမြောက်ပိုင်းကလူတွေ
အိပ်နေရင်း လန့်ကြလို့တဲ့ဗျာ"
"ဟေ…လန့်လို့ ဟုတ်လား ဘယ်အိမ်တွေလူတွေ
လန့်တာတုံးကွ"
"တော်တော်များများ လန့်တာဗျ မြောက်ပိုင်းတစ်ပိုင်း
လုံးလိုပဲ ကိုကြီးတာတေရေ"
"နေပါဦးကွ ကိုလူတော်တို့ နေတဲ့ အပိုင်းလား"
"ဟုတ်ပါဗျာ လေးလေးလူတော်တို့ ဝိုင်းနဲ့ ကပ်လျက်
ပိုင်းတွေက စပြီးလန့်တာပဲဗျ။နောက်တော့ တခြားဝိုင်း
တွေပါ ကူးသွားတာဆိုပဲ"
"ဟေ့ …ဘယ်လို့လန့်တာတုံးကွ ကျောက်ခဲရ ဘာကို
မြင်လို့ လန့်တာတုံး"
"ဟာ…အိပ်ပျော်နေရင်း လန့်တာတဲ့ဗျ တစ်အိမ်သားလုံး
အိပ်ပျော်နေရာကနေ လန့်အော်ကြတာတဲ့ဗျ ပြောရရင်တော့
ကိုကြီးတာတေ တစ်ခါပြောဖူးတဲ့ ခုနှစ်တိုက်ဆိုတာမျိုးလိုပဲဗျ
တစ်အိမ်သားလုံး အိပ်နေရင်းက သူအော် ငါအော်နဲ့
လန့်အော်ကြတာတဲ့ဗျို့။ပြီးတော့ တစ်အိမ်ပြီး
တစ်အိမ် ကူးသွားတာဗျ မြောက်ပိုင်းတစ်ပိုင်းလုံး
လိုလိုပဲ"
"ဟေ…ဟုတ်လားကွ ထူးဆန်းလှချည်လား"
ကျုပ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ
ကျောက်ခဲတို့ ပြန်သွားတော့ ကျုပ်ဘန့်ဘွေးကုန်းကို
ထွက်လာခဲ့တယ်။ဘိုးလူပေကို ကိုလူတော်တို့
မိသားစု ပထမညက ဖြစ်တာရယ် ညက ကိုလူတော်
တို့နေတဲ့ ရွာမြောက်ပိုင်းမှာ ဖြစ်တာတွေရယ်ကို
ကျုပ်က ဘိုးလူပေကို ပြောပြလိုက်တယ်
ကျုပ်ပြောတာကို နားထောင်ပြီးတော့ ဘိုးလူပေက
ခေါင်းညိတ်တယ်ဗျ။
"ဒီဘီလူးကတော့ လက်စွမ်းပြနေပြီ မောင်တာတေရေ
မောင်လူတော်ကို ကြောက်အောင် လုပ်ပြနေတာကွဲ့"
"ဒီအတိုင်း လွှတ်ထားလို့ ဖြစ်ပါ့မလား ဆရာကြီး"
"ဖြစ်ပါတယ် မောင်တာတေရဲ့ ဘာမှမစိုးရိမ်ပါနဲ့ကွယ်
သူ ဘာမှမလုပ်ပါဘူး မောင်လူတော်ကို သူစွမ်းကြောင်း
ပြနေတာပါ မောင်လူတော်ကိုသာ သေသေချာချာ
ပြောထားနော်"
"ပြောထားတယ် ဆရာကြီး လကွယ်နေ့ညမှာ ကြက်
သွေးတိုက်ပြီး မိတ်ဖွဲ့မယ်လို့ ပြောခိုင်းထားတယ်"
"အေး …ကောင်းတယ် ကောင်းတယ် သြော် နေဦးကွဲ့
မောင်တာတေရဲ့ မင်းလူက မင်းပြောခိုင်းတာကို
မပြောသေးဘူးထင်တယ် ဒီကပြန်ရင် မောင်လူတော်ဆီကို
သွားပြီ သေသေချာချာ ပြောခိုင်းလိုက်ဦးကွဲ့"
"ဟုတ်ကဲ့ ဆရာကြီး"
ဆရာကြီးနဲ့ ကျုပ်နဲ့ စကားစမြည် ပြောဆိုပြီးတော့
ဆရာကြီးက ဘုရားခန်း ဝင်သွားတယ်။ကျုပ်လည်း
ထပြီးပြန်လာခဲ့တယ်။ထနောင်းကုန်းရောက်တော့
ကျုပ်မြောက်ပိုင်း ကိုလူတော်တို့အိမ်ကို တန်းသွားလိုက်တယ်
"ဟာ တာတေ လာဟေ့ အတော်ပဲ အိမ်မှာ ဘယ်သူမှ
မရှိကြဘူးကွ မင်းလည်း ကြားပြီးရောပေါ့ ညက
မြောက်ပိုင်းတစ်ပိုင်းလုံး လန့်ကြတယ် ဆိုတာလေ"
"ကျုပ် ကြားပြီးပါပြီဗျာ ကိုကြီးလူတော် အင်းစောင့်ကို
ကျုပ်ပြောခိုင်းတာ ပြောပြီးပြီလား"
"ဟာ…မပြောရသေးပါဘူးကွာ…အိမ်မှာက လူကို
မလစ်တာကွ ဒါကြောင့် ငါ့မှာ မပြောရသေးတာ"
"သြော် .…အဲဒါကြောင့် ဖြစ်တာဗျ ကဲ ကဲ အခု
လူရှင်းနေတုန်း သွားပြောလိုက်ဗျာ"
ကျုပ်တွန်းတော့မှ ကိုကြီးလူတော်က ထသွားပြီ
ဘုရားစင်အောက်က လွယ်အိတ်ကိုနှိုက်တယ်
အင်းကိုပတ်ထားတဲ့ စက္ကူကိုဖြည်ပြီး ပြောသဗျ
"အင်းစောင့်ကြီးဗျာ ကျုပ်ကိုကြီးပွါးအောင်
စောင့်ရှောက်ဖို့ ရောက်လာတာကို ကျုပ်ဝမ်းသာပါတယ်
အခုလာမယ့် လကွယ်ညသန်းခေါင်အချိန်မှာ ကြက်သွေး
တိုက်ပြီး အင်းစောင့်ကြီးနဲ့ မိတ်ဖွဲ့ပါမယ် ကျုပ်ကို
အမြန်ဆုံး ချမ်းသာအောင် လုပ်ပေးပါဗျာ အင်းစောင့်ကြီး
ပြောသလို လတိုင်း လကွယ်ည သန်းခေါင်ချိန်တိုင်းမှာ
ကျုပ်က အင်းစောင့်ကြီးကို ကြက်သွေးတိုက်ပါမယ်
အခုလည်း လူတွေ ထိတ်လန့်ကုန်ကြတာ
အင်းစောင့်ကြီးအစွမ်းမှန်း ကျုပ်သိပါတယ် နောက်ထပ်
ထိတ်အောင်လန့်အောင် မလုပ်ဖို့ ကျုပ်တောင်းပန်ပါတယ်
အင်းစောင့်ကြီးဗျာ"
ကိုကြီးလူတော်က ပြောတော့လည်း သေသေချာချာ
ပြောသားဗျ ကျုပ်လည်း သူပြောတာကို သေသေချာချာ
နားထောင်နေတာဗျို့။သူ့စကားဆုံးတော့ ကိုကြီးလူတော်က
ကျုပ်ကို လှည့်ကြည့်တယ်။ဘယ်လိုလဲ။ဘာလိုသေးတုံး
ဆိုတဲ့ သဘောပေါ့ဗျာ။ကျုပ်က ခေါင်းညိတ်ပြလိုက်တော့မှ
အင်းချပ်ကလေးကို စက္ကူနဲ့ ပြန်ထုပ်ပြီး လွတ်အိတ်ထဲကို
ပြန်ထည့်လိုက်တယ်။
"ကဲ…ကိုကြီးလူတော် မနက်ဖြန် မနက်ကျရင် ကျုပ်ဆီကို
လာပြီး ထူးခြားတာလေးတွေ ပြောဦးဗျာ"
"အေးပါ တာတေရာ ငါလာပြောပါ့မယ်"
ကျုပ်လည်း အိမ်ပြန်လာပြီး အဘဆီဆုံစီးနေတာမြင်လို့
ကျုပ်လည်း အဘကို ဖယ်ခိုင်းပြီး ဆီဆုံဝင်ထိုင်လိုက်
တယ်ဗျ။ကျုပ်တို့က အိမ်စားဖို့ ဆီကို ကိုယ့်ဟာကိုယ်
ကြိတ်ကြတာလေဗျာ။ဆီမကြိတ်ခင် ပထမတစ်ရက်
နှစ်ရက်လောက်ကတည်းက နှမ်းတွေကို နေလှန်း ဖုံတွေ
သဲတွေ မပါအောင် ပြာထုတ်ထားရတာဗျ။အိမ်အလုပ်
ဝင်လုပ်လိုက် ဘိုးလူပေဆီကို သွားလိုက်ပေါ့ဗျာ
ရွာထဲမှာတော့ ထိတ်တာ လန့်တာ မရှိတော့ဘူးဗျ။
ကျုပ်ပြောခိုင်းတာကို ကိုကြီးလူတော်က မပြောလို့
ဘီလူးက စိတ်ဆိုးပြီး လုပ်ပြတာ ဖြစ်မယ်ဗျ။
လကွယ်နေ့ညရောက်တော့ ကျုပ်က ဘိုးလူပေ
ညွှန်ကြားတဲ့အတိုင်း ရွာဦးက ရွှေတောင်ဘုရားကွင်းထဲမှာ
စီစဉ်လိုက်တယ်။ညဆယ့်တစ်နာရီထိုးတာနဲ့ ကိုကြီး
လူတော်ကိုခေါ်ပြီး အလုပ်စလုပ်ကြတယ်။
ကိုကြီးလူတော်က ဘုရားကွင်းထဲ ရောက်တာနဲ့
အသင့်ယူလာတဲ့ ကြက်ဖကြီးကို လည်လှီးပြီး
သွေးခံတယ် ပြောင်လက်နေအောင် တိုက်ထားတဲ့
ကြေးဝါဖလားလေးနဲ့ ကြက်သွေးကိုခံတယ်။
သွေးက ဖလားပြည့်ကာနီးအောင် ရတာဗျ။
ဆယ့်တစ်နာရီခွဲတော့ ကိုစံအေးကြီးက ဘိုးလူပေကို
ခေါ်လာတယ်။ကိုစံအေးဆိုတာ ဘန့်ဘွေးကုန်းက
ဘိုးလူပေ တည်တဲ့အိမ်က ဘိုးစံမောင်ရဲ့ သားလေဗျာ
အရင်စာအုပ်တွေမှာ လွှတ်စိတ်တိုတဲ့ ဘိုးစံမောင်
အကြောင်းကို ကျုပ် မကြာမကြာ ရေးဖူးပါတယ်။
ညသန်းခေါင်ချိန်ကို ရောက်တာနဲ့ ဘိုးလူပေက
ကျုပ်ကို အင်းတစ်ချပ် ပေးတယ်။
"မောင်တာတေ မျက်ကွင်းဆေး ကွင်းခဲ့ရဲ့လား"
"ဟုတ်ကဲ့ ဆရာကြီး …ကွင်းခဲ့ပါတယ်"
"အေး…ဒါဆိုရင် သေသေချာချာကြည့်နေ အင်းထဲဘီလူး
ထွက်လာပြီး သွေးသောက်ပြီဆိုတာနဲ့ အဲဒီအင်းကို
ဘီလူးစောင့်တဲ့ အင်းပေါ်ကနေ အုပ်ထားလိုက်ပေတော့
ဒါဆိုရင် ဒီဘီလူးက အင်းနဲ့ ဘာမှမဆိုင်တော့ဘူးကွဲ့
အဲဒီချိန်ကျရင် ကျုပ်ကွယ်နေတဲ့ သစ်ပင်နောက်က
ထွက်လာခဲ့မယ် ကျန်တာတွေကတော့ ဖြစ်လာတဲ့
အခြေအနေကိုကြည့်ပြီး လုပ်ရမှာပေါ့ကွယ် ကဲ
အချိန်ကျပြီး လုပ်ငန်းစတော့"
ဘိုးလူပေက ဘုရားနားက မန်ကျည်းပင်ကြီးနောက်မှာ
ဝင်ပြီး ကွယ်နေလိုက်တယ်ဗျ။ကိုကြီးစံအေးကတော့
ရွှေတောင်ကြီးဦးဘုရား မုခ်ဘေးမှာ ဝင်ပြီးကပ်နေတယ်
ကျုပ်နဲ့ ကိုကြီးလူတော်က ကြက်သွေးထည့်ထားတဲ့
ကြေးဖလားကို မြေကြီးမှာ ချထားလိုက်တယ်
ပြီးတာနဲ့ ကိုကြီးလူတော်က စက္ကူနဲ့ ထုပ်ထားတဲ့
အင်းချပ်ကို ထုပ်ယူပြီး ကျုပ်ပြတဲ့ နေရာမှ ချထားလိုက်
တယ်။
"ကဲ…ကိုကြီးလူတော် ဘီလူးကို ခေါ်ပေတော့"
ကိုကြီးလူတော်ကို ကျုပ်သင်ထားပေးပြီးဗျ။ကိုကြီး
လူတော်က လက်ကလေးနှစ်ဖက်ကို သေသေချာချာ
ယှက်ပြီး ရိုရိုကျိုးကျိုးလေး ပြောတာဗျို့။
"လာဘ်ခေါ်အင်းတော်ကြီးကို စောင့်ရတဲ့ အင်းစောင့်ကြီးဗျာ
အင်းစောင့်ကြီးကို ကျုပ်မောင်လူတော်က မိတ်ဆွေအဖြစ်
သတ်မှတ်ပြီး ကြက်သွေးနဲ့ ဧည့်ခံပါတယ် ကျုပ်ကိုလည်း
မိတ်ဆွေအဖြစ် အခုအချိန်ကစပြီး သတ်မှတ်ပါဗျာ
ကျုပ်တိုက်တဲ့ ကြက်သွေးကို အားရပါးရ သုံးဆောင်ပါ
အင်းစောင့်ကြီးဗျာ ကျုပ်မောင်လူတော်က မိတ်ဆွေ
ဖြစ်ကြပြီးနောက်မှာ လတိုင်း လကွယ် ညသန်းခေါင်ယံတိုင်မှာ
အခုလိုပဲ ကြက်သွေးတိုက်ပါ့မယ် ကျုပ်ကိုလည်း
နေ့ချင်းညချင်း ချမ်းသာကြွယ်ဝလာအောင်
လုပ်ပေးပါဗျာ"
ဟာ…ထွက်လာပြီဗျို့။ဘီလူးဗျာ။နည်းတဲ့အကောင်ကြီး
မဟုတ်ဘူးဗျာ။ပန်းချီဆရာ ဆွဲထားတဲ့ပုံမျိုးတော့
မဟုတ်ဘူးဗျို့ ။အပေါ်ပိုင်းက အင်္ကျီဗလာနဲ့ဗျ။
အောက်ပိုင်းကတော့ သားရေပြားလိုဟာကြီး
ပတ်ထားတာဗျာ။ခေါင်းက ဆံပင်က စုတ်ဖွားကြီးဗျ။
နဖူးကြီးက အကြီးကြီးဗျို့။မောက်ထွက်နေတာဗျ။
မျက်လုံးကြီးတွေက နီရဲပြီး ပြူးထွက်နေတယ်။
နှာခေါင်းက တိုတိုပြားပြားကြီးဗျ။အထူးခြားဆုံးကတော့
ပါးစပ်ကြီးပဲဗျို့။ပါးစပ်က တော်တော်ကိုကျယ်တာဗျ။
ပါးစပ်ကျယ်ကြီးထဲက သွားစွယ်ချွန်ချွန်ကြီးတွေက
ပါးစပ်အပြင်ကို ထွက်နေတယ်ဗျို့။အရပ်က ကျုပ်
စိတ်ထင်တော့ ဆယ်ပေတော့ အနည်းဆုံးပဲဗျ။
ရင်အုပ်ကြီးကလည်း မောက်ပြီး အမွေးမဲမဲကြီးတွေ
ပေါက်နေတယ်ဗျို့။ခြေထောက်ကြီးတွေ တုတ်တုတ်တိုဆို
ကြီးတွေဗျ။အမွေးမဲမဲကြီးတွေ ဖုံးနေတယ်။
ခြေဖနောင့် မရှိဘဲ ခြေဖဝါးက ထုတုံးကြီးဗျ။
လက်သည်းချွန်ချွန်ကြီးတွေလည်း ထွက်နေတယ်
ခြေထောက်က ခြေသည်းကြီးတွေလည်း
ချွန်ထွက်နေတယ်ဗျ။
ဟော ဘီလူး သွားပြီး သွားပြီ သွေးခွက်နားကို
သွားပြီ။ဟော သွေးခွက်ကိုစိုက်ကြည့်နေတယ်ဗျို့။
ပြီးတော့မှ ကိုလူတော်ကိုကြည့်ပြီး ပါးစပ်ပြဲကြီးနဲ့
ရယ်နေတယ်ဗျ။
"ဟီး…ဟီး…ဟီး…ဟီး…ဟီး"
ဘီလူးရယ်သံကြီးက ကြောက်စရာကြီးဗျာ။
ဒါပေမဲ့ ဒီအသံကို မျက်ကွင်းဆေး နားမှလိမ်းပြီး
ဒိဗ္ဗသောတမန္တန် ရွတ်ထားတဲ့ ကျုပ်ကြားရတာဗျ။
ဟော ဘီလူးက သွေးခွက်ကို ကောက်ပြီးသောက်ပြီဗျို့
ကျုပ် ဖျက်ကနဲ ပြေးထွက်ပြီး လက်ထဲက ဘိုးလူပေ
ပေးထားတဲ့အင်းနဲ့ ဘီလူးစောင့်တဲ့အင်းကို
အုပ်ထားလိုက်တယ်။ပြီးတာနဲ့ နောက်ကို ခပ်မြန်မြန်
ပြန်ဆုတ်လိုက်တယ်။ဘီလူးက သွေးခွက်ကို အရသာခံ
သောက်နေတာဗျို့။ဟော ကုန်ပြီ။သွေးတွေ ကုန်သွားပြီ။
ဘီလူးက သွေးထည့်တဲ့ကြေးဖလာကို မြေကြီးပေါ်ကို
ပစ်ချလိုက်တယ်။ကျုပ်ဘေးမှာ ဘိုးလူပေ ရောက်နေပြီဗျို့
ဘီလူးက ကိုကြီးလူတော်ကိုကြည့်ပြီး ခေါင်းညိတ်တယ်
ပြီးတာနဲ့ အင်းရှိတဲ့ နေရာကို ပြန်လျှောက်တယ်။
သူ့အင်းပေါ်မှာ ဘိုးလူပေနဲ့အင်းကြီး အုပ်ထားတာ
တွေ့တော့ ဘီလူးဒေါသအကြီးအကျယ် ထွက်တာဗျို့။
ကိုကြီးလူတော်ကို ကြည့်တယ်။ကျုပ်ကိုကြည့်တယ်။
ဒီမှာတင် ဘိုးလူပေကို တွေ့သွားတော့တာဗျို့။
ဘိုးလူပေက သူ့လက်ထဲမှာ ကိုင်ထားတဲ့ အင်းချပ်ကို
မန္တန်ရွက်ပြီး နှိုးနေတယ်ဗျ။ဘီလူးက သူ့ရဲ့ ဖနောင့်တိုတိုကြီးနဲ့
မြေကြီးကို ဖနောင့်နဲ့ ပေါက်ချလိုက်တယ်။
"ဝုန်း"
"ဟာ"
ကျုပ်ဖြင့် လန့်ပြီးတောင် အော်လိုက်မိတယ်ဗျို့
ကျုပ်တို့ရှေ့တစ်လံလောက်မှ မီးတောက်ကြီး
ထတောက်တာလေဗျာ
ကိုကြီးလူတော်ကတော့ နောက်ဆုတ် နောက်ဆုတ်နဲ့
ပြေးတာ။မှောင်ထဲမှာ ပျောက်သွားရောဗျို့။
ပြေးတော့မှာပေါ့ဗျာ ဘီလူး ဖနောင့်တစ်ချက်ပေါက်လိုက်တာ
တစ်လံလောက်မြင့်တဲ့ မီးတောက်ကြီး 'ဝုန်း'ကနဲ
ထတောက်တာလေဗျာ။
ဘီလူးက ဖနောင့်နဲ့ ထပ်ပေါက်တယ်။
"ဝုန်း"
ဟာတောက်ပြန်ပြီဗျို့။ဖနောင့်တစ်ချက်ပေါက်တိုင်း
မီးတောက်ကြီးတစ်ခု ထလာတာဗျို့။
"မောင်တာတေ ရော့ ဒီအင်းယူထား ဘီလူးပျောက်သွားရင်
ဒီအင်းကို ချက်ချင်းပစ်နော်"
ကျုပ်ကို အင်းတစ်ချပ် ပေးလိုက်တယ်။ဒီတော့မှ
ဘိုးလူပေလက်ထဲမှာ ကိုင်ထားတာ အင်းနှစ်ချပ်ဆိုတာ
ကျုပ်သိလိုက်တာဗျ။
"မောင်တာတေ ဒီကောင်က ကျုပ်တို့ပတ်လည် မီးတွေ
ဝိုင်းအောင် လုပ်ပြီးမှ ကျုပ်တို့ကို မီးလောင်တိုက်သွင်းဖို့
လုပ်နေတာကွဲ့ သူကို ကျုပ် အချိန်ပေးလို့မရတော့ဘူး
ကဲကြာ"
ဘိုးလူပေက သူ့လက်ထဲက အင်းနဲ့
ဘီလူးကိုပစ်ချလိုက်ရောဗျို့။
"ဘုန်း"
ဟာ…ဘီလူးကြီး လဲကျသွားပြီဗျို့။ဘိုးလူပေရဲ့
အင်းကို ဒီဘီလူး မခံနိုင်ဘူးဗျ။ကျုပ်လည်း စိတ်ထဲအေး
သွားတော့တာပေါ့ဗျာ။ဟော…ကျုပ်တို့ကို ဝိုင်းတော့မလို
ဖြစ်နေတဲ့ မီးတောက်တွေလည်း ငြိမ်းသွားပြီဗျို့။
"တောက်"
ဘီလူးက တောက်တစ်ချက် ခေါက်တယ်ဗျ
ဟာ…ဘီလူးလဲနေရာကနေ ကုန်းထလာပြီဗျို့။
"ဆရာကြီး ဘီလူးက တဖြည်းဖြည်း
နောက်ကိုဆုတ်သွားပြီဗျို့"
"ဟေ…ဟုတ်လား လာ ကျုပ်တို့ လိုက်ကြစို့
ရုတ်တရက်ပျောက်သွားရင် မောင်တာတေ
လက်ထဲကအင်းကို ချက်ချင်းပစ်နော်"
"ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် အဆင့်သင့် လုပ်ထားပါတယ်"
ဟော…ဘီလူးက ကျုပ်တို့ လိုက်လာမှန်းသိတော့
အပေါ်ကိုခုန်မလို လုပ်လိုက်တာဗျ။
"ဟာ…ခုန်တော့မယ် ခုန်တော့မယ်"
"ပစ်တော့ အင်းပစ်တော့"
ဟော…ဘီလူး ခုန်ပြီ ပစ်ပြီဗျာ ကျုပ်လက်ထဲက
အင်းနဲ့ လှမ်းပစ်လိုက်ပြီ။
"ဝေါ"
ဟာ…ကျုပ်လက်ထဲက ပစ်လိုက်တဲ့အင်းက'ဝေါ'ကနဲ
မြည်ပြီး ထွက်သွားတာဗျို့။ဘီလူးက အခုန် ကျုပ်က
အပစ် ဘီလူးက ကိုယ်တောင် မဖျောက်နိုင်တော့ဘူးဗျို့။
သူ့ဘေးမှာ မီးကွင်းကြီးဝိုင်းပြီး မြေကြီးပေါ်ကို
ပြန်ပြီးပြုတ်ကျလာတယ်ဗျ။ဟာ ဘီလူး ပြေးလို့ကို
မရတော့ဘူးဗျ။
ဟော…ဘိုးလူပေ မန္တန်ရွတ်ပြီဗျို့။ဘာမန္တန်မှန်းတော့
ကျုပ်မသိဘူးဗျ။စတုမဟာရာဇ် ဆိုတာတော့ နှစ်ခု သုံးခါ
ကြားလိုက်တယ်။
"ဝုန်း"
ဟာ…ဘီလူးကြီးနှစ်ကောင် ဘွားကနဲ ပေါ်လာပြီဗျို့
မီးကွင်းကြီးပတ်ထားတဲ့ အင်းစောင့်ဘီလူးဘေးမှာ
သူ့ထက် သုံးဆလောက်ကြီးတဲ့ ဘီလူးကြီးတွေဗျ။
ပခုံးမှာလည်း တင်းပုတ်ကြီးတွေ ထမ်းထားကြတယ်။
"ဝုန်း"
ဟာ …ဘီလူးကြီးတစ်ယောက်ကသူ့လက်နဲ့ ယမ်း
လိုက်တာနဲ့ ဘီလူးကို ပတ်ထားတဲ့ မီးတောက်ကြီး
ငြိမ်းသွားရောဗျို့
"ဘုန်း ဘုန်း ဘုန်း"
မီးငြိမ်းသွားတာနဲ့ ဘီလူးကြီးနှစ်ကောင်က အင်းစောင့်
ဘီလူးကို တင်းပုတ်နဲ့ ထုတော့တာပဲဗျာ။အင်းစောင့်
ဘီလူးက ဘာမှပြန်မလုပ်ဝံ့ဘဲ ခေါင်းကြီးငုံ့ပြီး
ခံရေတယ်ဗျို့။ခဏနေတော့ ဘွားခနဲ ပေါ်လာတဲဘီလူကြီး
နှစ်ကောင်က အင်းစောင့်ဘီလူးကို တစ်ဖက်တစ်ချက်စီ
ချိုင်းကကိုင်ပြီးပျောက်သွားရောဗျို့။
"မောင်တာတေ ဘာတွေ့တုံး"
"တင်းပုတ်နဲ့ ဘီလူးအကြီးကြီးနှစ်ကောင် ပေါ်လာပြီး
အင်းစောင့်ဘီလူးကို တင်းပုတ်နဲ့ထုတယ် ဆရာကြီး
ပြီးတော့ချိုင်းတစ်ဖက်စီကိုကုင်ပြီးပျောက်သွားကြတာဗျ
ပေါ်လာတဲ့ ဘီလူးကြီးတွေက နည်းတဲ့အကောင်ကြီးတွေ
မဟုတ်ဘူးဗျာ"
"ဒါဆိုရင် ကိစ္စပြီးပြီပေါ့ကွယ် အဲဒါ စတာမဟာရာဇ်က
လိုက်လာတဲ့ နတ်ဘီလူးကြီးတွေပဲကွဲ့ လူ့ပြည်ကို
တိတ်တဆိတ် ရောက်လာပြီး လူသွေးကို တစ်ဝစုပ်နေတဲ့
အင်းစောင့် ဘီလူးတော့ ဇာတ်သိမ်းသွားပြီပေါ့
မောင်တာတေရယ်"
ဘီလူးစောင့်တဲ့ အင်းချပ်ပေါ်မှာ အုပ်ထားတဲ့ သူ့အင်းကို
ဘိုးလူပေက ပြန်ယူလိုက်တယ်။ပြီးတော့ ဘီလူးစောင့်တဲ့
ဘီလူးစောင့်တဲ့အင်းကိုတော့ စက္ကူတစ်ရွက်နဲ့
အထပ်ထပ်ထုတ်ပြီးသိမ်းလိုက်တယ်။
"ဒီအင်းကို အထက်ပုဂ္ဂိုလ်ကြီးတွေလက်ထဲ အပ်ရမှာကွဲ့
အင်း …ကိုမှိုင်း ကိုမှိုင်း လူကြည့်တော့ မြုံစိစိ ထုံတုံတုံနဲ့
ပညာဒီလောက်ထက်မယ်လို့ မထင်တာကွဲ့
သူပညာကြောင့်ပဲ သူအသက်ရော နောင်ထပ်လူသုံးယောက်
အသက်ပါပေးလိုက်ရတာပေါ့ကွယ်
မင်းဒို့ ရွာသားကတော့ သေကံမရောက်သေးလို့ပေါ့
မောင်တာတေရယ် ကျုပ်ကို အထက်က ပုဂ္ဂိုလ်ကြီးတွေ
လွှတ်တာ မြန်ပေလို့ပေါ့ကွယ် မီရုံလေးပဲရှိတာ"
ဘိုးလူပေနဲ့ ကျုပ်နဲ့ ဘုရားကွင်းထဲက ထွက်တော့မှ
ကိုစံအေးကြီးနဲ့ ကိုလူတော်က ပုန်းနေတဲ့နေရာက
ထွက်လာကြတယ်ဗျို့။သူတို့လည်း ဘီလူးတွေကို
မမြင်ရပေမယ် မီးတောက်တွေကိုတော့ တွေ့ကြတာပေါ့လေ။
ကိုကြီးလူတော်က မြေကြီးမှာ ထိုင်ချပြီး ဘိုးလူပေကို
ဦးတိုက်ရှိခိုးတယ်ဗျ။
"လူကလေး မောင်လူတော် နောင်ဆိုရင် အင်းတွေ့တိုင်း
မကောက်နဲ့ကွဲ့ ပြီးတော့ သဘာဝမှန်ဘဲ ချမ်းသာတာမျိုးကို
မလိုချင်နဲ့ လူကလေးရဲ့"
"ဟုတ်ကဲ့ ဘိုး ကျုပ် နောက်ကို ဆင်ခြင်ပါ့မယ်ဗျာ"
ဘိုးလူပေကို ဘန့်ဘွေးကုန်းအရောက် လိုက်ပို့ပေးပြီးတော့
ကိုကြီးလူတော်နဲ့ ကျုပ်ထနောင်းကုန်း ပြန်ခဲ့ကြတယ်
အိမ်ရောက်တော့ လင်းကြက်တောင် တွန်နေပြီဗျို့

ပြီးပါပြီ

Zawgyi
ကိုႀကီးလူေတာ္က
ဘာမွမေျပာဘဲ ဒီအတိုင္းေလးသာ ေနလိုက္ ေနာက္တစ္
ရက္ ႏွစ္ရက္ဆိုရင္ က်ဳပ္ဆရာႀကီး ဘိုးလူေပ ေရာက္လာ
လိမ့္မယ္ ဘာမွမစိုးရိမ္နဲ႔"
"ေဟ…ဘိုးလူေပ လာမယ္ ဟုတ္လား ဝမ္းသာလိုက္တာ
တာေတရာ ေအး ဒါဆိုရင္ ငါမေၾကာက္ေတာ့ဘူး
မင္းသာ လုပ္သင့္လုပ္ထိုက္တာ လုပ္ေပးပါေတာ့ကြာ"
"စိတ္ခ်စမ္းပါ ကိုႀကီးလူေတာ္ရာ ခင္ဗ်ားက က်ဳပ္သူငယ္
ခ်င္း လူေက်ာ္ရဲ႕ အစ္ကိုႀကီးေလဗ်ာ ဒီေတာ့ က်ဳပ္
အစ္ကိုႀကီးပဲေပါ့ ကိုႀကီးလူေတာ္"
"ေအးပါကြာ မင္းကို ငါ အားကိုးပါတယ္ တာေတရယ္
မင္းသာ ဒီကိစၥကို အခုလို မဖဲဝါဆီမွာ ေမးမၾကည့္ရင္
ငါဟာ လူ႔ဘဝမွာ သုံးႏွစ္ပဲ ေနရေတာ့မွာ ၿပီးရင္လည္း
ဘီလူးေသြးေဖာက္စုပ္ခံရၿပီး ေသရမယ့္ေကာင္ေလ
မင္းေၾကာင့္ ငါမေသတာပါ တာေတရာ"
က်ဳပ္ ေသေသခ်ာခ်ာ ေျပာဆိုၿပီး အိမ္ျပန္လာခဲ့တယ္
မဖဲဝါ အိပ္မက္ထဲမွာ က်ဳပ္ကိုေျပာလိုက္တဲ့ အတိုင္းပါပဲဗ်ာ။
ဘိုးလူေပ ႏွစ္ရက္ၾကာေတာ့ ေရာက္လာတယ္။
ထုံးစံအတိုင္းပဲ။ဘန္႔ေဘြးကုန္းပဲ တည္းတယ္။ကိုစံေအး
ႀကီး က်ဳပ္ကို လာေခၚလို႔ ဘန္႔ေဘြးကုန္းကို လိုက္ခဲ့ေတာ့
ဘိုးလူေပက က်ဳပ္ကို ၿပဳံးၿပဳံးေလး ဆီးႀကိဳေနတယ္ဗ်။
ၿပီးတာမွ က်ဳပ္ကို ရယ္စရာေျပာတယ္
"ေမာင္တာေတ မင္းဒို႔ ႐ြာမွာ ထူးထူးျခားျခား ဧည့္သည္
ေရာက္ေနတယ္ဆို "
"ဟုတ္ပါ့ ဆရာႀကီးရယ္ က်ဳပ္ျဖင့္ မ်က္ကြင္းေဆး
ကြင္းၿပီး အင္းခ်ပ္ကို ၾကည့္လိုက္တာ လန္႔ေတာင္
သြားတယ္ဗ်ာ"
"ေဟ …ဟုတ္လား ေမာင္တာေတ ဘာျမင္ရလို႔တုံး"
"အင္းေစာင့္ဘီလူးက သန္လ်င္ႀကီးထမ္းလို႔ဗ်။
လႈပ္ေနတယ္ ၿပီးေတာ့ မ်က္ေတာင္ခတ္တယ္"
"ေဟ…ဘယ္ေတာ့မွ မ်က္ေတာင္ မခတ္တဲ့ ဘီလူးက
မ်က္ေတာင္ခတ္ျပတယ္ဆိုေတာ့ သူအသက္ရွိေၾကာင္း
ေမာင္တာေတကို တမင္လုပ္ျပတာေပါ့ကြယ္
ႏို႔ ေနပါဦး ေမာင္တာေတရဲ႕ မင္းေတြ႕တဲ့ အင္းက
ဘယ္လိုအေနအထားမ်ိဳးတုံး "
"မဖဲဝါ ေျပာတာေတာ့ ရဟန္းေလာင္း သိမ္ဝင္တဲ့အခ်ိန္မွာ
ကမၼဝါဖတ္တုန္း အလိုလို ကြဲသြားတဲ့ သိမ္ဝင္သပိတ္ကြဲမွာ
စီရင္ထားတာတဲ့ ဆရာႀကီး က်ဳပ္ေတြ႕တာကေတာ့
အင္းကို ေအာက္ကခ်ၿပီးမွ ဘီလူး သန္လ်င္ထမ္းၿပီး
ထိုင္တဲ့ပုံကို အေပၚက ဆြဲထားတာဗ်။
ဒီအင္းကို စီရင္တဲ့ ဆရာဟာ ပန္းခ်ီပညာလည္း
တက္ပုံရတယ္ဗ်။သူဆြဲတဲ့ ဘီလူးပုံဟာ ေတာ္ေတာ္ကို
အခ်ိဳးက်တာပဲ ဆရာႀကီးရဲ႕"
က်ဳပ္စကားကို ၾကားေတာ့ ဘိုးလူေပက ၿပဳံးၿပဳံးႀကီး
က်ဳပ္ကို ၾကည့္တယ္ဗ်။
"ေမာင္တာေတက အမွန္းအဆ ေတာ္ေတာ္ကို
ေတာ္ေပတာပဲကြယ္ မင္းေျပာတာ ဟုတ္တယ္ကြဲ႕
ဒီအင္းကို စီရင္တဲ့ ကိုမႈိင္းဆိုတဲ့လူက ပန္ခ်ီဆရာကြဲ႕
ေလးဝါးေလးလည္း ကုတယ္။ဒါေၾကာင့္ အင္းေပၚမွာ
ဆြဲထားတဲ့ ဘီလူးပုံက ေမာင္တာေတ ေျပာသလို
လက္ရာေျမာက္ေနတာကြဲ႕ သိမ္ဝင္တဲ့အခ်ိန္
သပိတ္အလိုလိုကြဲတယ္ဆိုတာ အင္မတန္မွ
ျဖစ္ခဲတာပဲကြယ္ ။အဲဒီလိုျဖစ္ခဲ့ရင္ ဒီသပိတ္ကြဲဟာ
ေမွာ္ဝင္ပစၥည္း ျဖစ္သြားေရာကြဲ႕ ကိုမႈိင္းဆိုတဲ့လူက
ေဗဒင္ေလးကလည္းတတ္ နကၡတ္ကေလးကလည္း
နားလည္ အင္းပညာေလးလည္းတတ္ဆိုေတာ့
နကၡတ္ဖမ္းတာကလည္း မိသြားၿပီး သူ႔အင္းဟာ
တကယ့္ကို အသက္ဝင္သြားတာေပါ့ကြယ္
သူ႔အင္းကို အေစာင့္ခ်က္ခ်င္း ကပ္ေတာ့တာေပါ့
ဒါေပမဲ့ ဒီအေစာင့္က လူျပည္က အေစာင့္ မဟုတ္ဘဲ
စတုမဟာရာဇ္နတ္ျပည္က နတ္ဘီလူးက အလစ္ဝင္
လာၿပီး သူ႔အင္းကို ကပ္ေတာ့တာကြဲ႕ ဒါကို
ကိုမႈိင္း ဘယ္သိမွာတုံး သူ႔အင္း စြမ္းတာပဲ
သူသိသြားတာ ဘီလူးကလည္း ဘီလူးဆိုးကြဲ႕
ေသြးအင္မတန္ဆာတဲ့ေကာင္ ကိုမႈိင္းကို ၾကက္ေသြး
္တိုက္ၿပီး သူနဲ႔ မိတ္ဖြဲ႕ခိုင္းတယ္ ကိုမႈိင္းကလည္း
ဘာေျပာေကာင္းမလဲ တစ္လတစ္ခါ လကြယ္ည
သန္းေခါင္တိုင္းမွာ ၾကက္ေသြးတိုက္ေတာ့တာ
ေမာင္တာေတရဲ႕ လူပဲေလ သိပ္ခ်မ္းသာခ်င္တာေပါ့ကြယ္
ဘီလူးကလည္း သူ႔ကို ေစာင့္ေရွာက္ၿပီး လုပ္ေပးလိုက္
တာမွ ေဆးေလးဝါးေလး မေတာက္တေခါက္နဲ႔
ကုေနရာကေန နာမည္ေက်ာ္ ဆရာႀကီးကို
ထျဖစ္ေတာ့တာေဟ့ ေငြေတြဆိုတာမွ ရလိုက္တာ
ေမာင္တာေတရယ္ ၿပီးရင္ ေသတၱာထဲ ထည့္ထားတဲ့
ေငြေတြက ပြါးေနေသးတယ္ တစ္ႏွစ္ၾကာေတာ့
တိုက္ထေဆာက္ထားေတာ့တာေပါ့ကြယ္
ေနာက္တစ္ႏွစ္ၾကာေတာ့ မယားငယ္ယူတယ္
မယားႀကီးကို တိုက္တစ္လုံး မယားငယ္ကို
တိုက္တစ္လုံး သူကေတာ့ ေအာ္စတင္ကားေလးတစ္စီးနဲ႔
မယားႏွစ္ေယာက္ၾကား ေဆာင္ေတာ္ကူးလို႔ေပါ့ကြယ္
သုံးႏွစ္လည္းျပည့္ေရာ ဘီလူးက သူ႔လည္ေခ်ာင္းကို
ကိုက္ေဖာက္ၿပီး တစ္ကိုယ္လုံးက ေသြးေတြ
စုပ္သြားေတာ့တာပဲကြယ္"
"ဒီဘီလူးက ေတာ္ေတာ္ကို ဆိုးတာပါလား ဆရာႀကီးရဲ႕"
"ဟုတ္တယ္ ေမာင္တာေတ စတုမဟာရာဇ္မွာကို
ဆိုးလြန္းလို႔ နတ္မင္းႀကီးေတြက သူ႔ကို ပိတ္ေလွာင္
ထားတာ ဒါကို ဒီဘီလူးက ဘယ္လိုလြတ္လပ္တယ္
မသိပါဘူးကြယ့္ လူျပည့္မွာ လာၿပီး ေမႊေနေတာ့တာကြဲ႕
အခုေတာ့ အထက္ပုဂၢိဳလ္ႀကီးေတြက နတ္မင္းႀကီးေလးပါးကို
အေၾကာင္းၾကားၿပီပါၿပီေလ ဒီဘီလူးကို ဖမ္းၿပီး
နတ္မင္းႀကီးေတြလက္ကို ျပန္အပ္ဖို႔ က်ဳပ္ကို
တာဝန္ေပးလိုက္ၾကလို႔ က်ဳပ္ ဒီကို ေရာက္လာတာကြဲ႕
ဆိုင္ရာပိုင္ရာေတြကို စုံစမ္းၾကည့္လိုက္ေတာ့
သူတို႔ေတြ က်ဳပ္ကို ေျပာၾကတယ္ ဘိုးလူေပ ရွာေနတဲ့
ဘီလူးက ဘိုးလူေပရဲ႕ တပည့္ ထေနာင္းကုန္းက
တာေတ့ဆီမွာ ေရာက္ေနတယ္တဲ့"
ဘိုးလူေပက က်ဳပ္ကို လွမ္းၿပီးၾကည့္လိုက္တယ္
"က်ဳပ္ဆီ ေရာက္လာေတာ့ မဟုတ္ပါဘူး ဆရာႀကီးရယ္
က်ဳပ္တို႔ ႐ြာသား ကိုလူေတာ္ဆီကို ေရာက္တာပါ
ကိုလူေတာ္က ၿမိဳ႕တက္ၿပီး ႏွမ္းသြားေရာင္းရင္းကေန
ေကာက္ရလာတာတဲ့ ဆရာႀကီးရဲ႕
အဲဒါ သူနားမလည္ဆိုၿပီး က်ဳပ္ကိုလာျပတာ
က်ဳပ္က ေဆးကြင္းၿပီး ၾကည့္ေတာ့ ဘီလူးအသက္
ရွိတာကို တန္းေတြ႕သြားတာဗ်။ၿပီးေတာ့ ကိုလူေတာ္က
က်ဳပ္ကို လာၿပီး အကူအညီေတာင္းတာ
ဆရာႀကီးရဲ႕ ဘီလူးက သူ႔ကို အိပ္မက္ေပးသတဲ့
သူ႔ကို ၾကက္ေသြးတိုက္ၿပီး မိတ္ဖြဲ႕ဖို႔ တဲ့ဗ် အဲဒါကို
ကိုႀကီးလူေတာ္က သူ မတိုက္ဝံ့လို႔ က်ဳပ္ကို
တိုက္ေပးဖို႔ လာေျပာတာဗ်။ဒီမွာတင္ က်ဳပ္က
မဖဲဝါကို ေမးၾကည့္တာ ဆရာႀကီးရဲ႕
မဖဲဝါက က်ဳပ္ကိုေျပာတယ္ နင္ ဘာမွမစိုးရိမ္နဲ႔
တာေတတဲ့ နင့္ဆရာႀကီး ဘိုးလူေပ ေနာက္ႏွစ္ရက္ဆိုရင္
ေရာက္လာလိမ့္မယ္တဲ့ဗ်"
"ဟား ဟား ဟား ဟား ေမာင္တာေတရယ္ မင္းကေတာ့
တကယ့္လူေပပဲကြယ္ က်ဳပ္ေရာက္လာမွာကိုေတာင္
မင္းက ႀကိဳသိေနတာပါလား"
"ဟာ…က်ဳပ္သိတာ မဟုတ္ပါဘူး ဆရာႀကီးရဲ႕
မဖဲဝါ သိတာပါဗ်"
"ေအးေလကြယ္ မဖဲဝါ သိေတာ့လည္း
မင္းသိတာပဲ မဟုတ္လား ေမာင္တာေတရဲ႕"
"ဟုတ္ေတာ့ ဟုတ္ပါတယ္ ဆရာႀကီး"
ဘိုးလူေပက တစ္ခုခုကို စဥ္းစားေနတယ္ဗ်
ၿပီးေတာ့မွ က်ဳပ္ကိုေျပာတယ္။
"ေမာင္တာေတ က်ဳပ္တို႔ေတာ့အခုလာမယ္ လကြယ္
ညအထိ ေစာင့္ရေတာ့မယ္ ဘာျဖစ္လို႔တုံးဆိုေတာ့ ဒီဘီလူးက
လကြယ္ညေရာက္မွ ထြက္မွာကြဲ႕"
က်ဳပ္က ရက္ကို တြက္ၾကည့္တယ္။လကြယ္ဖို႔က
ေလးငါးရက္ေတာ့ လိုေသးတာပဲ။
ဘီလူးတစ္ေကာင္ကိုဖမ္းဖို႔ ဆိုတာေရာ
လြယ္ပါ့မလား ၿပီးေတာ့ ျဖစ္မွာက က်ဳပ္တို႔႐ြာထဲမွာ။ ႐ြာထဲ
မွာမ်ား အႏၲရာယ္ေတြ က်မွာလားလို႔ က်ဳပ္ေတြးေနမိတာဗ်ိဳ႕
။ေတြးရင္းနဲ႔ က်ဳပ္ တစ္ခု သတိရသြားတယ္ဗ်။
"ေၾသာ္ …ဆရာႀကီး လကြယ္ညေရာက္ရင္ ကိုလူေတာ္ကို
ေသြးတိုက္ခိုင္းရဦးမွာလား"
က်ဳပ္က ဆရာႀကီး ဘိုးလူေပကို ေမးလိုက္တယ္။ဘိုးလူေပက
ခ်က္ခ်င္းပဲ ျပန္ေျပာတယ္။
"ဟာ…တိုက္ခိုင္းရမွာေပါ့ ေမာင္တာေတရဲ႕ ဒါမွ ဘီလူးက
လြယ္လြယ္ထြက္လာတာမွာကြ ဘီလူးထြက္လာမွ က်ဳပ္တို႔က
အလုပ္လုပ္ရမွာေလကြယ္"
"ေၾသာ္…ဟုတ္ ဟုတ္ကဲ့ပါ ဆရာႀကီး ဒါဆိုရင္
ကိုလူေတာ္ကို က်ဳပ္ စီစဥ္စရာရွိတာ စီစဥ္ခိုင္းလိုက္ပါမယ္"
အဲ့ဒါနဲ႔ က်ဳပ္ ထေနာင္းကုန္းကို ျပန္လာခဲ့တယ္ က်ဳပ္ဝိုင္းထဲ
ဝင္လိုက္တာနဲ႔…
"ေဟာ…ဟိုမွာ တာေတ ျပန္လာၿပီ တာေတ ဒီမွာ
လူေတာ္က…နင့္ကို ေစာင့္လို႔"
က်ဳပ္က အိမ္ေပၚတက္ခဲ့တယ္ တန္းလ်ားမွာဝင္ထိုင္
လိုက္တာနဲ႔ ကိုႀကီးလူေတာ္က တန္းေျပာတာဗ်ိဳ႕။
"တာေတေရ ငါတို႔ အိမ္မွာေတာ့ ထူးထူးျခားျခားေတြ
ျဖစ္ကုန္ၿပီေဟ့"
"ဟင္…ဘာျဖစ္လို႔တုံးဗ်"
"ညက ငါ့မိန္းမေရာ ငါ့ကေလးႏွစ္ေယာက္ေရာ
လန္႔ၾကလို႔ေဟ့"
"ဗ်ာ …လန္႔တယ္ ဟုတ္လား ကိုႀကီးလူေတာ္"
"ေအးေလ ပထမ အငယ္မက အိပ္ေနရာကေန
လန္႔ေအာ္တယ္ ခဏေနေတာ့ အႀကီးမကပါ
လန္႔ျပန္ေရာကြာ ဒါနဲ႔ ငါက ကေလးႏွစ္ေယာက္ကို
ေခ်ာ့ေမာ့ၿပီး ျပန္သိပ္ရတာေပါ့ကြာ
မနက္မိုးလင္းကာနီးေတာ့ ငါ့မိန္းမပါ လန္႔ေအာ္လို႔ကြာ"
"ဟင္…ဘာကို လန္႔ၾကတာတုံးဗ်"
"ဘာရယ္လို႔ကို မဟုတ္တာကြ တာေတရ
အိပ္ေပ်ာ္ေနရင္းကေန လန္႔သြားၿပီး ေအာ္ၾကေတာ့တာေဟ့"
"ႏို႔ ခင္ဗ်ားေရာ မလန္႔ဘူးလား ကိုႀကီးလူေတာ္ရဲ႕"
"ငါကေတာ့ မလန္႔ဘူးကြ တာေတရ"
"အင္းေစာင့္က လကြယ္ကာနီးလာလို႔ သတိေပးတာေန
မွာပါဗ်ာ ကိုႀကီးလူေတာ္ သူ႔ကို ဘာေျပာထားေသးတုံး"
"ေဟ့ေအး…မင္းက ဘာမွမလုပ္နဲ႔ ဆိုလို႔ ငါ ဘာမွမလုပ္
ဘူးေလကြာ"
"ေၾသာ္…ေကာင္းတယ္ ကိုႀကီးလူေတာ္ ဘာမွမစိုးရိမ္နဲ႔
ေတာ့ဗ်။က်ဳပ္ဆရာႀကီး ဘိုးေပလည္း ေရာက္ေနၿပီဗ်"
"ေဟ…ဆရာႀကီး ဘိုးလူေပ နဲ႔ ေရာက္ၿပီ ဟုတ္လား
ဟာ…အားရွိလိုက္တာကြာ မင္းေရာ ဘိုးလူေပနဲ႔
ေတြ႕ၿပီးၿပီလား"
"က်ဳပ္အခု ဘိုးလူေပဆီက ျပန္လာတာေလဗ်ာ
ဘိုးလူေပကို အက်ိဳးအေၾကာင္းအားလုံး က်ဳပ္ေျပာခဲ့
ၿပီးပါၿပီ ဒီေတာ့ ကိုႀကီးလူေတာ္ ဒီကျပန္တာနဲ႔
အင္းေစာင့္ကို ေျပာလိုက္ပါ လကြယ္ေန႔ညသန္းေခါင္မွာ
ၾကက္ေသြးတိုက္ၿပီး မိတ္ဖြဲ႕မယ္လို႔ အိမ္သားေတြကို
ထိတ္ေအာင္လန္႔ေအာင္ မလုပ္ဖို႔ေျပာဗ်ာ"
"ေအး…ဟုတ္ၿပီ ငါေျပာလိုက္မယ္ တာေတ"
ေနာက္ေတာ့ ကိုႀကီးလူေတာ္က ေဆးလိပ္ေသာက္ရင္း
ေရေႏြးၾကမ္းေသာက္ရင္းနဲ႔ က်ဳပ္နဲ႔ ခဏေလာက္ထိုင္ၿပီး
စကားေျပာေနေသးတာဗ် စကားေျပာရင္းနဲ႔ က်ဳပ္က
သတိရၿပီး ေမးလိုက္တယ္။
"ေနဦးဗ် ကိုႀကီးလူေတာ္ရဲ႕ ဒီအင္းအေၾကာင္းကို
ကိုႀကီးလူေတာ္ ဘယ္သူ႔ကို ေျပာမိေသးလဲ"
"ေဟ့ေအး မေျပာဘူးကြ မင္းတစ္ေယာက္ကိုပဲ
ငါလာေျပာတာ တျခား ဘယ္သူ႔ကိုမွ မေျပာဘူး
ငါ့မိန္းမကိုေတာင္ မေျပာဘူး တာေတ"
"ဟာ …ေကာင္းတယ္ဗ်ာ မေျပာနဲ႔ ကိုႀကီးလူေတာ္
ဘယ္သူ႔ကိုမွ မေျပာတာ အေကာင္းဆုံးပဲဗ်
ကဲ…ဒီက ျပန္ရင္သာ က်ဳပ္ေျပာသလို အင္းေစာင့္ကို
ေျပာထားလိုက္ပါ"
"ေအး…ဟုတ္ၿပီ တာေတ မင္းေျပာခိုင္းတဲ့အတိုင္း
ငါေျပာထားလိုက္မယ္"
"ေၾသာ္ လကြယ္မေရာက္ခင္ ၾကက္ဖႀကီးႀကီးတစ္ေကာင္
ရွာထားဦးဗ် နီးေတာ့မွ ရွာလို႔မရရင္ ခက္မယ္"
"ဒီအတြက္ေတာ့ စိတ္ခ် တာေတ အေရွ႕ပိုင္းက
ၾကက္စြဲေတြဆီမွာ ဝိုင္းမဝင္ေတာ့တဲ့ ၾကက္ဖႀကီးေတြ
ရွိတယ္ အသားေစ်းေလာက္နဲ႔ ေရာင္းမယ္ ၾကက္ေတြ
ငါေမးထားၿပီးသားကြ"
ကိုႀကီးလူေတာ္ ျပန္သြားေတာ့မွ က်ဳပ္လည္း
မေန႔က ယာထဲကခုတ္လာတဲ့ ေျပာင္း႐ိုးေတြကို
စင္းခုံကိုယူလာၿပီး ေျပာင္း႐ိုးေတြ စင္းရေတာ့တာဗ်ိဳ႕
က်ဳပ္တို႔ ႏြားႀကီးေတြဆိုတာ အဘနဲ႔ က်ဳပ္နဲ႔
ဂ႐ုစိုက္ထားလို႔ ဝဖီးေနၾကတာဗ်။အဘက သူ႔ႏြားႀကီးေတြကို
ဂ႐ုမစိုက္ရင္ လႊတ္စိတ္ဆိုးတာဗ်။
ေနာက္တေန႔ မနက္အေစာႀကီး ေက်ာက္ခဲနဲ႔ သံမဏိ
က်ဳပ္ဆီကို ေရာက္လာတယ္ဗ်။
"ကိုႀကီးတာေတေရ ညကေတာ့ ႐ြာေျမာက္ပိုင္းကလူေတြ
အိပ္ေနရင္း လန္႔ၾကလို႔တဲ့ဗ်ာ"
"ေဟ…လန္႔လို႔ ဟုတ္လား ဘယ္အိမ္ေတြလူေတြ
လန္႔တာတုံးကြ"
"ေတာ္ေတာ္မ်ားမ်ား လန္႔တာဗ် ေျမာက္ပိုင္းတစ္ပိုင္း
လုံးလိုပဲ ကိုႀကီးတာေတေရ"
"ေနပါဦးကြ ကိုလူေတာ္တို႔ ေနတဲ့ အပိုင္းလား"
"ဟုတ္ပါဗ်ာ ေလးေလးလူေတာ္တို႔ ဝိုင္းနဲ႔ ကပ္လ်က္
ပိုင္းေတြက စၿပီးလန္႔တာပဲဗ်။ေနာက္ေတာ့ တျခားဝိုင္း
ေတြပါ ကူးသြားတာဆိုပဲ"
"ေဟ့ …ဘယ္လို႔လန္႔တာတုံးကြ ေက်ာက္ခဲရ ဘာကို
ျမင္လို႔ လန္႔တာတုံး"
"ဟာ…အိပ္ေပ်ာ္ေနရင္း လန္႔တာတဲ့ဗ် တစ္အိမ္သားလုံး
အိပ္ေပ်ာ္ေနရာကေန လန္႔ေအာ္ၾကတာတဲ့ဗ် ေျပာရရင္ေတာ့
ကိုႀကီးတာေတ တစ္ခါေျပာဖူးတဲ့ ခုႏွစ္တိုက္ဆိုတာမ်ိဳးလိုပဲဗ်
တစ္အိမ္သားလုံး အိပ္ေနရင္းက သူေအာ္ ငါေအာ္နဲ႔
လန္႔ေအာ္ၾကတာတဲ့ဗ်ိဳ႕။ၿပီးေတာ့ တစ္အိမ္ၿပီး
တစ္အိမ္ ကူးသြားတာဗ် ေျမာက္ပိုင္းတစ္ပိုင္းလုံး
လိုလိုပဲ"
"ေဟ…ဟုတ္လားကြ ထူးဆန္းလွခ်ည္လား"
က်ဳပ္လည္း ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူးဗ်ာ
ေက်ာက္ခဲတို႔ ျပန္သြားေတာ့ က်ဳပ္ဘန္႔ေဘြးကုန္းကို
ထြက္လာခဲ့တယ္။ဘိုးလူေပကို ကိုလူေတာ္တို႔
မိသားစု ပထမညက ျဖစ္တာရယ္ ညက ကိုလူေတာ္
တို႔ေနတဲ့ ႐ြာေျမာက္ပိုင္းမွာ ျဖစ္တာေတြရယ္ကို
က်ဳပ္က ဘိုးလူေပကို ေျပာျပလိုက္တယ္
က်ဳပ္ေျပာတာကို နားေထာင္ၿပီးေတာ့ ဘိုးလူေပက
ေခါင္းညိတ္တယ္ဗ်။
"ဒီဘီလူးကေတာ့ လက္စြမ္းျပေနၿပီ ေမာင္တာေတေရ
ေမာင္လူေတာ္ကို ေၾကာက္ေအာင္ လုပ္ျပေနတာကြဲ႕"
"ဒီအတိုင္း လႊတ္ထားလို႔ ျဖစ္ပါ့မလား ဆရာႀကီး"
"ျဖစ္ပါတယ္ ေမာင္တာေတရဲ႕ ဘာမွမစိုးရိမ္ပါနဲ႔ကြယ္
သူ ဘာမွမလုပ္ပါဘူး ေမာင္လူေတာ္ကို သူစြမ္းေၾကာင္း
ျပေနတာပါ ေမာင္လူေတာ္ကိုသာ ေသေသခ်ာခ်ာ
ေျပာထားေနာ္"
"ေျပာထားတယ္ ဆရာႀကီး လကြယ္ေန႔ညမွာ ၾကက္
ေသြးတိုက္ၿပီး မိတ္ဖြဲ႕မယ္လို႔ ေျပာခိုင္းထားတယ္"
"ေအး …ေကာင္းတယ္ ေကာင္းတယ္ ေၾသာ္ ေနဦးကြဲ႕
ေမာင္တာေတရဲ႕ မင္းလူက မင္းေျပာခိုင္းတာကို
မေျပာေသးဘူးထင္တယ္ ဒီကျပန္ရင္ ေမာင္လူေတာ္ဆီကို
သြားၿပီ ေသေသခ်ာခ်ာ ေျပာခိုင္းလိုက္ဦးကြဲ႕"
"ဟုတ္ကဲ့ ဆရာႀကီး"
ဆရာႀကီးနဲ႔ က်ဳပ္နဲ႔ စကားစျမည္ ေျပာဆိုၿပီးေတာ့
ဆရာႀကီးက ဘုရားခန္း ဝင္သြားတယ္။က်ဳပ္လည္း
ထၿပီးျပန္လာခဲ့တယ္။ထေနာင္းကုန္းေရာက္ေတာ့
က်ဳပ္ေျမာက္ပိုင္း ကိုလူေတာ္တို႔အိမ္ကို တန္းသြားလိုက္တယ္
"ဟာ တာေတ လာေဟ့ အေတာ္ပဲ အိမ္မွာ ဘယ္သူမွ
မရွိၾကဘူးကြ မင္းလည္း ၾကားၿပီးေရာေပါ့ ညက
ေျမာက္ပိုင္းတစ္ပိုင္းလုံး လန္႔ၾကတယ္ ဆိုတာေလ"
"က်ဳပ္ ၾကားၿပီးပါၿပီဗ်ာ ကိုႀကီးလူေတာ္ အင္းေစာင့္ကို
က်ဳပ္ေျပာခိုင္းတာ ေျပာၿပီးၿပီလား"
"ဟာ…မေျပာရေသးပါဘူးကြာ…အိမ္မွာက လူကို
မလစ္တာကြ ဒါေၾကာင့္ ငါ့မွာ မေျပာရေသးတာ"
"ေၾသာ္ .…အဲဒါေၾကာင့္ ျဖစ္တာဗ် ကဲ ကဲ အခု
လူရွင္းေနတုန္း သြားေျပာလိုက္ဗ်ာ"
က်ဳပ္တြန္းေတာ့မွ ကိုႀကီးလူေတာ္က ထသြားၿပီ
ဘုရားစင္ေအာက္က လြယ္အိတ္ကိုႏႈိက္တယ္
အင္းကိုပတ္ထားတဲ့ စကၠဴကိုျဖည္ၿပီး ေျပာသဗ်
"အင္းေစာင့္ႀကီးဗ်ာ က်ဳပ္ကိုႀကီးပြါးေအာင္
ေစာင့္ေရွာက္ဖို႔ ေရာက္လာတာကို က်ဳပ္ဝမ္းသာပါတယ္
အခုလာမယ့္ လကြယ္ညသန္းေခါင္အခ်ိန္မွာ ၾကက္ေသြး
တိုက္ၿပီး အင္းေစာင့္ႀကီးနဲ႔ မိတ္ဖြဲ႕ပါမယ္ က်ဳပ္ကို
အျမန္ဆုံး ခ်မ္းသာေအာင္ လုပ္ေပးပါဗ်ာ အင္းေစာင့္ႀကီး
ေျပာသလို လတိုင္း လကြယ္ည သန္းေခါင္ခ်ိန္တိုင္းမွာ
က်ဳပ္က အင္းေစာင့္ႀကီးကို ၾကက္ေသြးတိုက္ပါမယ္
အခုလည္း လူေတြ ထိတ္လန္႔ကုန္ၾကတာ
အင္းေစာင့္ႀကီးအစြမ္းမွန္း က်ဳပ္သိပါတယ္ ေနာက္ထပ္
ထိတ္ေအာင္လန္႔ေအာင္ မလုပ္ဖို႔ က်ဳပ္ေတာင္းပန္ပါတယ္
အင္းေစာင့္ႀကီးဗ်ာ"
ကိုႀကီးလူေတာ္က ေျပာေတာ့လည္း ေသေသခ်ာခ်ာ
ေျပာသားဗ် က်ဳပ္လည္း သူေျပာတာကို ေသေသခ်ာခ်ာ
နားေထာင္ေနတာဗ်ိဳ႕။သူ႔စကားဆုံးေတာ့ ကိုႀကီးလူေတာ္က
က်ဳပ္ကို လွည့္ၾကည့္တယ္။ဘယ္လိုလဲ။ဘာလိုေသးတုံး
ဆိုတဲ့ သေဘာေပါ့ဗ်ာ။က်ဳပ္က ေခါင္းညိတ္ျပလိုက္ေတာ့မွ
အင္းခ်ပ္ကေလးကို စကၠဴနဲ႔ ျပန္ထုပ္ၿပီး လြတ္အိတ္ထဲကို
ျပန္ထည့္လိုက္တယ္။
"ကဲ…ကိုႀကီးလူေတာ္ မနက္ျဖန္ မနက္က်ရင္ က်ဳပ္ဆီကို
လာၿပီး ထူးျခားတာေလးေတြ ေျပာဦးဗ်ာ"
"ေအးပါ တာေတရာ ငါလာေျပာပါ့မယ္"
က်ဳပ္လည္း အိမ္ျပန္လာၿပီး အဘဆီဆုံစီးေနတာျမင္လို႔
က်ဳပ္လည္း အဘကို ဖယ္ခိုင္းၿပီး ဆီဆုံဝင္ထိုင္လိုက္
တယ္ဗ်။က်ဳပ္တို႔က အိမ္စားဖို႔ ဆီကို ကိုယ့္ဟာကိုယ္
ႀကိတ္ၾကတာေလဗ်ာ။ဆီမႀကိတ္ခင္ ပထမတစ္ရက္
ႏွစ္ရက္ေလာက္ကတည္းက ႏွမ္းေတြကို ေနလွန္း ဖုံေတြ
သဲေတြ မပါေအာင္ ျပာထုတ္ထားရတာဗ်။အိမ္အလုပ္
ဝင္လုပ္လိုက္ ဘိုးလူေပဆီကို သြားလိုက္ေပါ့ဗ်ာ
႐ြာထဲမွာေတာ့ ထိတ္တာ လန္႔တာ မရွိေတာ့ဘူးဗ်။
က်ဳပ္ေျပာခိုင္းတာကို ကိုႀကီးလူေတာ္က မေျပာလို႔
ဘီလူးက စိတ္ဆိုးၿပီး လုပ္ျပတာ ျဖစ္မယ္ဗ်။
လကြယ္ေန႔ညေရာက္ေတာ့ က်ဳပ္က ဘိုးလူေပ
ၫႊန္ၾကားတဲ့အတိုင္း ႐ြာဦးက ေ႐ႊေတာင္ဘုရားကြင္းထဲမွာ
စီစဥ္လိုက္တယ္။ညဆယ့္တစ္နာရီထိုးတာနဲ႔ ကိုႀကီး
လူေတာ္ကိုေခၚၿပီး အလုပ္စလုပ္ၾကတယ္။
ကိုႀကီးလူေတာ္က ဘုရားကြင္းထဲ ေရာက္တာနဲ႔
အသင့္ယူလာတဲ့ ၾကက္ဖႀကီးကို လည္လွီးၿပီး
ေသြးခံတယ္ ေျပာင္လက္ေနေအာင္ တိုက္ထားတဲ့
ေၾကးဝါဖလားေလးနဲ႔ ၾကက္ေသြးကိုခံတယ္။
ေသြးက ဖလားျပည့္ကာနီးေအာင္ ရတာဗ်။
ဆယ့္တစ္နာရီခြဲေတာ့ ကိုစံေအးႀကီးက ဘိုးလူေပကို
ေခၚလာတယ္။ကိုစံေအးဆိုတာ ဘန္႔ေဘြးကုန္းက
ဘိုးလူေပ တည္တဲ့အိမ္က ဘိုးစံေမာင္ရဲ႕ သားေလဗ်ာ
အရင္စာအုပ္ေတြမွာ လႊတ္စိတ္တိုတဲ့ ဘိုးစံေမာင္
အေၾကာင္းကို က်ဳပ္ မၾကာမၾကာ ေရးဖူးပါတယ္။
ညသန္းေခါင္ခ်ိန္ကို ေရာက္တာနဲ႔ ဘိုးလူေပက
က်ဳပ္ကို အင္းတစ္ခ်ပ္ ေပးတယ္။
"ေမာင္တာေတ မ်က္ကြင္းေဆး ကြင္းခဲ့ရဲ႕လား"
"ဟုတ္ကဲ့ ဆရာႀကီး …ကြင္းခဲ့ပါတယ္"
"ေအး…ဒါဆိုရင္ ေသေသခ်ာခ်ာၾကည့္ေန အင္းထဲဘီလူး
ထြက္လာၿပီး ေသြးေသာက္ၿပီဆိုတာနဲ႔ အဲဒီအင္းကို
ဘီလူးေစာင့္တဲ့ အင္းေပၚကေန အုပ္ထားလိုက္ေပေတာ့
ဒါဆိုရင္ ဒီဘီလူးက အင္းနဲ႔ ဘာမွမဆိုင္ေတာ့ဘူးကြဲ႕
အဲဒီခ်ိန္က်ရင္ က်ဳပ္ကြယ္ေနတဲ့ သစ္ပင္ေနာက္က
ထြက္လာခဲ့မယ္ က်န္တာေတြကေတာ့ ျဖစ္လာတဲ့
အေျခအေနကိုၾကည့္ၿပီး လုပ္ရမွာေပါ့ကြယ္ ကဲ
အခ်ိန္က်ၿပီး လုပ္ငန္းစေတာ့"
ဘိုးလူေပက ဘုရားနားက မန္က်ည္းပင္ႀကီးေနာက္မွာ
ဝင္ၿပီး ကြယ္ေနလိုက္တယ္ဗ်။ကိုႀကီးစံေအးကေတာ့
ေ႐ႊေတာင္ႀကီးဦးဘုရား မုခ္ေဘးမွာ ဝင္ၿပီးကပ္ေနတယ္
က်ဳပ္နဲ႔ ကိုႀကီးလူေတာ္က ၾကက္ေသြးထည့္ထားတဲ့
ေၾကးဖလားကို ေျမႀကီးမွာ ခ်ထားလိုက္တယ္
ၿပီးတာနဲ႔ ကိုႀကီးလူေတာ္က စကၠဴနဲ႔ ထုပ္ထားတဲ့
အင္းခ်ပ္ကို ထုပ္ယူၿပီး က်ဳပ္ျပတဲ့ ေနရာမွ ခ်ထားလိုက္
တယ္။
"ကဲ…ကိုႀကီးလူေတာ္ ဘီလူးကို ေခၚေပေတာ့"
ကိုႀကီးလူေတာ္ကို က်ဳပ္သင္ထားေပးၿပီးဗ်။ကိုႀကီး
လူေတာ္က လက္ကေလးႏွစ္ဖက္ကို ေသေသခ်ာခ်ာ
ယွက္ၿပီး ႐ို႐ိုက်ိဳးက်ိဳးေလး ေျပာတာဗ်ိဳ႕။
"လာဘ္ေခၚအင္းေတာ္ႀကီးကို ေစာင့္ရတဲ့ အင္းေစာင့္ႀကီးဗ်ာ
အင္းေစာင့္ႀကီးကို က်ဳပ္ေမာင္လူေတာ္က မိတ္ေဆြအျဖစ္
သတ္မွတ္ၿပီး ၾကက္ေသြးနဲ႔ ဧည့္ခံပါတယ္ က်ဳပ္ကိုလည္း
မိတ္ေဆြအျဖစ္ အခုအခ်ိန္ကစၿပီး သတ္မွတ္ပါဗ်ာ
က်ဳပ္တိုက္တဲ့ ၾကက္ေသြးကို အားရပါးရ သုံးေဆာင္ပါ
အင္းေစာင့္ႀကီးဗ်ာ က်ဳပ္ေမာင္လူေတာ္က မိတ္ေဆြ
ျဖစ္ၾကၿပီးေနာက္မွာ လတိုင္း လကြယ္ ညသန္းေခါင္ယံတိုင္မွာ
အခုလိုပဲ ၾကက္ေသြးတိုက္ပါ့မယ္ က်ဳပ္ကိုလည္း
ေန႔ခ်င္းညခ်င္း ခ်မ္းသာႂကြယ္ဝလာေအာင္
လုပ္ေပးပါဗ်ာ"
ဟာ…ထြက္လာၿပီဗ်ိဳ႕။ဘီလူးဗ်ာ။နည္းတဲ့အေကာင္ႀကီး
မဟုတ္ဘူးဗ်ာ။ပန္းခ်ီဆရာ ဆြဲထားတဲ့ပုံမ်ိဳးေတာ့
မဟုတ္ဘူးဗ်ိဳ႕ ။အေပၚပိုင္းက အက်ႌဗလာနဲ႔ဗ်။
ေအာက္ပိုင္းကေတာ့ သားေရျပားလိုဟာႀကီး
ပတ္ထားတာဗ်ာ။ေခါင္းက ဆံပင္က စုတ္ဖြားႀကီးဗ်။
နဖူးႀကီးက အႀကီးႀကီးဗ်ိဳ႕။ေမာက္ထြက္ေနတာဗ်။
မ်က္လုံးႀကီးေတြက နီရဲၿပီး ျပဴးထြက္ေနတယ္။
ႏွာေခါင္းက တိုတိုျပားျပားႀကီးဗ်။အထူးျခားဆုံးကေတာ့
ပါးစပ္ႀကီးပဲဗ်ိဳ႕။ပါးစပ္က ေတာ္ေတာ္ကိုက်ယ္တာဗ်။
ပါးစပ္က်ယ္ႀကီးထဲက သြားစြယ္ခြၽန္ခြၽန္ႀကီးေတြက
ပါးစပ္အျပင္ကို ထြက္ေနတယ္ဗ်ိဳ႕။အရပ္က က်ဳပ္
စိတ္ထင္ေတာ့ ဆယ္ေပေတာ့ အနည္းဆုံးပဲဗ်။
ရင္အုပ္ႀကီးကလည္း ေမာက္ၿပီး အေမြးမဲမဲႀကီးေတြ
ေပါက္ေနတယ္ဗ်ိဳ႕။ေျခေထာက္ႀကီးေတြ တုတ္တုတ္တိုဆို
ႀကီးေတြဗ်။အေမြးမဲမဲႀကီးေတြ ဖုံးေနတယ္။
ေျခဖေနာင့္ မရွိဘဲ ေျခဖဝါးက ထုတုံးႀကီးဗ်။
လက္သည္းခြၽန္ခြၽန္ႀကီးေတြလည္း ထြက္ေနတယ္
ေျခေထာက္က ေျခသည္းႀကီးေတြလည္း
ခြၽန္ထြက္ေနတယ္ဗ်။
ေဟာ ဘီလူး သြားၿပီး သြားၿပီ ေသြးခြက္နားကို
သြားၿပီ။ေဟာ ေသြးခြက္ကိုစိုက္ၾကည့္ေနတယ္ဗ်ိဳ႕။
ၿပီးေတာ့မွ ကိုလူေတာ္ကိုၾကည့္ၿပီး ပါးစပ္ၿပဲႀကီးနဲ႔
ရယ္ေနတယ္ဗ်။
"ဟီး…ဟီး…ဟီး…ဟီး…ဟီး"
ဘီလူးရယ္သံႀကီးက ေၾကာက္စရာႀကီးဗ်ာ။
ဒါေပမဲ့ ဒီအသံကို မ်က္ကြင္းေဆး နားမွလိမ္းၿပီး
ဒိဗၺေသာတမႏၲန္ ႐ြတ္ထားတဲ့ က်ဳပ္ၾကားရတာဗ်။
ေဟာ ဘီလူးက ေသြးခြက္ကို ေကာက္ၿပီးေသာက္ၿပီဗ်ိဳ႕
က်ဳပ္ ဖ်က္ကနဲ ေျပးထြက္ၿပီး လက္ထဲက ဘိုးလူေပ
ေပးထားတဲ့အင္းနဲ႔ ဘီလူးေစာင့္တဲ့အင္းကို
အုပ္ထားလိုက္တယ္။ၿပီးတာနဲ႔ ေနာက္ကို ခပ္ျမန္ျမန္
ျပန္ဆုတ္လိုက္တယ္။ဘီလူးက ေသြးခြက္ကို အရသာခံ
ေသာက္ေနတာဗ်ိဳ႕။ေဟာ ကုန္ၿပီ။ေသြးေတြ ကုန္သြားၿပီ။
ဘီလူးက ေသြးထည့္တဲ့ေၾကးဖလာကို ေျမႀကီးေပၚကို
ပစ္ခ်လိုက္တယ္။က်ဳပ္ေဘးမွာ ဘိုးလူေပ ေရာက္ေနၿပီဗ်ိဳ႕
ဘီလူးက ကိုႀကီးလူေတာ္ကိုၾကည့္ၿပီး ေခါင္းညိတ္တယ္
ၿပီးတာနဲ႔ အင္းရွိတဲ့ ေနရာကို ျပန္ေလွ်ာက္တယ္။
သူ႔အင္းေပၚမွာ ဘိုးလူေပနဲ႔အင္းႀကီး အုပ္ထားတာ
ေတြ႕ေတာ့ ဘီလူးေဒါသအႀကီးအက်ယ္ ထြက္တာဗ်ိဳ႕။
ကိုႀကီးလူေတာ္ကို ၾကည့္တယ္။က်ဳပ္ကိုၾကည့္တယ္။
ဒီမွာတင္ ဘိုးလူေပကို ေတြ႕သြားေတာ့တာဗ်ိဳ႕။
ဘိုးလူေပက သူ႔လက္ထဲမွာ ကိုင္ထားတဲ့ အင္းခ်ပ္ကို
မႏၲန္႐ြက္ၿပီး ႏႈိးေနတယ္ဗ်။ဘီလူးက သူ႔ရဲ႕ ဖေနာင့္တိုတိုႀကီးနဲ႔
ေျမႀကီးကို ဖေနာင့္နဲ႔ ေပါက္ခ်လိုက္တယ္။
"ဝုန္း"
"ဟာ"
က်ဳပ္ျဖင့္ လန္႔ၿပီးေတာင္ ေအာ္လိုက္မိတယ္ဗ်ိဳ႕
က်ဳပ္တို႔ေရွ႕တစ္လံေလာက္မွ မီးေတာက္ႀကီး
ထေတာက္တာေလဗ်ာ
ကိုႀကီးလူေတာ္ကေတာ့ ေနာက္ဆုတ္ ေနာက္ဆုတ္နဲ႔
ေျပးတာ။ေမွာင္ထဲမွာ ေပ်ာက္သြားေရာဗ်ိဳ႕။
ေျပးေတာ့မွာေပါ့ဗ်ာ ဘီလူး ဖေနာင့္တစ္ခ်က္ေပါက္လိုက္တာ
တစ္လံေလာက္ျမင့္တဲ့ မီးေတာက္ႀကီး 'ဝုန္း'ကနဲ
ထေတာက္တာေလဗ်ာ။
ဘီလူးက ဖေနာင့္နဲ႔ ထပ္ေပါက္တယ္။
"ဝုန္း"
ဟာေတာက္ျပန္ၿပီဗ်ိဳ႕။ဖေနာင့္တစ္ခ်က္ေပါက္တိုင္း
မီးေတာက္ႀကီးတစ္ခု ထလာတာဗ်ိဳ႕။
"ေမာင္တာေတ ေရာ့ ဒီအင္းယူထား ဘီလူးေပ်ာက္သြားရင္
ဒီအင္းကို ခ်က္ခ်င္းပစ္ေနာ္"
က်ဳပ္ကို အင္းတစ္ခ်ပ္ ေပးလိုက္တယ္။ဒီေတာ့မွ
ဘိုးလူေပလက္ထဲမွာ ကိုင္ထားတာ အင္းႏွစ္ခ်ပ္ဆိုတာ
က်ဳပ္သိလိုက္တာဗ်။
"ေမာင္တာေတ ဒီေကာင္က က်ဳပ္တို႔ပတ္လည္ မီးေတြ
ဝိုင္းေအာင္ လုပ္ၿပီးမွ က်ဳပ္တို႔ကို မီးေလာင္တိုက္သြင္းဖို႔
လုပ္ေနတာကြဲ႕ သူကို က်ဳပ္ အခ်ိန္ေပးလို႔မရေတာ့ဘူး
ကဲၾကာ"
ဘိုးလူေပက သူ႔လက္ထဲက အင္းနဲ႔
ဘီလူးကိုပစ္ခ်လိုက္ေရာဗ်ိဳ႕။
"ဘုန္း"
ဟာ…ဘီလူးႀကီး လဲက်သြားၿပီဗ်ိဳ႕။ဘိုးလူေပရဲ႕
အင္းကို ဒီဘီလူး မခံႏိုင္ဘူးဗ်။က်ဳပ္လည္း စိတ္ထဲေအး
သြားေတာ့တာေပါ့ဗ်ာ။ေဟာ…က်ဳပ္တို႔ကို ဝိုင္းေတာ့မလို
ျဖစ္ေနတဲ့ မီးေတာက္ေတြလည္း ၿငိမ္းသြားၿပီဗ်ိဳ႕။
"ေတာက္"
ဘီလူးက ေတာက္တစ္ခ်က္ ေခါက္တယ္ဗ်
ဟာ…ဘီလူးလဲေနရာကေန ကုန္းထလာၿပီဗ်ိဳ႕။
"ဆရာႀကီး ဘီလူးက တျဖည္းျဖည္း
ေနာက္ကိုဆုတ္သြားၿပီဗ်ိဳ႕"
"ေဟ…ဟုတ္လား လာ က်ဳပ္တို႔ လိုက္ၾကစို႔
႐ုတ္တရက္ေပ်ာက္သြားရင္ ေမာင္တာေတ
လက္ထဲကအင္းကို ခ်က္ခ်င္းပစ္ေနာ္"
"ဟုတ္ကဲ့ပါ ဆရာႀကီး က်ဳပ္ အဆင့္သင့္ လုပ္ထားပါတယ္"
ေဟာ…ဘီလူးက က်ဳပ္တို႔ လိုက္လာမွန္းသိေတာ့
အေပၚကိုခုန္မလို လုပ္လိုက္တာဗ်။
"ဟာ…ခုန္ေတာ့မယ္ ခုန္ေတာ့မယ္"
"ပစ္ေတာ့ အင္းပစ္ေတာ့"
ေဟာ…ဘီလူး ခုန္ၿပီ ပစ္ၿပီဗ်ာ က်ဳပ္လက္ထဲက
အင္းနဲ႔ လွမ္းပစ္လိုက္ၿပီ။
"ေဝါ"
ဟာ…က်ဳပ္လက္ထဲက ပစ္လိုက္တဲ့အင္းက'ေဝါ'ကနဲ
ျမည္ၿပီး ထြက္သြားတာဗ်ိဳ႕။ဘီလူးက အခုန္ က်ဳပ္က
အပစ္ ဘီလူးက ကိုယ္ေတာင္ မေဖ်ာက္ႏိုင္ေတာ့ဘူးဗ်ိဳ႕။
သူ႔ေဘးမွာ မီးကြင္းႀကီးဝိုင္းၿပီး ေျမႀကီးေပၚကို
ျပန္ၿပီးျပဳတ္က်လာတယ္ဗ်။ဟာ ဘီလူး ေျပးလို႔ကို
မရေတာ့ဘူးဗ်။
ေဟာ…ဘိုးလူေပ မႏၲန္႐ြတ္ၿပီဗ်ိဳ႕။ဘာမႏၲန္မွန္းေတာ့
က်ဳပ္မသိဘူးဗ်။စတုမဟာရာဇ္ ဆိုတာေတာ့ ႏွစ္ခု သုံးခါ
ၾကားလိုက္တယ္။
"ဝုန္း"
ဟာ…ဘီလူးႀကီးႏွစ္ေကာင္ ဘြားကနဲ ေပၚလာၿပီဗ်ိဳ႕
မီးကြင္းႀကီးပတ္ထားတဲ့ အင္းေစာင့္ဘီလူးေဘးမွာ
သူ႔ထက္ သုံးဆေလာက္ႀကီးတဲ့ ဘီလူးႀကီးေတြဗ်။
ပခုံးမွာလည္း တင္းပုတ္ႀကီးေတြ ထမ္းထားၾကတယ္။
"ဝုန္း"
ဟာ …ဘီလူးႀကီးတစ္ေယာက္ကသူ႔လက္နဲ႔ ယမ္း
လိုက္တာနဲ႔ ဘီလူးကို ပတ္ထားတဲ့ မီးေတာက္ႀကီး
ၿငိမ္းသြားေရာဗ်ိဳ႕
"ဘုန္း ဘုန္း ဘုန္း"
မီးၿငိမ္းသြားတာနဲ႔ ဘီလူးႀကီးႏွစ္ေကာင္က အင္းေစာင့္
ဘီလူးကို တင္းပုတ္နဲ႔ ထုေတာ့တာပဲဗ်ာ။အင္းေစာင့္
ဘီလူးက ဘာမွျပန္မလုပ္ဝံ့ဘဲ ေခါင္းႀကီးငုံ႔ၿပီး
ခံေရတယ္ဗ်ိဳ႕။ခဏေနေတာ့ ဘြားခနဲ ေပၚလာတဲဘီလူႀကီး
ႏွစ္ေကာင္က အင္းေစာင့္ဘီလူးကို တစ္ဖက္တစ္ခ်က္စီ
ခ်ိဳင္းကကိုင္ၿပီးေပ်ာက္သြားေရာဗ်ိဳ႕။
"ေမာင္တာေတ ဘာေတြ႕တုံး"
"တင္းပုတ္နဲ႔ ဘီလူးအႀကီးႀကီးႏွစ္ေကာင္ ေပၚလာၿပီး
အင္းေစာင့္ဘီလူးကို တင္းပုတ္နဲ႔ထုတယ္ ဆရာႀကီး
ၿပီးေတာ့ခ်ိဳင္းတစ္ဖက္စီကိုကုင္ၿပီးေပ်ာက္သြားၾကတာဗ်
ေပၚလာတဲ့ ဘီလူးႀကီးေတြက နည္းတဲ့အေကာင္ႀကီးေတြ
မဟုတ္ဘူးဗ်ာ"
"ဒါဆိုရင္ ကိစၥၿပီးၿပီေပါ့ကြယ္ အဲဒါ စတာမဟာရာဇ္က
လိုက္လာတဲ့ နတ္ဘီလူးႀကီးေတြပဲကြဲ႕ လူ႔ျပည္ကို
တိတ္တဆိတ္ ေရာက္လာၿပီး လူေသြးကို တစ္ဝစုပ္ေနတဲ့
အင္းေစာင့္ ဘီလူးေတာ့ ဇာတ္သိမ္းသြားၿပီေပါ့
ေမာင္တာေတရယ္"
ဘီလူးေစာင့္တဲ့ အင္းခ်ပ္ေပၚမွာ အုပ္ထားတဲ့ သူ႔အင္းကို
ဘိုးလူေပက ျပန္ယူလိုက္တယ္။ၿပီးေတာ့ ဘီလူးေစာင့္တဲ့
ဘီလူးေစာင့္တဲ့အင္းကိုေတာ့ စကၠဴတစ္႐ြက္နဲ႔
အထပ္ထပ္ထုတ္ၿပီးသိမ္းလိုက္တယ္။
"ဒီအင္းကို အထက္ပုဂၢိဳလ္ႀကီးေတြလက္ထဲ အပ္ရမွာကြဲ႕
အင္း …ကိုမႈိင္း ကိုမႈိင္း လူၾကည့္ေတာ့ ၿမဳံစိစိ ထုံတုံတုံနဲ႔
ပညာဒီေလာက္ထက္မယ္လို႔ မထင္တာကြဲ႕
သူပညာေၾကာင့္ပဲ သူအသက္ေရာ ေနာင္ထပ္လူသုံးေယာက္
အသက္ပါေပးလိုက္ရတာေပါ့ကြယ္
မင္းဒို႔ ႐ြာသားကေတာ့ ေသကံမေရာက္ေသးလို႔ေပါ့
ေမာင္တာေတရယ္ က်ဳပ္ကို အထက္က ပုဂၢိဳလ္ႀကီးေတြ
လႊတ္တာ ျမန္ေပလို႔ေပါ့ကြယ္ မီ႐ုံေလးပဲရွိတာ"
ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ ဘုရားကြင္းထဲက ထြက္ေတာ့မွ
ကိုစံေအးႀကီးနဲ႔ ကိုလူေတာ္က ပုန္းေနတဲ့ေနရာက
ထြက္လာၾကတယ္ဗ်ိဳ႕။သူတို႔လည္း ဘီလူးေတြကို
မျမင္ရေပမယ္ မီးေတာက္ေတြကိုေတာ့ ေတြ႕ၾကတာေပါ့ေလ။
ကိုႀကီးလူေတာ္က ေျမႀကီးမွာ ထိုင္ခ်ၿပီး ဘိုးလူေပကို
ဦးတိုက္ရွိခိုးတယ္ဗ်။
"လူကေလး ေမာင္လူေတာ္ ေနာင္ဆိုရင္ အင္းေတြ႕တိုင္း
မေကာက္နဲ႔ကြဲ႕ ၿပီးေတာ့ သဘာဝမွန္ဘဲ ခ်မ္းသာတာမ်ိဳးကို
မလိုခ်င္နဲ႔ လူကေလးရဲ႕"
"ဟုတ္ကဲ့ ဘိုး က်ဳပ္ ေနာက္ကို ဆင္ျခင္ပါ့မယ္ဗ်ာ"
ဘိုးလူေပကို ဘန္႔ေဘြးကုန္းအေရာက္ လိုက္ပို႔ေပးၿပီးေတာ့
ကိုႀကီးလူေတာ္နဲ႔ က်ဳပ္ထေနာင္းကုန္း ျပန္ခဲ့ၾကတယ္
အိမ္ေရာက္ေတာ့ လင္းၾကက္ေတာင္ တြန္ေနၿပီဗ်ိဳ႕

ၿပီးပါၿပီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)