အားကစားရုံ

ကစားရုံ၊အား ။ ။အားကစားရုံကို အင်္ဂလိပ်လိုဂျင်

မနေဒီယမ်ဟု ခေါ်သည်။ ဂျင်မနေဒီယမ် ဆိုသည့်

စကားသည် ဂျင်မနော့ဟူသော ဂရိစကားမှ ဆင်းသက်လာ၍

ကိုယ်တုံးလုံးဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ်ဂရိ

လူငယ်များသည် ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်းဆင်းချိန်

တွင် မိမိတို့ဝတ်ဆင်ထားသော အဝတ်များကိုချွတ်၍ ကစား

ကြသည်။ အားကစားရုံတွင် ကိုယ်လက် ကြံ့ခိုင်ရေး၊ ပေါ့

ပါးဖျတ်လတ်ရေး၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အချိုး

အဆစ်ပြေပြစ်ရေး စသည်တို့အတွက် လေ့ကျင့်ကစားနိုင်

သောပစ္စည်းများထားရှိရ၏။ များသောအားဖြင့် ကျောင်း

များတွင် ကစားရုံများထားရှိပြီးလျှင် ကျောင်းသားလူငယ်

များအား ကိုယ်လက်ကျန်းမာဖွံ့ဖြိုးလာအောင် နည်း

လမ်းတကျ သင်ပြပေးလေ့ရှိပေသည်။ အားကစားရုံများတွင်

လက်နှင့်ဆွဲတက်ရန် ကြိုးများနှင့် လှေကားများကိုလည်း

ကောင်း ၊ကွင်းဗါး(ရင်းဗါး)၊ တတန်းဗါး၊ နှစ်တန်းဗါးများကို

လည်းကောင်း၊ ဒမ်ဗယ်ဗါးဗဲခေါ် အလေးများနှင့်

အင်းဒီးယန်းကလပ်ခေါ် တင်းပုတ်များကိုလည်းကောင်း၊

လက်သီးထိုးကျင့်စရာ ဘောလုံးနှင့် လက်ထောက် ခုန်ပြီး

ကစားရသော မြင်းဗါးများကိုလည်းကောင်း၊ကစားစရာ

ပစ္စည်းအမျိုးမျိုးကို တွေ့မြင်နိုင်ပေသည်။

အားကစားလေ့ကျင့်ရာတွင် ကိုယ်လက်အင်္ဂါအားလုံးကို

တစ်ခုနှင့်တစ်ခု အဆင်ပြေအောင် လှုပ်ရှားနိုင်မှုနှင့် အကိုက်

အချက်ကျအောင် လှုပ်ရှားနိုင်မှုသည် အရေးအကြီးဆုံးဖြစ်၏။ ဤသို့လှုပ်ရှားနိုင်ရန်မှာ သာမန်လူတို့အတွက် ခက်

ခဲမည်ဖြစ်သော်လည်း၊ အားကစားရုံတွင် ဆိုင်ရာပစ္စည်းကရိ

ယာများဖြင့် စနစ်တကျလေ့ကျင့်ထားသူအဖို့မှာမူ မည်

သို့မျှခက်ခဲခြင်းမရှိပေ။ အားကစားနည်းများကို လေ့ကျင့်

ပေးခြင်းဖြင့် ကိုယ်၏ကျန်းမာမှုကိုသာမဟုတ်၊ စိတ်ကျန်း

မာမှုကိုလည်းရစေနိုင်သည်။ ထို့ကြောင့်ပင် နိုင်ငံတိုင်း လိုလို၌

အထူးသဖြင့် ကျောင်းများတွင် အားကစားရုံများ ထားရှိကာ

လူငယ်များအား အားကစားနည်းများကို စံနစ်တကျ

လေ့ကျင့်သင်ပြပေးလျက်ရှိပေသည်။(ကိုယ်လက်ကြံ့ခိုင်ရေး

လည်း)

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)