တပွဲစား သရဲ(အစ/အဆုံး)
သူ့သားသမီးတွေဆီကို လာတဲ့ အခိုက်အတန့်မှာ လူတွေ 
လာစောင့်ပြီး မေးကြတာတဲ့ဗျ။ဘိုးစို ကလည်း သူ့့အနားကို
လူတွေ တစ်ယောက်မှ အကပ်မခံဘူးတဲ့ဗျိ ု့။
ခပ်လှမ်းလှမ်းက ပဲမေးကြရတာတဲ့ဗျ။သူ့သားမယားနဲ့လည်း 
ဝေးဝေးပဲ နေတာတဲ့။နောက်တော့ ဘယ်နေ့ မိုးရွာမယ် 
ဘယ်နေ့ လေပြင်းတိုက်မယ် ကအစ ကြိ ုပြောတော့ 
ယာလုပ်တဲ့ လူတွေ အတွက်လည်း ကြိုပြီးပြင်လို့
 ရကြတာပေါ့ဗျာ။
တချို့ဆိုရင် ဘိုးစို စောင့်ရှောက်ပါဆိုပြီး အသားစိမ်း 
တစ် တစ်တောင် တင်မြှောက်ပြီး ဘိုးစို ကို ပသတဲ့ အဆင့်ထိ 
ရောက်လာတာတဲ့ဗျို့။ဘိုးစို က တောထဲမှာနေပေမယ့် 
သူ့ကို ဘယ်သူတွေ ပသနေတယ်ဆိုတာ သိသတဲ့ဗျာ။
နောက်တော့ ဘိုးစို သူ့့အိမ်ကိုပြန်မလာတော့ဘူးတဲ့ဗျ။
လူတွေက ဘိုးစို ကို မေးချင် စမ်းချင်လို့ ဘိုးစိုနေတဲ့ တဲကို 
လိုက်တော့လည်း တဲမှာမရှိဘူးတဲ့။ ဘိုးစို ပျောက်သွားပြီး
ဆယ်ရက်လောက် ကြာတော့မှ တစ်ညမှာ ညောင်ဝိုင်း တစ်ရွာ
လုံးမှာရှိတဲ့ ခွေးတွေမှန်သမျှ တစ်ပြိုင်တည်း ထပြီး အူတော့
တာတဲ့ဗျိ့ ု။တချို့ ခွေးတွေက အသံရှည် ဆွဲပြီး အူတော့တာတဲ့။
ဒါနဲ့ ဒေါ်မယ်ပုနဲ့ သူ့သမီး မစုံတို့လည်း အိမ်ရှေ့ဝိုင်းထဲ 
ဆင်းကြည့်ကြတာ ဆိုပဲ။
"ဟဲ့ မယ်ပု ငါနင်တို့ကို စိတ်မချလို့ လာကြည့်တာ”
 လို့ပြောလိုက်တဲ့ ဘိုးစိုရဲ့ အသံကြီးကို သားအမိ 
နှစ်ယောက်လုံး ကြာလိုက်ကြသတဲ့။
"ဟင် ကိုစို ရှင်ဘယ်မှာတုန်း”
" မယ်ပုရ ငါ နင့်နားမှာပဲ ဒါပေမယ့် နင်တို့ ငါ့ကိုမြင်ရတော့မှာ 
မဟုတ်ဘူး။ငါ လူစစ်စစ်ကနေ သရဲဘဝကို မသေပဲ 
ကူးသွားပြီ။ အေးလေ  ဒါကတော့ ငါ့အကြောင်းပေါ့ မယ်ပုရယ် 
ညည်းတို့ သားအမိ ကျန်းကျန်းမာမာ ရှိရဲ့လားလို့ ငါလာကြည့်
တာ။နင်တို့ဆီကို တစ်ခါလာဖို့ဆိုတာ မလွယ်တော့ဘူး 
အထက်က ဆိုင်ရာ ပုဂ္ဂိုတွေ ဆီမှာ ခွင့်တောင်းပြီးမှ 
လာရတာ ဒါပေမယ့် မပူပါနဲ့ နင်တို့သားအမိရော 
ဟောဒီ ညောင်ဝိုင်း ရွာသားတွေကော 
ငါစောင့် ရှောက်နေပါတယ်။ကဲ ငါကြာကြာနေလို့ မရဘူး 
သွားပြီ”
လို့ပြောပြီး အသံပျောက်သွားတာတဲ့ဗျိ ု့။
နောက်တော့ တလနေမှ တစ်ခါ နှစ်လနေမှတစ်ခါပဲ လာတွေ့
တော့တာ။ သူလာတဲ့ညဆိုရင် တစ်ရွာလုံး က ခွေးမှန်သမျှ
ခွေးအိုကြီးတွေကစပြီး ခွေးပေါက်စလေးတွေ ထိ အူတော့
တာပဲဗျို့။
"ဟာ ဘိုးစို လာပြီဟေ”
့ ဆိုပြီးရွာထဲက လူတွေက ဝိုင်းထဲ ဆင်းပြီးပြောကြ ဆိုကြ
သတဲ့။တစ်ချိ ု့လည်း ဘိုးစို ကို ဘာဖြစ်သွားမှန်းမသိပဲ ထိုင်ပြီး 
ရှိခိုးတဲ့ သူက ရှိခိုးကြတတဲ့ဗျိ ု့။တစ်ခါတစ်လေတော့ ဘိုးစိုက 
ရွာသားတွေ ကြားအောင် ခြေသံကြီးပေးပြီး လာတာတဲ့ဗျ။
''ဘုန်း ဘုန်း ဘုန်း ဘုန်း''
ဘိုးစိုရဲ့ ခြေသံကြီးက တဘုန်းဘုန်းနဲ့ မြေတောင်တုန်မတတ်
် ပဲတဲ့ဗျ။ဒါဆိုရင်တော့ ဘိုးစို ဘယ်နားမှာ ရှိတယ်ဆိုတာ 
သိနေကြပြီး ဝိုင်းထဲထွက် ပြောဆိုကြတော့တာပဲတဲ့ဗျာ။
"မယ်ပုနဲ့ မယ်စုံ ငါနင်တို့ဆီ လာနိုင်တော့မယ် မထင်ဘူး။
ငါ့ကို အထက် ပုဂ္ဂိုတွေက တာဝန်တစ်ခုပေးလို့ တရပ်တကျေး
ကို ငါသွားရမယ် ဘယ်လောက်ကြာမယ်ဆိုတာ ငါမသိဘူး။ဒီ
အရပ်ကို ငါပြန်ရောက်လာရင်တောင် နင်တို့ ရှိချင်မှရှိတော့မှာ 
ဒီတော့ ငါ နင်တို့ကို အပြီးနှုတ်ဆက်သွားပြီ”
လို့ပြောတော့ ခေါ်မယ်ပုနဲ့ သူ့သမီး မစုံတိုက ဝမ်းနည်းပြီး 
ရှိုက်ကြီးတငင် ငိုကြတော့တာပေါ့ဗျာ။
"မငိုနဲ့ မငိုနဲ့ နင်တိ့ုငိုတော့ ငါလည်းစိတ်မကောင်းဘူး။ဖြစ်သမျှ 
အကြောင်း အကောင်းကြီးပေါ့လေ ကဲ့ငါသွားပြီ ”
ဆိုပြီးအသံပျောက်သွားတယ်။အဲ့ဒီညကစပြီး တစ်လ တစ်ခါ 
အူတဲ့ခွေးတွေလည်း လုံးဝမအူတော့ဘူး။ဘိုးစိုမလာတော့ဘူး 
ဆိုတာကို ညောင်ဝိုင်း တစ်ရွာလုံးက သိကြတာပေါ့။
အရီးမယ်ပုတို့ သားအမိလည်း ဘိုးစို မလာတော့ဘူးဆိုတာ 
သိကြတော့ သူတို့ တိုက်နဲ့ဝိုင်းကို ရောင်းချပြီး ရွာဦးကျောင်း 
ဆရာတော်ကို ကျောင်းတစ်ဆောင် ဆောက်လုပ်ပြီး 
လှုကြတယ်။ ကျောင်းအဝမှာ ညောင်ဝိုင်းရွာသား မုဆိုးကြီး 
ဘိုးစိုကောင်းမှု့လို့ ကမ္ပည်းထိုးထားကြ သတဲ့ဗျ။
ကျောင်းပြီးတာနဲ့ ရေစက်ချ အမျှဝေပြီး ဒေါ်မယ်ပုတို့ သားအမိ
တို့ ရွာကနေ အပြီးပြောင်းသွားကြရောတဲ့ဗျို့။
တချို့ပြောတော့လည်း စစ်ကိုင်းချောင်မှာ သားအမိနှစ်ယောက်
လုံး သီလရှင် ဝတ်နေတယ်တဲ့။
ဒေါ်မယ်ပုတို့ သားအမိကတော့ တကယ့်ကို တရားရလောက်ပါ
တယ်။ကြောက်လည်း အကြီးအကျယ် ကြောက်သွားကြပုံပဲ။
ဘကျ ုပ်ပြောပြတဲ့ တစ်ပွဲစား အကြောင်းက ဒါပဲဗျ။
ကျ ုပ်လည်းကျ ုပ်သူငယ်ချင်းပြောပြတဲ့ ညောင်ဝိုင်းက 
မုဆိုးကြီးရဲ့ အဖြစ်အပျက်ကို စိတ်ဝင်တစား နားထောင်နေမိ
တာပေါ့ဗျာ။
"နေပါဦး တာတေရ ငါတို့ရွာသားတွေက မုဆိုးကြီး ဘိုးစိုကို 
တစ်ပွဲစားကြီးလို့ ဘာကြောင့်ခေါ်တာလည်းကွ။ငါလည်းသူ
တို့ခေါ်လို့သာ လိုက်ခေါ်တာကွ ။တစ်ပွဲစားဆိုတာ 
ဘာအဓိပ္ပာယ်နဲ့ ခေါ်မှန်းကို မသိတာကွ”
"ဘကျ ုတ်ကလည်း တစ်ပွဲစားဆိုတာ လူကနေ မသေပဲ 
တဖြည်းဖြည်း သရဲ ဖြစ်သွားတာကိုခေါ်တာကွ 
လူတစ်ပိုင်း သရဲတစ်ပိုင်းကြီးတွေကို ခေါ်တာကွ။
တစ်သက်လုံး ကောင်းမှု့ကုသိုလ် ဘာမှမလုပ်ပဲ 
ပါဏာတိပါတာကံ ထူးထူးခြားခြား ကျ ူးလွန်တဲ့ ဘိုးစိုတို့လို ၊
အင်းသူကြီး ဘိုးစံမဲ တို့လို လူတွေဟာ 
တစ်ပွဲစားကြီးတွေဖြစ်ပြီး အရှင်လတ်လတ်ကနေ 
သရဲကြီးတွေ ဖြစ်သွားကြတာကွ ဘကျ ုတ်ရ”
"ဟေ ဟုတ်လား မင်းပြောတဲ့ အင်းသူကြီး ဘိုးစံမဲ ဆိုတာ
လည်း တို့ရွာက ဘိုးစို တို့လို ဖြစ်တာပဲလားကွ”
"ဟုတ်ပါ့ဗျာ အင်းကြီးတွေကို လေလံဆွဲပြီး အင်းသူကြီး
လုပ်ကြတဲ့ လူတွေဟာ ဒီအလုပ်ကြီးက အကုသိုလ်ကြီးလွန်း
လို့ သုံးနှစ်လောက်ပဲ လုပ်ကြတာကွ။ပြီးရင် တခြားအလုပ်ကို 
ပြောင်းလုပ်ကြတယ်ဆိုပဲ ။ ဘိုးစံမဲက သူ့ညီမ မဖဲဝါနဲ့ 
အတူတူမင်းပြစ်မင်းဒဏ် သင့်တော့မှာမို့လို့ ထွက်ပြေးတိမ်း
ရှောင်ရတာဆိုတော့ ဒီအင်းကြီးထဲမှာပဲ ဇာတ်မြှုပ်နေကြရတာ
ကိုး။ဒီတော့ သုံးနှစ်မဟုက်ပဲ တစ်သက်လုံး ဒီအလုပ်ပဲ 
လုပ်ကြရတော့တာပေါ့။
ဒီမှာတင် အကုသိုလ်က အတိုင်းအစမရှိ ကြီးကုန်တော့တာပေါ့ 
ဘကျ ုတ်ရ”
"နေပါဦးကွ တာတေရ မင်းပြောတဲ့ အင်းသူကြီး ဘိုးစံမဲနဲ့ 
သူ့ညီမ မဖဲဝါ အကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းသား
ကွနော်”
"အေးဟုတ်တယ်ကွ အကိုလုပ်တဲ့ ဘိုးစံမဲံ့က အင်းကြီးထဲမှာ 
လှေတစ်စင်းနဲ့ ပိုက်ဆွဲတဲ့နေရာတွေ လိုက်ကြည့်တယ် 
အကုသိုလ်များလာတော့ ဘယ်နားမှာ ဘာငါးတွေ ရှိတယ် 
ဆိုတာကို ဘိုးစံမဲက အတတ်သိနေတော့တာ။
 ဒီတော့လည်း မောင်ညိုတို့က ဘယ်နားမှာ ပိုက်ချ 
ငါးမြင်းကြီကြီးတွေ ရှိတယ် မောင်မဲတိုက ဘယ်နားမှာ ပိုက်ဆွဲ 
ငါးဒန်အုပ်လိုက်စုနေတယ်။မောင်ဘတို့က ဘယ်နားမှာ
 ပိုက်သွားချ ငါးကျည်းတွေ အလုံးလိုက် အုပ်စုဖွဲ့ နေတယ်ဆိုပြီး 
ပြောတာကွ သူပြောတဲ့နေရာတွေမှာ ပိုက်ချရင်လည်း 
သူပြောတဲ့ အတိုင်းကို တန်းနေတော့တာတဲ့ ဘကျ ုတ်ရေ။
ဒီတော့ ဘိုးစံမဲ အင်းမှာ အလုပ်လုပ်တဲ့ လူတွေက
သက်သာကြတာပေါ့ကွာ ငါးကိုလွယ်လွယ်နဲ့ ရနေကြ တော့
တာပေါ့”
"အေးနော် အင်းလုပ်ရတာလည်း အကုသိုလ်တော့ 
တော်တော်ကြီးသား တာတေရ”
"ဟကြီးပါပြီလား ဘကျ ုတ်ရာ ငါးရံ့ကြီးတွေကို ငါးပိလုပ်
 ငါးခြောက်ခွဲတယ် ဆိုတာ အရှင်လတ်လတ်ကြီးတွေကို 
ခေါင်းဖြတ် မသေမရှင်တွေကို ခွဲကြစိတ်ကြ ဆားနယ်ကြရတာ
ကွ ။ငါးကျည်းခြောက်လုပ်တာကို မင်းမမြင်ဘူးလို့ကွ ။
ကြပ်စင်ပေါ်ကို ငါးကျည်းတွေ ဒီအတိုင်း တောင်းကြီးတွေနဲ့ 
လောင်းချပြီး အရှင်အတိုင်း ဖြန့်လိုက်ရတာ ပြီးတော့ 
အောက်က မီးနဲ့ မြိုက်တာ ငါးတွေက တွန့်တွန့်လူးပြီး 
သေတာကွ ဘကျုပ်ရ”.....
"တာတေ မင်းက ဒါတွေ မြင်ဖူးလို့လား”
"ဟ ငါက ငါတို့ ရွာက ကိုဆိတ်ဖွားနဲ့ အောက်ပြည်ကို ငါးပိဝယ် 
ငါးခြောက်ဝယ် လိုက်ဖူးတယ်ကွ။အင်းကြီးတွေထဲလည်း 
လိုက်သွားဖူးတယ်။ဒါတွေက ငါတွေ့ခဲ့ တာတွေလေကွာ”
"ပြောပါဦးကွ ဘိုးစံမဲတို့ မဖဲဝါတို့ အကြောင်းကို”
"အေးအေး ဘိုးစံမဲ ကအင်းထဲမှာ ဦးစီးပြီး ငါးဖမ်းသလို 
ရလာတဲ့ ငါးတွေကို ငါးပိတန် ငပိ ၊ငါးခြောက်တန် ငါးခြောက်ခွဲ 
ပုဇွန်ခြောက်လုပ် ပုဇွန်ဒုန်းခြောက်လှန်း ၊ဒါတွေကို လူအုပ်ချပြီး 
နိုင်နင်းအောင် လုပ်တဲ့နေရာမှာ ညီမလုပ်တဲ့ မဖဲဝါက 
အုပ်စီးရတာပေါ့ကွာ ။နောက်တော့ မင်းတို့ရွာက ဘိုးစိုကြီးလို
ပါပဲ။ဘိုးစံမဲလည်း ပုံစံကြီး ပြောင်းပြောင်းလာပြီး
သားစိမ်း ငါးစိမ်းတွေ စားတဲ့ အဖြစ်ကို ရောက်တော့တာတဲ့။
တစ္ဆေ သရဲဆိုတာကို ဒီအတိုင်းမြင်နေရတာတဲ့။သူ့အင်းထဲမှာ 
ငါးလာခိုးတဲ့ သရဲတော့ သေလောက်အောင်ခံရတာတဲ့ဟေ့။
အတင်းရေထဲဆင်း အတင်းဝင်လုံး နပမ်းသတ် လက်ဝှေ့ထိုးနဲ့ 
သရဲလည်း ငယ်သဲပါအောင် အော်အော်ပြီးပြေးရရောတဲ့ဟေ့။
ဘိုးစိုလိုပါပဲကွာ သူလည်း နောက်ဆုံး လူအကောင်အထည်
ကြီး ပျောက်ပြီး သူ့ညီမက အသံပဲကြားရ
တော့တာတဲ့။နောက်ဆုံးတော့ လုံးဝကို လာလို့မရတော့ပဲ 
အထက်ပုဂ္ဂိုလ်တွေ စီစဉ်တဲ့အတိုင်း နေရတော့တာပေါ့ကွာ”
"သူ့ညီမ မဖဲဝါကေရာ ”
"ဟ ဘကျ ုတ်ရ..မဖဲဝါကလည်း အကုသိုလ်
တွေအများကြီး လုပ်ခဲ့တာပဲလေ။ဒါပေမယ့် မဖဲဝါကတော့ 
တစ်ပွဲစား မဖြစ်ဘူး သူကသေပြီးမှ သရဲဖြစ်တာ။မဖဲဝါက
 လူ့ဘဝမှာ အကုသိုလ် အလုပ်လုပ်ပေမယ့် သူ့မှာမလွဲသာလို့
တာ လုပ်ရတာကွ။ကုသိုလ် အကုသိုလ်
နားလည်ပုံရတယ်။အကုသိုလ်ကို စိတ်ပါလက်ပါ လုပ်ပုံမရ
ဘူး။ဒါကြောင့် သရဲဖြစ်တာတောင် သူ့မှာ ကုသိုလ်အစွမ်း
လေးတွေ ရှိနေတယ် ဘကျ ုတ်ရ”
"ဘိုးစံမဲတို့ မဖဲဝါတို့ခုထိ 
မကျွတ်သေးဘူးလားကွ တာတေရ”
"ဟာ ဘကျ ုတ်ကလည်း သူတို့ဘုံဘဝရဲ့ သက်တမ်းနဲ့
လူ့ဘုံရဲ့ သက်တမ်းက ကွာတယ်လေကွာ ခုထိမကျွတ်ကြသေး
ဘူး။ဘိုးစံမဲကြီးက ကွင်းပိုင်ကြီးလေမဖဲဝါက သင်္ချိ ုင်းအပိုင်စား
ကြ”
"ကွင်းပိုင်ကြီးဆိုတာ တစ်ပွဲစားကြီး ဘိုးစံမဲလား”
"ဟုက်ပါ့ဗျာ ”
"သြော် ဒီလောကမှာ တို့ရွာက ဘိုးစိုလို လူမျိုးလည်းရှိတာကိုး”
"ရှိတာပေါ့ကွာ နို့နေပါဦး ဘကျ ုတ်ရဲ့ မင်းခု ငါ့ဆီကို လာရတဲ့ 
အကြောင်းကိုလည်းပြောဦးလေကွာ”
"အေး ဟုတ်သားပဲ ဘိုးစို တို့ အကြောင်းပြောရ ဘိုးစံမဲတို့ 
မဖဲဝါတို့ အကြောင်းပြောရနဲ့ လာရင်းကိစ္စ ကိုတောင် 
မပြောဖြစ်ဘူးဖြစ်နေတယ်”
ဘကျ ုတ်က နဂါးဆေးပေါ့လိပ်ကို နှစ်ဖွာ သုံးဖွာဆက်တိုက်ဖွာ
လိုက်ပြီးတော့ ပြာခံခွတ်ထဲမှာ ချထားလိုက်တယ်။
"ဒီလို တာတေရေ တစ်ပွဲစားကြီး ဘိုးစိုငါတို့
ရွာကနေ အပြီးပျောက်သွားတာကြာလှပြီကွ ။
သူ့မိသားစုကလည်း အပြီးရောင်းချပြီး ပြောင်းသွားတာ ကြာပြီ
ပဲ။ခုဆိုရင် ဘွားသီိလရှင် ဝတ်သွားတဲ့ ဒေါ်မယ်ပုတောင် 
ရှိသေးရဲ့လား မသိဘူးကွ။ဟိုတစ်ညကတော့ ငါတို့ ညောင်ဝိုင်း
မှာ တစ်ရွာလုံး ရှိတဲ့ခွေးတွေ ပြိုင်တူအူလိုက်ကြတာကွာ 
ခွေးအိုကြီးတွေကစပြီး မွေးကင်းစအကောင်အထိ 
တစ်ကောင်မှကို မကျန်ဘူးဟေ့”
"ဟာ ဟုတ်လား ဘိုးစိုရှိတုန်းက အူတဲ့ပုံစံပဲလား”
"ဟုတ်ပါ့ဗျာ အဲဒီအတိုင်းကို အူတာကွ ခွေတွေအူပြီး 
ခဏကြာတော့ ရွာထဲကို ဝင်လာတဲ့ ခြေသံကြီး 
ကြောက်စရာကြီး တာတေရာ''ဘုန်း ဘုန်း ဘုန်း ဘုန်း''ဆိုပြီး
တလှမ်းချင်း လှမ်းဝင်
လာတာကွ ခလေးအမေတွေ ဆိုရင် ခလေးတွေကို နားတွေ 
လက်နဲ့အုပ်ထားကြရတာဆိုပဲ”
"ဒါဆိုရင် ဘိုးစိုပြန်ရောက်လာတာ ဖြစ်မှာပေါ့ကွ”
"အေး ဟုက်တယ်
ငါတို့ တစ်ရွာလုံးကလည်း ဒီအတိုင်းပဲ ထင်ကြတာ တခြားလူ
တွေက သေပြီးမှ သရဲဖြစ်သွားတာ မို့လား။သူ့မိသားစုကို 
မှတ်မိချင်မှ မှတ်မိမှာပေါ့ကွာ ။ဘိုးစိုကတော့ မသေဘဲ သရဲ
ဘဝကို ကူးသွားတာဆိုတော့ သူ့မိသားစုကို မေ့ပုံမရဘူး”
"အင်း မင်းပြောတာ ဖြစ်နိူင်တယ် ဘကျ ုတ် ။
အေးပြောပါဦးကွ နောက်တော့ တစ်ပွဲစား သရဲကြီးက 
ဘာလုပ်တုံး ”
"သူအိမ်ရှေ့ရောက်တော့ ခြေသံပျောက်သွားတယ်ကွ ၊
ခွေးတွေကတော့ ရပ်သွားလိုက် ခဏကြာရင် ထအူလိုက်နဲ့ 
တစ်ရွာလုံး ဘယ်သူမှ မအိပ်ရဲတောဘူးပေါ့ကွာ”
"သူ့အိမ်ကို ပြန်လာတာ ရှိမယ်ကွ ”
ကျ ုပ်ကလည်း ကျ ုပ်တွေးမိတာကို ပြောတာပေါ့ဗျာ။
သူ့့တိုက်ကို အရီးမယ်ပုဆီက ဝယ်ထားတဲ့ လူတွေလည်း 
ကြောက်ကြတာပေါ့ကွ။တစ်ပွဲစား သရဲကြီးက
သူတို့အိမ်ရှေ့မှာ ရပ်နေတာကို အိမ်ထဲကလူတွေသိတော့
အသားဆတ်ဆတ်တုန်အောင် ကြောက်ကြတာတဲ့ကွ။
"ဒါတော့ ဟုတ်မှာပေါ့ ဘကျ ုတ်ရာ လောကမှာ 
သရဲမကြောက်တဲ့ လူဆိုတာ ခပ်ရှားရှား။လူမပြောနဲ့ ခွေးတွေ 
နွားတွေတောင် သရဲကြောက်ကြတာကွ”
"သရဲကြောက်တဲ့
 အထဲမှာ မင်းတော့မပါလောက်ဘူးထင်တယ် တာတေ”
ဘကျ ုတ်က ကျ ုပ်ကိုပြုံးဖြဲဖြဲနဲ့ ကြည့်ပြီးပြောတာဗျ။
"ဘကျ ုတ်ရာဘယ့်နှယ်မကြောက်ဘဲ ရှိပါ့မတုံး ကြောက်လိုက်
တာမှ ကြက်သီးတွေ တဖြန်းဖြန်းထနေတာကွ။
တခါတလေများ ဆံပင်တွေတောင် ထောင်ကုန်တာဟေ့”
"ဟင် ဟုတ်လား ဒါနဲ့များ မင်းက ဒီကိစ္စတွေ 
လိုက်လုပ်နေရတယ်လို့”
 ''ဟား ဟား ဟား ဟား ဒါကတော့ ဝါသနာကွ ဘကျ ုတ်ရ 
ဝါသနာ”
"သြော် အေး ငါစကားဆက်ရဦးမယ် တစ်ပွဲစား သရဲကြီးက
 ခုဆိုငါတို့ရွာထဲကို ညတိုင်းလာနေတာကွ
အာရုဏ်တက်ခါနီးမှ ပြန်သွားတာကွ။သူပြန်ထွက်သွားတဲ့ 
ခြေသံကြီးလည်း ကြားကြရတယ်ကွ။တစ်ညတော့ 
တစ်ပွဲစားကြီးက အိမ်ရှေ့မှာ ရပ်နေရုံတင် မကဘူး
''မယ်ပု မယ်ပု သမီးမယ်ဆုံ''
လို့လှမ်းခေါ် သတဲ့ဟေ့။ကျန်တဲ့လူတွေကတော့ မကြားကြဘူး
တဲ့ အိမ်ထဲက လူတွေကတော့ အကုန်လုံးကြားတယ်။
သူတိ့ုလည်း တို့ရွာသားတွေပဲလေကွာ
ဘိုးစိုကို သူတို့လည်းကောင်းကောင်းသိတာပေါ့။ 
သူတိ့ုပြောတာတော့ မယ်ပု မယ်ပု လို့ခေါ်တဲ့ အသံက 
ဘိုးစိုမှ ဘိုးစိုအသံတဲ့ဗျာ”
" အင်း ခက်တော့ ခက်တာပဲ ဘကျ ုပ်ရာ
သူကလည်း သူ့မိသားစုကို သတိရလို့ လာတာမို့လား
တခြားကလည်း မဟုတ်ဘူးလေ ကို့ယ့်ရွာသားလေ။
တစ်သက်လုံးလည်း ရွာကလူတွေကို အသားငါး ရှာကျွေးခဲ့တဲ့ 
သူတစ်ယောက်လေကွာ။
 ပြီးတော့ ကိုယ့်မျက်စိအောက်မှာပဲ တစ်ပွဲစားကြီးဖြစ်ပြီး 
သရဲကြီးဖြစ်သွား တာလည်း တစ်ရွာလုံး သိနေကြတယ်မို့
လား”
"ဒါပေမယ့် တာတေရေ ဘိုးစိုသရဲက မယ်ပု မယ်ပုလို့ ခေါ်
တဲ့ည နောက်တစ်နေ့ မိုးလည်းလင်းရော ဘိုးစိုတို့အိမ်ကို 
ဝယ်ပြီးနေတဲ့ သူတွေတစ်ခါတည်းပြောင်းပြေးတော့တာပဲဟေ့။
မင်းစဉ်စားကြည့်လေကွာ ဒီလူတွေပြောတာလည်း မမှားဘူး
ပထမရွာထဲဝင်လာပြီး အိမ်ရှေ့မှာ လာရပ်တယ် နောက်တော့
သူ့မိန်းမနဲ့ သူ့သမီးကို နာမည်ခေါ်တယ် နောက်ဆိုရင် အိမ်ထဲ
ဝင်မလာဘူးလို့ မပြောနိုင်ဘူးလေ”
"အေး သူ့တိုပြောတာလည်း ဟုတ်တာပဲကွ ဘကျုတ်ရ”
"ငါအခုလာတာ အဲဒီကိစ္စပဲကွ ငါ့ဘိုးညောင်ဝိုင်း သူကြီးလည်း 
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဟေ့။ရွာသားတွေကလည်း
ရောက်လာပြီးမေးကြတာ ။သူကြီး ဘာလုပ်မှာတုံး တခုခုတော့ 
လုပ်မှဖြစ်မယ် နဲ့ပေါ့ကွာ။ဒီကြားထဲ တချို့ရွာသားတွေက 
သူကြီးရဲ့ နှစ်လုံးပြူး သေနတ်နဲ့ ပစ်လွတ်ပါလားဗျ
လို့ ပြောလိုပြော ၊ဘုန်းကြီးပင့်ပြီး တစ်ရွာလုံး ပရိတ်ရွတ်ဗျာ
လို့ ပြောလိုပြောပေါ့ကွာ။ ငါ့ဘိုးတွေးတာက တစ်ပွဲစားသရဲကြီး
က မသေပဲ သရဲဖြစ်သွားတာဆိုတော့ ဒီရွာကို သူ့ရွာလို့ပဲ 
သတ်မှတ်နေတာ သွားလုပ်လိုက်တော့မှ တစ်ပွဲစားသရဲကြီး 
စိတ်ဆိုးသွားရင် ခက်မယ်ဆိုပြီး ဘာမှမလုပ်သေးတာကွ”
"အေး မင်းဘိုးသူကြီးတွေးတာမှန်တယ်ကွ ဘကျ ုတ်ရ”
"တွေးတာတော့ မှန်တယ်ကွ တာတေရ ။
ဒါပေမယ့် အခြေအနေတွေက အရမ်းဆိုးသွားပြီ ”
"ဟေ ဘယ်လိုဖြစ်သွားလို့တုန်း"
"ငါ့ဘိုးက ခဏနေကြပါဦး စဉ်စားပါရစေဦး ဆိုတာကို 
တစ်ချိ့ကလည်း မကျေမနပ်ဖြစ်ကြရောဟေ့။ဒီသူကြီးလုပ်ပုံနဲ့ 
ငါတို့တစ်ရွာလုံး ဒုက္ခဖြစ်တော့မယ် ဆိုပြီး ညဘက် ခွေးတွေ 
အူသံကြားတာနဲ့ သံပုံးတွေတီးကြတော့တာဟေ့။
တစ်ရွာလုံးကိုညံနေတာပဲ။
ပြီးတော့ ဘိုးစိုကြီး ဝင်လာတဲ့ လမ်းမှာ ပရိတ်ရေတွေ 
ထွက်ဖြန်းကြတယ်”
"ဟာ ဒီလိုလုပ်လို့ ဘယ်ဖြစ်မှာတုံး ”
"ဘာဖြစ်ရမှာတုံး တာတေရ 
အေး တစ်ပွဲစားကြီးကို သွားပြီးဆွ လိုက်သလို ဖြစ်တော့တာ
ပေါ့…ပရိတ်ရေဖြန်းတဲ့ ကိုကြောင်သိုးဆိုတဲ့လူကို ဆောင့်တွန်း
ပစ်လိုက်တာ နေရာမှာတင် ပွဲချင်းပြီးသွား ပါရောလား”
"ဟေ ဟုက်လား ကိုကြောင်သိုး ဆိုတဲ့လူ သေရောလား”
"သြော်ပွဲချင်းပြီးပါဆို တာတေရာ.. ပြီးတော့ ဝိုင်းထဲမှာ 
ထွက်ပြီး သံပုံးတီးနေတဲ့ မလုံးဆိုတဲ့ မိန်းမကို သွေးတွေနဲ့ 
ပက်ပစ်ခဲ့တာ တကိုယ်လုံး ရဲသွားတာဟေ့”
"ဟာ တစ်ပွဲစားကြီး အရမ်းစိတ်ဆိုးသွားပြီကွ မင်းတို့ရွာတော့ 
မလွယ်ဘူး ထင်တယ်”
"သူ့မိန်းမနဲ့ သမီးကိုလည်း ရှာလို့မတွေ့
ဒီကြားထဲ ရွာက သူ့ကို သံပုံးတီးထုက် ပရိတ်ရေတွေဖြန်းဆို
တော့ တအား ဒေါသဖြစ်သွားတာပေါ့။
အဲဒါငါ့ဘိုး ညောင်ဝိုင်းသူကြီး ဦးရွှေကြ ုတ်က ဟောဒီက ဆရာ
ကိုတာတေကို ပင့်ခိုင်းလိုက်လို့ လာပင့်တာပါဗျာ”
"လုပ်ပြန်ပြီ ဒီပင့်တာကြီးက ”
 အမေနဲ့ အဘကိုပြောပြီး ကျုပ် ဘကျ ုတ်နဲ့ ညောင်ဝိုင်းကို 
လိုက်ခဲ့တယ်။ဘကျ ုတ်တို့ လှည်းကိုမောင်းတာက ညောင်ဝိုင်း
က ဆယ်အိမ်ခေါင်း ကိုသန်းတဲ့ဗျ ။လှည်းမောင်းတာ 
လွှတ်ကျွမ်းတဲ့ လူပဲဗျ။ဒါပေမယ့် ကျုပ်တို့ညောင်ဝိုင်းကို 
ရောက်တော့ မိုးတော်တော်ချ ုပ်နေပြီ။ သူကြီးဦးရွှေကြုတ်နဲ့ 
ကျ ုပ်စကားပြောတယ်။ပြီးတာနဲ့ ကျ ုပ်နဲ့ ကျုပ်သူငယ်ချင်း 
ဘကျုတ် ထမင်းတူတူစားတယ် ။ထမင်းစားပြီးတော့ ကျုပ်က
 မျက်ကွင်းဆေးကွင်းပြီး တစ်ပွဲစားသရဲကြီး ဘိုးစိုတို့ 
တိုက်ကိုထွက်ခဲ့တယ်။သူကြီးအမိန့်နဲ့ တိုက်ပိုင်ရှင်တွေက 
သော့လာပေးထားတော့ ကျ ုပ်နဲ့ ဘကျ ုတ်က အဆင်သင့် 
ဖွင့်ပြီးအိမ် ပေါ်ထပ်မှာ နေရာယူထား ကြတာပေါ့ဗျာ။
''ဝူး ဝူး ဝူး ဝူး ဝူး ဝူး''
''အီ အီ အီ ဝူး''
ဟော ခွေးတွေအူပြီဗျို့ ။ဘကျုတ်ပြောတဲ့ အတိုင်းပဲဗျ 
ရွာထဲမှာရှိသမျှ ခွေးတွေ အသံမျိုးစုံနဲ့ နေရာအနှံ့က
 တပြိုင်တည်း အူတော့တာဗျိ ု့။
''ဘုန်း ဘုန်း ဘုန်း ဘုန်း''
ဟော ကြားပြီဗျို့ ခြေသံကြီး ကြားနေရပြီ ရွာထဲကို လျှောက်ဝင်
လာတာဗျ။ခုတော့ သံပုံးလည်း မတီးဝံ့တော့ဘူး။
ပရိတ်ရေလည်း ထွက်မဖြန်းရဲ တော့ဘူး။တရွာလုံး အိမ်တံခါး
တွေပိတ် မီးခွတ်တွေမှုတ်ပြီး ငြိမ်နေလိုက်ကြတာ
လူမနေတဲ့ တစပြင်ကြီးကြနေတာပဲ။လူ့သဘာဝကိုက 
ဒီအတိုင်းပဲဗျရဲပြီဆိုရင်လည်း လူလောက်ရဲတာမရှိဘူး။
ကြောက်ပြီဆိုလည်း လူလောက်ကြောက်တာမရှိတော့ဘူးလေ
ဟော ရောက်လာပြီ ခြေသံကြီးက အိမ်ရှေ့မှာ ရပ်သွားပြီ
ကျ ုပ်က အဆင်သင့် ရှာထားတဲ့ ပြတင်း တံခါးကြားက
 အပေါက်ကလေးကနေ ချောင်းကြည့်လိုက်တယ်။
အောင်မလေးဗျ ကျုပ်လန့်အော်မိတော့မလို့ စိတ်ထဲမှာတော့ 
အော်လိုက်မိတာပေါ့ဗျာ။နည်းနည်းနောနော အကောင်ကြီးမှ 
မဟုတ်တာ အရပ်ကြီးက တကယ့်ကို ထန်းပင်လောက် ရှိတာ
ခြေထောက်ကြီးတွေ ကလည်း သစ်ပင်လောက်ရှိတယ်။
နီရဲနေတဲ့ မျက်လုံးကြီးတွေက ပန်းကန်လုံး ကြီးကြီးတွေ 
မှောက်ထားသလား မှတ်ရတယ်။ပါးစပ်ပြဲကြီးထဲမှာ 
အစွယ်ကြီးတွေမှ အရှည်ကြီးကို ထွက်နေတာဗျ။တစ်ပွဲစား 
သရဲကြီးက သူဝိုင်းရှေ့မှာ မားမားကြီးရပ်ပြီး သူ့အိမ်ကို 
စိုက်ကြည့်နေတာ။
ဘကျ ုတ်ကတော့ မမြင်ရဘူးပေါ့။
 ကျ ုပ်ကတာ မျက်ကွင်းဆေး ကွင်းထားလို့ မြင်နေရတာ 
ဘကျ ုတ်ကတော့ ကျ ုပ်လက်မောင်းကို ကျစ်ကျစ်ပါအောင်
် စုတ်ထားတယ်။
တစ်ပွဲစားသရဲကြီးက လျှာနီနီကြီး တွဲလောင်းကျလို့ဗျ ။
ဟာငိုနေတာဗျ ငိုနေတာ ရင်ဘတ်ကြီးလှိုက်လှိုက်ပြီး 
ရှိူက်ငိုနေတာ ကျ ုပ်တောင် မျက်ရည်ဝိုင်းလာတယ်။
"မယ်ပု မယ်ဆုံ နင်တို့ဘယ်ရောက်သွားကြတာတုံး”
သရဲကြီးပြောတာကို ကျ ုပ်တော့ကြားရတယ်။
ဘကျ ုတ်တော့ကြားပုံ မပေါ်ဘူး။
မနက်လင်းအားကြီးတဲ့ အထိ ဘိုးစိုသရဲကြီးက ငိုနေတုန်းဗျာ။
လူစစ်စစ်ကနေ မသေပဲ ပြောင်းသွားတာတော ကျ ုပ်အံသြလို့ 
မဆုံးဘူးဗျာ။ဟော သွားပြီ တစ်ပွဲစားကြီး ရွာထဲကနေ ချာခနဲ 
လှည့်ပြီး ရွာထဲကနေ ပြန်ထွက်သွားပြီ။ခွေးတွေ အူသံက
လည်း တစ်ရွာလုံးကို ညံသွားတာဗျိ ု့
နောက်တနေ့မှာ စီစဉ်စရာတွေ အားလုံး စီစဉ်ထားလိုက်တယ်။
ည ကိုးနာရီလောက်မှာညောင်ဝိုင်းက နတ်ကတော် ဒေါ်ကျင်ပု
ကို ခေါ်ပြီး ညောင်ဝိုင်း သင်္ချိင်းထဲမှာ မဖဲဝါကို ပင့်ရတယ် 
စားပွဲ သောက်ပွဲနဲ့ ကျွေးမွေးပြီး အကျိုးအကြောင်း
 အကုန်ပြောပြရတယ်။ပရိတ်ရေဖြန်းတဲ့ ကိုကြောင်သိုး 
သေတာကအစ  သံပုံးတီးတဲ့ မလုံးကို သွေးနဲ့ ပက်သွားတာပါ 
မကျန် ပြောပြလိုက်တယ်။
"တာတေ ငစိုက တစ်ပွဲစားသရဲ အကုသိုလ်သိပ်ကြီးတဲ့
ဲ့အကောင်။ သူ့အတွက် လှုဒါန်းပေးလို့လည်း အပိုပဲ သူကျွတ်ဖို့
ဆိုတာ အဝေးကြီး လိုသေးတယ် ။
သူ့လို တစ်ပွဲစားတွေကြတော့ နတ်မင်းကြီးတွေနဲ့ပဲ ဆိုင်တယ် 
ငါနတ်မင်းကြီးကို ခုချက်ချင်း
သွားပြီးလျှောက်ပေးမယ်”
သင်္ချိင်းကပြန်လာတာနဲ့ နတ်ကတော်ကြီးကို အိမ်ပြန်ပို့ 
ပေးလိုက်တယ် ပြီးတော့ ကျုပ်နဲ့ဘကျ ုတ် ဘိုးစို တိုက်ကို 
တံခါးဖွင့်ပြီး ဝင်လာခဲ့ရောဗျာ။
ညသန်းခေါင်လောက်ရောက်တော့ ထုံးစံ အတိုင်းပေါ့ဗျာ။
''ဝူး ဝူး ဝူး ဝူး အီ အီ အီ ဝူး''
ညောင်ဝိုင်းဇာတိစစ်စစ်ဖြစ်တဲ့ ခွေးလောက ကြီး
တစ်ခုလုံး အူကြတာဗျိ ု့
''ဘုန်း ဘုန်း ဘုန်း ဘုန်း''
တစ်ပွဲစားကြီး လာပြီဗျို့။ဟော အိမ်ရှေ့ကို ရောက်လာပြီ
 မနေ့ညကလိုပါပဲဗျာ မတ်တတ်ကြီးရပ်ပြီး ရှိူက်ကြီးတငင် 
ငိုနေပြန်ရော ခဏနေတော့ အငိုရပ်ပြီး ဟိုကြည့် ဒီကြည့်
လုပ်နေတယ်ဗျ။
"မယ်ပုနဲ့ မယ်ဆုံ ငါသွားရတော့မယ် နတ်မင်းကြီး ကိုယ်တိုင် 
ငါ့ကို အမိန့်ပေးနေပြီ နောက်ဆိုရင် လူတွေ နေတဲ့
ရပ်ထဲ ရွာထဲ ကိုငါဝင်ခွင့် မရှိတော့ဘူး နင်တို့ကိုလွမ်းလို့
တောင်မှ ဒီအိမ်ကို လာကြည့်ခွင့်ရမှာ မဟုတ်ဘူး မယ်ပုရေ 
နင်အကြိမ်ကြိမ် သတိပေးတဲ့ကြားက နင့်စကားကို
 နားမထောင်မိလို့ ဒီလိုဘဝမျိ ုးကို ရောက်ခဲ့ရတယ်ဆိုတာ 
ငါသိတယ် မယ်ပု ငါသိတယ်”
တစ်ပွဲစားသရဲကြီး နောင်တရသွားတဲ့ပုံပဲဗျ 
ဒါပေမယ့်သိပ်နောက်ကျသွားခဲ့ပြီပေါ့့ဗျာ။
''ဘုန်း ဘုန်း ဘုန်း ဘုန်း''
တစ်လှမ်းချင်းပြီး ရွာထဲက ပြန်ထွက်သွားတဲ့ခြေသံကြီးကို 
ကျ ုပ်လိုက်နားထောင်နေမိတယ် တစ်ပွဲစားကြီး ဘိုးစို
 ဒီရွာထဲကိုဘယ်တော့မှ လာမှာမဟုက်တော့ပါဘူးဗျာ။
နောက်တစ်နေ့မှာ ဘကျုတ်က ကျုပ်ကို လှည်းနဲ့ ရွာပြန်ပို့ပေးခဲ့တယ်။
ပြီးပါပြီခဗ်ာ
Zawgyi
 ရကြတာပေါ့ဗျာ။
နောက်တော့ ဘိုးစို သူ့အိမ်ကိုပြန်မလာတော့ဘူးတဲ့ဗျ။
ဆင်းကြည့်ကြတာ ဆိုပဲ။
သွားပြီ”
တာပဲဗျို့။
"ဟာ ဘိုးစို လာပြီဟေ”
"မငိုနဲ့ မငိုနဲ့ နင်တို့ငိုတော့ ငါလည်းစိတ်မကောင်းဘူး။ဖြစ်သမျှ 
တာပေါ့ဗျာ။
လုပ်ကြရတော့တာပေါ့။
ဘကျုတ်ရ”
ကွနော်”
တာပေါ့”
သေတာကွ ဘကျုပ်ရ”.....
"သူ့ညီမ မဖဲဝါကေရာ ”
တာ လုပ်ရတာကွ။ကုသိုလ် အကုသိုလ်
ကြ”
"ဟုက်ပါ့ဗျာ ”
တလှမ်းချင်း လှမ်းဝင်
"အေး ဟုက်တယ်
"အင်း မင်းပြောတာ ဖြစ်နိုင်တယ် ဘကျုတ် ။
ဘာလုပ်တုံး ”
သူ့တိုက်ကို အရီးမယ်ပုဆီက ဝယ်ထားတဲ့ လူတွေလည်း 
ကြောက်ကြတာပေါ့ကွ။တစ်ပွဲစား သရဲကြီးက
"သရဲကြောက်တဲ့
လိုက်လုပ်နေရတယ်လို့”
ဝါသနာ”
သူတို့လည်း တို့ရွာသားတွေပဲလေကွာ
သူတို့ပြောတာတော့ မယ်ပု မယ်ပု လို့ခေါ်တဲ့ အသံက 
သူတစ်ယောက်လေကွာ။
လား”
ထွက်ဖြန်းကြတယ်”
"ဘာဖြစ်ရမှာတုံး တာတေရ 
မလွယ်ဘူး ထင်တယ်”
''ဝူး ဝူး ဝူး ဝူး ဝူး ဝူး''
''အီ အီ အီ ဝူး''
စိုက်ကြည့်နေတာ။
် စုတ်ထားတယ်။
ရှိုက်ငိုနေတာ ကျုပ်တောင် မျက်ရည်ဝိုင်းလာတယ်။
မကျန် ပြောပြလိုက်တယ်။
 မနေ့ညကလိုပါပဲဗျာ မတ်တတ်ကြီးရပ်ပြီး ရှိုက်ကြီးတငင် 
လုပ်နေတယ်ဗျ။
ငါသိတယ် မယ်ပု ငါသိတယ်”
ဒါပေမယ့်သိပ်နောက်ကျသွားခဲ့ပြီပေါ့ဗျာ။
ပြီးပါပြီခဗ်ာ
Comments
Popular posts from this blog
ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)
ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)