ကကတစ်

 ကကတစ်။ ။ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်

လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ်

၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ

ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ‘ပါစီဒို’

မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍

အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေး

ရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ဘေး တစ်ဖက်တစ်ချက်

တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင်

နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများ

ပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုးဖြစ်၏။ အကြေးများမှာ

မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။

ဤငါး၏ အရောင်မှာ မွဲပြာရောင် ဖြစ်၍၊ ကျောပိုင်းတွင်

အစိမ်းရောင် ဝမ်းပိုက်တစ်လျှောက်တွင် အဖြူရောင် သန်း

နေသည်။ ကကတစ်သည် သာမန်အားဖြင့် တစ်ပေခွဲသာ

ရှိသော်လည်း၊ တစ်ခါတစ်ရံ အရှည် ၅ ပေ အလေးချိန်

၅၅ ပိဿာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ

အတော်အသင့် ကောင်းမွန်သော ငါး စည်ဖောင်းကော်ကို

ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)