ကစားစရာများ

 ကစားစရာများ ။

။ကစားစရာများသည် လူတစ်မျိုး

နှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲကောင်းကွဲလွဲမည်

ဖြစ်သော်လည်း၊ ရှေးပဝေဏီကပင် ပေါ်ပေါက်ခဲ့ပေသည်။

သို့ရာတွင် လူတို့၏ခေတ်သည် အမျိုးမျိုးပြောင်းလဲခဲ့သည့်

အတိုင်း ကလေးကစားစရာများသည်လည်း ခေတ်အလိုက်

အမျိုးမျိုး တိုးတက်ပြောင်းလဲလာခဲ့ကြပေသည်။ အထူး

သဖြင့်စက်မှုနှင့်သိပ္ပံပညာ ထွန်းကားလာသည့် အခါမှစ၍

ကလေးကစားစရာများ၏ အဆင့်အတန်းမှာ သိသိသာသာ

တိုးတက်၍လာခဲ့ပေသည်။ ရှေးခေတ်လူတို့သည် ရွှံ့နှင့်

ပြုလုပ်သောမြင်းရုပ်၊ နွားရုပ်များ၊ ဝါးပင်ကျူပင်မှ ပြုလုပ်

သော ပြွေကလေးများဖြင့် မိမိတို့သားသမီးများ၏ စိတ်

ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့ကြ၏။ အဝတ်စုတ်များ၊သစ်တိုဝါးစများနှင့် ပြုလုပ်သော ကစားစရာများဖြင့်လည်း သား

သမီးငယ်များကို နှစ်သိမ့်စေခဲ့ကြလေသည်။

ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ရှေးနှစ်ပေါင်းများစွာ

ကစ၍ ကလေးကစားစရာများကို ကမ္ဘာအနှံ့အပြားသို့ တင်

ပို့ရောင်းချခဲ့ကြသည်။ ထိုတိုင်းပြည်များမှ ခေတ်စားသော

အရုပ်များမှာ ကော်ရုပ်ကလေးများနှင့် မော်တော်ကား၊ မီး

ရထား၊ စက်ဘီးစသည့်အရုပ်ကလေး များဖြစ်သည်။ ကလေး

များတက်စီးနိုင်သော လှုပ်မြင်းရုပ်များ၊ နှစ်ယောက်စီးများ

ရဟတ်များကို ကမ္ဘာအရပ်ရပ်ရှိ မည်သည့်ကလေးမျှမနှစ်

သက်ဘဲမနေနိုင်ပေ။ ဂျပန်နိုင်ငံ၊ ချက်ကိုဆလိုဗါးကီးယား

နိုင်ငံတို့မှလည်း စက္ကူ၊ ဝါး၊ ထင်ရှူးသား ၊ကြွေ၊ ရွှံ့ကျွဲကော်

စသည်တို့ဖြင့် ပြုလုပ်ထားသည့် ကစားစရာမျိုးစုံကို ကမ္ဘာ

အနှံ့အပြားသို့ အကြီးအကျယ်

တင်ပို့ရောင်းချခဲ့လေသည်။

ကစားစရာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့်

အတိုင်း ကစားစရာ ပြုလုပ်သောသူတို့သည် မိမိတို့၏ကုန်ကို

တွင်ကျယ်စွာ ရောင်းချနိုင်ရန်အတွက် ကစားစရာများကိုပိုမို

ကောင်းမွန်အောင် တီထွင်နိုင်ရန် အမြဲကြိုးစားခဲ့ကြသည်။

ကြိုးစားသည့် အတိုင်းလည်း ယခုအခါ သိပ္ပံပညာနှင့်ယှဉ်

သော စက်တပ်ကစားစရာ အဆန်းအပြားများ ပေါ်ပေါက်

လာပေပြီ။ ရေထဲတွင် ခုတ်မောင်းနိုင်သော သင်္ဘောရုပ်က

လေးများ၊ သံပတ်ဖြင့်သွားသော မော်တော်ကားရုပ်ကလေး

များ၊သံလမ်းပေါ်တွင် ပတ်ပြေးသောမီးရထားရုပ်ကလေး

များ၊ လေထဲတွင် ပျံဝဲနိုင်သော လေယာဉ်ပျံရုပ်ကလေး

များမှာ ကလေးသူငယ်များသာမက လူကြီးများပင် နှစ်ခြိုက်

သဘောကျစရာဖြစ်ပေသည်။

ကလေးကစားစရာ အမျိုးမျိုးရှိရာတွင်အချို့မှာ လှုပ်ရှား

နိုင်ခြင်းမရှိသော အရုပ်သေများသာဖြစ်သည်။ အချို့မှာ

လှုပ်ရှားနိုင်၊ ခုတ်မောင်းနိုင်သော အရုပ်ရှင်များဖြစ်သည်။အချို့မှာမူ ကလေးများစိတ်ကူးဉာဏ် ထက်သန်တိုးတက်

ရေးအတွက် ဖန်တီးပေး၍ ကလေးများကိုယ်တိုင် တပ်ဆင်

ပြုလုပ်ရသော ကစားစရာများ ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင်လည်း ကလေးကစားစရာ ပြုလုပ်ရောင်း

ချသူများရှိသည်။ ဦးဘရုပ်(ဖိုးဘရုပ်) ပစ်တိုင်းထောင်နှင့်တကွ မင်းသားရုပ်၊ မင်းသမီးရုပ်၊ မြင်းရုပ်၊ ကျား ရုပ်များ

တွင် ကြိုးတပ်ထားသော ရုပ်သေးရုပ်များမှာ ယနေ့တိုင်

အောင်ပင်မရိုးနိုင်သေးချေ။ အဝတ်စ၊ စက္ကူ စတို့ဖြင့် ပြုလုပ်

ထားသော ဘီလူးခေါင်း၊ ကျားခေါင်းစသည်များ လည်းရှိ

သည်။ အရုပ်မျိုးစုံကို များသောအားဖြင့် ဘုရားတန်ဆောင်းရှိ ဆိုင်များနှင့်ပွဲဈေးတန်းများ၌ ရောင်းချလေ့ရှိကြ

သည်။ ယခုခေတ်တွင်မူ ကစားစရာများကို ဆိုင်များဖွင့်

လှစ်၍ပင် ရောင်းချနေကြပြီ။ ထိုဆိုင်များတွင် ကစားစရာများ

အမျိုးစုံလှသည့်ပြင် ရှေးခေတ် ကစားစရာများထက် များစွာ

အဆင့်အတန်း မြင့်လာသည်ကိုလည်း တွေ့ရပေသည်။

ကလေးစီးစက်ဘီးကလေးများ၊ မော်တော်ကားကလေးများ

နှင့် မြင်းရုပ်ကလေးများမှာ ကလေးတိုင်း လိုချင်မက်မော

လောက်အောင်ပင် ကောင်းမွန်ကြပေသည်။ ထိုကဲ့သို့ ကစား

စရာများ၏ အဆင့်အတန်းတိုးတက်၍ လာပြီမှန်သော်လည်း

နိုင်ငံခြားထုတ်ကုန် အဖြစ်သို့ကား မရောက်သေးချေ။

ကစားစရာလုပ်ငန်းတွင် များသောအားဖြင့် အလုပ်ရုံများမှ

ပိုလျှံကြွင်းကျန်နေသော ပစ္စည်းအစအနများကို သုံး ကြ

သည်။ သစ်တိုသစ်စအတွက် သစ်ရုံသစ်စက်များမှ လည်း

ကောင်း၊ အဝတ်စများအတွက် စက်ချုပ်သောဌာနများမှ

လည်းကောင်း အမြောက်အမြား ဝယ်ယူရပေသည်။

ယခုပင်ဤမျှ တိုးတက်နေသော ကစားစရာလုပ်ငန်းသည်

အနာဂတ်ကာလတွင် ယခုထက် အဆပေါင်းများစွာ

တိုးတက် လာဦးမည်မှာ ယုံမှားဖွယ်မရှိချေ။

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)