ကကုသန်မြတ်စွာဘုရား

 ကကုသန်မြတ်စွာဘုရား။ ။ ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒ

ကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမ

ဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သား

ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့်

လက်ထပ်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီး

နောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်

မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက်

ကုက္ကိုဗောဓိပင်ရင်းဝယ် သမ္ဗုညုတဉာဏ်တော်ကို ရ၍ ဘုရား

ဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်

နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဒ္ဓိဝတို့ဖြစ်သည်။ အလုပ်

အကျွေး (တပည့်)ကား ရှင်ဗုဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာ

ဘုရား၏ဉာဏ်တော်အမြင့်သည်အတောင် လေးဆယ်

ဖြစ်၏။ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင်

ခေမာရုံ၌ ပရိနိဗ္ဗာန်ပြုတော်မူရာ၊ ကြွင်းသောဓာတ်တော်အစု

ကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထား

ကိုးကွယ်ကြသည်။ ထိုအခါ လူတို့၏သက်တမ်းမှာ ၄

သောင်းဖြစ်၏။

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)