ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)
"အား…ဝူး…ဝူး…ဝူး" ခွေးနက်ကြီးက ဆက်တိုက်ကို အူနေတာဗျို့။ "ဟာ" "ဘာတုံး၊ ကိုကြီးတာတေ ဘာမြင်လို့တုံး" "ငြိန်ငြိမ်နေ ကျောက်ခဲ၊ ငြိမ်ငြိမ်နေ" လရောင်ဝါးဝါးလေးအောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ပြေးနေတာဗျ။ ဒါ ဘာကောင်လေးတွေလဲ၊ ကြောင်တွေလား၊ ပြေးတာတော့ ကြောင်ပြေးသလို ပြေးတာဗျ။ လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျို့။ အရွက်က လည်း ကြောင်လောက်ပဲရှိတာ။ ကျုပ် မန် ကျည်းပင်ပေါ်ကနေ သေသေချာချာ ကြည့် နေတယ်။ "ဟာ …မှင်စာတွေပဲကွ၊ ကျောက်ခဲရ" "ဟုတ်လား၊ များလား ကိုကြီးတာတေ" "အများကြီးပဲကွ၊ ဘယ်နှကောင်မှန်း မသိတော့ ဘူးကွ ကျောက်ခဲရ" "ဒီကောင်တွေ ဘာလုပ်ဖို့ ရောက်လာတာတုံး ကိုကြီးတာတေရ" "ဟကောင်ရ၊ အိမ်ထဲဝင်ပြီး စားသောက်ပစ်ဖို့ ပေါ့ကွ၊ ဟော ဟော အိမ်ထဲကို ပြေးဝင်သွားကြ ပြီဟေ့" ကျုပ်နဲ့ ကျောက်ခဲ ဆက်ပြီးစောင့်ကြည့်နေလိုက် တယ်။ "အား…ဝူး…ဝူး…ဝူး…" ခွေးနက်ကြီးတစ်ကောင်ကတော့ အဆက်မပြတ် ကို အူနေတာပဲဗျို့။ မှင်စာတွေကတော့ အိမ်ထဲ ကို ဝင်သွားကြပြီ။ "အား…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီ…" ဟော ခွေးအူသံကြီးက တစ်မျိုးပြောင်းသွားပြီဗျို့။ မှင်စာတွေ အိမ်ထဲဝင်သွ...