Posts

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

"အား…ဝူး…ဝူး…ဝူး" ခွေးနက်ကြီးက ဆက်တိုက်ကို အူနေတာဗျို့။ "ဟာ" "ဘာတုံး၊ ကိုကြီးတာတေ ဘာမြင်လို့တုံး" "ငြိန်ငြိမ်နေ ကျောက်ခဲ၊ ငြိမ်ငြိမ်နေ" လရောင်ဝါးဝါးလေးအောက်မှာ ရိပ်ကနဲ ရိပ်ကနဲ ပြေးနေတာဗျ။ ဒါ ဘာကောင်လေးတွေလဲ၊ ကြောင်တွေလား၊ ပြေးတာတော့ ကြောင်ပြေးသလို ပြေးတာဗျ။ လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျို့။ အရွက်က လည်း ကြောင်လောက်ပဲရှိတာ။ ကျုပ် မန် ကျည်းပင်ပေါ်ကနေ သေသေချာချာ ကြည့် နေတယ်။ "ဟာ …မှင်စာတွေပဲကွ၊ ကျောက်ခဲရ" "ဟုတ်လား၊ များလား ကိုကြီးတာတေ" "အများကြီးပဲကွ၊ ဘယ်နှကောင်မှန်း မသိတော့ ဘူးကွ ကျောက်ခဲရ" "ဒီကောင်တွေ ဘာလုပ်ဖို့ ရောက်လာတာတုံး ကိုကြီးတာတေရ" "ဟကောင်ရ၊ အိမ်ထဲဝင်ပြီး စားသောက်ပစ်ဖို့ ပေါ့ကွ၊ ဟော ဟော အိမ်ထဲကို ပြေးဝင်သွားကြ ပြီဟေ့" ကျုပ်နဲ့ ကျောက်ခဲ ဆက်ပြီးစောင့်ကြည့်နေလိုက် တယ်။ "အား…ဝူး…ဝူး…ဝူး…" ခွေးနက်ကြီးတစ်ကောင်ကတော့ အဆက်မပြတ် ကို အူနေတာပဲဗျို့။ မှင်စာတွေကတော့ အိမ်ထဲ ကို ဝင်သွားကြပြီ။ "အား…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီ…" ဟော ခွေးအူသံကြီးက တစ်မျိုးပြောင်းသွားပြီဗျို့။ မှင်စာတွေ အိမ်ထဲဝင်သွ...

ကျောက်ယား (စ/ဆုံး)

သည်တော့မှ ကိုကြီးဖိုးသောင် ပြန်သွားတယ်။ "ဟဲ့ …တာတေ အဲဒါ ဘယ်သူတုံး" အမေက သည်တော့မှ မေးတာဗျ။ "မီးလောင်ကုန်းက ဘကြီးထွန်းဆောင်ရဲ့သား ကိုဖိုးသောင်ကြီးလေ အမေရဲ့" "သြော် ဒါ ကိုထွန်းဆောင်သားလား။သူ့အဖေ ထွန်းဆောင်က လူချမ်းသာပဲ" အဘကလည်း တန်းလျားမှာ ထိုင်နေရင်းက လှမ်းပြောလိုက်တယ်။ "နို့ ဖိုးသောင်က လာလည်တာလား" "မဟုတ်ဘူးအမေရဲ့ သူ့ညီဝမ်းကွဲ အောင်မောင်းဆိုတဲ့ ကောင် ရူးနေလို့တဲ့ဗျ" "ဟေ ရူးနေတယ် ဘယ်လိုဖြစ်လို့တုံးဟဲ့" "ရိုးမပေါ်က ကျောက်ယားတောင်ကိုက ဂျပန်သရဲ ကိုင်တာတဲ့ဗျ။ရူးလိုက်တာမှ သွက်သွက်ကို လည်နေတာဆိုပဲ။ ပါးစပ်ကလည်း ဂျပန်လိုချည်း ပြောတာပဲဗျ" "အို ဖြစ်ရလေတယ် နို့ ဒီသူငယ်က ဘယ်အရွယ်တုံး" အမေက စိတ်မကောင်းဖြစ်သွားပြီး မေးတယ်ဗျ။ "အောင်မောင်းက ကျုပ်နဲ့ရွယ်တူဗျ အမေရ" "ဟင် …အငယ်လေး ရှိသေးတာပဲ ဒီကောင် ဘာများ သွားလုပ်မိလို့လည်းမှ မသိတာ နင့်လာခေါ်တာလား" "ဟုတ်တယ်ဗျ ကိုကြီးဖိုးသောင်က ကျုပ်ကို အကူအညီ လာတောင်းတာ သန်ဘက်ခါ ကျုပ် လိုက်သွားမယ်" "တာတေ နင်က ဂျပန်သရဲကို ဘယ့်နှယ်လုပ်မှာတုံး မတော်လို့ နင်ပါ ရူး...

စုန်းမ (စ/ဆုံး)

"အရီး ဒီပညာတွေကို ဘယ်အရွယ်မှာ တတ်ခဲ့တာတုံး" "အရီး ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်,နှစ်မှာ တတ်ခဲ့တာ" "အရီး ဘာဖြစ်လို့ ဒီပညာကို သင်တာတုံးဗျ" "အင်း …ဒီလိုတာတေရဲ့ ၊ အရီးတို့မှာ ညီအစ်မသုံးယောက် ရှိတာ။ အရီးက မယ်ခ ၊ အရီးညီမက မယ်မြ၊ အရီးတို့ အစ်မကြီးက မယ်လှတဲ့ ။ မမယ်လှက နာမည်နဲ့လိုက်အောင် ရုပ်ချောတယ်။ မမယ်လှ အပျိုဖြစ်တဲ့ အချိန်မှာ တစ်ရွာလုံးက ကာလသားမှန်သမျှ ကြိုက်ကြတာပေါ့ကွယ်။ တစ်ရက်တော့ တို့ရွာကို ဆရာတစ်ယောက် ရောက်လာပြီး ဆေးကုတယ်။ မမယ်လှကိုတွေ့တော့ ဆေးနဲ့တို့လိုက်တာ ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာတင် မမယ်လှက ဒီလူကို တန်းတန်းစွဲဖြစ်တော့တာပေါ့။ အမေတို့ အဘတို့ကလည်း လုံးဝ မပေးစားဘဲ မမယ်လှကို အခန်းထဲထည့်ပြီး သော့ပိတ်ထားကြတာ နောက်ဆုံး မမယ်လှ ရူးပြီး သေသွားတယ်" "ဟာ ဖြစ်မှဖြစ်ရလေဗျာ" အဲဒီထဲက အရီးလည်း ဆရာဆိုတဲ့ ကောင်တွေကို စိတ်နာပြီး ဒီပညာကို သင်လိုက်တာ၊ အရီးညီမ၊ မယ်မြကိုလည်း အတူတူသင်ဖို့ အဖော်စပ်ပေမယ့် မယ်မြက မသင်ဘူး။ အရီးတစ်ယောက်တည်း သင်ခဲ့တာ" "အရီး သင်တော့ တော်တော်ခက်ခက်ခဲခဲ သင်ခဲ့ရတာလား" "ဘယ်ခက်ရမှာတုံး တာတေရယ် ၊ ငါ့ကို သင်ပေးတဲ့ ပညာသယ်မ...

ကိုးသင်္ချိုင်းပုဆိန် (စ / ဆုံး)

နင်လည်းဆရာတွေနဲ့လျှောက်လိုက်ဖူးတာပဲလေ…”   "အခုအနေကတော့ ဘာမှလုပ်လို့မရသေးဘူးဗျ။ ဘာဆိုတာသဲသဲကွဲကွဲသိမှ လုပ်လို့ရမှာ"     အမေနဲ့ ကျူပ်စောစောစီးစီး  ညကကိစ္စကိုဆက်ပြော နေကြတောပေါ့ဗျာ။ ဒီတုန်းမှာပဲ. .  . . . . . . .      "ကိုကြီးတာတေ ဦးဖိုးထောင်တို့အိမ်မှာ  ဦးသာဆန်းတို့ရော ကိုကြီးသံခဲတို့ရော လူတွေစုံနေကြပြီ  ဦးဖိုးထောင်လည်းပြန်ရောက်နေတယ်ဗျ   အဲ့ဒါကိုကြီးတာတေသွားခေါ်ခိုင်းလို့ ကျုပ်လာခေါ်တာ"     "ဟဲ့ ဒါ လှရင်သား မျက်ပြူ းမို့ လား" အမေကမျက်ပြူးကို သေသေ ချာချာကြည့်ပြီး  မေးတယ်ဗျ။       "ဟုတ်တယ် ဘွားငွေစိန် ကျူပ် မျက်ပြူ းပါ"      "အေး အေး  နို့ ဖိုးထောင်ကို ဘယ်သူသွားခေါ်  လိုကၱာတဲ့တုံး"       "အဲ့ဒါတော ကျူပ်လည်း မသိဘူးဗျ  ကျူပ်တို့ကလေးတွေ   အစည်းအဝေးလုပ်နေတုန်းမှာ  ဦးသာဆန်းကြီးက ကျူပ်ကိုခေါ် ပြောတာဗျ"         "ဟေ နင်တို့က  အစည်းအဝေးလုပ်တယ်ဟုတ်လား  ဘာတွေစည်းဝေးတာတုံး"         "အဲ ညကျရင် မအ်ိပ်ဘဲ ပုန်...

ဂူဖောက်သူ (စ/ဆုံး)

ဘိန်းစာဘစိန်က ပြောစရာရှိတာပြောပြီး ဂူကြီးပေါ်ကနေ ကုတ်ဖဲ့ဆင်းလာတယ်ဗျ။ အောက်ရောက်တော့ သူယူလာတဲ့ အိတ် ကြီးထဲကနေ သံစို့ကြီးတွေ၊ သံကလော်နဲ့ တူကြီးကို ထုတ်တယ်ဗျ၊ တူကတော့ ခြောက်ပေါင်းတူကြီးဗျ။ "ကဲ…တာတေရေ တို့လုပ်ငန်းစကြစို့ဟေ့၊ ငါဖောက်လို့ လွယ်မဲ့နေရာကိုကြည့်ထား တယ်ကွ၊ ဟောဒီဘေးဖက်က အုတ်တွေ က အနောက်ဘက်ဆိုတော့ မိုးရေအထိ များပြီး ပိုဆွေးနေတာကွ၊ အဲဒီဘက်က ဖောက်ရမယ်" "ဟာ ကိုကြီးဘစိန် သံစို့တွေရဲ့ အနောက် ဘက်မှာ ပုဆိုးစုတ်တွေ ပတ်ထားပါလားဗျ" "အေးလေကွာ ဒါမှတူနဲ့ရိုက်ရင် အသံ မထွက်မှာပေါ့" "အော် ဒီလိုလား ကိုကြီးဘစိန်က အလုပ် လုပ်တာ တော်တော်သေသပ်တာပဲ" "ဒါပေါ့ တာတေရာ ဘာပဲလုပ်လုပ် စနစ် တကျသာလုပ်ကွ။သတိဆိုတာ ပိုတယ်လို့ ရှိတာမဟုတ်ဘူးကွ" ပြောပြောဆိုဆို ဘိန်းစားဘစိန်က သူ့ရဲ့ ခါးကိုင်းကိုင်းကြီးကို ကုန်းပြီး အုတ်ဂူရဲ့ ဘေးဘက်ကနေစပြီး ဖောက်တော့တာပဲ ဗျို့။ဟုတ်သားဗျ။ တူထုတဲ့ အသံက ခပ် အုပ်အုပ်ပဲ ထွက်လာတယ် "ဒုတ်…ဒုတ်…ဒုတ်…ဒုတ်" ဘိန်းစားဘစိန်က သုံးလေးချက်ဆက်ရိုက် လိုက်၊ အသာရပ်လိုက်၊ ဘေးဘီကအသံကို နားစွင့်လိုက်နဲ့ လုပ်နေတာဗျ။ ကျုပ်ကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေရ...