ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)


"အား…ဝူး…ဝူး…ဝူး"
ခွေးနက်ကြီးက ဆက်တိုက်ကို အူနေတာဗျို့။
"ဟာ"
"ဘာတုံး၊ ကိုကြီးတာတေ ဘာမြင်လို့တုံး"
"ငြိန်ငြိမ်နေ ကျောက်ခဲ၊ ငြိမ်ငြိမ်နေ"
လရောင်ဝါးဝါးလေးအောက်မှာ ရိပ်ကနဲ ရိပ်ကနဲ
ပြေးနေတာဗျ။
ဒါ ဘာကောင်လေးတွေလဲ၊ ကြောင်တွေလား၊
ပြေးတာတော့ ကြောင်ပြေးသလို ပြေးတာဗျ။
လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျို့။ အရွက်က
လည်း ကြောင်လောက်ပဲရှိတာ။ ကျုပ် မန်
ကျည်းပင်ပေါ်ကနေ သေသေချာချာ ကြည့်
နေတယ်။
"ဟာ …မှင်စာတွေပဲကွ၊ ကျောက်ခဲရ"
"ဟုတ်လား၊ များလား ကိုကြီးတာတေ"
"အများကြီးပဲကွ၊ ဘယ်နှကောင်မှန်း မသိတော့
ဘူးကွ ကျောက်ခဲရ"
"ဒီကောင်တွေ ဘာလုပ်ဖို့ ရောက်လာတာတုံး
ကိုကြီးတာတေရ"
"ဟကောင်ရ၊ အိမ်ထဲဝင်ပြီး စားသောက်ပစ်ဖို့
ပေါ့ကွ၊ ဟော ဟော အိမ်ထဲကို ပြေးဝင်သွားကြ
ပြီဟေ့"
ကျုပ်နဲ့ ကျောက်ခဲ ဆက်ပြီးစောင့်ကြည့်နေလိုက်
တယ်။
"အား…ဝူး…ဝူး…ဝူး…"
ခွေးနက်ကြီးတစ်ကောင်ကတော့ အဆက်မပြတ်
ကို အူနေတာပဲဗျို့။ မှင်စာတွေကတော့ အိမ်ထဲ
ကို ဝင်သွားကြပြီ။
"အား…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီ…"
ဟော ခွေးအူသံကြီးက တစ်မျိုးပြောင်းသွားပြီဗျို့။
မှင်စာတွေ အိမ်ထဲဝင်သွားတာ နာရီဝက်လောက်
ရှိသွားပြီ၊ ဟော ထွက်လာကြပြီဗျို့။ လှစ်ကနဲ လှစ်
ကနဲ ပြေးထွက်သွားကြပြီဗျို့။
ဟော ခွေးနက်ကြီးလည်း ရွာစည်းရုံးဘက်ကို
ပြေးထွက်သွားပြီဗျို့။ နောက်နေ့ရောက်တော့
ကျုပ်လည်း တစ်နေ့လုံး စီစဉ်နေရတော့တာ
ပေါ့ဗျာ။ အိမ်လုံးမှာ သရေဂွနဲ့ လောက်စာလုံး
တော့ ရှိကြတာပဲဗျာ။
စီစဉ်ရတာတော့ လွယ်ပါတယ်။ သံပုံးတီးဖို့လည်း စီစဉ်ထားရတယ်။ ကျုပ်ကတော့ သိမ်ဝင်အပ်မှာ ကြက်တောင်တပ်ပြီး မြားလုပ်ထားတယ်။ ပြီးတော့
မှုတ်ပြောင်းကို မုဆိုး ကိုတောင်လုံးဆီကို ငှားပြီး
မြားမှုတ်နည်းလည်း သေသေချာချာ သင်လိုက်
တယ်။ ဒီညတော့ ကျုပ်တို့ရွာထဲက အိမ်တိုင်းမှာ
နိုးကြားနေကြတာပေါ့ဗျာ။
ကင်းတဲတွေမှာ ကင်းစောင့်တဲ့လူတွေ အားလုံးက
လည်း လေးခွနဲ့ လောက်စာလုံးအိတ်တွေနဲ့ဗျ။ ဒီ
ညတော့ အပြီးရှင်းရမယ့်ညဆိုတော့ ဒီလိုတစ်ရွာ
လုံး မပါလို့ မဖြစ်ဘူးဗျ။ ကျောက်ခဲက ဝီစီတစ်လုံး
ကိုင်ထားတယ်။
ကျောက်ခဲရဲ့ ဝီစီမှုတ်သံကို တစ်ရွာလုံးက နားစွင့်
နေရမှာလေ။ ဒီပွဲမှာ ယောက်ျားကော၊ မိန်းမကော
အကုန်ပါရမှာလေ။ ကျုပ် ညက မြင်ရတဲ့ အနေအ
ထားကို အားလုံးကို ပြောပြထားပြီးသားဆိုတော့
သူတို့လုပ်ရမယ့်ကိစ္စကို သူတို့ သိပြီးသားဗျ။
ညဆယ်နာရီထိုးတော့ အမေက ကျုပ်နဲ့ ကျောက်
ခဲကို ရေနွေးကြမ်းနဲ့ လက်ဖက်သုတ် လာချပေး
သွားတယ်။ ကျုပ်တို့နှစ်ယောက် လက်ဖက်ရည်
ကြမ်းသောက်ရင်း စကားပြောနေကြတာပေါ့ဗျာ
ကျုပ်ကတော့ နဂါးဆေးပေါ့လိပ် ဖွာနေတာပေါ့
ဗျာ။မျက်ကွင်းဆေးကတော့ အစောကြီးကတည်း
က ကျုပ်ကွင်းပြီးသားဗျ။
ကျုပ်က သိမ်ဝင်အပ်ကို လုပ်ထားတဲ့ မြားကို
မှုတ်ပြောင်းထဲမှာ အဆင်သင့် ထည့်ထားပြီး
သားဗျ။ ကျုပ်က ပြောင်းမှုတ်တာကို သိပ်ပြီး
ဒုံးမဝေးဘူး။ ကိုတောင်လုံးနဲ့ တောထဲကို တစ်
ခါ တလေ လိုက်သွားဖူးတော့ ကိုတောင်လုံး
ပြောင်းမှုတ်တာကို မြင်ဖူးတယ်လေဗျာ။
ညသန်းခေါင်ကျော်ပြီဗျ။
"အာ…ဝူး…ဝူး…ဝူး…"
ဟော ခွေးနက်ကြီး အူပြီဗျို့။ ဒီတစ်ခါအူတာ ရွာ
အနောက်ပိုင်းဗျ။ ကျုပ်နဲ့ ကျောက်ခဲ ရွာနောက်
ပိုင်းကို ခပ်သုတ်သုတ် ထွက်လာကြတယ်။
"အား…ဝူး…ဝူး…ဝူး…"
ခေါင်းကြီးအပေါ်မော့ပြီး အူနေတဲ့ ခွေးနက်ကြီး
ကို တွေ့ရတယ်ဗျ။ ဒီကောင်ကြီးက လကိုကြည့်
ပြီး အူနေတာဗျ။ ကျုပ်က ခွေးနက်ကြီးနဲ့ အနီး
ကပ်နိုင်သမျှ ကပ်ပြီး ရှားဖြူပင်ကြီးအောက်မှာ
ကပ်နေလိုက်တယ်။
"အား…ဝူး…ဝူး…ဝူး…"
ဟော…ခွေးနက်ကြီးကတော့ အဆက်မပြတ်ကို
အူနေပြီဗျို့။ ကျုပ် ရွာလမ်းကို သေချာကြည့်နေ
တယ်။ ဟော လာပြီ၊ လာပြီ မှင်စာအုပ်ကြီး မဲ
မဲ…မဲ…နဲ့ ရွာထဲကို ဝင်လာကြပြီ။
"အား…ဝူး…ဝူး…"
ခေါင်းကြီးမော့ပြီး အူနေတဲ့ ခွေးနက်ကြီးကို ကျုပ် မှုတ်ပြောင်းနဲ့ ချိန်လိုက်တယ်။ ကိုတောင်လုံး သင်
ပေးတဲ့အတိုင်း အသက်ကို ဝအောင် ရှုလိုက်တယ်
ပြီးတော့ အသက်ကိုအောင့်ပြီး မှုတ်ထုတ်လိုက်
တယ်။
"ဝှစ်"
မြားက တန်းကနဲ ထွက်သွားတယ်။ ထိတယ်ဗျို့
ခွေးနက်ကြီးရဲ့ နားထဲကို တည့်တည့်ကို ဝင်သွား
တာဗျို့။
"ကိန်၊ ကိန်၊ ကိန်"
ဟော ခွေးနက်ကြီးအော်ပြီးတော့ ရွာအနောက်
ဘက် စည်းရိုးကို တန်းပြေးပြီဗျို့။
"ကျောက်ခဲ မှုတ်တော့ "
"ရွှီ"
ကျောက်ခဲရဲ့ အဆက်မပြတ်မှုတ်တဲ့ ဝီစီသံက
တစ်ရွာလုံးကို လွှမ်းမိုးသွားပြီဗျို့။ ကျုပ်က မှုတ်
ပြောင်းကို ယူပြီး တန်းကနဲ ရပ်သွားတဲ့ မှင်စာ
အုပ်ကြီးဘက်ကို တည်လိုက်တယ်။
ဝိုင်းထဲကနေ အလျှိုလျို ပြေးထွက်လာတဲ့လူ
တွေကို ကျုပ်က လက်ညှိုးထိုးပြလိုက်တယ်။
"အဲဒီတည့်တည့်ကို ပစ်ကြဗျို့၊ အဲဒီမှာ မှင်စာ
တစ္ဆေတွေ ရပ်နေတယ်"
ကျုပ်ပြောလိုက်တာနဲ့ တစ်ပြိုက်နက် လမ်းမကြီး
တည့်တည့်ကို ဝိုင်းပြီးပစ်ကြတော့တာဗျို့။
"ကျောက်ခဲ ဒုတိယဝီစိ မှုတ်တော့"
"ရွှီ"
ကျောက်ခဲက ဒုတိယအကြိမ် ဝီစီမှုတ်တော့…
"ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…"
ဝိုင်းတွေထဲကနေ သံဗုံးတွေ ဝိုင်းတီးကြတာဗျို့။
ပြေးပြီဗျို့။ မှင်စာတွေ ပြေးပြီဗျို့။ လာလမ်းအ
တိုင်း နောက်လှည့်ကို ပြေးတာဗျို့။
"ဖြောင်း…ဖြောင်း…ဖြောင်း…"
လေးခွအဖွဲ့ကလည်း မနားတမ်းပစ်၊ သံပုံးအဖွဲ့
လည်း မနားတမ်းတီးဆိုတော့တစ်ရွာလုံးကို ဆူ
နေတော့တာပေါ့ဗျာ။
"ဟေး…ဟေး…ဟေး…ဟေး…ဟေး"
တစ်ချို့ကလည်း လေးခွသမားတွေနောက်မှာ
သံပုံးတီးပြီး လိုက်လာတာဗျ။ ပါးစပ်ကလည်း
ဆူညံအော်ဟစ်ပြီး မောင်းထုတ်တာဆိုတော့
မှင်စာမပြောနဲ့၊ ကျုပ်တောင် တစ်ချက် တစ်ချက်
လန့်လန့်သွားတယ်ဗျာ။
ကျုပ်တို့လည်း ရွာပြင်ရောက်တဲ့အထိကို လိုက်
ကြတာဗျ။ မှင်စာတွေ အုပ်လိုက်ကြီး ပြေးလိုက်
တာမှ တန်းနေတာပဲ။
"အား…ဝူး…ဝူး…ဝူး…ဝူး…"
ဟော…ခွေးနက်ကြီးက ရွာပြင်က ကြိုစောင့်နေ
တာဗျို့။ ရွာပြင်ဘက်က ယာထဲကနေ အူနေတာ
ဗျ။ ဟော …မှင်စာတွေ စွတ်ပြေးပြီဗျို့။ ခွေးကြီး
အူတဲ့ဘက်ကို တန်းပြေးကြတာဗျို့။
"ရွှီ"
ကျောက်ခဲကို ကျုပ်က တတိယဝီစီ ဆက်မှုတ်ခိုင်း
လိုက်တယ်။ အားလုံး ရပ်လိုက်ကြရောဗျို့။ ဒါတွေ
က ကျုပ် နေ့ခင်းတည်းက စီစဉ်ထားတာလေဗျာ။
ရွာထဲကနေ အောင်အောင်မြင်မြင်နဲ့ မောင်းထုတ်
လိုက်နိုင်ပြီပေါ့ဗျာ။ နောက်ညတွေမှာ ကျုပ်တို့
ဆက်ပြီး စောင့်ကြည့်သေးတယ်ဗျ။
ဒါပေမဲ့ ခွေးနက်ကြီးရော မှင်စာတွေရော မလာတော့ပါဘူးဗျာ။

ပြီးပါပြီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)