ကိုးသင်္ချိုင်းပုဆိန် (စ / ဆုံး)



နင်လည်းဆရာတွေနဲ့လျှောက်လိုက်ဖူးတာပဲလေ…”
 
"အခုအနေကတော့ ဘာမှလုပ်လို့မရသေးဘူးဗျ။

ဘာဆိုတာသဲသဲကွဲကွဲသိမှ လုပ်လို့ရမှာ"
 
  အမေနဲ့ ကျူပ်စောစောစီးစီး 

ညကကိစ္စကိုဆက်ပြော နေကြတောပေါ့ဗျာ။

ဒီတုန်းမှာပဲ. .  . . . . . . . 
  
 "ကိုကြီးတာတေ ဦးဖိုးထောင်တို့အိမ်မှာ 

ဦးသာဆန်းတို့ရော ကိုကြီးသံခဲတို့ရော လူတွေစုံနေကြပြီ 

ဦးဖိုးထောင်လည်းပြန်ရောက်နေတယ်ဗျ  

အဲ့ဒါကိုကြီးတာတေသွားခေါ်ခိုင်းလို့ ကျုပ်လာခေါ်တာ"
   
"ဟဲ့ ဒါ လှရင်သား မျက်ပြူ းမို့ လား"

အမေကမျက်ပြူးကို သေသေ ချာချာကြည့်ပြီး 

မေးတယ်ဗျ။
     
"ဟုတ်တယ် ဘွားငွေစိန် ကျူပ် မျက်ပြူ းပါ"
    
"အေး အေး  နို့ ဖိုးထောင်ကို ဘယ်သူသွားခေါ်

 လိုကၱာတဲ့တုံး"
   
  "အဲ့ဒါတော ကျူပ်လည်း မသိဘူးဗျ 

ကျူပ်တို့ကလေးတွေ
 
အစည်းအဝေးလုပ်နေတုန်းမှာ 

ဦးသာဆန်းကြီးက ကျူပ်ကိုခေါ် ပြောတာဗျ"
       
"ဟေ နင်တို့က 

အစည်းအဝေးလုပ်တယ်ဟုတ်လား 

ဘာတွေစည်းဝေးတာတုံး"
     
  "အဲ ညကျရင် မအ်ိပ်ဘဲ ပုန်းနေပြီးတော့

 အဲဒါသရဲမလား ကြောင်ဆေးထိုးထာတဲ့လူလား 

ဘာမှန်းမသိတဲ့ဟာကို ကျူပ်တို့ဖော်ထုတ်ဖို့ 

စည်းဝေးနေတာ"
    
 "ဟား  ဟား ဟား ဟား" 

    ကျူပ်ဖြင့် ငိုအားထက် ရယ်အားသန် ဆိုတာ

လို ဖြစ်ရတာပေါဗျာ။ကျူပ်အမေဆိုတာ

 မျက်ပြူ းကိုကြည့်ပြီး ရယ်လိုက်တာ မပြောပါနဲ့ဗျာ။
     
 "အေး အေး နင်တို့ ကြပ်ကြပ်အစည်းအဝေးလုပ် 

ဟိုသရဲမက နင်တိုကို ဂျိုး တွေ ဖြတ်သွားလိမ့်မယ်"
     
 "ကဲ လာ လာ မျူက်ပြူ း  ကိုဖိုထောင်တို့ အိမ်ကို 

သွားရအောင်"
    
  လို့ကျူပ်ကပြောပြီး ထွက်လာခဲ့တယ်။

မျက်ပြူ းလည်း ကျူပ်ဘေး ကပ်တက် 

ကပ်တက်နဲ့  

ပါလာတောပေါ့ဗျာ။ကိုဖိုးထောင်တို့  မညှက်တို့

 ဝိုင်းထဲဝင်လိုက်တော့ မျက်ပြူ းပြောသလို  

လူအတော်စုံနေတာ။
   
   "လာဟေ့    တာတေ"
    
 လို့ ကိုဖိုထောင်က ကျူပ်ကို လှမ်းခေါ်တယ်။

ကျန်တဲ့လူတွေကလည်း ကျူပ်ထိုင်ဖို့ ဘေးကို 

နည်းနည်းစီ ရှဲပေးကြတယ်။
    
"ကိုဖိုးထောင်ကို ဘယ်သူလာခေါ်တာတုံး"
 
 လို့ကျူပ်က  မေးလိုက်တော့ ကိုဖိုးထောင်က 

ခေါင်းခါပြတယ်ဗျ။
   
လက်ဖက်ပန်းကန်တွေရော  

အကြမ်းအိုးနှစ်အိုးရောနဲ့ 

ဧည့်ခံထားတာဗျ။ကိုဖိုးထောင်က ကျူ ပ်ကို 

စကားမပြောခင် လက်ဖက်တစ်ဇွန်း 

ခပ်စားလိုက်တယ်။
 
   "ဘယ်သူမှ လာခေါ်တာမဟုတ်ဘူး တာတေရ 

ငါဟာငါက ိုပြန်ချလာတာ"
    
"ဟင် ဘယ်လိုဖြစ်လိုတုံး"
  
"ဘယ်လိုဖြစ်လဲဆိုတော့ ငါဆက်ပြီး 

အလုပ်လုပ်လို့ မရတောလို့ ဟေ့"
    
" ဟင် ဘယ်လိုတုံးဗျ"

"ဒီလိုဟေ့ ညဆိုရင်  တို့ စခန်းချတဲ့တဲ 

ကိုလာပြီးကိုင်လှုပ်တာ အိပ်လို့ကို မရဘူး 

ထထိုင်နေရတာ အဒီကြားထဲက 

ငါအိပ်ပျော်သွားရင်  အိပ်မက် မက်ရောဟ 

ဆံပင်ဖာလျှားကြီးနဲ့သရဲမတစ်ယောက်က  

ငါတိုအတင်းဝင်သတ်တော့တာပဲ။ငါ့မှာ ရုန်းရ 

ကန်ရ ပြန်ပြီးထိုးရ ကြိတ်ရနဲ့ အိပ်ရာက 

နိုးလာရင် လူကိုမော့နေတော့တာဟေ့ 

အဲ့ဒါအိပ်မက်ထဲမှာ ငါကိုသတ်ရင်းနဲ့ပြောသေးတယ် 

သူ့သားကိုငါသတ်ပစ်လိုက်တယ်။

 ငါကိုသတ်မယ် ။ ငါ့ရွာကို တစ်ရွာလုံး  

သတ်ပစ်မယ်နဲ့ကွာ"
  
 "ဟာ ဒီလိုကို ဖြစ်တာကိုး'
 
"ဟာ တာတေရာ  

ဒါလောက်ဆိုငါဘယ်ပြန်လိမ့်မတုံးကွာ။

 တစ်ရက် ငါ ခုတ်ချလိုက်တဲ့သစ်ပင်က 

လဲကျသွားတာ တစ်ယောက်ယောက်က 

ဆီးပြီးမထာသလိုဖြစ်ပြီး စောင်းစောင်းကြီး 

ဖြစ်နေတာဟေ့။ အောက်ကိုလည်းမကျဘူး 

ငါလည်း အံသြပြီး ကြည့်နေတုန်းမှာ 

သစ်ပင်ပြန်ထောင်လာပြီး  နဂိုအတိုင်းကြီး 

ပြန်ထောင်နေရောဟေ့။အဲ့ဒီမှာတင် 

ငါခေါ်သွားတဲ့မီးလောင်းကုန်က ငတင်တို့

 ငလွင်တို့လည်း စွတ်ပြေးတော့တာပေါကွာ။

 ငါ့မှာ ဒီကောင်တွေ မနည်းလိုက်ခေါ်ရတာ 

နှစ်ယောက်စလုံး ကြောက်ပြီး တုန်နေတာဟေ့ 

ဘယ်လိုပြောလိုမှမရတော့ဘူး ဒါနဲ့ငါလည်း 

သူတိုနှစ်ယောက်ခေါ်ပြီး တောထဲကပြန် 

ထွတ်လာခဲ့တာ။ဒီကောင်နှစ်ယောက် 

တောထဲမှာ မအိပ်ရဲ တော့တာကွ"
  
 "ဒီက အကြောင်းတွေကတော့ 

ကိုဖိုးထောင်အိမ်ရောက်မှ သိရတာပေါ့ ဟုတ်လား"
           
"ဟာ  အိမ်မရောက်ခင်ကတည်းက 

သိတာပေါ့ကွ 

ဟိုကောင်လေးနှစ်ကောင်ကို မီးလောင်ကုန်းကို 

ပို့လိုက်ပြီး ပြန်လာတော့လမ်းမှာ 

အောင်မောင်းနဲ့ သာတင့်ကိုတွေ့တယ်။ ဒါနဲ့ 

ရွှာမရောက်ပဲသိလာတာကွ။ 

အောင်မောင်းတို့ကလည်း  အသေးစိတ်က ို

ိုပြောပြတာဟေ့"ကိုဖိုးထောင်က ရွာကအဖြစ်အပျက်တွေနဲ့  

သူအဖြစ်အပျက်ကို ဆက်စပ်ပြီး ပြောပြတယ်ဗျ။
       
"ကိုဖိုးထောင်  အဒီသရဲမက  သူကလေးကို 

ကိုဖိုးထောင် သတ်တယ်ချည်း ပြောနေတာဗျ"
     
  "အေး အဒီအကြောင်းကို 

ငါလည်းသေသေချာချာ တွေးနေတာကွ  

ငါတော့ဟုတ်လိမ့်မယ်ထင်တယ်"
   
 " ဗျာ     ဟေ   ဟာ"

ကိုဖိုးထောင်ရဲ့ စကားကိုကြားတော့

 အားလုံးအံ့သြကုန်ကြရောဗျီူ။ကျူပ်လည်း  အံ့သြသွားတယ်။

ဒီလိုကွ ၊ ငါတို့တောထဲရောက်ပြီး

နောက်တနေ့မှာ ငါနဲ့ ကောင်လေးနှစ်ယောက်နဲ့

သစ်ရှာထွက်ကြတာပေါ့ကွာ ။ အိမ်တိုင်လုပ်ဖို့

အရွယ်ကောင်း အရွယ်ညီတဲ့ အပင်တွေကို

ပုဆိန်နဲ့ခုတ်ပြီး အမှတ်အသား လုပ်ရတာပေါ့။

ကောင်ကင်ပါးအစပ်မှာ ပေါက်နေတဲ့ ကညင်ပင်

တစ်ပင်က ဖြောင့်စင်းပြီး အိမ်တိုင်အတွက်

အလောတော်ကွ ။ ငါလည်း အဲ့ဒီအပင်ကိုခုတ်

မယ်ဆိုပြီး သွားကြည့်တယ်။ သစ်ပင်ကို တပတ်

ပတ်ကြည့်ပြီး စိတ်တိုင်းကျတော့ငါ့ပုဆိန်နဲ့

လွှဲခုတ်ပြီး ထစ်လိုက်တာပေါ့ကွာ ။ ခုတ်ဖို့အမှတ်

အသားလုပ်လိုက်တာပေါ့။ ငါ့နားထဲမှာ 

စူးစူးဝါးဝါး အော်လိုက်တဲ့ အသံလေးတစ်သံကြား

တယ်ကွ ။ တိရစ္ဆာန် တစ်ကောင်အော်လိုက်သလို

ပဲ ၊ငါလည်းဘေးဘီကြည့်ပြီး လှည့်ရှာသေးတယ်

ဘာမှမတွေ့ဘူးကွ ။ ခဏကြာတော့ တော

တစ်တောလုံး လေတွေတိုက်လာလိုက်တာ။

ဝေါဝေါ ဝေါဝေါ ဖြစ်နေတာဟေ့။ အသံတွေ

ကလည်း မျိုးစုံ ကြားရတာ။ အဲ့ဒီကတည်းက

ငါ့ကောင်လေးနှစ်ယောက်က လန့်သွားတာကွ။

ဒါ တောခြောက်တာပါ။ ဘာမှမဖြစ်ပါဘူးဆိုပြီး

မနည်းကိုရှင်းပြရတာ”

"သြော် ဖိုးထောင် တကယ်ဖြစ်ခဲ့တာကိုး”

ကျုပ်ကပြောလိုက်တော့ ကိုဖိုးထောင်ကခေါင်း

ညိတ်ပြီး ပြောသဗျ။

"ငါက သူတို့ကိုမှ မမြင်ရတာကွာ ၊ ဘယ်နှယ်လုပ်

ပြောရမလဲ”

ကျုပ်ရော ရွာကလူတွေရော ဘာပြောရမှန်း

မသိကြတော့ဘူးပေါ့ဗျာ။ကိုဖိုးထောင်ပြော

တာလည်း ဟုတ်တာပဲပေါ့ဗျာ။ သူတမင်သတ်

တာမှာ မဟုတ်တာ။ ဘဝခြားနေတဲ့ အပ္ပါယ်

ဘုံသားတွေကို လူတွေက မြင်မှမမြင်ရတာ။ 

ဒါပေမဲ့လည်း ရွာမှာလည်း ဒီကိစ္စက တကယ်ကြုံနေရပြီ။

"ကိုကြီးတာတေ ကိုကြီးတာတေ ရွာထဲက

ကလေးတွေ တစ်ပြိုင်တည်းအော်ငိုကြပြီဗျ။

ဘာဖြစ်တာလဲ မသိဘူး”

မျက်ပြူးဗျ ။ အတင်းကို ပြေးချလာပြီး လာပြောတာ။

"ဟေ ဟုတ်လား ဒါနဲ့ ကိုဖိုးထောင်ကလေးတွေရော”

"မြောက်ပိုင်းက သူ့အမေအိမ် သွားနေတယ်ကွ”

"ဟာ ဦးဖိုးထောင် ဦးဖိုးထောင် ကလေးတွေ

လည်း ငိုနေတယ်ဗျ။ ကျုပ်အခုပဲတွေ့လာတာ”

မျက်ပြူးကလည်း မျက်လုံးကြီးပြူးပြူးကြီးနဲ့

ကျုပ်ကိုကြည့်နေတယ်ဗျ။

"ကဲ ကျုပ် ပုဗ္ဗာရုံဆရာတော်ဆီကို ပြေးလိုက်ဦး

မယ် ”

" ဘာၾသားလုပၼလို့တုံး”

"ဆရာတော်ကို အကျိုးအကြောင်း လျောက်

ကြည့်မလို့ပါဗျာ”

"နောက်မှ လျောက်ပါ တာတေရာ ၊ ဒီမှာက

အကြောင်းကအခုပေါ်နေတာကွ”

ဒါလည်းဟုတ်တာပဲဗျ။ ရွာထဲက ကလေးငိုသံယ

တွေ ကြားနေရတာပဲလေ။ ကဲ နောက်မှပဲ

သွားတော့မယ်လို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။

ကျုပ်အိတ်ထဲမှာ ပါလာတဲ့ သစ်စုန်းဆေးတော်

ကြီးကို ရေပုံးထဲက ရေထဲကို အမှုန့်ကလေးတွေ

ခြစ်ချလိုက်တယ်။ ပြီးတော့ ဂုဏ်တော်ကို စိတ်

ထဲက ရွတ်ရင်း ရေကိုမွှေတယ်။ ပြီးတော့

ရေဖလားတွေနဲ့ တစ်ယောက်တခွက်ခပ်ခိုင်းပြီး

ရွာအရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်း 

မြောက်ပိုင်းတွေကို လူခွဲလွှတ်လိုက်တယ်။ငိုနေ

တဲ့ကလေးတွေကို ရေနဲ့တောက်ခိုင်းလိုက်တယ်။

စွမ်းလိုက်တဲ့ဆရာနွံဖရဲ့ဆေးတော်ကြီးဗျာ။ 

တစ်ရွာလုံး ငိုသံတွေတိတ်သွားရောဗျ။ ဒီတော့

မှ အားလုံးစိတ်အေးသွားကြရောဗျို့။

ကိစ္စတစ်ခုအေးသွားတော့ကျုပ်တို့ရွာကိစ္စဆက်

ပြီးတိုင်ပင်ကြတယ်။

"ကျုပ်ကြောင့် ကျုပ်ရွာ ခုလိုဖြစ်ရတာ ၊ တကယ်

ကို စိတ်မကောင်းပါဘူးဗျာ”

ကိုဖိုးထောင်က ခေါင်းကြီးငုံ့ပြီးပြောတယ်ဗျ။

"ဟာ ဖိုးထောင်ရာ မင်းမှာ ဘာအပြစ်မှ မရှိပါ

ဘူးကွာ ။ နာနာဘာဝဆိုတာ မင်းမြင်နိုင်တာမှ

မဟုတ်တာ။ ပြီးတော့ မင်းက သူ့ကလေးကို

သေစေလိုတဲ့စိတ်နဲ့သတ်လိုက်တာမှမဟုတ်တာ

သူ့ကလေးက သစ်ပင်မှာ ကပ်နေတဲ့အချိန် မင်း

ကခုတ်မဲ့ သစ်ပင်ကိုပုဆိန်နဲ့ ထစ်ပြီစ အမှတ်

အသားလုပ်လိုက်တဲ့ အချိန်နဲ့ သွားတူနေတော့

ပုဆိန်နဲ့ခုတ်သတ်သလိုဖြစ်သွားတာတော့ 

ဘယ်တတ်နိုင်ပါ့မလဲကွာ”

ကိုသာဆန်းကပြောတယ်ဗျ။ ကျုပ်ကလည်း  

"ကိုဖိုးထောင်ရာ ဒါမျိုးဆိုတာ ကျုပ်ကြောင့်

ဖြစ်လည်း ကျုပ်တို့တစ်ရွာလုံး တိုင်တိုင်ပင်ပင်

နဲ့ ဖြေရှင်းရမှာပဲ။ ကိုဖိုးထောင်ကြောင့်ဖြစ်လည်း

ဒီလိုပဲ တိုင်ပင်ပြီး ဖြေရှင်းကြရမှာပဲပေါ့။ ကျုပ်

တို့အားလုံးဟာထနောင်းကုန်းသားတွေလေဗျာ။

သူ့အပြစ်ငါ့အပြစ် ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ

အားလုံးတိုင်ပင်ပြီး ဖြေရှင်းရမှာပဲပေါ့ဗျာ။ 

ကျုပ်က စပ်စပ် စပ်စပ် နဲ့နေရာတကာပါတဲ့

ကောင်ဆိုတော့အတွေ့အကြုံ ဗဟုသုတများတာ

တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ကျုပ်ကဆရာသမား

တော့ မဟုတ်ဘူးလေဗျာ။ အဲဒီတော့ဆရာရှာ

သင့်ရင် ကျုပ်တို့ရှာရမှာပဲ။ အခုလောလော

ဆယ်တော့ ကျုပ်တို့ ပုဗ္ဗာရုံဆရာတော်ကို 

အမှူးထားပြီး တခြားကျောင်းကဆရာတော်

တွေပါ ပင့်ပြီးရွာထဲမှာ ပရိတ်ရွတ်ကြရအောင်

ဗျာ”

"ဟာ တာတေ ပြောတာကောင်းတယ်ဟေ့။

လောလောဆယ် ပရိတ်ရွတ်ရမယ် ၊ ပြီးရင်

 တိုင်ပင်ပြီး ဆရာရှာကြမယ်လူကြီးတွေနဲ့”ဖြစ်မယ်

ကိုသာဆန်းက ကျုပ်စကားကိုထောက်ခံတယ်

ကျန်တဲ့လူတွေကလည်း သဘောတူတယ်။

ဒါနဲ့ ကျုပ်တို့ လူငယ်တွေစုပြီး ပရိတ်ရွတ်ရမဲ့

နေရာတွေကို ရွေးချယ်ကြတယ်။ အဲ့ဒီနေရာတွေ

မှာ ကျကျနန ပြင်ဆင်ကြတယ်။ ကျုပ်က

ဆရာတော်ဆီကိုသွားပြီး အကျိုးအကြောင်း

တွေအကုန်လျောက်တယ်။ ဆရာတော်က

ရွာမှာရှိတဲ့ ဘုန်ကြီးကျောင်းတိုက်တွေကို 

ပင့်လျောက်ပြီး စုဝေးတိုင်ပင်တယ်။

နောက်ဆုံး တော့ ထနောင်းကုန်းမှာ ပရိတ်ရွတ်

တဲ့ ဆရာတော် အရှင်သူမြတ်တွေရဲ့အသံက

လွှမ်းခြုံသွားတာပေါ့ဗျာ။ ကလေးတွေလည်း

အငိုတိတ်သွားတယ်။ ရွာသူရွာသားတွေလည်း

ကြောက်တာလန့်တာပြေသွားကြတာပေါ့ဗျာ။

ဒါပေမဲ့ တပတ်ကြာတော့ ပြန်လှုပ်ရှားလာတယ်

ဗျ။ မည်းမည်းအရိပ်တစ်ခုရွာထဲမှာ ဟိုပြေး

ဒီပြေးနဲ့ လုပ်နေပြန်ရောဗျာ။ ဒီတစ်ခါတော့

ကင်းသမားတွေက သံချောင်းမခေါက်တော့ပဲ

ဝိုင်းလိုက်ကြတယ်ဗျ။ ကင်းတဲတွေမှာ လူငယ်

တွေက အင်အားတိုးပြီး စောင့်နေကြတာကိုးဗျ။

ဒါပေမဲ့ ဘယ်လောက်ပဲ လိုက်လိုက် နောက်ဆုံး

တော့ ပျောက်သွားချည်းပဲဗျာ။ ရွာကလူတွေ

လည်း စိတ်နဲနဲရှုပ်သွားကြတာပေါ့ဗျာ။

အဲ့ဒီ့မှာ ပြောရဦးမယ်ဗျို့။ ကျုပ်တို့ရွာက ခွေး

တွေဟာညမိုးချုပ်တာနဲ့ အိမ်အောက်ဝင်နေကြတာ။ 

ဟောင်ဖို့နေနေသာသာအမြှီးတွေကုပ်ပြီးလှုပ်တောင်မလှုပ်ရဲဘူးဗျို့။

နောက်တော့ ကလေးတွေက အရင်ဆုံးသတိ

ထားမိသွားတာဗျ။ သရဲမ ရွာထဲဝင်မဲ့ညဆိုရင်

ခွေးတွေက ကြိုသိပြီး အိမ်အောက်တွေမှာပုန်း

နေကြတာ။ ခွေးတွေအပြင်မှာ သွားလာနေတဲ့

ညဆိုရင် သရဲမလာဘူးဆိုတာ ကျုပ်တို့ကသတိ

မထားမိဘူးဗျ။ ကလေးတွေက သတိထားမိတာ

ကျုပ်ကို ဒီအကြောင်း မျက်ပြူးတို့ ကလေး

အဖွဲ့က ပြောတာဗျို့။ ကျုပ်ကတဆင့်ပြန်ပြောမှ

လူကြီးတွေသိသွားတာ။ လာမှ သိတော့လည်း

ဘာမှ မတတ်နိုင်ပါဘူးဗျာ။ မည်းမည်းအရိပ်

ပြေးနေတာတွေ့ရင်ဝိုင်းလိုက်ကြ။ နောက်ဆုံး

ပျောက်သွား ဒါပဲ။ ဒီလို ဖြစ်နေရင်းကနေ

ကျုပ်တို့ဆရာတစ်ယောက် ရှာတွေ့သွားတယ်

ဗျို့။ ဆရာနံမည်က ဆရာကိုဝိုင်းတဲ့ဗျ။ လူက

သိပ်မကြီးသေးပါဘူး။ အသက်သုံးဆယ်ကျော်

လောက်ပဲ ရှိသေးတာဗျ။ ရွာရောက်ကတည်းက

သက်သက်လွတ်စား ပုတီးစိပ် တော့တာဗျို့။

လူငယ် သလောက် အကျင့်စရိုက်က တော်ရှာ

ပါတယ်ဗျာ။ အားလုံးက အခြေအနေဝိုင်းပြော

ကြတော့ ဆရာဝိုင်းလည်း ဘာလုပ်ရမယ်ဆိုတာ

သိသွားပုံပဲဗျ။ ဆရာဝိုင်းအတွေးအခေါ်က ပြတ်

တယ်။ ဘာမှ ဝေ့လည်ကြောင်ပတ် လုပ်စရာမလို

ဘူး။ ဒါအမှုပဲ ။ ကိုဖိုးထောင်တောထဲမှာသတ်

ခဲ့မိတဲ့အမှု ။ ဒါပေမဲ့ လူသတ်မှု မဟုတ်ဘဲ

သရဲသတ်မှု ဖြစ်နေတယ်။ ဘာပဲ သတ်သတ်အမှု

ဟာအမှုပဲ။ အမှုဆိုတာ တရားလိုဘက်ကကျေ

အေးရင် ပိတ်လို့ရတာပဲ။ ဒါက ဆရာဝိုင်းအတွေး

ဘယ်သူမှ မငြင်းနိုင်တဲ့ အတွေးတွေပါ။

ဒါနဲ့ ဆရာဝိုင်းက ကိုဖိုးထောင်တို့အိမ်မှာပဲ 

ရာဇဝတ်ရုံးကြီးဖွင့်လိုက်တယ်ဆိုပါတော့ဗျာ။

ဘုရားစင်မှာဆီမီးတွေ အမွှေးတိုင်တွေ

ပူဇော် ပြီး ဘုရားကို ရှိခိုးတယ်။ ပြီးတော့ မညှပ်

ကို သရဲပူးခိုင်းတယ်။ ဘာပြောကောင်းမလဲ။

သရဲမ ဝင်လာတာပေါ့ဗျာ။ အရင်တစ်ခါလိုပဲ

ဝုန်းဒိုင်းကြဲ နေတော့တာပဲပေါ့ဗျာ။ ကိုဖိုးထောင်

ကိုလည်းတွေ့ရော ပြောလိုက်သမှ ရစရာမရှိ

အောင်ကို ပြောတာဗျ။ ဒီမှာတင် ဆရာဝိုင်းက

သရဲမကို ဖျောင်းဖျပြောဆိုပြီး ကျေအေးဖို့

တောင်းပန်ရတာပေါ့ဗျာ။ ဆရာဝိုင်းဘယ်လိုပဲ

တောင်းပန် တောင်းပန် သရဲမက အော်ဟစ်ကြိမ်းမောင်းနေတာပဲဗျ။ 

အဲ့ဒီမှာ ဆရာဝိုင်းက အမှားတစ်ခုဖြစ်သွားတယ်ဗျ

ဘာလဲဆိုတော့ ဆရာဝိုင်းစိတ်ဆိုးသွားတာဗျ။

ဒေါသတွေအရမ်းထွက်ပြီး သရဲမ ဒီရွာက 

ထွက်သွား ဖို့ နောက်နောင် ဒီရွာကိုအရိပ်တောင်

မနင်းဖို့ အမိန့်ပေးတာဗျ။ သရဲမက ဆရာဝိုင်းကို

ပါ သတ်မယ်လို့ ကြိမ်းလိုက်တော့ ဆရာဝိုင်းက

သူ့ရဲ့ဆေးကြိမ်လုံးအနီကြီးနဲ့ရိုက်တော့တာပဲဗျ။

ဒီမှာတင် သရဲမက ဝုန်းကနဲ ခုန်ထပြီး ဆရာဝိုင်း

ကို တချက်ဆောင့်တွန်းလိုက်တာ ဆရာဝိုင်း

နောက်ကို ဆယ်ပေလောက်လွင့်သွားပြီး နံရံ

နဲ့ပြေးဆောင့်လိုက်တာ "ဒုန်းကနဲ မြည်ပြီးခွေခေါက်သွားရောဗျို့။

"ဝါး

သရဲဝင်နေတဲ့ မညှပ်ကလည်း တချက်သမ်းပြီး

ခွေကျသွားတယ်။ မိန်းမတွေက မညှပ်ကို ပြေးပြီး

လှုပ်နိုးကြတယ်။ ယောကျာ်းတွေက ဆရာဝိုင်းကို

ပြေးပြီးပွေ့ထူကြတယ်။ မညှပ်က သတိရပြီး 

ငုတ်တုတ်ကလေး ထ ထျိုငျတယျဗြ။ ဆရာဝိုင်း

ကတော့ နည်းနည်းမှကို မလှုပ်တော့ဘူးဗျို့။

နားလည်တဲ့ ရွာသားတစ်ယောက်က ဆရာဝိုင်း

ဆီကို သွားပြီးစမ်းသပ်ကြည့်လိုက်ပြီး တော့ပြောတယ်ဗျ။ 

"မင်းတို့ဆရာ အသက်မှ မရှိတာ တဲ့

"ဟာ ဟုတ်လား

အားလုံး လန့်သွားရောဗျို့။

နောက်ဆုံး ဆရာဝိုင်းမိသားစုကို အကြောင်းကြား

ပြီး ရွာမှာပဲ သဂြိုလ် ပေးလိုက်တယ်။

ဆရာဝိုင်းသေသွားပြီစ တပတ်လောက်ကြာ

တော့ ငြိမ်သွားတယ်ဗျ။ ဒါပေမဲ့ သရဲမက

ရွာထဲ ပြန်ဝင်လာတာပဲဗျာ။

ရွာထဲမှာ ဝမ်းရောဂါ စဖြစ်နေပြီဗျ။ 

လူနှစ်ယောက်တောင်သေ သွားပြီ။ တချို့ဆို

လန့်ပြီး တခြားရွာကို ရှောင်သွားကြပြီ။

"တာတေရေ အပျက် အပျက်နဲ့ ငါတို့ရွာပျက်

တော့မယ်ထင်တယ်ကွ

ကိုသာဆန်းက မျက်နှာပျက်ပျက်နဲ့ ပြောတယ်။

ကျုပ်လည်း ဘာလုပ်ရမှန်းမသိဘူးဗျာ။ နောက်

ဆုံးတော့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ အမဲသား

နှစ်ပိသာ မြို့တက်ပြီး ဝယ်ခိုင်းတယ်။ ဟင်းကျကျ

နန ချက်ပြီး ညဘက် သင်္ချိ ုင်းကုန်းကို ထွက်လာ

ခဲ့တယ်။ ကျုပ်နဲ့ အတူ ကိုသာဆန်းရယ်၊

ကိုဖိုးထောင် ရယ်၊ အစ်မညှပ်ရယ် ပါလာတယ်။

သင်္ချိုင်းထဲရောက်တော့ တော်တော်ကိုမှောင်

နေပြီဗျ။ ကျုပ်ကငှက်ပျောဘက်နဲ့ ထုပ်လာတဲ့

ထမင်းထုပ်ကို ဂူတစ်လုံးပေါ်မှာ ဖြည်ပြီး ခင်း

လိုက်တယ်။ ဘေးမှာ ရေတစ်ခွက်ကိုလည်း

ချထားလိုက်တယ်။  မညှပ်ကတော့ ကျုပ်ခိုင်းတဲ့

အတိုင်း ဂူရှေ့က မြက်ခင်းကလေးမှာ ကျုံ့ကျုံ့

လေးထိုင်ပြီး ဆံပင် ကိုဖြည်ချထားလိုက်တယ်။

လက်အုပ်ကလေး ချီထားရတာပေါ့ဗျာ။

ကျုပ်က မဖဲဝါကို ပင့်တယ်။

"သင်္ချိုင်းရှင်မ မဖဲဝါ အလွန်အရေးကြီးတဲ့

ကိစ္စ ရှိနေတဲ့အတွက်ဒီနေရာကို အမြန်ကြွခဲ့ပါ။

မဖဲဝါ အတွက်ချက်ပြုတ်ပြီးယူလာတဲ့ ထမင်းနဲ့

ဟင်းလျာတွေကို မြိန်မြိန်ယှက်ယှက်သုံးဆောင်ပါ

မဖဲဝါ ။ ကျုပ်တာတေက ပင့်ဖိတ်ပါတယ်ဗျာ။

ကြွပါ ကြွပါ ကြွပါ ။ သင်္ချိုင်းရှင်မ မဖဲဝါခဗျာ

"ဟီး

ဟော..ရောက်ပြီဗျို့။ မညှက်ကိုဝင်ပူးလိုက်တာ

ဗျာ။ ငြိမ့်ခနဲ နေတာပဲ။ ပြီးတော့ ဂူပေါ်ကို

အသာလေးခုန်တက်သွားတယ်။ ဟော ဆောင့်

ကြောင့်ကြီးထိုင်ချပြီး ထမင်းနဲ့ ဟင်းကို အားရ

ပါးရ စားတော့တာဗျို့။ 

"မဖဲဝါရေ ကျုပ်တို့ထနောင်းကုန်းမှာတော့

မဖဲဝါအခုဝင်စီးထားတဲ့ မညှပ်ရဲ့ ခင်ပွန်း ဟောဒီ့

ကိုဖိုးထောင်ဟာ တောထဲမှာ သစ်ခုတ်ရင်း

သရဲကလေးတစ်ယောက်ကိုခုတ်မိသွားတယ်တဲ့။

ကိုဖိုးထောင်ကလည်း နာနာဘာဝကို မမြင်ရ

တော့ ထိသွားမှန်းတောင်မသိပါဘူးဗျာ။အဲ့ဒီ့

ကလေးရဲ့ အမေလုပ်တဲ့ သရဲမက ကျုပ်တို့ရွာကို

တအားသောင်းကြမ်းနေတယ်ဗျာ။ တောင်းပန်

လို့လည်းမရဖြစ်နေပါတယ်။ အခုဆိုရင်ဆရာ

တစ်ယောက်ကိုလည်း  သတ်ပြီးပါပြီ။ ရွာမှာ

ဝမ်းရောဂါ ကျအောင်လုပ်လို့ နှစ်ယောက်

သေသွားပါပြီ မဖဲဝါ ။ ဒီကိစ္စတွေကို အမြန်ဆုံး

ရပ်ပေးပါလို့ မေတ္တာရပ်ခံတာပါဗျာ

မဖဲဝါက စားရင်းသောက်ရင်းခေါင်းညိတ်တယ်

ဗျ၊ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ဒါဆိုရင်

အဆင်ပြေပြီဆိုတာ ကျုပ်သိပြီလေဗျာ။

"ကျုပ်မသိတာတစ်ခုမေးပါရစေဗျာ။နာနာဘာဝ

ကို ဓားတွေ ပုဆိန်တွေနဲ့ခုတ်လို့ထိလို့လားဗျာ

"ဟဲ့ ဟိုအကောင်ခုတ်တဲ့ပုဆိန်က ရိုးရိုးပုဆိန်

မဟုတ္ဘူးဟဲ့ ။ ကိုးသခ်ိ င်္ုင်းကသံတွေနဲ့ လုပ္ထား

တဲ့ ကိုးသင်္ချိ ုင်းပုဆိန်ဟဲ့။ ဒီကောင်ကဘာမသိ

ညာမသိနဲ့ အဲ့ဒီပုဆိန်ကြီး လွှဲ လွှဲပြီးသစ်ပင်

ခုတ်နေတာ။ ကိုးသင်္ချိ ုင်းပုဆိန်နဲ့ ခုတ်ရင် 

နာနာဘာဝ သေတယ်ဟဲ့ သိလား။ အဲ့ဒီ့ကောင်

ရဲ့ ပုဆိန်ကို နင်သိမ်းလိုက်တာတေ။ ဒါမှ သရဲမ

ကို ငါခေါ်သွားမယ်။ အဲ့ဒီလို မသိမ်းနိုင်ရင်

သရဲမကို ငါမခေါ်ဘူး။ သူ့မှာလည်း သားဆုံးရှုံးထားရတာ

"ဟုတ် ဟုတ်ပါတယ် မဖဲဝါ။ ကျုပ်မသိလို့

ဖြစ်ရတာပါဗျာ။ ကျုပ်အဲ့ဒီ့ပုဆိန်ကို ဟောဒီ့က

မောင်တာတေ အဲ အဲ ဆရာတာတေကို ကျုပ်

အပ်လိုက်ပါ့မယ်။နောက်ကို ဘယ်တော့မှ

အဲ့ဒီပုဆိန် မသုံးတော့ပါဘူးဗျာ ကတိပေးပါတယ်မဖဲဝါ

"ဟီး ဟီး ဟီး

မဖဲဝါက ခေါင်းကြီးညိတ်ပြီး ရယ်တယ်။ထမင်း

တွေရောဟင်းတွေရော ကုန်အောင်စားပြီးတော့

လက်ဆေးပြီးရေသောက်တယ်ဗျ။

ခဏနေတော့ ဂူပေါ်မှာ မတ်တပ်ကြီးရပ်ပြီး

ခေါင်းကြီးမော့ထားတယ်။

"ဟိုကောင်မ အခုလာခဲ့ နင့်ကိစ္စငါရှင်းပြီးပြီ

အခုလာခဲ့အဲ့ဒီလို လည်းပြောလိုက်ရောမညှက်ဟာ ဂူပေါ်

ကို ခွေခွေလေး ပြုတ်ကျသွားတယ်ဗျာ။

"အား အီး အီး ဝူး ဝူး အီး

ဆိုတဲ့အော်သံကြီးက တဖြေးဖြေးဝေးသွားတယ်ဗျ။

"ဝူး ဝူး ဝူး အူး 

ဟာ မဖဲဝါရဲ့ ခွေးကြီးအူသံပဲ။ သွားကြပြီဗျ။

တဖြေးဖြေးဝေးသွားတယ် ။

"အီး အီး အီး

ဟာ ဒါကတော့ မဖဲဝါရဲ့ အသံမဟုတ်ဘူးဗျို့။

ဒါ ဟိုသရဲမရဲ့ အသံပဲ ထင်တယ်။ပါသွားပြီဗျို့။

ဟိုသရဲမလည်း ပါသွားပြီဗျ။ အသံတွေက

တဖြေးဖြေးဝေးသွားတယ်ဗျ။

"ကိုဖိုးထောင် လာ အစ်မညှက်ကို ပွေ့ထူလိုက်

ကျုပ်ကကျုပ်အိတ်ထဲ အသင့်ဆောင်ထားတဲ့

သစ်စုန်းဆေးတော် စိမ်ထားတဲ့ ရေပုလင်းလေး

ထုတ်ပြီး အစ်မညှက်ရဲ့ မျက်နှာကိုတောက်

လိုက်တယ်။ သတိရပြီး  ချက်ချင်း ထ ထိုင်တော့တာပဲဗျာ။

"နေပါဦး ကိုဖိုးထောင်ရဲ့ ခဗျားက ဒီကိုးသင်္ချိုင်း

ပုဆိန် ကိုဘယ်လိုရတာတုံး

"ဟာ တာတေရာ ငါက ကိုးသင်္ချိ ုင်းတွေ

ဆယ်သင်္ချိုင်းတွေ ဘာမှ သိတာမဟုတ်ပါဘူး

ကွာ။ ငါ့အဖေသေတော့ အိမ်မှာ သံတုံး

တစ်တုံး ကျန်ခဲ့တယ်ကွ။ အဖေ ပုဆိန်လုပ်မို့

ဆိုပြီး သိမ်းထားတာ။ အဲ့ဒါ သူသေတဲ့ထိ လုပ်

မသွားဖြစ်ဘူး။ ဒါနဲ့အဲ့ဒီ သံတုံးကို ယူပြီး 

ဆရာမနိုင်က ပန်းပဲဆရာကြီးဆီမှာ ငါက

သစ်ခုတ်ဖို့ ပုဆိန် လုပ်ခိုင်းလိုက်တာပါ။ 

ဘာတွေစွမ်းလဲ ငါမသိပါဘူးကွာ။ အဖေဘယ်က

ယူလာတဲ့ သံတုံးမှန်းလည်းငါမသိပါဘူး။ 

မဖဲဝါကို အခုပေးလိုက်တဲ့ ကတိအတိုင်း 

အိမ်ရောက်ရောက်ချင်း အဲ့ဒီပုဆိန် ကို မင်းဆီအပ်လိုက်မှာပါ

အစ်မညှက်ကို ခေါ်ပြီး ကျုပ်တို့ရွာကိုပြန်ခဲ့

ကြတယ်။ကိုဖိုးထောင်က သူ့ကတိအတိုင်း

ကျုပ်ကို ကိုးသင်္ချိ ုင်းပုဆိန်ကြီးအပ်လိုက်တယ်။

အားလုံးပြီးသွားပြီပေါ့ဗျာ။ ရွာထဲကခွေးတွေ

လည်း အပြင်ပြန်ထွက်လာကြတယ်။ကလေးတွေ

လည်း ရွာလမ်းပေါ်မှာ ပြန်ပြီးပြေးလွှားကစား

နေကြတယ်။ကျုပ်ကတော့ ကိုးသချိုင်းပုဆိန်

ဆိုတာကြီးကို ပခုံးမှာထမ်းပြီး အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။ 

ပြီးပါပြီခဗျာ

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေး အားကြိုက်နှစ်သက်တယ်ဆိုရင်  like and share လေးနဲ့ အားပေးသွားပါ အုံးဗျာ။

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)