စုန်းမ (စ/ဆုံး)


"အရီး ဒီပညာတွေကို ဘယ်အရွယ်မှာ တတ်ခဲ့တာတုံး"
"အရီး ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်,နှစ်မှာ တတ်ခဲ့တာ"
"အရီး ဘာဖြစ်လို့ ဒီပညာကို သင်တာတုံးဗျ"
"အင်း …ဒီလိုတာတေရဲ့ ၊ အရီးတို့မှာ ညီအစ်မသုံးယောက်
ရှိတာ။ အရီးက မယ်ခ ၊ အရီးညီမက မယ်မြ၊ အရီးတို့
အစ်မကြီးက မယ်လှတဲ့ ။ မမယ်လှက နာမည်နဲ့လိုက်အောင်
ရုပ်ချောတယ်။ မမယ်လှ အပျိုဖြစ်တဲ့ အချိန်မှာ
တစ်ရွာလုံးက ကာလသားမှန်သမျှ ကြိုက်ကြတာပေါ့ကွယ်။
တစ်ရက်တော့ တို့ရွာကို ဆရာတစ်ယောက် ရောက်လာပြီး
ဆေးကုတယ်။ မမယ်လှကိုတွေ့တော့ ဆေးနဲ့တို့လိုက်တာ
ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာတင် မမယ်လှက
ဒီလူကို တန်းတန်းစွဲဖြစ်တော့တာပေါ့။ အမေတို့
အဘတို့ကလည်း လုံးဝ မပေးစားဘဲ မမယ်လှကို
အခန်းထဲထည့်ပြီး သော့ပိတ်ထားကြတာ
နောက်ဆုံး မမယ်လှ ရူးပြီး သေသွားတယ်"
"ဟာ ဖြစ်မှဖြစ်ရလေဗျာ"
အဲဒီထဲက အရီးလည်း ဆရာဆိုတဲ့ ကောင်တွေကို
စိတ်နာပြီး ဒီပညာကို သင်လိုက်တာ၊ အရီးညီမ၊
မယ်မြကိုလည်း အတူတူသင်ဖို့ အဖော်စပ်ပေမယ့်
မယ်မြက မသင်ဘူး။ အရီးတစ်ယောက်တည်း
သင်ခဲ့တာ"
"အရီး သင်တော့ တော်တော်ခက်ခက်ခဲခဲ
သင်ခဲ့ရတာလား"
"ဘယ်ခက်ရမှာတုံး တာတေရယ် ၊ ငါ့ကို သင်ပေးတဲ့
ပညာသယ်မကြီးက နည်းနည်းနောနောတတ်တာ
မဟုတ်ဘူးဟဲ့ ၊ မောက်ပြားထက် သုံးဆင့်မြင့်တယ်။
သူတောက်စားတဲ့အချိန်မှာ ကွမ်းတစ်ယာ ဝါးထားတယ်"
"ဗျာ တောက်စားတယ်ဆိုတာ ဘာတုံး အရီးရဲ့ "
"အဲဒီပညာသည်ရဲ့ ပါးစပ်ထဲက မီးတောက်တွေ
ထွက်တာကို ပြောတာ တာတေရဲ့"
"သြော်"
"အဲဒီအချိန်မှာ သူ့ပါးစပ်ကနေ အရောင်တွေ
တောက်နေတဲ့ သွားရည်တွေ ကျလာတယ်။
အဲဒီသွားရည်တွေ ပေနေတဲ့ ကွမ်းဝါးဖတ်ကို
ငါ့ပါးစပ်ထဲ ထည့်ပေးတယ်။ မဝါးဘဲ မျိုချရတယ်။
ငါက သူ့ထက် တစ်ဆင့်နိမ့်တဲ့ မောက်ပြားအထက်
နှစ်ဆင့်မြင့်တဲ့ ပညာသည် ဖြစ်လာတယ်။
ငါက သာမန်စုန်းတွေထက် အများကြီး
အဆင့်မြင်တယ် တာတေ"
"သြော် လွယ်သားပဲဗျ "
"အေး လွယ်တယ်လို့တော့ ပြောလို့မရဘူးဟဲ့၊
အဲဒီပညာဗူးသွင်းတဲ့ အချိန်မှာ မတည့်မတ်ရင်
အသက်ဆုံးတတ်တယ် အသက်စွန့်ပြီး လုပ်ရတာ"
" ဟင် ဟုတ်လား အရီး၊ တော်သေးတာပေါ့ဗျာ၊
အရီးက အဆင်ပြေသွားပေလို့ပေါ့"
"အေး ဟုတ်တယ် ၊ တာတေ ၊ အရီးရဲ့ ဆရာ
ပညာသည် သေတဲ့အချိန်မှာ အရီးက သူ့အဆင့်ကို
အလိုလို ရလာတယ်"
"ဟင် ဒါဆိုရင် အရီးက မောက်ပြားအထက်သုံးဆင့်ပေါ့"
"အေး ဟုတ်တယ် ၊ ဒါပေမဲ့ အခုအချိန်အထိတော့
ပညာကို နှစ်ဆင့်ပညာအထိပဲ သုံးဖူးတာပါ။
ဒါတောင် မခံနိုင်ကြပါဘူးလေ"
ကျုပ်က အရီးပြောတာတွေကို ငြိမ်ပြီး တွေးနေမိတယ်။
အရီးက ကျုပ်ကို ဆက်ပြီး ပြောတယ်
"ဒီပညာနဲ့ အရီး ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ
ဒုက္ခမပေးဖူးပါဘူး ။ သစ္စာတရားမရှိတဲ့ ဆရာယောင်တွေ၊
ကိုယ့်ကို လာပြီး အန္တရာယ်ပြုရင်တော့ အပြီးတိုင်အောင်
လုပ်ခဲ့တယ်။ ပြီးတော့ အရီးမွေးဖွားလာတဲ့ ဒီရွာကိုလည်း
အရီးစောင့်ရှောက်တယ် ။ မဟုတ်မဟက် ဆရာတွေ
ဝင်လာရင် အမြဲမောင်းထုတ်ပေးခဲ့တယ်။ ဒါပေမဲ့
ဒါတွေကို ရွာကလူတွေ ဘယ်သိမလဲ တာတေ"
"သြော် ဒီလိုကိုး"
ကျုပ်က ဒီကနေ့ အရီးလုပ်ပြခဲ့တာတွေကို ကျုပ်
ဘယ်သူ့ကိုမှ မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။
တကယ်လည်း မပြောခဲ့ပါဘူး။ အိမ်က အဘနဲ့
အမေကိုတောင် ကျုပ် ဒါတွေပြောမပြခဲ့ဘူးဗျ။
အရီးမယ်ခနဲ့ ပတ်သက်ပြီး ကျုပ် သိသမျှတွေကို
ကျုပ် ရင်ထဲမှာပဲ ထားခဲ့တာဗျ။ ဒီလိုနဲ့ပဲ ကျုပ်နဲ့
အရီးမယ်ခတို့ ခါတိုင်းလိုပဲ ခင်ခင်မင်မင်
နေခဲ့ကြတာပေါ့ဗျာ။
အရီး လိုတာပြုတာ ကျုပ်က လုပ်ပေးနေခဲ့တာဗျ။
ဒါပေမဲ့ ဒီလောကကြီးက ကိုယ်ဘယ်လောက်ကောင်းအောင်
နေနေ လူယုတ်မာတွေရဲ့ ဒုက္ခပေးတာ ကြုံရတတ်တယ်။
ဒါကြောင့်လည်း ကျုပ်တို့ ဝိုင်းတောင်ဘက်ကပ်လျက်ဝိုင်းက
ဘွားတော် ဒေါ်သိန်းမြကြီး ဘုရားရှိခိုးတိုင်း ကျုပ်ကြားနေရတဲ့
သူတောင်မဟုတ် သူယုတ်မာနဲ့ မတွေ့ရပါစေနဲ့ ဆိုသလိုပေါ့ဗျာ။
တစ်ရက်တော့ ကျုပ်တို့ရွာကို ဆရာတစ်ယောက်
ရောက်လာတယ် ။ ရွာရှေ့ပိုင်းက သောင်းတင်ဆိုတဲ့ကောင်
ခေါ်လာတာ။ အညိုဝတ်နဲ့ စိပ်ပုတီးတစ်ကုံး အမြဲဆွဲထားတဲ့
ဆရာဗျ။ အသက်က လေးဆယ်ကျော်လောက်ပဲ ရှိသေးတာ။
ရွာရောက်ကတည်းက ရှိခိုးလိုက်တဲ့ ဘုရားဗျာ။
နေ့ ,ရှိခိုး ည ,ရှိခိုးနဲ့ နေတာဗျ။ သက်သက်လွတ်ကလည်း
အမြဲစားဆိုပဲ။ ဗေဒင်ဟောရင် အလွန်မှန်တယ် ဆိုပဲဗျ။
လူတွေကို ယတြာချေပေး ပြုပေးပေါ့ဗျာ။
သောင်းတင်တို့ အိမ်မှာ စတည်းချပြီး ဗေဒင်ဟောနေတာဗျ။
တစ်ရွာလုံး မှန်လိုက်တာ မှန်လိုက်တာနဲ့ နာမည်ကို
ကျော်လို့ဗျ။ ဆရာနာမည်က ဘာတဲ့။ အဲ ဆရာတောက်တဲ့။
ဆရာတောက်၊ ဆရာတောက်။
ဘန့်ဘွေးကုန်းကလည်း လှည်းနဲ့ လာပင့်တဲ့အခါ ပင့်တယ်ဗျ။
ငွေယားကုန်းတို့၊ ငွေတွင်းကုန်းတို့ကလည်း လာပင့်ကြတာဗျ။
သောင်းတင်တို့ မိသားစုလည်း မျက်နှာပွင့်တာပေါ့ဗျာ။
ကျုပ်အမေကတောင် ကျုပ်ကို ပြောသေးဗျာ။
"ဟဲ့ တာတေ၊ နင့်မလည်း ဒီမန်ကျည်းပင်အောက်မှာပဲ
မှောက်လိုက် လှန်လိုက်နဲ့ ၊ ဆရာတောက်ဆီသွားပြီး
ဇာတာလေး ဘာလေး စစ်ကြည့်ပါလားဟဲ့ ၊
ဟောတာ ပြောတာ လွှတ်မှန်တယ် ဆိုပါလား"
"မစစ်ချင်ပါဘူး အမေရာ၊ ကျုပ်က ဘာကိုသိချင်ရမှာတုံး၊
ကျုပ်မှာ ဘာအကြောင်းမှ မရှိတာဗျာ"
"မစစ်ချင်လည်း နေပေါ့တော်"
အမေက အဘပုဆိုးလေးတစ်ထည် ခေါင်းပေါ်တင်ပြီး
ရွာထဲ ထွက်သွားရောဗျို့။ ကျုပ်လည်း ခါတိုင်းလိုပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး မန်ကျည်းပင်အောက်မှာ
တွေးနေတာဗျ။ ပြီးတော့မှ ဆေးပေါ့လိပ်ကလေး အသာချပြီး
ဝါးပိုးခြမ်း ခေါင်းအုံးပေါ် အသာကလေး လှဲချလိုက်တယ်။
"ကိုကြီးတာတေ ၊ အိပ်တော့မလို့လားဗျ"
ကျုပ်လည်း အသံကြားတဲ့ ဝိုင်းဝကို ကြည့်လိုက်တော့
ဆင်ပေါက်နဲ့ ဝက်သိုးဗျ ။ သူတို့မှာ ကျောင်းနာမည်တွေတော့
ရှိမှာပေါ့ဗျာ။ ကျုပ်တို့ကတော့ သူတို့ရဲ့ နာမည်ပြောင်တွေပဲ
မှတ်မိနေတာလေ။
"ဟေ့ကောင်တွေ လာလေ၊ ဘယ်သွားကြမလို့တုံး၊
နေကပူရတဲ့ကြားထဲမှာ"
"ကိုကြီးတာတေဆီကိုပဲ လာတာဗျ။ ပြောစရာရှိလို့ "
"သြော် လာလေ၊ ထိုင်ကြ၊ ဝက်သိုးက ဒီဘက်မှာထိုင်၊
ကဲ ပြောပါဦး ကိစ္စကို"
ဒီကောင်တွေက ထနောင်းကုန်းမှာ နောက်လာမယ့်ကောင်တွေဗျ
အသက်ကတော့ ဆယ်ကျော်သက်အရွယ်တွေပေါ့ဗျာ။
"ဒီလိုဗျ၊ ကိုကြီးတာတေ၊ ဆရာတောက်ဆီကို ဗေဒင်သွား
မမေးဘူးလားဗျ"
"ဟာ မမေးပါဘူးကွာ၊ အဲဒါတွေ ငါက ဝါသနာမပါဘူးကွ"
"အဲဒီဆရာတောက်ဆိုတဲ့ လူကြီးက လူလိမ်ကြီးဗျ"
"ဟေ ဟုတ်ရဲ့လားကွ"
"သိပ်ဟုတ်တာပေါ့ ကိုကြီးတာတေရ၊ ဒီလူကြီးက
ဘုရားတွေ ဟန်ပြရှိခိုးနေတာဗျ၊ တကယ်ကတော့
အောက်လမ်းဆရာဗျ"
"ဟာ ဟုတ်ရဲ့လား ၊ ဝက်သိုးရဲ့ "
"ဟို တစ်နေ့က ပုဗ္ဗာရုံကျောင်းက ရေတွင်းမှာ ကျုပ်တို့
ရေချိုးနေတုန်း ကိုသောင်းတင် ဒီဆရာနဲ့ ရေလာချိုးတယ်ဗျ။
ကျုပ်က တစေ့တစောင်း ကြည့်နေတုံး သူ့ခါးက ပုဆိုးက
ရေလောင်းတဲ့ အချိန်မှာ အောက်ကို လျောသွားတယ်။
ကျုပ် ဘာမြင်တယ် ထင်တုံး၊ သူ့ခါးမှာ ဘုရားပုံတွေ
ဇောက်ထိုး ထိုးထားတယ်ဗျ"
"ဟေ မှင်ကြောင်နဲ့ ထိုးထားတာလား။
မင်းသေသေချာချာ တွေ့လို့လား ဝက်သိုး"
"တွေ့ပါဗျာ၊ ကျုပ်က ဆပ်ပြာတုံး ပြုတ်ကျချင်ယောင်
ဆောင်ပြီး အနီးကပ်ကို ကြည့်လာတာဗျ၊
တခြားဘယ်နေရာတွေမှာ ရှိသေးလည်းတော့
ကျုပ် မသိဘူး"
ကျုပ် တော်တော်အံ့သြသွားတယ်။
လူတွေ တယ်လည်း ယုတ်မာကြပါလား။
"နေဦး ကိုကြီးတာတေ၊ အခုလာတာ ဒီကိစ္စလောက်တင်
မဟုတ်ဘူးဗျ"
"ဟင် ဘာကိစ္စများ ရှိသေးတုံးဟ ၊ ဆင်ပေါက်ရ"
"ရွာရှေ့ပိုင်းက ဘွားတော်ဒေါ်မြရင်ရဲ့သမီး မပန်းရုံကို
ကိုကြီးတာတေ သိလား"
" ဟို ပန်းနွယ်ရဲ့ညီမမို့လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုနေ့က မပန်းရုံက
ဆရာတောက်ဆီမှာ ဗေဒင်သွားမေးတာ။
အဲဒီက ပြန်လာကတည်းက ဂနာမငြိမ် ဖြစ်နေတာတဲ့။
အဲဒါ ဆရာတောက်က မပန်းရုံတို့ ဝိုင်းရှေ့က
ဖြတ်လျှောက်ရင်း အိမ်ထဲမှာ မပန်းရုံက ထိုင်လို့
မရတော့ဘဲ လိုက်ကြည့်တာတဲ့ဗျာ။အခုတော့
သူ့မိဘတွေက ရိပ်မိပြီး အခန်းထဲမှာ ထည့်ပြီး
လူစောင့်နဲ့ ထားရတယ်တဲ့"
"ဟာ ဒါဆိုရင် ဒီကောင်မလေးတော့
ဟိုအောက်လမ်းရဲ့ တို့ဆေးထိသွားပြီ ထင်တယ်ကွ"
"ဗျာ တို့ဆေးဟုတ်လား၊ ကိုကြီးတာတေ၊ ကျုပ်တော့
ထိုးဆေးတို့ သောက်ဆေးတို့ပဲ ကြားဖူးတာပါ"
"ဟေ့ကောင် ဝက်သိုး၊ ငါတို့ငယ်ငယ်တုန်းက
ညှော်နံ့နံရင် ရှူရတဲ့ ဆေးတို့ပတ်ဆိုတာ
မင်း မကြားဖူးဘူးလားကွ"
ဆင်ပေါက်က ခပ်တည်တည်နဲ့ ဝက်သိုးကို ဟောက်လိုက်တယ်
"ဟာ ဒီကောင်တွေ ဘာတွေလျှောက်ပြောနေတာတုံး၊
ဘယ်က ဆေးတို့ပတ်ရမှာလဲကွာ၊ အောက်လမ်းဆရာတွေ
ဖော်ထားတဲ့ဆေးကွ၊ အဲဒီဆေးနဲ့ လူကို တို့လိုက်ရင်
လူတွေက သတိအမှန် မရှိတော့ဘဲ သူတို့ ခိုင်းတဲ့အတိုင်း
အကုန်ဖြစ်ရောတဲ့ကွ။ အဲဒါကို ပြောတာ"
"သြော် အဲဒီလိုဆေးကို ပြောတာလား။
ဒါဆိုရင် ဟုတ်နိုင်တာပေါ့ဗျ"
ကျုပ် ဘာလုပ်ရင်ကောင်းမလဲလို့ တွေးနေတယ်
"ဟာ ကိုကြီးတာတေရေ၊နေဦးဗျ၊
ကျုပ်တို့ ပြောဖို့မေ့နေလို့ဗျို့။
အဲဒီဆရာတောက်က ဘွားတော်ကြီး
ဒေါ်မယ်ခကိုလည်း ပြောတယ်တဲ့ဗျ"
"ဟေ အရီးမယ်ခကို ဘာပြောသတဲ့တုံး"
"ဒီစုန်းမကြီးကို ဒီရွာကနေ မောင်းထုတ်ပစ်မယ်"
လို့ ပြောသတဲ့ဗျ။ ကိုသောင်းတင်တို့ကလည်း
ဒီဆရာက ပိုက်ဆံတွေ ပေးထားလို့ ထင်တယ်ဗျ။
ဒီဆရာကို ဖူးဖူးမှုတ်ကို ထားတာဗျို့။
"ကဲ ဆင်ပေါက်နဲ့ ဝက်သိုး မင်းတို့ ငါ့ဆီလာပြောတာကို
ဘယ်သူမှ မသိစေနဲ့၊ ငါ ကြည့်စီစဉ်လိုက်မယ်၊ မင်းတို့ ပြန်တော့၊
သတင်းကို ရသလောက် နားထောင်ပြီး ထူးတာရှိရင်
ငါ့ကို လာပြောပေတော့"
"ဟုတ်ပြီ၊ ကိုကြီးတာတေ၊ ဒါဆိုရင် ကျုပ်တို့ပြန်တော့မယ်"
လို့ ပြောပြီး နှစ်ယောက်သား ပြန်သွားကြတယ်ဗျ။
ကျုပ်လည်း အရီးမယ်ခဆီကို ခပ်သုတ်သုတ် ပြေးလာခဲ့တယ်။
အရီးမယ်ခကို အကျိုးအကြောင်း အကုန်ပြောပြလိုက်တယ်။
"အောက်လမ်းဆေး သိပ်ကောင်းရင်တော့
သူ့ဆေးကိုဖျက်ဖို့ မလွယ်ဘူးဟ၊ ဒီအောက်လမ်းသေမှပဲ
ဆေးပြယ်မှာ၊ အင်း ဒီကလေးမလေးတော့
သနားပါတယ်၊ ငါ့အစ်မတုန်းကလို ဖြစ်တာပါပဲလား၊
ကြာရင် ဒီကလေးမလေး ရူးသွားမှာ တာတေ"
"ဒါဆိုရင် ဘယ်လိုလုပ်မလဲ အရီးရဲ့"
"အို သူနဲ့ အရီးနဲ့ ပညာပြိုင်ကြရုံ ရှိတာပေါ့ဟ"
"ဟင် ဟုတ်လား အရီး"
"အေး ရွာထဲမှာ ဖြစ်ရင် ရွာနာတယ်၊ ဒီအကောင်ကို
သင်္ချိုင်းရောက်အောင် ထုတ်ခဲ့၊ ဒီည ငါ သင်္ချိုင်းထဲက
စောင့်နေမယ်၊ ဒီတစ်ခါတော့ သုံးဆင့်ပညာကို
ထုတ်သုံးရတော့မှာပေါ့လေ"
"ကောင်းပြီ အရီး၊ ကျုပ် ဒီကောင်ကို ရွာပြင်ရောက်အောင်
ခေါ်ထုတ်ခဲ့မယ်"
ကျုပ် အိမ်ကို ကပျာကယာ ပြန်လာတယ်။
ဝက်သိုးနဲ့ ဆင်ပေါက်ကို ကလေးတစ်ယောက်နဲ့
လွှတ်ခေါ်ခိုင်းလိုက်တယ်။ ဆင်ပေါက်နဲ့ ဝက်သိုးလည်း
ချက်ချင်း ကျုပ်ဆီကို ရောက်လာတယ်။
ကျုပ်က ကျုပ်အစီအစဉ်တွေကို ဒီကောင်နှစ်ကောင်ကို
ပြောပြတယ်။ ဒီကောင်တွေက ကျုပ်ကို လွှတ်ခင်တဲ့
ကောင်တွေဗျ။ ပါးစပ်ကလည်း အားကြီးလုံတာ။
ဒီကောင်တွေ ညနေဘက် ဆရာတောက် ရေလာချိုးမယ့်
အချိန်ကို ပုဗ္ဗာရုံကျောင်းရေတွင်းမှာ ရေချိုးရင်း
စောင့်နေကြရမယ်။ ဆရာတောက်လာရင်
ရေတွင်းမှာ ရေငင်ရင်းနဲ့ အနားကပ်ပြီး…
"ဆရာကြီး ဒီည ရှစ်နာရီ ရွာနောက်က ညောင်ပင်ကြီး
အောက်ကို ဆက်ဆက်လာခဲ့ပါလို့ မပန်းရုံက မှာလိုက်တယ်"
လို့ ပြောရမယ် ။ ဒီကောင် နှစ်ကောင်ကို ကျုပ်ယုံတယ်။
အရီးခဆီကို ကျုပ်ပြန်သွားတယ်။ အစီအစဉ်ကို ပြောလိုက်တယ်။
ညရှစ်နာရီမထိုးခင် ကျုပ်ရော အရီးခရော ရွာနောက်ဘက်က
ညောင်ပင်ကြီးအောက်ကို ရောက်နေပြီဗျ။ ကျုပ်က
မလှမ်းမကမ်းက ခြုံပုတ်ထဲမှာ ပုန်းနေတယ်။
လက်ထဲမှာ ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်။
အရီးမယ်ခကလည်း ခပ်လှမ်းလှမ်းက ထနောင်းပင်နားမှာ
အသာရပ်နေတယ်။ ဒီနေရာကနေဆိုရင် သင်္ချိုင်းနဲ့
နီးနေပြီဗျ။ အရီးမယ်ခက ဒီအောက်လမ်းကို
သူ့ဟာသူ ခေါ်သွားလိမ့်မယ် ။ ရှစ်နာရီ ထိုးပြီ။
ဟော အောက်လမ်းတောင် လာပြီဗျို့။
မနဲ့ထောင်ရင် ဘယ်သူ ခံနိုင်မှာလဲဗျာ။
ကျုပ် သေသေချာချာ ကြည့်တယ်။
ဒီလူ တစ်ယောက်တည်း လာတာဗျ။
ညောင်ပင်ကြီးအောက်ကို ရောက်တော့
အောက်လမ်းကောင်က ဟိုရှာ ဒီရှာ လုပ်နေတယ်ဗျ။
"ဟား ဟား ဟား ဟား "
အရီးမယ်ခက တဟားဟားနဲ့ အော်ရယ်လိုက်တော့
ဒီလူကြောင်သွားတယ် ။ ခဏနေမှ
သဘောပေါက်သွားပုံ ရတယ်ဗျ။
"သြော် လက်စသတ်တော့ နင်တို့က ငါ့ကို
ထောက်ချောက်ဆင်တာကိုး။ ဟဲ့ စုန်းမ
နင့်ပညာက ဘယ်လောက်ထက်လို့တုံး"
အရီးမယ်ခက ထနောင်းပင်ရိပ်ကလေးကနေ
အပြင်ကို ထွက်လာတယ်။
"ဟဲ့ အကောင် ၊ အောက်လမ်းအယုတ်တမာ၊
နင်လိုကောင်မျိုးကို သတ်ဖို့ ငါ ဒီပညာကို
သင်ထားတာဟေ့ ၊ ကဲ စမ်းလိုက်စမ်း"
အရီးမယ်ခက အဲဒီလို ပြောလိုက်တော့ အောက်လမ်းက
သူ့လက်နှစ်ဖက်ကို ရှေ့ဘက်ကို ဆန့်ထုတ်ပြီး ပါးစပ်က
ရွတ်ဖတ်နေတယ်ဗျ။ ကျုပ်ကတော့ ဒီလူကို
ကျုပ်လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ငှက်ကြီးတောင်ဓါးနဲ့သာ ပြေးပြီး ပိုင်းလိုက်ချင်နေတာဗျို့။
ဟော အောက်လမ်းရဲ့ လက်ထဲမှာ အရောင်တွေ
တဝင်းဝင်း လက်လာတယ်ဗျ။
ဟော သူ့လက်ဖဝါးနှစ်ခုကြားမှာ အလင်းလုံးကလေး
ဖြစ်လာပြီဗျ။ ဟော ပစ်တော့မယ်။ ပစ်ပြီ ။ အရီးမယ်ခကို
အဲဒီအလင်းစက်နဲ့ ပစ်လိုက်တာဗျို့။
ဟာ အရီးမယ်ခကလည်း ဝင်းခနဲ နေအောင်
ပြန်ပစ်လိုက်တာဗျို့။ အလင်းရောင်နှစ်ခုက
လမ်းမှာတင် တွေ့ပြီး …
"ဝုန်း…ဝုန်း…"
လို့ မြည်သွားတယ်။ ဟော အောက်လမ်းက နောက်ကို
ရွေ့သွားတယ်ဗျ။ ခြေတစ်လှမ်း နှစ်လှမ်း။
"ဟား ဟား ဟား ဟား "
အရီးမယ်ခက အော်ရယ်ပြီး နောက်ကို ဆုတ်သွားတယ်
အောက်လမ်းက ဒေါသတွေထွက်ပြီး အရီးမယ်ခနောက်ကို
လိုက်တော့တာပဲဗျို့။
"ဟဲ့ စုန်းမ နင် ဘယ်ကို ပြေးမလို့တုံး၊ နင် ငါ့လက်က
လွတ်မယ်ထင်သလား"
လို့ ပြောပြီး ပြေးလိုက်တယ်ဗျ။ တကယ်က အရီးမယ်ခက
သူ့ကို သင်္ချိုင်းထဲရောက်အောင် ခေါ်သွားတာဗျ။
ဟော သင်္ချိုင်းမရောက်ခင် တစ်ယောက်နဲ့တစ်ယောက်
တစ်ချီတွယ်ကြသေးတယ်ဗျ။
ဒီတစ်ခါတော့ နှစ်ယောက်လုံး တောင့်ခံထားတာဗျ။
ဘယ်သူမှ နောက်ကို မရွေ့ဘူး။
ဟော ရောက်သွားပြီ။ သင်္ချိုင်းထဲကို ရောက်သွားပြီ။
ကျုပ်လည်း ခြုံတွေကွယ်ပြီး လိုက်ချသွားတာ
သင်္ချိုင်းထဲ ရောက်နေပြီဗျို့။ဒီတုန်းမှာပဲ လူသံကြားလို့
ကျုပ် လှည့်ကြည့်လိုက်တော့ ရွာသားလေးငါးယောက်
ရောက်လာတယ်။ ဝက်သိုးတို့ ပြောလိုက်တာနေမှာ။
ဟော တွယ်ကြပြန်ပြီဗျို့။ အရီးမယ်ခက
သူ့လက်ထဲက ထွက်လာတဲ့ မီးတောက်တွေနဲ့
အောက်လမ်းဆီကို လွှတ်တယ်။
အောက်လမ်းကလည်း သူ့လက်က ထွက်တဲ့
အလင်းရောင်နဲ့ ကာထားတယ်ဗျ။
ဟော အောက်လမ်းက မီးတန်းကြီးတစ်ခု လွှတ်လိုက်ပြန်ပြီဗျို့။
အရီးမယ်ခက သူ့အလင်းစက်တွေနဲ့ ကာထားလိုက်တယ်။
လိုက်လာတဲ့ ရွာသားတွေလည်း သင်္ချိုင်းထဲကို ရောက်လာပြီဗျ။
ရွာကိုအောက်လမ်းဆရာ ခေါ်လာတဲ့ သောင်းတင်လည်း
ပါလာတယ်
အရီးမယ်ခက စိမ်းပြာရောင် မီးတောက်တွေ
သူ့လက်ချောင်းတွေက ထွက်လာပြီး မီးတန်းကြီးတစ်ခုတည်း
ဖြစ်အောင် စုလိုက်တယ်။ ပြီးတော့ တလက်လက်တောက်နေတဲ့
အဲဒီမီးတောက်ကို အောက်လမ်းကောင်ဆီကို
အရီးမယ်ခက လွှတ်လိုက်တယ်ဗျ။
ဟော လာပြီ ။ အောက်လမ်းက ကာလိုက်တယ်
ဒါပေမဲ့ အရီးမယ်ခ လွှတ်တဲ့ မီးတန်းကြီးက တော်တော်ကို
ပြင်းတယ်ဗျ။
"ဖျန်း ဖျန်း ဖျန်း"
ဆို မြည်သွားပြီး အောက်လမ်းကောင် ကာထားတဲ့
စက်တွေ ပြတ်ထွက်သွားတယ်။ အောက်လမ်းက နောက်ကို
တစ်လံလောက် လွင့်ထွက်သွားတယ်။ ပြီးတော့ နောက်ကို
လန်ထွက်သွားတယ်။ ဟော ဖင်ထိုင်ရက်ကို လဲကျသွားတာဗျို့။
အရီးမယ်ခကိုယ်တိုင်လည်း နောက်ကို နည်းနည်းယိုင်သွားတယ်ဗျ။
ဧကန္တတော့ အရီးနဲ့ ဒီကောင်ကြီးနဲ့ ပညာအဆင့်ချင်း
တူနေပြီထင်တယ်ဗျ။
ဟော ပြန်ထလာပြီဗျို့။ ဟာ ဒီတစ်ချီကတော့
တကယ့်ပွဲကြီးပွဲကောင်းပဲထင်တယ်။ အရီးမယ်ခကလည်း
ပါးစပ်ကြီးဟပြီး စိမ်းပြာရောင် မီးတောက်တွေ ထုတ်နေတယ်။
အောက်လမ်းကောင်ကလည်း သူ့ပါးစပ်ကြီးကိုဟပြီး
လိမ္မော်ရောင် မီးတန်းကြီးကို ထုတ်နေတယ်ဗျ။
ဟော မှုတ်ပြီ၊ မီးတန်းတွေ မှုတ်ထုတ်လိုက်ကြပြီဗျို့။
မီးတန်းနှစ်ခု ပြေးပြီးတိုက်ပြီ။
"ဝုန်း"
ဟာ မီးတန်းနှစ်ခုက လိမ်ပြီး ဆက်ထွက်သွားပြီဗျို့။
ဟာ ထိပြီဗျို့။ ထိပြီ။ နှစ်ယောက်စလုံးကို ထိတာဗျို့။
နှစ်ယောက်စလုံး ဖင်ထိုင်ရက် လဲသွားကြပြီဗျို့။
"ဟာ အရီး"
ကျုပ်က အရီးမယ်ခဆီကို ပြေးမယ်အလုပ်မှာ…
"တာတေ မလာနဲ့ "
လို့ အရီးမယ်ခက အော်လိုက်တယ်။
ကျုပ်လည်း အောက်လမ်းကောင်ကို ဓါးနဲ့ပိုင်းဖို့
ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တယ်
အောက်လမ်းကောင်က ဒယီးဒယိုင်နဲ့ ထလာပေးတယ်ဗျ။
ဒီတုန်းမှာပဲ လုံးဝမမျှော်လင့်တာ ဖြစ်လာတယ်ဗျို့။
ဂူတွေပေါ်ကနေ ဖြူဖြူအရိပ်ကြီးတစ်ခု ဖြတ်ပြေးလာတယ်။
အရပ်ဆယ်ပေလောက်ရှိတာ။ ဆံပင်ဖားလျားကြီး
ချလို့ဗျ။ ကျုပ် ကောင်းကောင်း သိတာပေါ့ဗျာ။
ဒါ မဖဲဝါဗျာ။ မဖဲဝါ။ လေထဲမှာ လွင့်နေအောင်ကို
ပြေးလာတာဗျို့။
"ဘုန်း ဘုန်း ဘုန်း"
"အင့် အင့် အား"
ဒယီးဒယိုင် ထလာပြီး အရီးမယ်ခကို အပြတ်ရှင်းဖို့
ပြင်နေတဲ့ အောက်လမ်းကောင်ရဲ့ ကျောကုန်းကို
မဖဲဝါ ဆက်တိုက်ရိုက်ချလိုက်တာဗျို့။
'အား'ဆို အော်လိုက်တဲ့ အသံကြီးက
အောက်လမ်းကောင်ကြီးရဲ့
နောက်ဆုံးအသက်ငင်သွားတဲ့ အသံပဲဗျ။
"ဝေါ့ "
ဒူးထောက်ရက် ကျသွားပြီး သွေးတွေ မြင်မကောင်းအောင်
အန်လိုက်တဲ့ အောက်လမ်းဆရာ၊ ဆရာတောက်ဟာ
ရှေ့ကို ဟပ်ထိုးကြီး ထိုးကျပြီး ငြိမ်သွားတယ်ဗျို့။
မဖဲဝါကြီးလည်း ဖြတ်ခနဲ ပျောက်သွားတယ်
ကျုပ်နဲ့ ရွာသားတစ်ယောက်က အရီးမယ်ခကို
ပြေးထူတယ်။
သောင်းတင်ကလည်း အောက်လမ်းဆရာမှန်း မသိလို့
ရွာကို ခေါ်ခဲ့မိတဲ့အကြောင်း တောင်းပန်တယ်ဗျ။
ဒီအောက်လမ်းရဲ့ အလောင်းကို ရွာထဲပြန်မသယ်ဘဲ
သင်္ချိုင်းမှာပဲ မြှုပ်ပစ်ဖို့ သဘောတူကြတယ်
ကျုပ်ကတော့ အရီးမယ်ခကို သူ့အိမ် ပြန်ပို့ပေးတယ်
တစ်ရွာလုံးကလည်း အရီးမယ်ခကို နားလည်သွားကြတယ်။
အရီးမယ်ခကတော့ ဒဏ်ရာပြင်းပြင်း ရသွားပုံပဲဗျ။
သိပ်တောင် မလှုပ်နိုင်ဘူး။ ဒါပေမဲ့ သူအရမ်းကို
ကျေနပ်နေတဲ့ပုံပါဗျာ။
ပန်းရုံလည်း အောက်လမ်းသေသွားမှ မိနေတဲ့
ဆေးပြယ်သွားပြီး သတိမှန်သွားတာပေါ့။
"တာတေ ဟိုညက ရောက်လာတာ ဘယ်သူတုံး
နင် သိသလား"
လို့ အရီးမယ်ခက ကျုပ်ကို မေးတယ်
ကျုပ်က…
"သိပါတယ် အရီးရာ၊ အဲဒါ မဖဲဝါကြီးပါဗျာ"
"ဟေ နင်က ဘယ်ဆိုးလို့တုံး ၊ မဖဲဝါကိုတောင်
သိတယ် ဟုတ်လား"
လို့ အံ့သြပြီး ကျုပ်ကိုပြောတယ်။
ကျုပ်ရော ရွာထဲက လူတွေပါ။
အရီးမယ်ခကို ဂရုစိုက်ကြပါတယ်။
ဒါပေမဲ့ အောက်လမ်းနဲ့ တိုက်တုန်းက
ရခဲ့တဲဒဏ်ကြောင့် အတွင်းကြေ
ကြေသွားပုံရတယ်ဗျာ။
တစ်လလောက်အကြာမှာ အရီးမယ်ခ ဆုံးသွားတယ်။
သူမဆုံးခင် သူ့ယာတွေနဲ့ ပိုင်ဆိုင်သမျှကို တူ,တူမတွေကို
ခွဲဝေပေးခဲ့တယ်။ ကျုပ်ကိုတော့ ဘယ်သူမှ မသိအောင်
သူ့ယောင်္ကျား ဘကြီး အောင်ထိန် ဝတ်တဲ့ ပတ္တမြားလက်စွပ်
တစ်ကွင်း ပေးခဲ့တယ်။
"ရော့ တာတေ၊ ဒါ နင့်ဘကြီးအောင်ထိန် ဝတ်ခဲ့တဲ့ လက်စွပ်၊
နင်ယူလိုက်"
လို့လည်း ပြောခဲ့သေးတာဗျ။
အရီးမယ်ခဆုံးတော့ တစ်ရွာလုံး လိုက်ပို့ကြတယ်။
အားလုံး စိတ်တော်တော်ထိခိုက်သွားကြတာပါဗျာ။
ကျုပ်ကတော့ အရီးမယ်ခအတွက် တကယ်ကို
စိတ်မကောင်းခဲ့ဆုံးကောင်ပေါ့ဗျာ

ပြီးပါပြီ

Zawgyi


"အရီး ဒီပညာေတြကို ဘယ္အ႐ြယ္မွာ တတ္ခဲ့တာတုံး"
"အရီး ဆယ့္ေျခာက္ႏွစ္ ဆယ့္ခုႏွစ္,ႏွစ္မွာ တတ္ခဲ့တာ"
"အရီး ဘာျဖစ္လို႔ ဒီပညာကို သင္တာတုံးဗ်"
"အင္း …ဒီလိုတာေတရဲ႕ ၊ အရီးတို႔မွာ ညီအစ္မသုံးေယာက္
ရွိတာ။ အရီးက မယ္ခ ၊ အရီးညီမက မယ္ျမ၊ အရီးတို႔
အစ္မႀကီးက မယ္လွတဲ့ ။ မမယ္လွက နာမည္နဲ႔လိုက္ေအာင္
႐ုပ္ေခ်ာတယ္။ မမယ္လွ အပ်ိဳျဖစ္တဲ့ အခ်ိန္မွာ
တစ္႐ြာလုံးက ကာလသားမွန္သမွ် ႀကိဳက္ၾကတာေပါ့ကြယ္။
တစ္ရက္ေတာ့ တို႔႐ြာကို ဆရာတစ္ေယာက္ ေရာက္လာၿပီး
ေဆးကုတယ္။ မမယ္လွကိုေတြ႕ေတာ့ ေဆးနဲ႔တို႔လိုက္တာ
ဘယ္သူမွ မသိလိုက္ဘူး။ အဲဒီမွာတင္ မမယ္လွက
ဒီလူကို တန္းတန္းစြဲျဖစ္ေတာ့တာေပါ့။ အေမတို႔
အဘတို႔ကလည္း လုံးဝ မေပးစားဘဲ မမယ္လွကို
အခန္းထဲထည့္ၿပီး ေသာ့ပိတ္ထားၾကတာ
ေနာက္ဆုံး မမယ္လွ ႐ူးၿပီး ေသသြားတယ္"
"ဟာ ျဖစ္မွျဖစ္ရေလဗ်ာ"
အဲဒီထဲက အရီးလည္း ဆရာဆိုတဲ့ ေကာင္ေတြကို
စိတ္နာၿပီး ဒီပညာကို သင္လိုက္တာ၊ အရီးညီမ၊
မယ္ျမကိုလည္း အတူတူသင္ဖို႔ အေဖာ္စပ္ေပမယ့္
မယ္ျမက မသင္ဘူး။ အရီးတစ္ေယာက္တည္း
သင္ခဲ့တာ"
"အရီး သင္ေတာ့ ေတာ္ေတာ္ခက္ခက္ခဲခဲ
သင္ခဲ့ရတာလား"
"ဘယ္ခက္ရမွာတုံး တာေတရယ္ ၊ ငါ့ကို သင္ေပးတဲ့
ပညာသယ္မႀကီးက နည္းနည္းေနာေနာတတ္တာ
မဟုတ္ဘူးဟဲ့ ၊ ေမာက္ျပားထက္ သုံးဆင့္ျမင့္တယ္။
သူေတာက္စားတဲ့အခ်ိန္မွာ ကြမ္းတစ္ယာ ဝါးထားတယ္"
"ဗ်ာ ေတာက္စားတယ္ဆိုတာ ဘာတုံး အရီးရဲ႕ "
"အဲဒီပညာသည္ရဲ႕ ပါးစပ္ထဲက မီးေတာက္ေတြ
ထြက္တာကို ေျပာတာ တာေတရဲ႕"
"ေၾသာ္"
"အဲဒီအခ်ိန္မွာ သူ႔ပါးစပ္ကေန အေရာင္ေတြ
ေတာက္ေနတဲ့ သြားရည္ေတြ က်လာတယ္။
အဲဒီသြားရည္ေတြ ေပေနတဲ့ ကြမ္းဝါးဖတ္ကို
ငါ့ပါးစပ္ထဲ ထည့္ေပးတယ္။ မဝါးဘဲ မ်ိဳခ်ရတယ္။
ငါက သူ႔ထက္ တစ္ဆင့္နိမ့္တဲ့ ေမာက္ျပားအထက္
ႏွစ္ဆင့္ျမင့္တဲ့ ပညာသည္ ျဖစ္လာတယ္။
ငါက သာမန္စုန္းေတြထက္ အမ်ားႀကီး
အဆင့္ျမင္တယ္ တာေတ"
"ေၾသာ္ လြယ္သားပဲဗ် "
"ေအး လြယ္တယ္လို႔ေတာ့ ေျပာလို႔မရဘူးဟဲ့၊
အဲဒီပညာဗူးသြင္းတဲ့ အခ်ိန္မွာ မတည့္မတ္ရင္
အသက္ဆုံးတတ္တယ္ အသက္စြန္႔ၿပီး လုပ္ရတာ"
" ဟင္ ဟုတ္လား အရီး၊ ေတာ္ေသးတာေပါ့ဗ်ာ၊
အရီးက အဆင္ေျပသြားေပလို႔ေပါ့"
"ေအး ဟုတ္တယ္ ၊ တာေတ ၊ အရီးရဲ႕ ဆရာ
ပညာသည္ ေသတဲ့အခ်ိန္မွာ အရီးက သူ႔အဆင့္ကို
အလိုလို ရလာတယ္"
"ဟင္ ဒါဆိုရင္ အရီးက ေမာက္ျပားအထက္သုံးဆင့္ေပါ့"
"ေအး ဟုတ္တယ္ ၊ ဒါေပမဲ့ အခုအခ်ိန္အထိေတာ့
ပညာကို ႏွစ္ဆင့္ပညာအထိပဲ သုံးဖူးတာပါ။
ဒါေတာင္ မခံႏိုင္ၾကပါဘူးေလ"
က်ဳပ္က အရီးေျပာတာေတြကို ၿငိမ္ၿပီး ေတြးေနမိတယ္။
အရီးက က်ဳပ္ကို ဆက္ၿပီး ေျပာတယ္
"ဒီပညာနဲ႔ အရီး ဘယ္လူတစ္ဦးတစ္ေယာက္ကိုမွ
ဒုကၡမေပးဖူးပါဘူး ။ သစၥာတရားမရွိတဲ့ ဆရာေယာင္ေတြ၊
ကိုယ့္ကို လာၿပီး အႏၲရာယ္ျပဳရင္ေတာ့ အၿပီးတိုင္ေအာင္
လုပ္ခဲ့တယ္။ ၿပီးေတာ့ အရီးေမြးဖြားလာတဲ့ ဒီ႐ြာကိုလည္း
အရီးေစာင့္ေရွာက္တယ္ ။ မဟုတ္မဟက္ ဆရာေတြ
ဝင္လာရင္ အၿမဲေမာင္းထုတ္ေပးခဲ့တယ္။ ဒါေပမဲ့
ဒါေတြကို ႐ြာကလူေတြ ဘယ္သိမလဲ တာေတ"
"ေၾသာ္ ဒီလိုကိုး"
က်ဳပ္က ဒီကေန႔ အရီးလုပ္ျပခဲ့တာေတြကို က်ဳပ္
ဘယ္သူ႔ကိုမွ မေျပာဘူးလို႔ ဆုံးျဖတ္လိုက္တယ္။
တကယ္လည္း မေျပာခဲ့ပါဘူး။ အိမ္က အဘနဲ႔
အေမကိုေတာင္ က်ဳပ္ ဒါေတြေျပာမျပခဲ့ဘူးဗ်။
အရီးမယ္ခနဲ႔ ပတ္သက္ၿပီး က်ဳပ္ သိသမွ်ေတြကို
က်ဳပ္ ရင္ထဲမွာပဲ ထားခဲ့တာဗ်။ ဒီလိုနဲ႔ပဲ က်ဳပ္နဲ႔
အရီးမယ္ခတို႔ ခါတိုင္းလိုပဲ ခင္ခင္မင္မင္
ေနခဲ့ၾကတာေပါ့ဗ်ာ။
အရီး လိုတာျပဳတာ က်ဳပ္က လုပ္ေပးေနခဲ့တာဗ်။
ဒါေပမဲ့ ဒီေလာကႀကီးက ကိုယ္ဘယ္ေလာက္ေကာင္းေအာင္
ေနေန လူယုတ္မာေတြရဲ႕ ဒုကၡေပးတာ ႀကဳံရတတ္တယ္။
ဒါေၾကာင့္လည္း က်ဳပ္တို႔ ဝိုင္းေတာင္ဘက္ကပ္လ်က္ဝိုင္းက
ဘြားေတာ္ ေဒၚသိန္းျမႀကီး ဘုရားရွိခိုးတိုင္း က်ဳပ္ၾကားေနရတဲ့
သူေတာင္မဟုတ္ သူယုတ္မာနဲ႔ မေတြ႕ရပါေစနဲ႔ ဆိုသလိုေပါ့ဗ်ာ။
တစ္ရက္ေတာ့ က်ဳပ္တို႔႐ြာကို ဆရာတစ္ေယာက္
ေရာက္လာတယ္ ။ ႐ြာေရွ႕ပိုင္းက ေသာင္းတင္ဆိုတဲ့ေကာင္
ေခၚလာတာ။ အညိဳဝတ္နဲ႔ စိပ္ပုတီးတစ္ကုံး အၿမဲဆြဲထားတဲ့
ဆရာဗ်။ အသက္က ေလးဆယ္ေက်ာ္ေလာက္ပဲ ရွိေသးတာ။
႐ြာေရာက္ကတည္းက ရွိခိုးလိုက္တဲ့ ဘုရားဗ်ာ။
ေန႔ ,ရွိခိုး ည ,ရွိခိုးနဲ႔ ေနတာဗ်။ သက္သက္လြတ္ကလည္း
အၿမဲစားဆိုပဲ။ ေဗဒင္ေဟာရင္ အလြန္မွန္တယ္ ဆိုပဲဗ်။
လူေတြကို ယၾတာေခ်ေပး ျပဳေပးေပါ့ဗ်ာ။
ေသာင္းတင္တို႔ အိမ္မွာ စတည္းခ်ၿပီး ေဗဒင္ေဟာေနတာဗ်။
တစ္႐ြာလုံး မွန္လိုက္တာ မွန္လိုက္တာနဲ႔ နာမည္ကို
ေက်ာ္လို႔ဗ်။ ဆရာနာမည္က ဘာတဲ့။ အဲ ဆရာေတာက္တဲ့။
ဆရာေတာက္၊ ဆရာေတာက္။
ဘန္႔ေဘြးကုန္းကလည္း လွည္းနဲ႔ လာပင့္တဲ့အခါ ပင့္တယ္ဗ်။
ေငြယားကုန္းတို႔၊ ေငြတြင္းကုန္းတို႔ကလည္း လာပင့္ၾကတာဗ်။
ေသာင္းတင္တို႔ မိသားစုလည္း မ်က္ႏွာပြင့္တာေပါ့ဗ်ာ။
က်ဳပ္အေမကေတာင္ က်ဳပ္ကို ေျပာေသးဗ်ာ။
"ဟဲ့ တာေတ၊ နင့္မလည္း ဒီမန္က်ည္းပင္ေအာက္မွာပဲ
ေမွာက္လိုက္ လွန္လိုက္နဲ႔ ၊ ဆရာေတာက္ဆီသြားၿပီး
ဇာတာေလး ဘာေလး စစ္ၾကည့္ပါလားဟဲ့ ၊
ေဟာတာ ေျပာတာ လႊတ္မွန္တယ္ ဆိုပါလား"
"မစစ္ခ်င္ပါဘူး အေမရာ၊ က်ဳပ္က ဘာကိုသိခ်င္ရမွာတုံး၊
က်ဳပ္မွာ ဘာအေၾကာင္းမွ မရွိတာဗ်ာ"
"မစစ္ခ်င္လည္း ေနေပါ့ေတာ္"
အေမက အဘပုဆိုးေလးတစ္ထည္ ေခါင္းေပၚတင္ၿပီး
႐ြာထဲ ထြက္သြားေရာဗ်ိဳ႕။ က်ဳပ္လည္း ခါတိုင္းလိုေပါ့ဗ်ာ။
နဂါးေဆးေပါ့လိပ္ကေလးဖြာၿပီး မန္က်ည္းပင္ေအာက္မွာ
ေတြးေနတာဗ်။ ၿပီးေတာ့မွ ေဆးေပါ့လိပ္ကေလး အသာခ်ၿပီး
ဝါးပိုးျခမ္း ေခါင္းအုံးေပၚ အသာကေလး လွဲခ်လိုက္တယ္။
"ကိုႀကီးတာေတ ၊ အိပ္ေတာ့မလို႔လားဗ်"
က်ဳပ္လည္း အသံၾကားတဲ့ ဝိုင္းဝကို ၾကည့္လိုက္ေတာ့
ဆင္ေပါက္နဲ႔ ဝက္သိုးဗ် ။ သူတို႔မွာ ေက်ာင္းနာမည္ေတြေတာ့
ရွိမွာေပါ့ဗ်ာ။ က်ဳပ္တို႔ကေတာ့ သူတို႔ရဲ႕ နာမည္ေျပာင္ေတြပဲ
မွတ္မိေနတာေလ။
"ေဟ့ေကာင္ေတြ လာေလ၊ ဘယ္သြားၾကမလို႔တုံး၊
ေနကပူရတဲ့ၾကားထဲမွာ"
"ကိုႀကီးတာေတဆီကိုပဲ လာတာဗ်။ ေျပာစရာရွိလို႔ "
"ေၾသာ္ လာေလ၊ ထိုင္ၾက၊ ဝက္သိုးက ဒီဘက္မွာထိုင္၊
ကဲ ေျပာပါဦး ကိစၥကို"
ဒီေကာင္ေတြက ထေနာင္းကုန္းမွာ ေနာက္လာမယ့္ေကာင္ေတြဗ်
အသက္ကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ေတြေပါ့ဗ်ာ။
"ဒီလိုဗ်၊ ကိုႀကီးတာေတ၊ ဆရာေတာက္ဆီကို ေဗဒင္သြား
မေမးဘူးလားဗ်"
"ဟာ မေမးပါဘူးကြာ၊ အဲဒါေတြ ငါက ဝါသနာမပါဘူးကြ"
"အဲဒီဆရာေတာက္ဆိုတဲ့ လူႀကီးက လူလိမ္ႀကီးဗ်"
"ေဟ ဟုတ္ရဲ႕လားကြ"
"သိပ္ဟုတ္တာေပါ့ ကိုႀကီးတာေတရ၊ ဒီလူႀကီးက
ဘုရားေတြ ဟန္ျပရွိခိုးေနတာဗ်၊ တကယ္ကေတာ့
ေအာက္လမ္းဆရာဗ်"
"ဟာ ဟုတ္ရဲ႕လား ၊ ဝက္သိုးရဲ႕ "
"ဟို တစ္ေန႔က ပုဗၺာ႐ုံေက်ာင္းက ေရတြင္းမွာ က်ဳပ္တို႔
ေရခ်ိဳးေနတုန္း ကိုေသာင္းတင္ ဒီဆရာနဲ႔ ေရလာခ်ိဳးတယ္ဗ်။
က်ဳပ္က တေစ့တေစာင္း ၾကည့္ေနတုံး သူ႔ခါးက ပုဆိုးက
ေရေလာင္းတဲ့ အခ်ိန္မွာ ေအာက္ကို ေလ်ာသြားတယ္။
က်ဳပ္ ဘာျမင္တယ္ ထင္တုံး၊ သူ႔ခါးမွာ ဘုရားပုံေတြ
ေဇာက္ထိုး ထိုးထားတယ္ဗ်"
"ေဟ မွင္ေၾကာင္နဲ႔ ထိုးထားတာလား။
မင္းေသေသခ်ာခ်ာ ေတြ႕လို႔လား ဝက္သိုး"
"ေတြ႕ပါဗ်ာ၊ က်ဳပ္က ဆပ္ျပာတုံး ျပဳတ္က်ခ်င္ေယာင္
ေဆာင္ၿပီး အနီးကပ္ကို ၾကည့္လာတာဗ်၊
တျခားဘယ္ေနရာေတြမွာ ရွိေသးလည္းေတာ့
က်ဳပ္ မသိဘူး"
က်ဳပ္ ေတာ္ေတာ္အံ့ၾသသြားတယ္။
လူေတြ တယ္လည္း ယုတ္မာၾကပါလား။
"ေနဦး ကိုႀကီးတာေတ၊ အခုလာတာ ဒီကိစၥေလာက္တင္
မဟုတ္ဘူးဗ်"
"ဟင္ ဘာကိစၥမ်ား ရွိေသးတုံးဟ ၊ ဆင္ေပါက္ရ"
"႐ြာေရွ႕ပိုင္းက ဘြားေတာ္ေဒၚျမရင္ရဲ႕သမီး မပန္း႐ုံကို
ကိုႀကီးတာေတ သိလား"
" ဟို ပန္းႏြယ္ရဲ႕ညီမမို႔လား"
"ဟုတ္တယ္၊ ဟုတ္တယ္၊ ဟိုေန႔က မပန္း႐ုံက
ဆရာေတာက္ဆီမွာ ေဗဒင္သြားေမးတာ။
အဲဒီက ျပန္လာကတည္းက ဂနာမၿငိမ္ ျဖစ္ေနတာတဲ့။
အဲဒါ ဆရာေတာက္က မပန္း႐ုံတို႔ ဝိုင္းေရွ႕က
ျဖတ္ေလွ်ာက္ရင္း အိမ္ထဲမွာ မပန္း႐ုံက ထိုင္လို႔
မရေတာ့ဘဲ လိုက္ၾကည့္တာတဲ့ဗ်ာ။အခုေတာ့
သူ႔မိဘေတြက ရိပ္မိၿပီး အခန္းထဲမွာ ထည့္ၿပီး
လူေစာင့္နဲ႔ ထားရတယ္တဲ့"
"ဟာ ဒါဆိုရင္ ဒီေကာင္မေလးေတာ့
ဟိုေအာက္လမ္းရဲ႕ တို႔ေဆးထိသြားၿပီ ထင္တယ္ကြ"
"ဗ်ာ တို႔ေဆးဟုတ္လား၊ ကိုႀကီးတာေတ၊ က်ဳပ္ေတာ့
ထိုးေဆးတို႔ ေသာက္ေဆးတို႔ပဲ ၾကားဖူးတာပါ"
"ေဟ့ေကာင္ ဝက္သိုး၊ ငါတို႔ငယ္ငယ္တုန္းက
ေညႇာ္နံ႔နံရင္ ရႉရတဲ့ ေဆးတို႔ပတ္ဆိုတာ
မင္း မၾကားဖူးဘူးလားကြ"
ဆင္ေပါက္က ခပ္တည္တည္နဲ႔ ဝက္သိုးကို ေဟာက္လိုက္တယ္
"ဟာ ဒီေကာင္ေတြ ဘာေတြေလွ်ာက္ေျပာေနတာတုံး၊
ဘယ္က ေဆးတို႔ပတ္ရမွာလဲကြာ၊ ေအာက္လမ္းဆရာေတြ
ေဖာ္ထားတဲ့ေဆးကြ၊ အဲဒီေဆးနဲ႔ လူကို တို႔လိုက္ရင္
လူေတြက သတိအမွန္ မရွိေတာ့ဘဲ သူတို႔ ခိုင္းတဲ့အတိုင္း
အကုန္ျဖစ္ေရာတဲ့ကြ။ အဲဒါကို ေျပာတာ"
"ေၾသာ္ အဲဒီလိုေဆးကို ေျပာတာလား။
ဒါဆိုရင္ ဟုတ္ႏိုင္တာေပါ့ဗ်"
က်ဳပ္ ဘာလုပ္ရင္ေကာင္းမလဲလို႔ ေတြးေနတယ္
"ဟာ ကိုႀကီးတာေတေရ၊ေနဦးဗ်၊
က်ဳပ္တို႔ ေျပာဖို႔ေမ့ေနလို႔ဗ်ိဳ႕။
အဲဒီဆရာေတာက္က ဘြားေတာ္ႀကီး
ေဒၚမယ္ခကိုလည္း ေျပာတယ္တဲ့ဗ်"
"ေဟ အရီးမယ္ခကို ဘာေျပာသတဲ့တုံး"
"ဒီစုန္းမႀကီးကို ဒီ႐ြာကေန ေမာင္းထုတ္ပစ္မယ္"
လို႔ ေျပာသတဲ့ဗ်။ ကိုေသာင္းတင္တို႔ကလည္း
ဒီဆရာက ပိုက္ဆံေတြ ေပးထားလို႔ ထင္တယ္ဗ်။
ဒီဆရာကို ဖူးဖူးမႈတ္ကို ထားတာဗ်ိဳ႕။
"ကဲ ဆင္ေပါက္နဲ႔ ဝက္သိုး မင္းတို႔ ငါ့ဆီလာေျပာတာကို
ဘယ္သူမွ မသိေစနဲ႔၊ ငါ ၾကည့္စီစဥ္လိုက္မယ္၊ မင္းတို႔ ျပန္ေတာ့၊
သတင္းကို ရသေလာက္ နားေထာင္ၿပီး ထူးတာရွိရင္
ငါ့ကို လာေျပာေပေတာ့"
"ဟုတ္ၿပီ၊ ကိုႀကီးတာေတ၊ ဒါဆိုရင္ က်ဳပ္တို႔ျပန္ေတာ့မယ္"
လို႔ ေျပာၿပီး ႏွစ္ေယာက္သား ျပန္သြားၾကတယ္ဗ်။
က်ဳပ္လည္း အရီးမယ္ခဆီကို ခပ္သုတ္သုတ္ ေျပးလာခဲ့တယ္။
အရီးမယ္ခကို အက်ိဳးအေၾကာင္း အကုန္ေျပာျပလိုက္တယ္။
"ေအာက္လမ္းေဆး သိပ္ေကာင္းရင္ေတာ့
သူ႔ေဆးကိုဖ်က္ဖို႔ မလြယ္ဘူးဟ၊ ဒီေအာက္လမ္းေသမွပဲ
ေဆးျပယ္မွာ၊ အင္း ဒီကေလးမေလးေတာ့
သနားပါတယ္၊ ငါ့အစ္မတုန္းကလို ျဖစ္တာပါပဲလား၊
ၾကာရင္ ဒီကေလးမေလး ႐ူးသြားမွာ တာေတ"
"ဒါဆိုရင္ ဘယ္လိုလုပ္မလဲ အရီးရဲ႕"
"အို သူနဲ႔ အရီးနဲ႔ ပညာၿပိဳင္ၾက႐ုံ ရွိတာေပါ့ဟ"
"ဟင္ ဟုတ္လား အရီး"
"ေအး ႐ြာထဲမွာ ျဖစ္ရင္ ႐ြာနာတယ္၊ ဒီအေကာင္ကို
သခ်ႋဳင္းေရာက္ေအာင္ ထုတ္ခဲ့၊ ဒီည ငါ သခ်ႋဳင္းထဲက
ေစာင့္ေနမယ္၊ ဒီတစ္ခါေတာ့ သုံးဆင့္ပညာကို
ထုတ္သုံးရေတာ့မွာေပါ့ေလ"
"ေကာင္းၿပီ အရီး၊ က်ဳပ္ ဒီေကာင္ကို ႐ြာျပင္ေရာက္ေအာင္
ေခၚထုတ္ခဲ့မယ္"
က်ဳပ္ အိမ္ကို ကပ်ာကယာ ျပန္လာတယ္။
ဝက္သိုးနဲ႔ ဆင္ေပါက္ကို ကေလးတစ္ေယာက္နဲ႔
လႊတ္ေခၚခိုင္းလိုက္တယ္။ ဆင္ေပါက္နဲ႔ ဝက္သိုးလည္း
ခ်က္ခ်င္း က်ဳပ္ဆီကို ေရာက္လာတယ္။
က်ဳပ္က က်ဳပ္အစီအစဥ္ေတြကို ဒီေကာင္ႏွစ္ေကာင္ကို
ေျပာျပတယ္။ ဒီေကာင္ေတြက က်ဳပ္ကို လႊတ္ခင္တဲ့
ေကာင္ေတြဗ်။ ပါးစပ္ကလည္း အားႀကီးလုံတာ။
ဒီေကာင္ေတြ ညေနဘက္ ဆရာေတာက္ ေရလာခ်ိဳးမယ့္
အခ်ိန္ကို ပုဗၺာ႐ုံေက်ာင္းေရတြင္းမွာ ေရခ်ိဳးရင္း
ေစာင့္ေနၾကရမယ္။ ဆရာေတာက္လာရင္
ေရတြင္းမွာ ေရငင္ရင္းနဲ႔ အနားကပ္ၿပီး…
"ဆရာႀကီး ဒီည ရွစ္နာရီ ႐ြာေနာက္က ေညာင္ပင္ႀကီး
ေအာက္ကို ဆက္ဆက္လာခဲ့ပါလို႔ မပန္း႐ုံက မွာလိုက္တယ္"
လို႔ ေျပာရမယ္ ။ ဒီေကာင္ ႏွစ္ေကာင္ကို က်ဳပ္ယုံတယ္။
အရီးခဆီကို က်ဳပ္ျပန္သြားတယ္။ အစီအစဥ္ကို ေျပာလိုက္တယ္။
ညရွစ္နာရီမထိုးခင္ က်ဳပ္ေရာ အရီးခေရာ ႐ြာေနာက္ဘက္က
ေညာင္ပင္ႀကီးေအာက္ကို ေရာက္ေနၿပီဗ်။ က်ဳပ္က
မလွမ္းမကမ္းက ၿခဳံပုတ္ထဲမွာ ပုန္းေနတယ္။
လက္ထဲမွာ ငွက္ႀကီးေတာင္ဓါးကို က်စ္က်စ္ပါေအာင္
ဆုပ္ထားတယ္။
အရီးမယ္ခကလည္း ခပ္လွမ္းလွမ္းက ထေနာင္းပင္နားမွာ
အသာရပ္ေနတယ္။ ဒီေနရာကေနဆိုရင္ သခ်ႋဳင္းနဲ႔
နီးေနၿပီဗ်။ အရီးမယ္ခက ဒီေအာက္လမ္းကို
သူ႔ဟာသူ ေခၚသြားလိမ့္မယ္ ။ ရွစ္နာရီ ထိုးၿပီ။
ေဟာ ေအာက္လမ္းေတာင္ လာၿပီဗ်ိဳ႕။
မနဲ႔ေထာင္ရင္ ဘယ္သူ ခံႏိုင္မွာလဲဗ်ာ။
က်ဳပ္ ေသေသခ်ာခ်ာ ၾကည့္တယ္။
ဒီလူ တစ္ေယာက္တည္း လာတာဗ်။
ေညာင္ပင္ႀကီးေအာက္ကို ေရာက္ေတာ့
ေအာက္လမ္းေကာင္က ဟိုရွာ ဒီရွာ လုပ္ေနတယ္ဗ်။
"ဟား ဟား ဟား ဟား "
အရီးမယ္ခက တဟားဟားနဲ႔ ေအာ္ရယ္လိုက္ေတာ့
ဒီလူေၾကာင္သြားတယ္ ။ ခဏေနမွ
သေဘာေပါက္သြားပုံ ရတယ္ဗ်။
"ေၾသာ္ လက္စသတ္ေတာ့ နင္တို႔က ငါ့ကို
ေထာက္ေခ်ာက္ဆင္တာကိုး။ ဟဲ့ စုန္းမ
နင့္ပညာက ဘယ္ေလာက္ထက္လို႔တုံး"
အရီးမယ္ခက ထေနာင္းပင္ရိပ္ကေလးကေန
အျပင္ကို ထြက္လာတယ္။
"ဟဲ့ အေကာင္ ၊ ေအာက္လမ္းအယုတ္တမာ၊
နင္လိုေကာင္မ်ိဳးကို သတ္ဖို႔ ငါ ဒီပညာကို
သင္ထားတာေဟ့ ၊ ကဲ စမ္းလိုက္စမ္း"
အရီးမယ္ခက အဲဒီလို ေျပာလိုက္ေတာ့ ေအာက္လမ္းက
သူ႔လက္ႏွစ္ဖက္ကို ေရွ႕ဘက္ကို ဆန္႔ထုတ္ၿပီး ပါးစပ္က
႐ြတ္ဖတ္ေနတယ္ဗ်။ က်ဳပ္ကေတာ့ ဒီလူကို
က်ဳပ္လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့
ငွက္ႀကီးေတာင္ဓါးနဲ႔သာ ေျပးၿပီး ပိုင္းလိုက္ခ်င္ေနတာဗ်ိဳ႕။
ေဟာ ေအာက္လမ္းရဲ႕ လက္ထဲမွာ အေရာင္ေတြ
တဝင္းဝင္း လက္လာတယ္ဗ်။
ေဟာ သူ႔လက္ဖဝါးႏွစ္ခုၾကားမွာ အလင္းလုံးကေလး
ျဖစ္လာၿပီဗ်။ ေဟာ ပစ္ေတာ့မယ္။ ပစ္ၿပီ ။ အရီးမယ္ခကို
အဲဒီအလင္းစက္နဲ႔ ပစ္လိုက္တာဗ်ိဳ႕။
ဟာ အရီးမယ္ခကလည္း ဝင္းခနဲ ေနေအာင္
ျပန္ပစ္လိုက္တာဗ်ိဳ႕။ အလင္းေရာင္ႏွစ္ခုက
လမ္းမွာတင္ ေတြ႕ၿပီး …
"ဝုန္း…ဝုန္း…"
လို႔ ျမည္သြားတယ္။ ေဟာ ေအာက္လမ္းက ေနာက္ကို
ေ႐ြ႕သြားတယ္ဗ်။ ေျခတစ္လွမ္း ႏွစ္လွမ္း။
"ဟား ဟား ဟား ဟား "
အရီးမယ္ခက ေအာ္ရယ္ၿပီး ေနာက္ကို ဆုတ္သြားတယ္
ေအာက္လမ္းက ေဒါသေတြထြက္ၿပီး အရီးမယ္ခေနာက္ကို
လိုက္ေတာ့တာပဲဗ်ိဳ႕။
"ဟဲ့ စုန္းမ နင္ ဘယ္ကို ေျပးမလို႔တုံး၊ နင္ ငါ့လက္က
လြတ္မယ္ထင္သလား"
လို႔ ေျပာၿပီး ေျပးလိုက္တယ္ဗ်။ တကယ္က အရီးမယ္ခက
သူ႔ကို သခ်ႋဳင္းထဲေရာက္ေအာင္ ေခၚသြားတာဗ်။
ေဟာ သခ်ႋဳင္းမေရာက္ခင္ တစ္ေယာက္နဲ႔တစ္ေယာက္
တစ္ခ်ီတြယ္ၾကေသးတယ္ဗ်။
ဒီတစ္ခါေတာ့ ႏွစ္ေယာက္လုံး ေတာင့္ခံထားတာဗ်။
ဘယ္သူမွ ေနာက္ကို မေ႐ြ႕ဘူး။
ေဟာ ေရာက္သြားၿပီ။ သခ်ႋဳင္းထဲကို ေရာက္သြားၿပီ။
က်ဳပ္လည္း ၿခဳံေတြကြယ္ၿပီး လိုက္ခ်သြားတာ
သခ်ႋဳင္းထဲ ေရာက္ေနၿပီဗ်ိဳ႕။ဒီတုန္းမွာပဲ လူသံၾကားလို႔
က်ဳပ္ လွည့္ၾကည့္လိုက္ေတာ့ ႐ြာသားေလးငါးေယာက္
ေရာက္လာတယ္။ ဝက္သိုးတို႔ ေျပာလိုက္တာေနမွာ။
ေဟာ တြယ္ၾကျပန္ၿပီဗ်ိဳ႕။ အရီးမယ္ခက
သူ႔လက္ထဲက ထြက္လာတဲ့ မီးေတာက္ေတြနဲ႔
ေအာက္လမ္းဆီကို လႊတ္တယ္။
ေအာက္လမ္းကလည္း သူ႔လက္က ထြက္တဲ့
အလင္းေရာင္နဲ႔ ကာထားတယ္ဗ်။
ေဟာ ေအာက္လမ္းက မီးတန္းႀကီးတစ္ခု လႊတ္လိုက္ျပန္ၿပီဗ်ိဳ႕။
အရီးမယ္ခက သူ႔အလင္းစက္ေတြနဲ႔ ကာထားလိုက္တယ္။
လိုက္လာတဲ့ ႐ြာသားေတြလည္း သခ်ႋဳင္းထဲကို ေရာက္လာၿပီဗ်။
႐ြာကိုေအာက္လမ္းဆရာ ေခၚလာတဲ့ ေသာင္းတင္လည္း
ပါလာတယ္
အရီးမယ္ခက စိမ္းျပာေရာင္ မီးေတာက္ေတြ
သူ႔လက္ေခ်ာင္းေတြက ထြက္လာၿပီး မီးတန္းႀကီးတစ္ခုတည္း
ျဖစ္ေအာင္ စုလိုက္တယ္။ ၿပီးေတာ့ တလက္လက္ေတာက္ေနတဲ့
အဲဒီမီးေတာက္ကို ေအာက္လမ္းေကာင္ဆီကို
အရီးမယ္ခက လႊတ္လိုက္တယ္ဗ်။
ေဟာ လာၿပီ ။ ေအာက္လမ္းက ကာလိုက္တယ္
ဒါေပမဲ့ အရီးမယ္ခ လႊတ္တဲ့ မီးတန္းႀကီးက ေတာ္ေတာ္ကို
ျပင္းတယ္ဗ်။
"ဖ်န္း ဖ်န္း ဖ်န္း"
ဆို ျမည္သြားၿပီး ေအာက္လမ္းေကာင္ ကာထားတဲ့
စက္ေတြ ျပတ္ထြက္သြားတယ္။ ေအာက္လမ္းက ေနာက္ကို
တစ္လံေလာက္ လြင့္ထြက္သြားတယ္။ ၿပီးေတာ့ ေနာက္ကို
လန္ထြက္သြားတယ္။ ေဟာ ဖင္ထိုင္ရက္ကို လဲက်သြားတာဗ်ိဳ႕။
အရီးမယ္ခကိုယ္တိုင္လည္း ေနာက္ကို နည္းနည္းယိုင္သြားတယ္ဗ်။
ဧကႏၲေတာ့ အရီးနဲ႔ ဒီေကာင္ႀကီးနဲ႔ ပညာအဆင့္ခ်င္း
တူေနၿပီထင္တယ္ဗ်။
ေဟာ ျပန္ထလာၿပီဗ်ိဳ႕။ ဟာ ဒီတစ္ခ်ီကေတာ့
တကယ့္ပြဲႀကီးပြဲေကာင္းပဲထင္တယ္။ အရီးမယ္ခကလည္း
ပါးစပ္ႀကီးဟၿပီး စိမ္းျပာေရာင္ မီးေတာက္ေတြ ထုတ္ေနတယ္။
ေအာက္လမ္းေကာင္ကလည္း သူ႔ပါးစပ္ႀကီးကိုဟၿပီး
လိေမၼာ္ေရာင္ မီးတန္းႀကီးကို ထုတ္ေနတယ္ဗ်။
ေဟာ မႈတ္ၿပီ၊ မီးတန္းေတြ မႈတ္ထုတ္လိုက္ၾကၿပီဗ်ိဳ႕။
မီးတန္းႏွစ္ခု ေျပးၿပီးတိုက္ၿပီ။
"ဝုန္း"
ဟာ မီးတန္းႏွစ္ခုက လိမ္ၿပီး ဆက္ထြက္သြားၿပီဗ်ိဳ႕။
ဟာ ထိၿပီဗ်ိဳ႕။ ထိၿပီ။ ႏွစ္ေယာက္စလုံးကို ထိတာဗ်ိဳ႕။
ႏွစ္ေယာက္စလုံး ဖင္ထိုင္ရက္ လဲသြားၾကၿပီဗ်ိဳ႕။
"ဟာ အရီး"
က်ဳပ္က အရီးမယ္ခဆီကို ေျပးမယ္အလုပ္မွာ…
"တာေတ မလာနဲ႔ "
လို႔ အရီးမယ္ခက ေအာ္လိုက္တယ္။
က်ဳပ္လည္း ေအာက္လမ္းေကာင္ကို ဓါးနဲ႔ပိုင္းဖို႔
ဓါးကို က်စ္က်စ္ပါေအာင္ ဆုတ္လိုက္တယ္
ေအာက္လမ္းေကာင္က ဒယီးဒယိုင္နဲ႔ ထလာေပးတယ္ဗ်။
ဒီတုန္းမွာပဲ လုံးဝမေမွ်ာ္လင့္တာ ျဖစ္လာတယ္ဗ်ိဳ႕။
ဂူေတြေပၚကေန ျဖဴျဖဴအရိပ္ႀကီးတစ္ခု ျဖတ္ေျပးလာတယ္။
အရပ္ဆယ္ေပေလာက္ရွိတာ။ ဆံပင္ဖားလ်ားႀကီး
ခ်လို႔ဗ်။ က်ဳပ္ ေကာင္းေကာင္း သိတာေပါ့ဗ်ာ။
ဒါ မဖဲဝါဗ်ာ။ မဖဲဝါ။ ေလထဲမွာ လြင့္ေနေအာင္ကို
ေျပးလာတာဗ်ိဳ႕။
"ဘုန္း ဘုန္း ဘုန္း"
"အင့္ အင့္ အား"
ဒယီးဒယိုင္ ထလာၿပီး အရီးမယ္ခကို အျပတ္ရွင္းဖို႔
ျပင္ေနတဲ့ ေအာက္လမ္းေကာင္ရဲ႕ ေက်ာကုန္းကို
မဖဲဝါ ဆက္တိုက္႐ိုက္ခ်လိုက္တာဗ်ိဳ႕။
'အား'ဆို ေအာ္လိုက္တဲ့ အသံႀကီးက
ေအာက္လမ္းေကာင္ႀကီးရဲ႕
ေနာက္ဆုံးအသက္ငင္သြားတဲ့ အသံပဲဗ်။
"ေဝါ့ "
ဒူးေထာက္ရက္ က်သြားၿပီး ေသြးေတြ ျမင္မေကာင္းေအာင္
အန္လိုက္တဲ့ ေအာက္လမ္းဆရာ၊ ဆရာေတာက္ဟာ
ေရွ႕ကို ဟပ္ထိုးႀကီး ထိုးက်ၿပီး ၿငိမ္သြားတယ္ဗ်ိဳ႕။
မဖဲဝါႀကီးလည္း ျဖတ္ခနဲ ေပ်ာက္သြားတယ္
က်ဳပ္နဲ႔ ႐ြာသားတစ္ေယာက္က အရီးမယ္ခကို
ေျပးထူတယ္။
ေသာင္းတင္ကလည္း ေအာက္လမ္းဆရာမွန္း မသိလို႔
႐ြာကို ေခၚခဲ့မိတဲ့အေၾကာင္း ေတာင္းပန္တယ္ဗ်။
ဒီေအာက္လမ္းရဲ႕ အေလာင္းကို ႐ြာထဲျပန္မသယ္ဘဲ
သခ်ႋဳင္းမွာပဲ ျမႇဳပ္ပစ္ဖို႔ သေဘာတူၾကတယ္
က်ဳပ္ကေတာ့ အရီးမယ္ခကို သူ႔အိမ္ ျပန္ပို႔ေပးတယ္
တစ္႐ြာလုံးကလည္း အရီးမယ္ခကို နားလည္သြားၾကတယ္။
အရီးမယ္ခကေတာ့ ဒဏ္ရာျပင္းျပင္း ရသြားပုံပဲဗ်။
သိပ္ေတာင္ မလႈပ္ႏိုင္ဘူး။ ဒါေပမဲ့ သူအရမ္းကို
ေက်နပ္ေနတဲ့ပုံပါဗ်ာ။
ပန္း႐ုံလည္း ေအာက္လမ္းေသသြားမွ မိေနတဲ့
ေဆးျပယ္သြားၿပီး သတိမွန္သြားတာေပါ့။
"တာေတ ဟိုညက ေရာက္လာတာ ဘယ္သူတုံး
နင္ သိသလား"
လို႔ အရီးမယ္ခက က်ဳပ္ကို ေမးတယ္
က်ဳပ္က…
"သိပါတယ္ အရီးရာ၊ အဲဒါ မဖဲဝါႀကီးပါဗ်ာ"
"ေဟ နင္က ဘယ္ဆိုးလို႔တုံး ၊ မဖဲဝါကိုေတာင္
သိတယ္ ဟုတ္လား"
လို႔ အံ့ၾသၿပီး က်ဳပ္ကိုေျပာတယ္။
က်ဳပ္ေရာ ႐ြာထဲက လူေတြပါ။
အရီးမယ္ခကို ဂ႐ုစိုက္ၾကပါတယ္။
ဒါေပမဲ့ ေအာက္လမ္းနဲ႔ တိုက္တုန္းက
ရခဲ့တဲဒဏ္ေၾကာင့္ အတြင္းေၾက
ေၾကသြားပုံရတယ္ဗ်ာ။
တစ္လေလာက္အၾကာမွာ အရီးမယ္ခ ဆုံးသြားတယ္။
သူမဆုံးခင္ သူ႔ယာေတြနဲ႔ ပိုင္ဆိုင္သမွ်ကို တူ,တူမေတြကို
ခြဲေဝေပးခဲ့တယ္။ က်ဳပ္ကိုေတာ့ ဘယ္သူမွ မသိေအာင္
သူ႔ေယာက်ၤား ဘႀကီး ေအာင္ထိန္ ဝတ္တဲ့ ပတၱျမားလက္စြပ္
တစ္ကြင္း ေပးခဲ့တယ္။
"ေရာ့ တာေတ၊ ဒါ နင့္ဘႀကီးေအာင္ထိန္ ဝတ္ခဲ့တဲ့ လက္စြပ္၊
နင္ယူလိုက္"
လို႔လည္း ေျပာခဲ့ေသးတာဗ်။
အရီးမယ္ခဆုံးေတာ့ တစ္႐ြာလုံး လိုက္ပို႔ၾကတယ္။
အားလုံး စိတ္ေတာ္ေတာ္ထိခိုက္သြားၾကတာပါဗ်ာ။
က်ဳပ္ကေတာ့ အရီးမယ္ခအတြက္ တကယ္ကို
စိတ္မေကာင္းခဲ့ဆုံးေကာင္ေပါ့ဗ်ာ

ၿပီးပါၿပီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)