Posts

Showing posts from January, 2024

ကိုယ်ပွားလိုက်ခြင်း (စ/ဆုံး)

.. ကိုယ်ပွားဆိုတာ ခင်ဗျားကိုယ်ထဲက ထွက်လာတဲ့ ခင်ဗျားပဲဗျ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဒီနေရာမှာ အိပ်ပျော်ပြီး ကျန်ရစ်ခဲ့ပေမဲ့ ခင်ဗျားရဲ့ကိုယ်ပွားက ခင်ဗျား စိတ်ညွတ်လိုက်တဲ့နေရာကို ရောက်သွားတာ။ .. ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်ပွားထွက်သွားရင် ခင်ဗျားခန္ဓာကိုယ်ရဲ့ ရင်ညွန့်တည့်တည့်ကနေ ငွေရောင်ကြိုးမျှင်လေးက ခင်ဗျားကိုယ်ပွားနောက်ကို ပါသွားရောဗျ။ အဲ့ဒီ ငွေရောင်မျှင်လေးက ဘာအကြောင်းနဲ့မှ ပြတ်မသွားနိုင်ဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲကို ခင်ဗျားပြန်ဝင်တဲ့အခါ အဲ့ဒီငွေကြိုးလေးအတိုင်း ပြန်ဝင်လာတာဗျ။ .. ကိုယ်ပွားထုတ်ကာစမှာ သိပ်ညင်သာမှုမရှိသေးတော့ ကိုယ်ထဲကို ပြန်အဝင်မှာ လန့်သွားတတ်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ကိုယ်ပွားက အဝင်အထွက်လုပ်တာ များလာလို့ရှိရင်တော့ မလန့်တော့ပါဘူး။ လူတစ်ယောက် အိပ်ရာက နိုးသလို နိုးလာတော့တာပေါ့ဗျာ။ .. မဖဲဝါ ကျုပ်ကိုပြောတာက ကိုထွေးမောင်ရဲ့ ငွေကြိုးလေးအတိုင်း လိုက်သွားဖို့ဗျ။ ဘချစ်နဲ့ မတွေ့တော့ကတည်းက ကိုယ်ပွားထုတ်တာကို ကျုပ်မလုပ်တော့တာ တော်တော်တောင်ကြာပြီဗျ။ .. ဒီအကြောင်းတွေနဲ့ ဘချစ်အကြောင်းကို သိချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ `ကဝေပျံ´ စာအုပ်ထဲက `ကိုယ်ပွား´ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ပေါ့ဗျာ။ ..

မဖဲဝါရဲ့ကျောက်ရုပ် (စ/ဆုံး)

" ဘယက္ခကြီးဗျာ ကျုပ်တို့ ဘယက္ခကြီးကို တွေ့ချင်လို့ မြင်ချင်လို့ ကိုယ်ထင်ပြပေးပါဗျာလို့ သွားပြောလိုက်တာ ကိုကြီးမိုးညိုရေ" " ဟေ ဟုတ်လား" ဒီတော့ ဘယက္ခကြီးက ကိုယ်ထင်ပြရောလားကွ" " ပြလိုက်တာမှ နဲနဲနောနောကြီး မဟုတ်ပါဘူးဗျာ ဆယ်ပေလောက်ရှိတယ်ဗျ။ ကိုယ်လုံးကြီးက စပါးတစ်ရာဆန့်တဲ့ ရာဝင်ပုတ်ကြီးလောက်ရှိတယ်ဗျ။ မျက်လုံးကြီးတွေက ဟင်း သောက် ပန်ကန်လုံးကြီးလောက် ရှိတယ်ဗျ။ ပါးစပ်ကြီးက တစ်ပေလောက် ကျယ်ဗျ။ ပါးစပ်ထဲမှာ အစွယ်ကြီးတွေမှ ဖွေးနေ တာပဲဗျာ။ ပါးစပ်ကြီး ဟပြတာ လျှာကြီးက မျက်နှာသုတ်တဲ့ တဘတ်ကြီးလောက် ရှိတယ်ဗျ။ ရဲပြီး အောက်ကို တွဲလောင်းကြီး ကျနေတာဗျ။ ကိုယ်မှာတော့ ပုဆိုးကွက်တုံးကြီး ဝတ်ထားတယ်။ အပေါ်ပိုင်းမှာတော့ င်္အကျီဝတ်မထားဘူး အမွှေးတွေကျိုးတိုးကျဲတဲ ပေါက်နေတယ်ဗျ။ အဲ့ဒါကြီး ဘွားကနဲ ပေါ်လာရော ကျုပ်နဲ့ ငပွ ဆိုတာ ကြက်သေ သေပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွား တော့တာဗျ။ ခဏကြာမှ ကျုပ်က သတိဝင်လာပြီး ငပွပြေးလို့ ပြောပြီး သူကို လက်နဲ့ပုတ်လိုက်တော့မှ ဒီကောင်လည်း သတိဝင်သွားပြီး နှစ်ယောက်သား ပြေးကျတော့တာဗျို့။ ပြေးရင်းနဲ့ ဘာတွေ အော်လို့ အော်မှန်းကို မသိတော့ပါဘူးဗျာ။ ဘယ်ရောက်လို့ ရောက်သွား

ဘီလူးစောင့်တဲ့အင်း (စ/ဆုံး)

ကိုကြီးလူတော်က ဘာမှမပြောဘဲ ဒီအတိုင်းလေးသာ နေလိုက် နောက်တစ် ရက် နှစ်ရက်ဆိုရင် ကျုပ်ဆရာကြီး ဘိုးလူပေ ရောက်လာ လိမ့်မယ် ဘာမှမစိုးရိမ်နဲ့" "ဟေ…ဘိုးလူပေ လာမယ် ဟုတ်လား ဝမ်းသာလိုက်တာ တာတေရာ အေး ဒါဆိုရင် ငါမကြောက်တော့ဘူး မင်းသာ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးပါတော့ကွာ" "စိတ်ချစမ်းပါ ကိုကြီးလူတော်ရာ ခင်ဗျားက ကျုပ်သူငယ် ချင်း လူကျော်ရဲ့ အစ်ကိုကြီးလေဗျာ ဒီတော့ ကျုပ် အစ်ကိုကြီးပဲပေါ့ ကိုကြီးလူတော်" "အေးပါကွာ မင်းကို ငါ အားကိုးပါတယ် တာတေရယ် မင်းသာ ဒီကိစ္စကို အခုလို မဖဲဝါဆီမှာ မေးမကြည့်ရင် ငါဟာ လူ့ဘဝမှာ သုံးနှစ်ပဲ နေရတော့မှာ ပြီးရင်လည်း ဘီလူးသွေးဖောက်စုပ်ခံရပြီး သေရမယ့်ကောင်လေ မင်းကြောင့် ငါမသေတာပါ တာတေရာ" ကျုပ် သေသေချာချာ ပြောဆိုပြီး အိမ်ပြန်လာခဲ့တယ် မဖဲဝါ အိပ်မက်ထဲမှာ ကျုပ်ကိုပြောလိုက်တဲ့ အတိုင်းပါပဲဗျာ။ ဘိုးလူပေ နှစ်ရက်ကြာတော့ ရောက်လာတယ်။ ထုံးစံအတိုင်းပဲ။ဘန့်ဘွေးကုန်းပဲ တည်းတယ်။ကိုစံအေး ကြီး ကျုပ်ကို လာခေါ်လို့ ဘန့်ဘွေးကုန်းကို လိုက်ခဲ့တော့ ဘိုးလူပေက ကျုပ်ကို ပြုံးပြုံးလေး ဆီးကြိုနေတယ်ဗျ။ ပြီးတာမှ ကျုပ်ကို ရယ်စရာပြောတယ် "မောင်တာတေ မင်းဒို့ ရွာမှာ ထူးထူးခြားခြား