ကဝေကျွန်းရှင် (စ/ဆုံး)


"ကျုပ်က မျောက်သားသိပ်ကြိုက်တာဗျ ဆရာ
ကြီးရဲ့၊ ဘမှေးကျွန်းမှာက မျောက်အားကြီးပေါ
တာ။ ဘမှေးကျွန်းကနေ ကဝေကျွန်းဖြစ်သွား
တော့ ဘယ်သူမှ မျောက်သွားပြီး မပစ်ရဲကြ
တော့ဘူး။ ကျုပ်လည်း မသွားရဲပါဘူး။ ဟိုနေ့က
တော့ မျောက်သားစားချင်စိတ်ကို မထိန်းနိုင်
တော့တာနဲ့ ကျုပ် အရဲစွန့်ပြီး သွားခဲ့တာဗျ။ကျွန်း
ကြီးပေါ်ကို လမုတောတွေကြားကနေ တိတ်
တိတ်ကလေး တက်သွားခဲ့တာ။ မျောက်ဆိုလို့
တစ်ကောင်မှကို မတွေ့တာဗျ။ ကျုပ်လည်း
တော်တော် အံ့သြသွားတယ်။
ဒီလောက်မျောက်ပေါတဲ့ ကျွန်းမှာ မျောက်တစ်
ကောင်မှ မတွေ့တာကို ကျုပ်တော်တော်အံ့သြ
နေတာဗျ။ ဒါနဲ့ ကျုပ် ကျွန်းပေါ်ကို တိုးတိုးသွား
လိုက်တာ သစ်ပင်တွေအောက်မှာ မျောက်တွေ
သွားတွေ့တယ်။ တချို့အကောင်က ထိုင်ရက်၊
တချို့အကောင်က ရပ်နေတယ်။ တချို့က မြေ
ကြီးမှာ တုံးလုံး၊ တချို့အကောင်က သစ်ပင်ကြီး
တွေကို ဖက်ပြီးရပ်နေတယ်။ ဒါပေမဲ့ ဒီကောင်
တွေ နည်းနည်းမှ မလှုပ်ဘူးဗျ။
ဒါနဲ့ ကျုပ်လည်း အနားကပ်သွားပြီး ကိုင်ကြည့်
လိုက်တော့ မျောက်တွေအကုန်လုံး မာမာ
တောင့်တောင့်ကြီးတွေ ဖြစ်နေတာဗျ။ကျုပ်ချက်
ချင်း သဘောပေါက်သွားတယ်။ ဒါဟာ ဒီကျွန်း
က ကဝေကြီးရဲ့ လက်ချက်ပဲဖြစ်မယ်လို့ တွေး
မိပြီး တော်တော် ကြောက်သွားတာဗျ။
ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီးမှတော့ မထူးပါဘူး
ဆိုပြီး ချုံပုတ်တွေကြားမှာပုန်းရင်း ရှေ့တိုးသွား
လိုက်တာ တဲကြီးအကြီးကြီးတစ်လုံးနားကို
ရောက်သွားတယ်ဗျ။
အဲဒီမှာတင် ကျုပ်ကိုယ်တိုင် ကဝေကြီးကို မြင်
ခဲ့တာဗျို့။ လူက အသားမည်းမည်း၊ ဂင်တိုတိုဗျ။
ခေါင်းမှာ ထဘီဆင်လို ပိတ်စတစ်စကိုခေါင်း
ပေါင်း ပေါင်းထားတယ်။
ကျုပ်စိတ်ထင်တော့ ထဘီကြီး တစ်ထည်ကို
ခေါင်းပေါင်းထားတာပဲ ထင်တယ်ဗျ။ သူ့ရှေ့မှာ
ယောက်ျားလေးငါးယောက်နဲ့ မိန်းမသုံးယောက်
က ထိုင်ပြီး သူ့ကို လက်အုပ်ချီထားကြတယ်ဗျ။
ကဝေကြီးက ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး
ရှေ့ကို ခြေထောက်လှမ်းတင်ထားတာဗျ။ ကျုပ်
သေသေချာချာ ကြည့်တော့မှ ကဝေကြီး ခြေ
ထောက်တင်ထားတာ ဘုရားဆင်းတုကြီးဗျ။
ကဝေက ဘုရားဆင်းတုရဲ့ ပခုံးနှစ်ဖက်မှာ ခြေ
ထောက်တစ်ချောင်းစီ တင်ပြီး ထိုင်နေတာဗျို့။
ကျုပ်ဖြင့် ကြက်သီးတောင် ထမိပါရဲ့ဗျာ။ သူ
ထိုင်နေတဲ့ ပက်လက်ကုလားထိုင်ရဲ့ နောက်မှ
မိန်းမချောချောတစ်ယောက်က ခုံတစ်လုံးနဲ့
ထိုင်ပြီး သူ့ဇက်ကြောကို နှိပ်ပေးနေတာဗျို့။
"ဟာ …မှာ လူကွ။ ငါတို့ကို လာပြီး ချောင်းနေ
တာဟေ့"
ကျုပ်ကို သူ့တပည့်တစ်ယောက်က မြင်သွား
ရောဗျို့။ ကျုပ်ကလည်း ကျုပ်ပါပဲ။ အိမ်ထဲက
ကဝေကိုပဲ မဲကြည့်နေတာဗျ။အိမ်ဘေးက သစ်
ပင်အောက်ကို မကြည့်မိဘူး။ ကနစိုပင်ကြီး
အောက်မှာ ထိုင်နေတဲ့ လူနှစ်ယောက်က သူတို့
နဲ့ မလှမ်းမကမ်းမှာ ချထားတဲ့ မြွေပခြုပ်ဖွင့်ပြီး
မြွေဟောက်ကြီးတစ်ကောင်ကို ထုတ်ယူလိုက်
ပြီး အောက်ကို ချပေးလိုက်တယ်။ မြွေဟောက်
ကြီးက ပါးပျဉ်းကြီးထောင်ပြီး အနံ့ခံနေတာဗျို့။
ကျုပ်လည်း မြွေနဲ့ တိုက်တာထင်တယ်လို့ တွေး
လိုက်ပြီး လှေဆိုက်ထားတဲ့ လမုတောထဲကို
တန်းပြေးရတော့တာပေါ့ဗျာ။ ကျုပ်လှေပေါ်ကို
ခုန်တက်ပြီး မနားတမ်း လှော်ပြေးရတော့တာ
ပေါ့ဗျာ။ ကျုပ်ကမ်းပေါ်ကို လှမ်းကြည့်တော့ မြွေ
ဟောက်ကြီးများ နည်းတဲ့ အကောင်ကြီး မဟုတ်
ဘူး။ပါးပျဉ်းကြီးထောင်ပြီး ကျုပ်ကို မျှော်ကြည့်နေ
တာဗျို့။ကျုပ်အပြေးမြန်ပေလို့ပေါ့။ မြန်သာမမြန်
ရင် ကျွန်းပေါ်မှာတင် မြွေဟောက်စာမိမှာ သေ
ချာတယ်"
ဘိူးလူပေက စောထီးပြောတာကို သေသေချာ
ချာ နားထောင်နေပြီးမှ ပြောတာဗျ
"ကျွန်းပေါ်က မျောက်တွေကို ကျောက်ရုပ်ဖြစ်
အောင် လုပ်ထားတာဗျ။ဒီအကောင်ကြီးပညာက
နည်းနည်းနောနောတော့ မဟုတ်ဘူးဗျို့။ ဒါပေ
မဲ့ ကျုပ်မမှုပါဘူး အစ်ကိုကြည်။ ဒါနဲ့ စောထီး
မင်း ငါတို့ကို ကဝေကျွန်းလိုက်ပို့ပေးနိုင်မလား"
ဘိုးလူပေက ဗြုန်းစားကြီးမေးလိုက်တော့ စော
ထီး လန့်သွားတယ်ဗျ။
"စောထီး မင်းနဲ့ မင်းညီစောဝင်း ဟောဒီက ငါ့
ညီ ဆရာဘိုးလူပေကို ကဝေကျွန်းကို လိုက်
ပို့ပေးကြကွာ။ မင်းတို့ နှစ်ယောက်ကို တစ်
ယောက်ကို ငွေငါးရာစီပေးမယ်၊ ဘယ့်နှယ်လဲ"
ငွေငါးရာစီဆိုတော့ စောထီး စိတ်ဝင်စားသွား
ရောဗျ။
"ကဲ..ပို့ပေးမယ်ဗျာ။ ဘယ်တော့ သွားမလဲသာ
ပြော"
"ဒီည လပြည့်ညကွ၊ ကဝေကျွန်းကြီးတစ်ကျွန်း
လုံးလင်းနေမှာ။ ဒီညပဲ အလုပ်လုပ်လိုက်တာ
ကောင်းပါတယ်လေ။ ကဲ…စောထီး ည၈နာရီ
ထိုးရင် သွားမယ်"
ဘိုးလူပေက ဆုံးဖြတ်လိုက်ပြီဗျ။
"စိတ်ချ ဘိုးလူပေ။ ကျုပ်နဲ့ စောဝင်း လှေနဲ့ လာ
ခေါ်မယ်။ အဆင်သင့်သာ စောင့်နေ"
"စောထီးပြန်သွားပြီဗျ။ ဒီအကြောင်း ဘယ်သူ့ကို
မှ မပြောရဘူးလို့ ဆရာကြည်က စောထီးကို မှာ
လိုက်သေးတယ်။ ဆရာကြည်တို့အိမ်က မြစ်ကို
ကျောပေးပြီး ဆောက်ထားတာဆိုတော့ ရေဆင်း
တံတားက အိမ်ခေါင်းရင်းမှာဗျ။ လပြည့်ညဆို
တော့ လက မိုးချုပ်တာနဲ့ ထွက်နေပြီပေါ့ဗျာ။ ၈
နာရီဆိုတော့ လတောင် တော်တော်မြင့်နေပြီဗျ။
တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့လည်း လ
အသာဆုံးလေဗျာ။ဒီတော့မှ ကျုပ်တွေးမိတာဗျ။
ဘိုးလူပေက ကဝေကျွန်းရှင်ကို နှိမ်နင်းဖို့ ဒီည
ကို တမင်ရွေးချယ်ထားတာများလားလို့ တန်
ဆောင်မုန်းလပြည့်ညဆိုတော့ ကြယ်တွေ၊
နက္ခတ်တွေ စုံတယ်လို့ ကျုပ်ကြားဖူးတယ်။
နွယ်မြက်သစ်ပင်တွေမှာ ဆေးပေါင်းခတဲ့ ည
လေဗျာ။ စောထီးနဲ့ စောဝင်း ကရင်ညီအစ်ကို
နှစ်ယောက်က ၈နာရီအတိမှာ ဘိုးလူပေနဲ့
ကျုပ်ကို လာခေါ်တယ်။ စောထီးက နောက်က
လှော်တယ်၊ သူ့ညီ စောဝင်းက လှေဦးကလှော်
တယ်။ မြစ်ပြင်တစ်ခုလုံး လရောင်လင်းထိန်
အောင် သာနေတာ လှတောင် လှသေးတော့ဗျ။
"စောထီး…ဒါ ဘာမြစ်ခေါ်တုံးကွ"
"ပန်းမခုံမြစ်လို့ ခေါ်တယ်ဗျ။ ကျုပ်တို့ရွာက
ကျွဲဖြူရွာလေ"
"စောထီးရဲ့ …ကျွဲဆိုတာ အဖြူရှိလို့လား"
"ဟိုးတုံးက ဒီရွာမှာ ကျွဲဖြူလေးတစ်ကောင်
ပေါက်ဖူးတယ်တဲ့ ဘိုးရဲ့။ အဲဒါကို စွဲပြီး ကျွဲဖြူ
ရွာလို့ ခေါ်တာလို့ ပြောတယ်"
"ဟိုရှေ့က ဘာရွာတုံး"
အုန်းပင်တွေ ထိုးထိုးထောင်ထောင်နဲ့ ရွာကို
လှမ်းမြင်နေရတာဗျ။
"အဲဒါ အုန်းပင်စုလို့ ခေါ်တယ်၊ သူ့ရှေ့မှာ လေး
အိမ်တန်းတို့၊ ဝဲကြီးတို့ဆိုတာ ရှိသေးတယ်ဗျ။
ဝဲကြီးကျော်သွားရင်တော့ ကဝေကျွန်းကြီးကို
လှမ်းမြင်နေရပြီဗျ။ အစကတော့ အဲဒီကျွန်းကြီး
တစ်ကျွန်းလုံးဟာ ထင်းတောကြီးပေါ့ဗျာ။ လူ
တွေ ထင်းလာခွေကြတဲ့ တောကြီးလေ။ခုတော့
ထင်းခွေဖို့ နေနေသာသာ ကျွန်းပေါ်တောင် မ
တက်ရဲကြတော့ဘူး ဘိုးရေ"
ကျုပ်တို့ ကဝေကျွန်းကို ရောက်တော့ ည ၉နာ
ရီခွဲလောက် ရှိပြီဗျ။ စောထီးတို့ညီအစ်ကိုက
လှေကို လမုပင်တွေ ကြားထဲကို လှော်သွင်း
လိုက်တယ်။ အလေ့ကျပေါက်နေတဲ့ ဓနိတော
ကြီးကြားမှာ လှေကို ဖွက်ထားလိုက်သဗျ။စော
ထီးက လမ်းပြပေါ့ဗျာ။ ကျွန်းကြီးတစ်ကျွန်းလုံး
ကတော့ လင်းထိန်နေလို့ဗျ။
ရှေ့ကသွားနေတဲ့ စောထီးက ဓနိပင်တွေ၊ လ
မုပင်တွေ၊ ကနစိုပင်တွေ၊ သမှဲ့ပင်တွေ၊ ဗြူးပင်
တွေကို ကပ်ပြီး ခပ်ကွယ်ကွယ်သွားနေတာဗျ။
ဟော…အသံကြားပြီ။ ဒါက ကဝေကျွန်းရှင်ရဲ့
အသံပဲ ဖြစ်မယ်ဗျ။ ကျုပ်တို့ ရှေ့ကို ဆက်တိုး
လာတယ်။ အသံက ပီပီပြင်ပြင် ကျယ်ကျယ်
လောင်လောင်ကြီးဗျ။
" အင်မတန် လျှို့ဝှက်ရှားပါးလှတဲ့ ရှေးဟောင်း
မှော်ပညာ၊ ကဝေပညာတွေကို အမွေခံသင်ယူ
နေကြတဲ့ တပည့်တို့၊ ဒီညမှာ သင်တို့အားလုံး
ကို အင်မတန်မှ လျှို့ဝှက်တဲ့ မှော်ပညာရဲ့ အ
ဆင့်တစ်ဆင့်ကို တက်ပေးတော့မယ်။ ဒီမှော်
ကို ငါတို့ပညာ လမ်းမှာတော့ သွေးစိမ်းမှော်လို့
ခေါ်တယ်။ ဒီလိုနက္ခတ်စုံတဲ့ညမှာ ပညာစဉ်
တက်လို့ရတယ်။ ဒီမှော်ကို သင်တို့ရသွားတာ
နဲ့ လူတစ်ယောက်ကို သွေးစိမ်းရှင်ရှင် အန်ပြီး
သေအောင် သတ်နိုင်လိမ့်မယ်။ အခု သွေးစိမ်း
မှော်ပညာကို စောင့်တဲ့ မှော်နတ်ကြီးကို ငါပင့်
တော့တယ်။ မောင်တုတ်…ဆိတ်ကို အဆင်
သင့်လုပ်တော့"
"အဆင်သင့်ပါပဲ ကဝေကျွန်းရှင်ကြီးဗျာ"
"ပဲ…ပဲ…"
ဆိတ်တစ်ကောင်ရဲ့ ကြောက်လန့်တကြားအော်
သံကို ကျုပ်ကြားလိုက်ရတယ်ဗျ။ ကျုပ်တို့လည်း
ရှေ့ကိုတိုးရင်းနဲ့ လူနှစ်ဖက်လောက်ရှိတဲ့ ကနစို
ပင်ကြီးနှစ်ပင်နား ရောက်တော့ ရပ်လိုက်ကြ
တယ်။ မြင်ရပြီဗျို့။ဟာ..ကဝေကြီးက ကျွန်းကြီး
ရဲ့ အလယ်မှာ သစ်ပင်တွေ ခုတ်ထွင်ပြီး ခြံဝင်း
ကြီး လုပ်ထားတာဗျို့။ ခြံကြီးက တော်တော်ကို
ကျယ်တာ။ ခြံဝင်းကြီးရဲ့ အလယ်မှာ တဲအိမ်
ကြီး တစ်လုံး ဆောက်ထားတယ်။
တော်တော်ကြီးသားဗျ။ ကျုပ်စိတ်ထင်တော့
တပည့်တပန်းတွေ အားလုံးအိပ်နိုင်အောင်
ဆောက်ထားတာ ဖြစ်မယ်ဗျ။ တဲကြီးရှေ့က
မြေကွက်လပ်ကြီးကလည်း အကျယ်ကြီးဗျ။
အဲဒီကွက်လပ်မှာ ပုဆစ်ဒူးတုပ်ပြီး ထိုင်နေတဲ့
ကဝေကြီးရဲ့ တပည့်တွေ ဆယ်နှစ်ယောက်
ရှိတယ်ဗျ။ ကဝေကြီးကို လက်အုပ်တွေ ချီလို့
ပေါ့ဗျာ။ အဲဒီလူတွေရဲ့ ရှေ့တည့်တည့်မှာ
တိုင်ငုတ်စိုက်ပြီး ချည်ထားတဲ့ ဆိတ်တစ်
ကောင်ဗျ။ ဆိတ်က အဖြူရောင်။
ဆိတ်ကလည်း သူ့သေဘေးကို မြင်ပုံရတယ်
ဗျ။ တိုင်မှာ ကပ်ပြီး မလှုပ်နိုင်အောင် ကြိုးတုပ်
ထားတဲ့ကြားက အော်ဟစ်ရုန်းကန်နေတာဗျို့။
"မောင်မဲ..ဘယ်မတုံး မင်းပစ္စည်းတွေ"
"ဒီမှာပါ ကဝေကျွန်းရှင်ကြီး၊ အားလုံးအဆင်
သင့်ဖြစ်နေပါပြီ"
"အေး…ဟုတ်ပြီ၊ ဟုတ်ပြီ "
ကဝေက သစ်ပင်ရိပ်အောက် မှောင်ထဲမှာ ပက်
လက်ကုလားထိုင်နဲ့ ထိုင်နေရာက ရှေ့ကို ထ
ထွက်လာတယ်ဗျ။ ဒီတော့မှာ ကဝေကြီးကို
ကျုပ်သေသေချာချာ ကြည့်လိုက်တယ်။ လူက
အသားမည်းမည်း၊ ဂင်တိုတို၊ မျက်လုံးပြူးပြူးနဲ့
ဗျ။ ဟုတ်ပဗျာ။ စောထီးပြောတဲ့အတိုင်းပဲဗျို့။
ခေါင်းမှာ ထဘီကို ခေါင်းပေါင်းထားတာဗျ။
ဟော..သူတပည့်မောင်တုတ်ဆိုတဲ့လူက အိမ်
ထဲကနေ ကုလားထိုင်တစ်လုံး ထမ်းလာလို့ဗျ။
ကဝေကြီး ထိုင်ဖို့ သေသေချာချာ ချပေးလိုက်
တယ်။ လက်အုပ်ချီပြီး ထိုင်နေတဲ့ ယောက်ျား
တွေ၊ မိန်းမတွေရဲ့ ရှေ့မှာ ချပေးလိုက်တာဗျ။
ဟာ…..ကျုပ်ပါးစပ်က အသံမထွက်အောင် မ
နည်း လက်နဲ့ ပိတ်လိုက်ရတယ်ဗျို့။ကဝေကြီး
ထိုင်မယ့် ကုလားထိုင်ရဲ့ ခြေထောင်လေး
ချောင်းက ဘုရားပုံတွေ ထုထားတာဗျ။ကြည့်
လိုက်ရင် ဘုရားလေးဆူက ဒူးတုပ်ထိုင်နေပြီး
ကုလားထိုင်ကို ပခုံးမှာ ထမ်းထားတဲ့ဗျ။
အောင်မလေးဗျာ။ ကျုပ်ဖြင့် မြင်ရတာနဲ့ကို
ကြက်သီးတွေ ထလိုက်တာဗျ။ ကဝေက ဟန်
ပါပါနဲ့ ဘုရားလေးဆူ ထမ်းထားတဲ့ ကုလား
ထိုင်မှာ ဝင်ထိုင်လိုက်တယ်ဗျို့။ ပြီးတော့
ကောင်းကင်ကို မော့ကြည့်တယ်။ တော်တော်
ကြာအောင် ကြည့်နေတာဗျ။ ပြီးတော့မှ ပြော
တာ။
"မောင်မဲ..ငါ့ရဲ့ လက်သုံးတော် မှော်ဓါး ဆက်
သစမ်း"
မောင်မဲဆိုတဲ့လူက ရွှေကလပ်နဲ့ တင်ထားတဲ့
ဓါးမြှောင်တစ်ချောင်းကို ဒူးတုပ်ပြီး ဆက်လိုက်
တယ်။ ကျုပ်သေသေချာချာ ကြည့်တယ်။ ဓါး
မြှောင့်က အသွားချည်း ဆယ်လက်မလောက်
ရှည်မယ်ဗျ။ ဓါးအိမ်ကလည်း ရွှေဓါးအိမ်ဗျ။ ဓါး
ရိုးကလည်း ရွှေနဲ့ လုပ်ထားတာဗျို့။
"မှော်ဝင်ခွက်ပေးစမ်း မောင်မဲ"
မောင်မဲဆိုတဲ့လူက ကြေးဝါနဲ့လုပ်ထားတဲ့ ခွက်
တစ်လုံးကို ဒူးတုပ်ပြီး ကဝေကြီးကို ပေးလိုက်
တယ်။
"ကဲ…အားလုံး နားထောင်ကြ၊ မကြာခင်မှာ အ
ချိန်ကျတော့မယ်။သွေးစိမ်းမှော်ရဲ့ မှော်ပိုင်နတ်
ကြီးကို ငါပင့်တော့မယ်။ ဘာမှမကြောက်ကြနဲ့။
ဟောဒီ မှော်ဝင်ခွက်ဟာ လွန်ခဲ့တဲ့ အနှစ်သုံး
ထောင်လောက်ကတည်းက အီဂျစ်နိုင်ငံက
မှော်နတ်ဘုရားတွေ စီရင်ထားတဲ့ ခွက်ပဲ။လော
လောဆယ် ဒီခွက်ကို ထိန်းသိမ်းခွင့်ရထားတာ
ငါပဲဟေ့။ ဒါကြောင့် မင်းတို့တွေ သွေးစိမ်းမှော်
ပညာကို ရကြတော့မှာပေါ့"
ကဝေကြီးက ကောင်းကင်ကို မော့ကြည့်လိုက်
ပြန်တယ်။ ကျွန်းကြီးပေါ်မှာ လေအေးတွေက
တဝူးဝူး တိုက်နေတာဗျ။ကဝေကြီးက ခေါင်းမှာ
ပေါင်းထားတဲ့ ထဘီစကြီးက လေအတိုက်မှာ
တဖျတ်ဖျတ်နဲ့ လှုပ်နေသဗျ။
"ဟဲ့…မောက်ကတော်တွေ၊ မိဂျမ်းတို့ မိပန်းတို့"
"လာပါပြီ မောင်ကြီးရှင့်"
စုန်းမကြီးနှစ်ယောက်က ဆံပင်ဖားလျားကြီးတွေ
ချလို့ဗျ။ လက်အုပ်တွေချီပြီး ထွက်လာကြတယ်။
"ကောင်မနှစ်ကောင် ကိုယ့်တာဝန်ကိုယ်သိတယ်
မို့လား"
စုန်းမနှစ်ယောက်က ထဘီတွေဖြန့်ပြီး ဗြန်းဗြန်း
ဗြန်းဗြန်း မြည်အောင် ခါလိုက်တယ်။ ထဘီက
နှစ်ထပ်ဝတ်ထားတာဗျ။ ဟော…ခါနေတဲ့ ထဘီ
ကြီးတွေကို ခြုံလိုက်ပြီဗျို့။ ခြုံတာမှ ခေါင်းကနေ
စခြုံတာဗျ။ ဟာ …လင်းတကြီးတွေ ဖြစ်ကုန်ပြီ
ဗျို့။ ဟော…လေထဲကို ပျံတက်သွားပြီဗျ။
"ဝီ…ဝီ…ဝီ…ဝီ"
"စောထီးနဲ့ စောဝင်းက ဒီသစ်ပင်နားမှာ ကပ်နေ
ကြ မလှုပ်ကြနဲ့။ စုန်းမတွေ ကင်းလှည့်နေပြီ။ သူ
တို့လင် ကဝေက ယစ်ပူဇော်တော့မှာမို့လို့။ လာ
…လာ…ဒီနားမှာ ငြိမ်နေကြ"
ဘိုးလူပေက အသံခပ်အုပ်အုပ်လုပ်ပြီး ပြော
လိုက်တာဗျ။
"ဥုံ…သွေးစိမ်းမှော်ပညာကို စောင့်ရှောက်တဲ့
မှော်နတ်ကြီးခင်ဗျား……"
ကဝေကြီးက ထဘီခေါင်းပေါင်းကြီး တလှုပ်လှုပ်
နဲ့ မန္တန်တွေ ရွတ်တော့တာဗျို့။ဟော…မန္တန်တွေ
ရွတ်အပြီးမှာ လက်တစ်ဖက်က ကြေးဝါခွက်ကို
ကိုင်၊ နောက်တစ်ဖက်က ရွှေရိုးတပ်ဓါးကို ကိုင်
ပြီး ရုန်းကန်နေတဲ့ ဆိတ်ရဲ့အနားကို ကပ်သွား
တယ်။ ကဝေရဲ့ တပည့် မောင်တုတ်ဆိုတဲ့လူက
ဆိတ်ကို နည်းနည်းမှ မလှုပ်နိုင်အောင် ချုပ်ကိုင်
လိုက်တယ်။
"ပဲ…ပဲ…"
ဟာ…လှီးပြီဗျို့။ လှီးလိုက်ပြီ။ မြန်လိုက်တဲ့ က
ဝေဗျာ။ ဆိတ်လည်ပင်းကို လှစ်ခနဲ လှီးလိုက်
တာဗျ။ ဆိတ်အော်သံ ချက်ချင်း ပျောက်သွားပြီး
သွေးတွေ ပန်းထွက်လာတယ်။ ကျလာတဲ့လည်
ချောင်းသွေးတွေကို ကဝေက မှော်ဝင်ခွက်ကြီး
နဲ့ ထိုးခံလိုက်တယ်။ ဆိတ်ကတော့ ဆန့်ငင်ဆန့်
ငင် ဖြစ်ပြီး ငြိမ်သွားရောဗျ။
ခွက်ကြီးထဲမှာ သွေးတွေ ပြည့်တော့မှ ခွက်ကို
လက်နှစ်ဖက်နဲ့ မပြီး မြှောက်တယ်။ ရွှေရိုးတပ်
ဓါးမြှောင်ကို မောင်မဲက ယူပြီး သွေးတွေကို
သေသေချာချာ သုတ်ပစ်လိုက်တယ်။ ကဝေက
ဒူးကြီးတုပ်ပြီး သွေးခွက်ကို မြှောက်ထားတယ်။
တစ်ယောက်ယောက်ကို တိုက်နေတဲ့ ပုံစံဗျ။
" ဝီ…ဝီ…ဝီး.…ဝီး"
ဟာ…လင်းတကြီးနှစ်ကောင်က ကျုပ်တို့နား
မှာရောက်လာပြီး ဝဲနေတယ်ဗျို့။ ဘိုးလူပေ
ကလည်းချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား
တယ်ဗျ။
"ဝီ…ဝီ…ဝီ…ဝီ"
ဟော…လင်းတတွေ ချက်ချင်းပြန်ရောက်လာ
ပြီး ကျုပ်တို့ခေါင်းပေါ်မှာ ဝဲနေပြီဗျ။
"စောထီးနဲ့ စောဝင်း၊ မင်းတို့နှစ်ယောက် ဒီနေရာ
မှာပဲနေ။ ထွက်မလာကြနဲ့၊ ကြားလား။ မောင်တာ
တေ ဆေးလွယ်အိတ် ကျုပ်ကိုပေးတော့"
ဘိုးလူပေက ချက်ချင်း မတ်တတ်ထရပ်လိုက်
တယ်။
"စုန်းမတွေ ကျုပ်တို့ကို တွေ့သွားပြီကွဲ့၊ ကဲ…
လာစမ်း ကောင်မနှစ်ကောင်"
ဟာ… လာတာပဲဗျို့။ လင်းတကြီးတွေက ဘိုး
လူပေဆီကို တည့်တည့်ထိုးဆင်းလာတာဗျ။
"ကဲ …ကြာ"
ဘိုးလူပေက လက်ကို ဆန့်ထုတ်လိုက်တာ။
လက်ထဲကနေ လက်ခနဲ လက်ခနဲ စက်ရောင်
တွေ ထွက်သွားတာဗျို့။ ဟာ… လင်းတကြီး
တွေကို တည့်တည့်ထိသွားပြီဗျ။
"ဘုန်း…ဘုန်း"
လင်းတကြီးနှစ်ကောင် ပြုတ်ကျသွားပြီဗျို့။ပြုတ်
ကျတာကလည်း သွေးခွက်ကြီးမြှောက်ထားတဲ့
ကဝေကြီးရဲ့ တည့်တည့်ကို ကျသွားတာဗျို့။
သွားရောဗျာ။ သွေးခွက်ကြီး လွင့်ထွက်သွားပြီး
ကဝေကြီးလည်း ဘေးစောင်းလဲကျသွားရော
ဗျာ။ ဟာ …လင်းတကြီးတွေက ထဘီခြုံစုန်းမ
ကြီးတွေ ပြန်ဖြစ်ကြပြီဗျို့။ စုန်းမကြီးတွေလည်း
မြေကြီးပေါ်မှာ ဆန့်ငင့်ဆန့်ငင်ဖြစ်နေကြရော
ဗျို့။
"သောက်ကမြင်းမတွေ …ငါ့အပေါ်ကိုမှ တည့်
တည့်ကျရသလား။ သွေးစိမ်းမှော် အောင်ခါနီး
မှ လာပြီးဖျက်တာ ဘာကောင်မို့တုံး"
ကဝေကြီး ချက်ချင်း သိသွားပြီဗျ။ သူ့တပည့်
ကဝေနှစ်ယောက်လည်း ပျာယာခတ်နေကြပြီ
ဗျ။ ကဝေဆီမှာ တပည့်ခံနေတဲ့ တပည့်တွေ
လည်း ကင်းဝတဲကြီးရှိတဲ့ဘက်ကို ထပြီးပြေး
ရောဗျာ။ အောင်ပွဲခံနေတဲ့ ကဝေကျွန်းရှင်ကြီး
ရဲ့အောင်မြေမှာ ချက်ချင်းကို ရုတ်ရုတ်သဲသဲ
ဖြစ်သွားတော့တာဗျို့။
ဘိုးလူပေက ကဝေကျွန်းရှင်ရဲ့ မြေတလင်း
ပေါ်ကို တက်ပြီး မားမားကြီးရပ်နေတယ်ဗျ။
ကျုပ်ကတော့ မနီးမဝေးက စက်ကတုံးပင်
ကြီး နောက်မှာကပ်ပြီး ရပ်နေလိုက်တယ်။က
ဝေကျွန်းရှင်က ဘိုးလူပေကို စိမ်းစိမ်းကြီး စိုက်
ကြည့်နေတယ်။ ပြီးတော့ ဆန့်ငင်ဆန့်ငင်ဖြစ်
နေတဲ့ စုန်းမနှစ်ယောက်ဆီကို သူ့လက်က
ထွက်လာတဲ့ စက်တွေ လွှတ်ပေးလိုက်တယ်။
ဟော..စုန်းမနှစ်ယောက် ထထိုင်ပြီဗျို့။အခြေ
အနေကို သဘောပေါက်သွားတဲ့ စုန်းမတွေ ချက်ချင်းထရပ်လိုက်ကြတယ်။
ထဘီတွေကို ချက်ချင်းပဲ ပြန်ဝတ်လိုက်တယ်။
ပြီးတော့ ရှေ့ကို ထွက်လာတယ်။ အလယ်မှာ
ကဝေကျွန်းရှင်၊ သူ့ရဲ့ရှေ့ခြေတစ်လှမ်းလောက်
အကွာမှာ ငတုတ်နဲ့ ငမဲဆိုတဲ့ ကဝေနှစ်ယောက်
က ကာပြီး ဘယ်တစ်ယောက် ညာတစ်ယောက်
နေရာယူထားကြတယ်။ စုန်းမ မိဂျမ်းနဲ့ မိပန်းက
ရှေ့ဆုံးကို ထွက်လာပြီး အလယ်တည့်တည့်မှာ
ရပ်နေကြတယ်ဗျ။
"ဟဲ…အကောင်စုတ်၊ သျှောင်တစ်ထုံး၊ လွတ်
အိတ်တစ်လုံးနဲ့ ဘယ်ကနေ ဘယ်လို ရောက်
လာတဲ့ ဘာကောင်တုံး။ ကဝေကျွန်းရှင်ကို နင်
ယှဉ်နိုင်မယ် ထင်လို့လား။အခုချက်ချင်း လှည့်
ပြန်ရင် နင့်အသက်က ဆက်ရှင်နေနိုင်သေး
တယ်။ ငါပြောတာ ကြားလား အကောင်စုတ်"
မောက်ကတော် မိဂျမ်းဆိုတဲ့ စုန်းမက ဘိုးလူ
ပေကို ကြိမ်းမောင်းပြီး နှင်ထုတ်နေတာဗျ။
"ဟဲ့ ……မိဂျမ်း၊ ဒီအကောင်ကို လွယ်လွယ်နဲ့
လွှတ်နိုင်ရိုးလားဟဲ့။ ငါစီရင်တဲ့ သွေးစိမ်မှော်
အစီအရင်ကြီး ပျက်သွားပြီဟဲ့။ ဒါဟာ ငါ့အ
တွက် နည်းတဲ့ ဆုံးရှုံးမှု မဟုတ်ဘူး။ နင်တို့
သိသလား။ ဒီအကောင်ကို သွက်သွက်လည်
ရူးသွားအောင် လုပ်ပြီးမှ လွှတ်ရမယ်ဟဲ့၊ ကြား
သလား ကောင်မနှစ်ကောင်"
"ကြားပါပြီ အရှင်ကြီး"
စုန်းမနှစ်ယောက်က ရှေ့ကို ခြေတစ်လှမ်းတိုး
လာတယ်။
"ဟေ့ …ကဝေကျွန်းရှင် ငဘိုးခင်ရဲ့၊ မင်းမယား
မောက်ကတော်တွေကို သေစေ့ချင်လို့ ရှေ့တင်
ပေးလိုက်ရော့လား"
"ဟာ..မလောက်လေး မလောက်စား အကောင်
စုတ်ကလေးကများ ငါ့ကို စော်ကားလိုက်တာ၊
ငဘိုးခင်လေး ဘာလေးနဲ့၊ ငါ့အသက်က နင့်
အသက်ထက် သုံးဆလောက်ကြီးတယ် မသာ
လောင်းရဲ့၊ ငါက ဘကြီးတော် လက်ထက်က
တည်းက မွေးခဲ့တာပေါ့။ မသေခင်မှတ်ထား
လိုက်ဦး။ ငါ့မယား မောက်ကတော်တွေကို ရှေ့
တင်ပေးတာက နင့်လို မသာလောင်းနဲ့ ငါနဲ့
ပညာချင်း တန်းမတူလို့ကွ၊ သိပလား။
ဟား ဟား ဟား ဟား…"
"သြော်…သြော်…ဒီလိုလား ငဘိုးခင်ရဲ့၊ ငါ့နာ
မည်ကိုလည်း မသေခင် မှတ်ထားလိုက်ပါဦး။
ငါ့နာမည် ဘိုးလူပေတဲ့ဟေ့"
"ဘာ …ဘိုးလူပေ ဟုတ်လား။ ဒါဆိုရင် ကဝေ
ပျံဘရှံရဲ့သားပေါ့"
"သြော်.သြော်.ဒါတွေလည်း ငဘိုးခင် သိသားပဲ"
"ဟား ဟား ဟား ဟား …သိတာပေါ့ကွာ။ သိပ်
သိတာပေါ့။ မင်းအမေ မဖန်ဟာ အင်မတန်လှ
တဲ့ မိန်းမတစ်ယောက်ပဲ။ ငါက မဖန်လေးကို
တော်ကောက်မလို့ ပြင်နေတုန်းမှာ ငဘရှံက
ဖြတ်ယူသွားခဲ့တာကွ။ လက်စသတ်တော့ မင်း
က ငါ့မယား မတော်လိုက်ရတဲ့ မယ်ဖန်ရဲ့သား
ကိုး။မင်းကိုယ်ထဲမှာ ကဝေ့သွေးတွေ စီးနေတာ
မင်း မသိဘူးလား။ မင်းကို ကဝေ့သွေးချင်းမို့
ကိုယ်ချင်းစာပြီး ခွင့်လွှတ်လိုက်မယ်။ အခုချက်
ချင်း ပြန်ရင် မင်းအသက်ကို ချမ်းသာရာရစေ
မယ်။ ပြန်လိုက ပြန်ခွင့်ရှိတယ် မောင်လူပေရေ"
"ဟား ဟား ဟား ဟား၊ ကဝေကျွန်းရှင် ငဘိုး
ခင် ခြေဖဝါးမှာ ဘုရားနင်းထားတဲ့ ကဝေ။ ဒီ
ညဟာ ခင်ဗျား ဘယ်တော့မှ ပြန်မရောက်နိုင်
တော့တဲ့ လူ့လောကကို နှုတ်ဆက်ရမယ့် ည
ပဲ ငဘိုးခင်"
"ဟဲ့ …ကောင်မတွေ၊ ဒီကောင်စုတ်ကို သတ်
လိုက်တော့ "
ကဝေကျွန်းရှင်ရဲ့ အမိန့်ရတာနဲ့ မောက်က
တော်နှစ်ယောက်ရဲ့ ပါးစပ်ထဲက စိမ်းစိမ်းပြာ
ပြာ စက်တွေ ထွက်လာရောဗျို့။ စက်တန်း
ကြီးနှစ်တန်းက ဘယ်ညာညှပ်ပြီး ဘိုးလူပေ
ဆီကို တိုးဝင်လာတာဗျ။ဘိုးလူပေက လက်
နဲ့ ကာလိုက်တယ်။ စက်တွေက ရှေ့တိုးလို့
မရတော့ဘဲ တုံ့ခနဲ ရပ်သွားတယ်။
စုန်းမနှစ်ယောက် ထဘီတွေကို ဖြန်းခနဲ ခါ
ပြီး ပြန်ဝတ်လိုက်တယ်။ဒါပေမဲ့ စက်တွေက
တော့ရှေ့ကို တိုးမလာတော့ဘူးဗျ။စုန်းမနှစ်
ယောက်က လက်ဖဝါးတွေကို ပွတ်ပြီး စက်
ကို တွန်းတယ်။ ဒါလည်း မရဘူးဗျ။
"ဟဲ့ကောင်နှစ်ကောင်…ကူလိုက်တော့လေ"
ကဝေကြီးရဲ့ အမိန့်သံကြားတော့မှ ကဝေ
ငတုတ်နဲ့ ငမဲက ရှေ့ကို တိုးလားပြီး မိဂျမ်း
နဲ့ မိပန်းရဲ့ ကျောကုန်းကို သူတို့ လက်ဝါး
တွေနဲ့ တွန်းလိုက်ကြတယ်ဗျ။
ဟာ တိုးလာပြီဗျို့။ စက်တွေတိုးလာပြီး ဘိုးလူ
ပေဆီကို စုန်းမတွေရဲ့ စက်တွေတိုးဝင်လာပြီ။
"ဟာ…ကဲ…"
ဘိုးလူပေ ရိုက်ချလိုက်ပြီဗျို့။ ရှေ့တိုးလာတဲ့
စက်တွေကို လက်ဝါးနဲ့ ရိုက်ချလိုက်တာဗျ။
"ဝုန်း"
ဟာ…မီးလုံးကြီး ထတောက်ပြီး စုန်းမတွေ လွင့်
ထွက်သွားတာ နှစ်လံလောက်ရောက်သွားတာ
ဗျို့။ သွားပြီ။ လှုပ်ကို မလှုပ်တော့ဘူး။ ဘိုးလူ
ပေ ဆုံးဖြတ်ပြီးသွားပြီဗျ။ ပါးစပ်က စကားတစ်
ခွန်းမှ မပြောတော့ဘူး။ ကဝေ ငတုတ်နဲ့ ကဝေ
ငမဲ ရှေ့ကို ခြေနှစ်လှမ်း တက်လာတယ်။
ဟာ…ပစ်ပြီဗျို့။ ဒါက ကဝေစက်ဗျ။ လက်ဝါး
အလယ်တည့်တည့်က ထွက်လာတဲ့ မီးလုံး
သေးသေးလေးတွေဗျ။ ကျုပ်သိတယ်။ ဒါ က
ဝေစက် အစစ်ပေါ့ဗျာ။ဟော..မီးလုံးသေးသေး
လေးတွေက တဖြည်းဖြည်းကြီးလာတာ တင်း
နစ်ဘောလုံး အရွယ်လောက်ကို ရောက်လာ
ပြီဗျို့။ဘိုးလူပေရဲ့မျက်နှာတည့်တည့်ကို တန်း
ဝင်လာတာဗျ။
မီးလုံးလေးနှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပဲဗျာ။
ပြေးပြီ။ ဘိုးလူပေ ပြေးထွက်သွားပြီ။ ရိုက်ပြီ
ဗျာ။ နှစ်ချက်ဆင့်ပြီး ရိုက်ပြီဗျို့။
"ဝုန်း…ဝုန်း"
ဟာ…ဝင်းခနဲ ဝင်းခနဲ ဖြစ်ပြီး စက်လွှတ်လိုက်
တဲ့ ကဝေတွေကို ပြန်ပြီး မှန်ကုန်ပြီဗျို့။
"အား…အား"
ကဝေငတုတ်ရော ကဝေငမဲရော သူတို့စက်နဲ့
သူတို့ ပြန်ခံသွားရပြီဗျို့။ ဟာ ရင်ဘတ်ကြီးတွေ
ပွင့်ကိုထွက်သွားတာပဲဗျာ။
အို.သွေးတွေထွက်လာလိုက်တာမှ မြင်လို့ကို
မကောင်းအောင်ပါပဲဗျာ။
"ဘုန်း…ဘုန်း"
သွားကုန်ပြီဗျို့။ဘိုးလူပေရဲ့ ကဝေစက်ရိုက်ချက်
ကတော့ ပြင်းချက်ဗျာ။ ကျုပ်ဖြင့် တစ်ခါမှကို မ
မြင်ဖူးတာဗျ။ ငတုတ်ရော ငမဲရော ရင်ဘတ်ကြီး
တွေ ပွင့်ထွက်ပြီး သေသွားကြပြီဗျ။
"တောက်…ဘရှံသားက လူပါးအတော်ဝနေပါ
တာကိုး။ ကဲ…ရော့ဟေ့။ ဒါလေး မြည်းကြည့်
စမြးပါဦး"
"ရွှီး"
ဘုရားရေ၊ မြန်လိုက်တဲ့ စက်ဗျာ။ ကဝေဘိုးခင်
ကြီး ပစ်လိုက်တဲ့ စက်က ဝင်းခနဲ တစ်ချက်
လက်ပြီး ရွှီးခနဲ မြည်သွားတာဗျ။ ဘိုးလူပေက
လက်ဝါးနှစ်ဖက်နဲ့ ဘေးကို ဆောင့်တွန်းသလို
လုပ်လိုက်တာ။
"ဝုန်း"
ကဝေစက်က ခရာချုံကြီးထဲ ရောက်သွားပြီး မီး
ဟုန်းဟုန်းတောက်တော့တာပဲဗျာ။ကျုပ်ဖြင့် လန့်
လိုက်တာဗျာ။ စက်ကတုံးပင်ကြီးနောက်ကို တိုး
ပြီး ကပ်လိုက်မိတယ်ဗျ။ ဟာ…ကဝေဘိုးခင်ကြီး
က ပါးစပ်ကြီးဟပြီး စက်တွေ ထုတ်နေပြီဗျို့။
ဟာ…ပါးစပ်ထဲကရော မျက်လုံးတွေထဲကပါ
ဝင်းဝင်း ဝင်းဝင်းနဲ့ ကဝေစက်တွေ ထွက်လာ
တာဗျ။ ဘိုးလူပေ သူ့လွယ်အိတ်ထဲက ပစ္စည်း
တစ်ခုကို ထုတ်ယူလိုက်တယ်ဗျ။ ကဝေစက်
တွေ ဘိုးလူပေကို ပတ်ပြီး ဝိုင်းနေပြီဗျ။
"ဟေ့ ငဘိုးခင်၊ ငါ့အဖေ ပထမံ ဆရာပွားကြီး
ရဲ့စက်ဖြတ်အင်းကွ။ မင်းမြည်းစမ်းကြည့်၊ ရော့ …"
ဘိုးလူပေက အင်းပစ်လိုက်ပြီဗျို့။
"ဝုန်း…ဖျန်း…ဖျန်း…ဖျန်း…ဖျန်း"
ဟာ..ဘိုးလူပေပစ်တဲ့ အင်းက မီးတွေထ
တောက်ပြီး ကဝေကြီးရဲ့ စက်တန်းကြီးကို
အပိုင်းပိုင်း ဖြတ်ပစ်တော့တာဗျာ။
ကျွန်းကြီးတစ်ကျွန်းလုံးများ လင်းထိန်သွားသ
လားတောင် ထင်လိုက်ရသဗျ။ ကဝေစက်တွေ
ပျောက်သွားတဲ့ အချိန်မှာ ကဝေကျွန်းရှင်လို့
ခေါ်တဲ့ ကဝေကြီးဘိုးခင်ဟာ ဒူးထောက်လျက်
ကြီး ကျသွားတယ်ဗျ။ ဒါပေမဲ့ ချက်ချင်းပြန်ထ
လာပြီး နောက်ကျွမ်းပစ်တော့တာပဲဗျာ။
တစ်ချက်၊ နှစ်ချက်။ဘိုးလူပေက သူ့လွယ်အိတ်
ထဲက ပစ္စည်းတစ်ခုကို ထုတ်ပြီး အသင့်စောင့်
နေလိုက်တယ်ဗျ။ သုံးချက်။
"ဝုန်း"
"ဝေါင်း…ဝေါင်း…"
ဟာ…ကျားကြီးဖြစ်သွားပြီဗျို့။ ကဝေဘိုးခင်
ကျားကြီး ဖြစ်သွားပြီ။
ကျားက နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျ။ ဆယ့်နှစ်တောင်လောက်ရှိတဲ့ အကောင်ကြီး
ဗျ။ပါးစပ်ကြီးဖြဲထားလိုက်တာ အစွယ်ကြီးတွေ
မှ ဖွေးနေတာပဲဗျာ။
ကဝေဘိုးခင်ရဲ့ ပညာသင်တပည့်တွေတောင်
ကြောက်လွန်းလို့ တဲကြီးပေါ်ကို တက်ပြီးပြေး
ကြပြီဗျို့။ ကျုပ်စောထီးနဲ့ စောဝင်းကို လှည့်
ကြည့်လိုက်တော့ ညီအစ်ကိုနှစ်ယောက် က
နစိုပင်ကြီးအောက်မှာ တစ်ယောက်နဲ့ တစ်
ယောက် ဖက်ပြီး အသားတဆတ်ဆတ်တုန်
နေကြတာဗျို့
အမြီးကြီး တလှုပ်လှုပ်နဲ့ ဘိုးလူပေကို မာန်ဖီ
နေတဲ့ ဆယ့်နှစ်တောင် ကျားကြီးကို ကြည့်
ရတာ လရောင်ထိန်ထိန်အောက်မှာ လှ
တောင်လှသေးရော့ဗျာ။
ဘိုးလူပေက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်
တယ်။ ဘိုးလူပေ တစ်ချက် လှုပ်လိုက်တာနဲ့
ကျားက 'ဝေါင်း'ခနဲ မာန်ဖီပြီး ခုန်အုပ်တော့
တာဗျ။ အဆင်သင့်ပြင်ထားတဲ့ ဘိုးလူပေက
ကျား အခုလို ခုန်အုပ်အောင် တမင်လုပ်တာ
ဗျ။ ပါးစပ်ကြီးဟပြီး မာန်ဖီနေတဲ့ ကျားရဲ့ပါးစပ်
ထဲကို အင်းပစ်သွင်းလိုက်ပြီဗျို့။
လျင်လိုက်တဲ့ ဘိုးလူပေဗျာ။ အင်းကို ကျားပါး
စပ်ထဲ ပိုင်ပိုင်နိုင်နိုင် ပစ်သွင်းပြီးတာနဲ့ မြေကြီး
ပေါ်မှာ ပြားနေအောင် ဝပ်ပြီးသားဗျ။
"အုန်း"
အင်းက မီးထတောက်ပြီး ကဝေစက်နဲ့ တွေ့
ပုံပဲဗျ။ မာကျောတဲ့အရာနှစ်ခု မျက်နှာချင်းဆိုင်
ပြီး ရိုက်လိုက်သလို 'အုန်း'ခနဲမြည်ပြီး ကျားရဲ့
ပါးစပ်ထဲက မီးရောင်တွေရော စက်ရောင်တွေ
ရော ထွက်လာတော့တာပဲဗျာ။
"ဘုန်း"
ကျားကြီးပြုတ်ကျသွားပြီဗျို့။ မြေကြီးမှာ တွန့်
လိမ်ပြီး လှိမ့်နေတယ်။ ဟာ…လှိမ့်နေတဲ့ ကျား
ကြီးကနေ ကဝေကြီးဘိုးခင် ပြန်ဖြစ်သွားပြီဗျို့။
"အဲဒါ ကျုပ်အဖေ ပထမံဆရာပွားကြီးရဲ့ က
ဝေသက်ဖြတ်အင်းတော်ကြီးပဲ ဦးဘိုးခင်ရဲ့"
"ဗျော…ဗျော"
ဟာ…ဘာကြီးတုံးဟ။ လမုတောထဲက ဗျောခနဲ
ဗျောခနဲ တိုးထွက်လာတာဗျ။ ဘိုးလူပေတောင်
နောက်ကို ခြေလှမ်းဆယ်လှမ်းလောက် ဆုတ်
ပြေးသွားတယ်။ ကျုပ်လည်း စက်ကတုံးပင်ကြီး
ကို ကွယ်ပြီး သေသေချာချာကြည့်လိုက်မိတယ်
ဟာ…မိကျောင်းကြီးဗျ။ နည်းတဲ့အကောင်ကြီး
မဟုတ်မှ မဟုတ်တာဗျာ။ ယောက်ျားကြီးနှစ်
ဖက်စာလောက် ရှိတယ်။ ပါးစပ်ကြီးဟပြီး ရှေ့
ကို တိုးသွားနေတာဗျ။
"ဖောင်း"
ဟာ…ကဝေကျွန်းရှင်ကြီးကို ထိုးဟပ်လိုက်ပြီဗျို့။
ဟာ…ပြန်ဆုတ်သွားပြီဗျ။ သူလာတဲ့လမ်းကြောင်း
က ဗိုက်ရာကြီးအတိုင်း နောက်ကိုဆုတ်သွားတာ
ဗျို့။ ကဝေကျွန်းရှင်ကြီးက မိကျောင်းပါးစပ်ထဲမှာ
မသေမရှင်နဲ့ ပါသွားလေရဲ့။
ကျုပ်လည်း ဘိုးလူပေရှိတဲ့ဆီကို ထွက်လာခဲ့
တယ်
"မောင်တာတေ…ကဝေဘိုးခင်ကို ချီသွားတဲ့
မိကျောင်းက တခြားဟုတ်ရိုးလားကွဲ့။ ရေငန်
ပိုင်ရဲ့ စီးတော်မိကျောင်းကြီးလေ"
"ဟာ…ဟုတ်လား ဆရာကြီး၊ နည်းနည်းနော
နောကြီးမှ မဟုတ်တာဗျာ"
ကိစ္စပြီးသွားတာနဲ့ နောက်တစ်နေ့မှာပဲ ဘိုးလူပေနဲ့ ကျုပ်
ပြန်လာခဲ့တယ်။
ငါးရက်မြောက်တဲ့နေ့မှာ ကျုပ် ထနောင်းကုန်းကို ပြန်ရောက်ခဲ့တယ်။
ဘိုးလူပေကတော့ ကိစ္စတစ်ခု ပေါ်လာတာနဲ့ ရန်ကုန်မှာပဲ
နေခဲ့တယ်

ပြီးပါပြီ


"က်ဳပ္က ေမ်ာက္သားသိပ္ႀကိဳက္တာဗ် ဆရာ
ႀကီးရဲ႕၊ ဘေမွးကြၽန္းမွာက ေမ်ာက္အားႀကီးေပါ
တာ။ ဘေမွးကြၽန္းကေန ကေဝကြၽန္းျဖစ္သြား
ေတာ့ ဘယ္သူမွ ေမ်ာက္သြားၿပီး မပစ္ရဲၾက
ေတာ့ဘူး။ က်ဳပ္လည္း မသြားရဲပါဘူး။ ဟိုေန႔က
ေတာ့ ေမ်ာက္သားစားခ်င္စိတ္ကို မထိန္းႏိုင္
ေတာ့တာနဲ႔ က်ဳပ္ အရဲစြန႔္ၿပီး သြားခဲ့တာဗ်။ကြၽန္း
ႀကီးေပၚကို လမုေတာေတြၾကားကေန တိတ္
တိတ္ကေလး တက္သြားခဲ့တာ။ ေမ်ာက္ဆိုလို႔
တစ္ေကာင္မွကို မေတြ႕တာဗ်။ က်ဳပ္လည္း
ေတာ္ေတာ္ အံ့ၾသသြားတယ္။
ဒီေလာက္ေမ်ာက္ေပါတဲ့ ကြၽန္းမွာ ေမ်ာက္တစ္
ေကာင္မွ မေတြ႕တာကို က်ဳပ္ေတာ္ေတာ္အံ့ၾသ
ေနတာဗ်။ ဒါနဲ႔ က်ဳပ္ ကြၽန္းေပၚကို တိုးတိုးသြား
လိုက္တာ သစ္ပင္ေတြေအာက္မွာ ေမ်ာက္ေတြ
သြားေတြ႕တယ္။ တခ်ိဳ႕အေကာင္က ထိုင္ရက္၊
တခ်ိဳ႕အေကာင္က ရပ္ေနတယ္။ တခ်ိဳ႕က ေျမ
ႀကီးမွာ တုံးလုံး၊ တခ်ိဳ႕အေကာင္က သစ္ပင္ႀကီး
ေတြကို ဖက္ၿပီးရပ္ေနတယ္။ ဒါေပမဲ့ ဒီေကာင္
ေတြ နည္းနည္းမွ မလႈပ္ဘူးဗ်။
ဒါနဲ႔ က်ဳပ္လည္း အနားကပ္သြားၿပီး ကိုင္ၾကည့္
လိုက္ေတာ့ ေမ်ာက္ေတြအကုန္လုံး မာမာ
ေတာင့္ေတာင့္ႀကီးေတြ ျဖစ္ေနတာဗ်။က်ဳပ္ခ်က္
ခ်င္း သေဘာေပါက္သြားတယ္။ ဒါဟာ ဒီကြၽန္း
က ကေဝႀကီးရဲ႕ လက္ခ်က္ပဲျဖစ္မယ္လို႔ ေတြး
မိၿပီး ေတာ္ေတာ္ ေၾကာက္သြားတာဗ်။
ဒါေပမဲ့ ကြၽန္းေပၚေရာက္ၿပီးမွေတာ့ မထူးပါဘူး
ဆိုၿပီး ခ်ဳံပုတ္ေတြၾကားမွာပုန္းရင္း ေရွ႕တိုးသြား
လိုက္တာ တဲႀကီးအႀကီးႀကီးတစ္လုံးနားကို
ေရာက္သြားတယ္ဗ်။
အဲဒီမွာတင္ က်ဳပ္ကိုယ္တိုင္ ကေဝႀကီးကို ျမင္
ခဲ့တာဗ်ိဳ႕။ လူက အသားမည္းမည္း၊ ဂင္တိုတိုဗ်။
ေခါင္းမွာ ထဘီဆင္လို ပိတ္စတစ္စကိုေခါင္း
ေပါင္း ေပါင္းထားတယ္။
က်ဳပ္စိတ္ထင္ေတာ့ ထဘီႀကီး တစ္ထည္ကို
ေခါင္းေပါင္းထားတာပဲ ထင္တယ္ဗ်။ သူ႔ေရွ႕မွာ
ေယာက္်ားေလးငါးေယာက္နဲ႔ မိန္းမသုံးေယာက္
က ထိုင္ၿပီး သူ႔ကို လက္အုပ္ခ်ီထားၾကတယ္ဗ်။
ကေဝႀကီးက ပက္လက္ကုလားထိုင္မွာ ထိုင္ၿပီး
ေရွ႕ကို ေျခေထာက္လွမ္းတင္ထားတာဗ်။ က်ဳပ္
ေသေသခ်ာခ်ာ ၾကည့္ေတာ့မွ ကေဝႀကီး ေျခ
ေထာက္တင္ထားတာ ဘုရားဆင္းတုႀကီးဗ်။
ကေဝက ဘုရားဆင္းတုရဲ႕ ပခုံးႏွစ္ဖက္မွာ ေျခ
ေထာက္တစ္ေခ်ာင္းစီ တင္ၿပီး ထိုင္ေနတာဗ်ိဳ႕။
က်ဳပ္ျဖင့္ ၾကက္သီးေတာင္ ထမိပါရဲ႕ဗ်ာ။ သူ
ထိုင္ေနတဲ့ ပက္လက္ကုလားထိုင္ရဲ႕ ေနာက္မွ
မိန္းမေခ်ာေခ်ာတစ္ေယာက္က ခုံတစ္လုံးနဲ႔
ထိုင္ၿပီး သူ႔ဇက္ေၾကာကို ႏွိပ္ေပးေနတာဗ်ိဳ႕။
"ဟာ …မွာ လူကြ။ ငါတို႔ကို လာၿပီး ေခ်ာင္းေန
တာေဟ့"
က်ဳပ္ကို သူ႔တပည့္တစ္ေယာက္က ျမင္သြား
ေရာဗ်ိဳ႕။ က်ဳပ္ကလည္း က်ဳပ္ပါပဲ။ အိမ္ထဲက
ကေဝကိုပဲ မဲၾကည့္ေနတာဗ်။အိမ္ေဘးက သစ္
ပင္ေအာက္ကို မၾကည့္မိဘူး။ ကနစိုပင္ႀကီး
ေအာက္မွာ ထိုင္ေနတဲ့ လူႏွစ္ေယာက္က သူတို႔
နဲ႔ မလွမ္းမကမ္းမွာ ခ်ထားတဲ့ ေႁမြပျခဳပ္ဖြင့္ၿပီး
ေႁမြေဟာက္ႀကီးတစ္ေကာင္ကို ထုတ္ယူလိုက္
ၿပီး ေအာက္ကို ခ်ေပးလိုက္တယ္။ ေႁမြေဟာက္
ႀကီးက ပါးပ်ဥ္းႀကီးေထာင္ၿပီး အနံ႔ခံေနတာဗ်ိဳ႕။
က်ဳပ္လည္း ေႁမြနဲ႔ တိုက္တာထင္တယ္လို႔ ေတြး
လိုက္ၿပီး ေလွဆိုက္ထားတဲ့ လမုေတာထဲကို
တန္းေျပးရေတာ့တာေပါ့ဗ်ာ။ က်ဳပ္ေလွေပၚကို
ခုန္တက္ၿပီး မနားတမ္း ေလွာ္ေျပးရေတာ့တာ
ေပါ့ဗ်ာ။ က်ဳပ္ကမ္းေပၚကို လွမ္းၾကည့္ေတာ့ ေႁမြ
ေဟာက္ႀကီးမ်ား နည္းတဲ့ အေကာင္ႀကီး မဟုတ္
ဘူး။ပါးပ်ဥ္းႀကီးေထာင္ၿပီး က်ဳပ္ကို ေမွ်ာ္ၾကည့္ေန
တာဗ်ိဳ႕။က်ဳပ္အေျပးျမန္ေပလို႔ေပါ့။ ျမန္သာမျမန္
ရင္ ကြၽန္းေပၚမွာတင္ ေႁမြေဟာက္စာမိမွာ ေသ
ခ်ာတယ္"
ဘိူးလူေပက ေစာထီးေျပာတာကို ေသေသခ်ာ
ခ်ာ နားေထာင္ေနၿပီးမွ ေျပာတာဗ်
"ကြၽန္းေပၚက ေမ်ာက္ေတြကို ေက်ာက္႐ုပ္ျဖစ္
ေအာင္ လုပ္ထားတာဗ်။ဒီအေကာင္ႀကီးပညာက
နည္းနည္းေနာေနာေတာ့ မဟုတ္ဘူးဗ်ိဳ႕။ ဒါေပ
မဲ့ က်ဳပ္မမႈပါဘူး အစ္ကိုၾကည္။ ဒါနဲ႔ ေစာထီး
မင္း ငါတို႔ကို ကေဝကြၽန္းလိုက္ပို႔ေပးႏိုင္မလား"
ဘိုးလူေပက ျဗဳန္းစားႀကီးေမးလိုက္ေတာ့ ေစာ
ထီး လန႔္သြားတယ္ဗ်။
"ေစာထီး မင္းနဲ႔ မင္းညီေစာဝင္း ေဟာဒီက ငါ့
ညီ ဆရာဘိုးလူေပကို ကေဝကြၽန္းကို လိုက္
ပို႔ေပးၾကကြာ။ မင္းတို႔ ႏွစ္ေယာက္ကို တစ္
ေယာက္ကို ေငြငါးရာစီေပးမယ္၊ ဘယ့္ႏွယ္လဲ"
ေငြငါးရာစီဆိုေတာ့ ေစာထီး စိတ္ဝင္စားသြား
ေရာဗ်။
"ကဲ..ပို႔ေပးမယ္ဗ်ာ။ ဘယ္ေတာ့ သြားမလဲသာ
ေျပာ"
"ဒီည လျပည့္ညကြ၊ ကေဝကြၽန္းႀကီးတစ္ကြၽန္း
လုံးလင္းေနမွာ။ ဒီညပဲ အလုပ္လုပ္လိုက္တာ
ေကာင္းပါတယ္ေလ။ ကဲ…ေစာထီး ည၈နာရီ
ထိုးရင္ သြားမယ္"
ဘိုးလူေပက ဆုံးျဖတ္လိုက္ၿပီဗ်။
"စိတ္ခ် ဘိုးလူေပ။ က်ဳပ္နဲ႔ ေစာဝင္း ေလွနဲ႔ လာ
ေခၚမယ္။ အဆင္သင့္သာ ေစာင့္ေန"
"ေစာထီးျပန္သြားၿပီဗ်။ ဒီအေၾကာင္း ဘယ္သူ႔ကို
မွ မေျပာရဘူးလို႔ ဆရာၾကည္က ေစာထီးကို မွာ
လိုက္ေသးတယ္။ ဆရာၾကည္တို႔အိမ္က ျမစ္ကို
ေက်ာေပးၿပီး ေဆာက္ထားတာဆိုေတာ့ ေရဆင္း
တံတားက အိမ္ေခါင္းရင္းမွာဗ်။ လျပည့္ညဆို
ေတာ့ လက မိုးခ်ဳပ္တာနဲ႔ ထြက္ေနၿပီေပါ့ဗ်ာ။ ၈
နာရီဆိုေတာ့ လေတာင္ ေတာ္ေတာ္ျမင့္ေနၿပီဗ်။
တန္ေဆာင္မုန္းလျပည့္ေန႔ဆိုေတာ့လည္း လ
အသာဆုံးေလဗ်ာ။ဒီေတာ့မွ က်ဳပ္ေတြးမိတာဗ်။
ဘိုးလူေပက ကေဝကြၽန္းရွင္ကို ႏွိမ္နင္းဖို႔ ဒီည
ကို တမင္ေ႐ြးခ်ယ္ထားတာမ်ားလားလို႔ တန္
ေဆာင္မုန္းလျပည့္ညဆိုေတာ့ ၾကယ္ေတြ၊
နကၡတ္ေတြ စုံတယ္လို႔ က်ဳပ္ၾကားဖူးတယ္။
ႏြယ္ျမက္သစ္ပင္ေတြမွာ ေဆးေပါင္းခတဲ့ ည
ေလဗ်ာ။ ေစာထီးနဲ႔ ေစာဝင္း ကရင္ညီအစ္ကို
ႏွစ္ေယာက္က ၈နာရီအတိမွာ ဘိုးလူေပနဲ႔
က်ဳပ္ကို လာေခၚတယ္။ ေစာထီးက ေနာက္က
ေလွာ္တယ္၊ သူ႔ညီ ေစာဝင္းက ေလွဦးကေလွာ္
တယ္။ ျမစ္ျပင္တစ္ခုလုံး လေရာင္လင္းထိန္
ေအာင္ သာေနတာ လွေတာင္ လွေသးေတာ့ဗ်။
"ေစာထီး…ဒါ ဘာျမစ္ေခၚတုံးကြ"
"ပန္းမခုံျမစ္လို႔ ေခၚတယ္ဗ်။ က်ဳပ္တို႔႐ြာက
ကြၽဲျဖဴ႐ြာေလ"
"ေစာထီးရဲ႕ …ကြၽဲဆိုတာ အျဖဴရွိလို႔လား"
"ဟိုးတုံးက ဒီ႐ြာမွာ ကြၽဲျဖဴေလးတစ္ေကာင္
ေပါက္ဖူးတယ္တဲ့ ဘိုးရဲ႕။ အဲဒါကို စြဲၿပီး ကြၽဲျဖဴ
႐ြာလို႔ ေခၚတာလို႔ ေျပာတယ္"
"ဟိုေရွ႕က ဘာ႐ြာတုံး"
အုန္းပင္ေတြ ထိုးထိုးေထာင္ေထာင္နဲ႔ ႐ြာကို
လွမ္းျမင္ေနရတာဗ်။
"အဲဒါ အုန္းပင္စုလို႔ ေခၚတယ္၊ သူ႔ေရွ႕မွာ ေလး
အိမ္တန္းတို႔၊ ဝဲႀကီးတို႔ဆိုတာ ရွိေသးတယ္ဗ်။
ဝဲႀကီးေက်ာ္သြားရင္ေတာ့ ကေဝကြၽန္းႀကီးကို
လွမ္းျမင္ေနရၿပီဗ်။ အစကေတာ့ အဲဒီကြၽန္းႀကီး
တစ္ကြၽန္းလုံးဟာ ထင္းေတာႀကီးေပါ့ဗ်ာ။ လူ
ေတြ ထင္းလာေခြၾကတဲ့ ေတာႀကီးေလ။ခုေတာ့
ထင္းေခြဖို႔ ေနေနသာသာ ကြၽန္းေပၚေတာင္ မ
တက္ရဲၾကေတာ့ဘူး ဘိုးေရ"
က်ဳပ္တို႔ ကေဝကြၽန္းကို ေရာက္ေတာ့ ည ၉နာ
ရီခြဲေလာက္ ရွိၿပီဗ်။ ေစာထီးတို႔ညီအစ္ကိုက
ေလွကို လမုပင္ေတြ ၾကားထဲကို ေလွာ္သြင္း
လိုက္တယ္။ အေလ့က်ေပါက္ေနတဲ့ ဓနိေတာ
ႀကီးၾကားမွာ ေလွကို ဖြက္ထားလိုက္သဗ်။ေစာ
ထီးက လမ္းျပေပါ့ဗ်ာ။ ကြၽန္းႀကီးတစ္ကြၽန္းလုံး
ကေတာ့ လင္းထိန္ေနလို႔ဗ်။
ေရွ႕ကသြားေနတဲ့ ေစာထီးက ဓနိပင္ေတြ၊ လ
မုပင္ေတြ၊ ကနစိုပင္ေတြ၊ သမွဲ႔ပင္ေတြ၊ ျဗဴးပင္
ေတြကို ကပ္ၿပီး ခပ္ကြယ္ကြယ္သြားေနတာဗ်။
ေဟာ…အသံၾကားၿပီ။ ဒါက ကေဝကြၽန္းရွင္ရဲ႕
အသံပဲ ျဖစ္မယ္ဗ်။ က်ဳပ္တို႔ ေရွ႕ကို ဆက္တိုး
လာတယ္။ အသံက ပီပီျပင္ျပင္ က်ယ္က်ယ္
ေလာင္ေလာင္ႀကီးဗ်။
" အင္မတန္ လွ်ိဳ႕ဝွက္ရွားပါးလွတဲ့ ေရွးေဟာင္း
ေမွာ္ပညာ၊ ကေဝပညာေတြကို အေမြခံသင္ယူ
ေနၾကတဲ့ တပည့္တို႔၊ ဒီညမွာ သင္တို႔အားလုံး
ကို အင္မတန္မွ လွ်ိဳ႕ဝွက္တဲ့ ေမွာ္ပညာရဲ႕ အ
ဆင့္တစ္ဆင့္ကို တက္ေပးေတာ့မယ္။ ဒီေမွာ္
ကို ငါတို႔ပညာ လမ္းမွာေတာ့ ေသြးစိမ္းေမွာ္လို႔
ေခၚတယ္။ ဒီလိုနကၡတ္စုံတဲ့ညမွာ ပညာစဥ္
တက္လို႔ရတယ္။ ဒီေမွာ္ကို သင္တို႔ရသြားတာ
နဲ႔ လူတစ္ေယာက္ကို ေသြးစိမ္းရွင္ရွင္ အန္ၿပီး
ေသေအာင္ သတ္ႏိုင္လိမ့္မယ္။ အခု ေသြးစိမ္း
ေမွာ္ပညာကို ေစာင့္တဲ့ ေမွာ္နတ္ႀကီးကို ငါပင့္
ေတာ့တယ္။ ေမာင္တုတ္…ဆိတ္ကို အဆင္
သင့္လုပ္ေတာ့"
"အဆင္သင့္ပါပဲ ကေဝကြၽန္းရွင္ႀကီးဗ်ာ"
"ပဲ…ပဲ…"
ဆိတ္တစ္ေကာင္ရဲ႕ ေၾကာက္လန႔္တၾကားေအာ္
သံကို က်ဳပ္ၾကားလိုက္ရတယ္ဗ်။ က်ဳပ္တို႔လည္း
ေရွ႕ကိုတိုးရင္းနဲ႔ လူႏွစ္ဖက္ေလာက္ရွိတဲ့ ကနစို
ပင္ႀကီးႏွစ္ပင္နား ေရာက္ေတာ့ ရပ္လိုက္ၾက
တယ္။ ျမင္ရၿပီဗ်ိဳ႕။ဟာ..ကေဝႀကီးက ကြၽန္းႀကီး
ရဲ႕ အလယ္မွာ သစ္ပင္ေတြ ခုတ္ထြင္ၿပီး ၿခံဝင္း
ႀကီး လုပ္ထားတာဗ်ိဳ႕။ ၿခံႀကီးက ေတာ္ေတာ္ကို
က်ယ္တာ။ ၿခံဝင္းႀကီးရဲ႕ အလယ္မွာ တဲအိမ္
ႀကီး တစ္လုံး ေဆာက္ထားတယ္။
ေတာ္ေတာ္ႀကီးသားဗ်။ က်ဳပ္စိတ္ထင္ေတာ့
တပည့္တပန္းေတြ အားလုံးအိပ္ႏိုင္ေအာင္
ေဆာက္ထားတာ ျဖစ္မယ္ဗ်။ တဲႀကီးေရွ႕က
ေျမကြက္လပ္ႀကီးကလည္း အက်ယ္ႀကီးဗ်။
အဲဒီကြက္လပ္မွာ ပုဆစ္ဒူးတုပ္ၿပီး ထိုင္ေနတဲ့
ကေဝႀကီးရဲ႕ တပည့္ေတြ ဆယ္ႏွစ္ေယာက္
ရွိတယ္ဗ်။ ကေဝႀကီးကို လက္အုပ္ေတြ ခ်ီလို႔
ေပါ့ဗ်ာ။ အဲဒီလူေတြရဲ႕ ေရွ႕တည့္တည့္မွာ
တိုင္ငုတ္စိုက္ၿပီး ခ်ည္ထားတဲ့ ဆိတ္တစ္
ေကာင္ဗ်။ ဆိတ္က အျဖဴေရာင္။
ဆိတ္ကလည္း သူ႔ေသေဘးကို ျမင္ပုံရတယ္
ဗ်။ တိုင္မွာ ကပ္ၿပီး မလႈပ္ႏိုင္ေအာင္ ႀကိဳးတုပ္
ထားတဲ့ၾကားက ေအာ္ဟစ္႐ုန္းကန္ေနတာဗ်ိဳ႕။
"ေမာင္မဲ..ဘယ္မတုံး မင္းပစၥည္းေတြ"
"ဒီမွာပါ ကေဝကြၽန္းရွင္ႀကီး၊ အားလုံးအဆင္
သင့္ျဖစ္ေနပါၿပီ"
"ေအး…ဟုတ္ၿပီ၊ ဟုတ္ၿပီ "
ကေဝက သစ္ပင္ရိပ္ေအာက္ ေမွာင္ထဲမွာ ပက္
လက္ကုလားထိုင္နဲ႔ ထိုင္ေနရာက ေရွ႕ကို ထ
ထြက္လာတယ္ဗ်။ ဒီေတာ့မွာ ကေဝႀကီးကို
က်ဳပ္ေသေသခ်ာခ်ာ ၾကည့္လိုက္တယ္။ လူက
အသားမည္းမည္း၊ ဂင္တိုတို၊ မ်က္လုံးျပဴးျပဴးနဲ႔
ဗ်။ ဟုတ္ပဗ်ာ။ ေစာထီးေျပာတဲ့အတိုင္းပဲဗ်ိဳ႕။
ေခါင္းမွာ ထဘီကို ေခါင္းေပါင္းထားတာဗ်။
ေဟာ..သူတပည့္ေမာင္တုတ္ဆိုတဲ့လူက အိမ္
ထဲကေန ကုလားထိုင္တစ္လုံး ထမ္းလာလို႔ဗ်။
ကေဝႀကီး ထိုင္ဖို႔ ေသေသခ်ာခ်ာ ခ်ေပးလိုက္
တယ္။ လက္အုပ္ခ်ီၿပီး ထိုင္ေနတဲ့ ေယာက္်ား
ေတြ၊ မိန္းမေတြရဲ႕ ေရွ႕မွာ ခ်ေပးလိုက္တာဗ်။
ဟာ…..က်ဳပ္ပါးစပ္က အသံမထြက္ေအာင္ မ
နည္း လက္နဲ႔ ပိတ္လိုက္ရတယ္ဗ်ိဳ႕။ကေဝႀကီး
ထိုင္မယ့္ ကုလားထိုင္ရဲ႕ ေျခေထာင္ေလး
ေခ်ာင္းက ဘုရားပုံေတြ ထုထားတာဗ်။ၾကည့္
လိုက္ရင္ ဘုရားေလးဆူက ဒူးတုပ္ထိုင္ေနၿပီး
ကုလားထိုင္ကို ပခုံးမွာ ထမ္းထားတဲ့ဗ်။
ေအာင္မေလးဗ်ာ။ က်ဳပ္ျဖင့္ ျမင္ရတာနဲ႔ကို
ၾကက္သီးေတြ ထလိုက္တာဗ်။ ကေဝက ဟန္
ပါပါနဲ႔ ဘုရားေလးဆူ ထမ္းထားတဲ့ ကုလား
ထိုင္မွာ ဝင္ထိုင္လိုက္တယ္ဗ်ိဳ႕။ ၿပီးေတာ့
ေကာင္းကင္ကို ေမာ့ၾကည့္တယ္။ ေတာ္ေတာ္
ၾကာေအာင္ ၾကည့္ေနတာဗ်။ ၿပီးေတာ့မွ ေျပာ
တာ။
"ေမာင္မဲ..ငါ့ရဲ႕ လက္သုံးေတာ္ ေမွာ္ဓါး ဆက္
သစမ္း"
ေမာင္မဲဆိုတဲ့လူက ေ႐ႊကလပ္နဲ႔ တင္ထားတဲ့
ဓါးေျမႇာင္တစ္ေခ်ာင္းကို ဒူးတုပ္ၿပီး ဆက္လိုက္
တယ္။ က်ဳပ္ေသေသခ်ာခ်ာ ၾကည့္တယ္။ ဓါး
ေျမႇာင့္က အသြားခ်ည္း ဆယ္လက္မေလာက္
ရွည္မယ္ဗ်။ ဓါးအိမ္ကလည္း ေ႐ႊဓါးအိမ္ဗ်။ ဓါး
႐ိုးကလည္း ေ႐ႊနဲ႔ လုပ္ထားတာဗ်ိဳ႕။
"ေမွာ္ဝင္ခြက္ေပးစမ္း ေမာင္မဲ"
ေမာင္မဲဆိုတဲ့လူက ေၾကးဝါနဲ႔လုပ္ထားတဲ့ ခြက္
တစ္လုံးကို ဒူးတုပ္ၿပီး ကေဝႀကီးကို ေပးလိုက္
တယ္။
"ကဲ…အားလုံး နားေထာင္ၾက၊ မၾကာခင္မွာ အ
ခ်ိန္က်ေတာ့မယ္။ေသြးစိမ္းေမွာ္ရဲ႕ ေမွာ္ပိုင္နတ္
ႀကီးကို ငါပင့္ေတာ့မယ္။ ဘာမွမေၾကာက္ၾကနဲ႔။
ေဟာဒီ ေမွာ္ဝင္ခြက္ဟာ လြန္ခဲ့တဲ့ အႏွစ္သုံး
ေထာင္ေလာက္ကတည္းက အီဂ်စ္ႏိုင္ငံက
ေမွာ္နတ္ဘုရားေတြ စီရင္ထားတဲ့ ခြက္ပဲ။ေလာ
ေလာဆယ္ ဒီခြက္ကို ထိန္းသိမ္းခြင့္ရထားတာ
ငါပဲေဟ့။ ဒါေၾကာင့္ မင္းတို႔ေတြ ေသြးစိမ္းေမွာ္
ပညာကို ရၾကေတာ့မွာေပါ့"
ကေဝႀကီးက ေကာင္းကင္ကို ေမာ့ၾကည့္လိုက္
ျပန္တယ္။ ကြၽန္းႀကီးေပၚမွာ ေလေအးေတြက
တဝူးဝူး တိုက္ေနတာဗ်။ကေဝႀကီးက ေခါင္းမွာ
ေပါင္းထားတဲ့ ထဘီစႀကီးက ေလအတိုက္မွာ
တဖ်တ္ဖ်တ္နဲ႔ လႈပ္ေနသဗ်။
"ဟဲ့…ေမာက္ကေတာ္ေတြ၊ မိဂ်မ္းတို႔ မိပန္းတို႔"
"လာပါၿပီ ေမာင္ႀကီးရွင့္"
စုန္းမႀကီးႏွစ္ေယာက္က ဆံပင္ဖားလ်ားႀကီးေတြ
ခ်လို႔ဗ်။ လက္အုပ္ေတြခ်ီၿပီး ထြက္လာၾကတယ္။
"ေကာင္မႏွစ္ေကာင္ ကိုယ့္တာဝန္ကိုယ္သိတယ္
မို႔လား"
စုန္းမႏွစ္ေယာက္က ထဘီေတြျဖန႔္ၿပီး ျဗန္းျဗန္း
ျဗန္းျဗန္း ျမည္ေအာင္ ခါလိုက္တယ္။ ထဘီက
ႏွစ္ထပ္ဝတ္ထားတာဗ်။ ေဟာ…ခါေနတဲ့ ထဘီ
ႀကီးေတြကို ၿခဳံလိုက္ၿပီဗ်ိဳ႕။ ၿခဳံတာမွ ေခါင္းကေန
စၿခဳံတာဗ်။ ဟာ …လင္းတႀကီးေတြ ျဖစ္ကုန္ၿပီ
ဗ်ိဳ႕။ ေဟာ…ေလထဲကို ပ်ံတက္သြားၿပီဗ်။
"ဝီ…ဝီ…ဝီ…ဝီ"
"ေစာထီးနဲ႔ ေစာဝင္းက ဒီသစ္ပင္နားမွာ ကပ္ေန
ၾက မလႈပ္ၾကနဲ႔။ စုန္းမေတြ ကင္းလွည့္ေနၿပီ။ သူ
တို႔လင္ ကေဝက ယစ္ပူေဇာ္ေတာ့မွာမို႔လို႔။ လာ
…လာ…ဒီနားမွာ ၿငိမ္ေနၾက"
ဘိုးလူေပက အသံခပ္အုပ္အုပ္လုပ္ၿပီး ေျပာ
လိုက္တာဗ်။
"ဥဳံ…ေသြးစိမ္းေမွာ္ပညာကို ေစာင့္ေရွာက္တဲ့
ေမွာ္နတ္ႀကီးခင္ဗ်ား……"
ကေဝႀကီးက ထဘီေခါင္းေပါင္းႀကီး တလႈပ္လႈပ္
နဲ႔ မႏၲန္ေတြ ႐ြတ္ေတာ့တာဗ်ိဳ႕။ေဟာ…မႏၲန္ေတြ
႐ြတ္အၿပီးမွာ လက္တစ္ဖက္က ေၾကးဝါခြက္ကို
ကိုင္၊ ေနာက္တစ္ဖက္က ေ႐ႊ႐ိုးတပ္ဓါးကို ကိုင္
ၿပီး ႐ုန္းကန္ေနတဲ့ ဆိတ္ရဲ႕အနားကို ကပ္သြား
တယ္။ ကေဝရဲ႕ တပည့္ ေမာင္တုတ္ဆိုတဲ့လူက
ဆိတ္ကို နည္းနည္းမွ မလႈပ္ႏိုင္ေအာင္ ခ်ဳပ္ကိုင္
လိုက္တယ္။
"ပဲ…ပဲ…"
ဟာ…လွီးၿပီဗ်ိဳ႕။ လွီးလိုက္ၿပီ။ ျမန္လိုက္တဲ့ က
ေဝဗ်ာ။ ဆိတ္လည္ပင္းကို လွစ္ခနဲ လွီးလိုက္
တာဗ်။ ဆိတ္ေအာ္သံ ခ်က္ခ်င္း ေပ်ာက္သြားၿပီး
ေသြးေတြ ပန္းထြက္လာတယ္။ က်လာတဲ့လည္
ေခ်ာင္းေသြးေတြကို ကေဝက ေမွာ္ဝင္ခြက္ႀကီး
နဲ႔ ထိုးခံလိုက္တယ္။ ဆိတ္ကေတာ့ ဆန႔္ငင္ဆန႔္
ငင္ ျဖစ္ၿပီး ၿငိမ္သြားေရာဗ်။
ခြက္ႀကီးထဲမွာ ေသြးေတြ ျပည့္ေတာ့မွ ခြက္ကို
လက္ႏွစ္ဖက္နဲ႔ မၿပီး ေျမႇာက္တယ္။ ေ႐ႊ႐ိုးတပ္
ဓါးေျမႇာင္ကို ေမာင္မဲက ယူၿပီး ေသြးေတြကို
ေသေသခ်ာခ်ာ သုတ္ပစ္လိုက္တယ္။ ကေဝက
ဒူးႀကီးတုပ္ၿပီး ေသြးခြက္ကို ေျမႇာက္ထားတယ္။
တစ္ေယာက္ေယာက္ကို တိုက္ေနတဲ့ ပုံစံဗ်။
" ဝီ…ဝီ…ဝီး.…ဝီး"
ဟာ…လင္းတႀကီးႏွစ္ေကာင္က က်ဳပ္တို႔နား
မွာေရာက္လာၿပီး ဝဲေနတယ္ဗ်ိဳ႕။ ဘိုးလူေပ
ကလည္းခ်က္ခ်င္း လႈပ္လႈပ္ရွားရွား ျဖစ္သြား
တယ္ဗ်။
"ဝီ…ဝီ…ဝီ…ဝီ"
ေဟာ…လင္းတေတြ ခ်က္ခ်င္းျပန္ေရာက္လာ
ၿပီး က်ဳပ္တို႔ေခါင္းေပၚမွာ ဝဲေနၿပီဗ်။
"ေစာထီးနဲ႔ ေစာဝင္း၊ မင္းတို႔ႏွစ္ေယာက္ ဒီေနရာ
မွာပဲေန။ ထြက္မလာၾကနဲ႔၊ ၾကားလား။ ေမာင္တာ
ေတ ေဆးလြယ္အိတ္ က်ဳပ္ကိုေပးေတာ့"
ဘိုးလူေပက ခ်က္ခ်င္း မတ္တတ္ထရပ္လိုက္
တယ္။
"စုန္းမေတြ က်ဳပ္တို႔ကို ေတြ႕သြားၿပီကြဲ႕၊ ကဲ…
လာစမ္း ေကာင္မႏွစ္ေကာင္"
ဟာ… လာတာပဲဗ်ိဳ႕။ လင္းတႀကီးေတြက ဘိုး
လူေပဆီကို တည့္တည့္ထိုးဆင္းလာတာဗ်။
"ကဲ …ၾကာ"
ဘိုးလူေပက လက္ကို ဆန႔္ထုတ္လိုက္တာ။
လက္ထဲကေန လက္ခနဲ လက္ခနဲ စက္ေရာင္
ေတြ ထြက္သြားတာဗ်ိဳ႕။ ဟာ… လင္းတႀကီး
ေတြကို တည့္တည့္ထိသြားၿပီဗ်။
"ဘုန္း…ဘုန္း"
လင္းတႀကီးႏွစ္ေကာင္ ျပဳတ္က်သြားၿပီဗ်ိဳ႕။ျပဳတ္
က်တာကလည္း ေသြးခြက္ႀကီးေျမႇာက္ထားတဲ့
ကေဝႀကီးရဲ႕ တည့္တည့္ကို က်သြားတာဗ်ိဳ႕။
သြားေရာဗ်ာ။ ေသြးခြက္ႀကီး လြင့္ထြက္သြားၿပီး
ကေဝႀကီးလည္း ေဘးေစာင္းလဲက်သြားေရာ
ဗ်ာ။ ဟာ …လင္းတႀကီးေတြက ထဘီၿခဳံစုန္းမ
ႀကီးေတြ ျပန္ျဖစ္ၾကၿပီဗ်ိဳ႕။ စုန္းမႀကီးေတြလည္း
ေျမႀကီးေပၚမွာ ဆန႔္ငင့္ဆန႔္ငင္ျဖစ္ေနၾကေရာ
ဗ်ိဳ႕။
"ေသာက္ကျမင္းမေတြ …ငါ့အေပၚကိုမွ တည့္
တည့္က်ရသလား။ ေသြးစိမ္းေမွာ္ ေအာင္ခါနီး
မွ လာၿပီးဖ်က္တာ ဘာေကာင္မို႔တုံး"
ကေဝႀကီး ခ်က္ခ်င္း သိသြားၿပီဗ်။ သူ႔တပည့္
ကေဝႏွစ္ေယာက္လည္း ပ်ာယာခတ္ေနၾကၿပီ
ဗ်။ ကေဝဆီမွာ တပည့္ခံေနတဲ့ တပည့္ေတြ
လည္း ကင္းဝတဲႀကီးရွိတဲ့ဘက္ကို ထၿပီးေျပး
ေရာဗ်ာ။ ေအာင္ပြဲခံေနတဲ့ ကေဝကြၽန္းရွင္ႀကီး
ရဲ႕ေအာင္ေျမမွာ ခ်က္ခ်င္းကို ႐ုတ္႐ုတ္သဲသဲ
ျဖစ္သြားေတာ့တာဗ်ိဳ႕။
ဘိုးလူေပက ကေဝကြၽန္းရွင္ရဲ႕ ေျမတလင္း
ေပၚကို တက္ၿပီး မားမားႀကီးရပ္ေနတယ္ဗ်။
က်ဳပ္ကေတာ့ မနီးမေဝးက စက္ကတုံးပင္
ႀကီး ေနာက္မွာကပ္ၿပီး ရပ္ေနလိုက္တယ္။က
ေဝကြၽန္းရွင္က ဘိုးလူေပကို စိမ္းစိမ္းႀကီး စိုက္
ၾကည့္ေနတယ္။ ၿပီးေတာ့ ဆန႔္ငင္ဆန႔္ငင္ျဖစ္
ေနတဲ့ စုန္းမႏွစ္ေယာက္ဆီကို သူ႔လက္က
ထြက္လာတဲ့ စက္ေတြ လႊတ္ေပးလိုက္တယ္။
ေဟာ..စုန္းမႏွစ္ေယာက္ ထထိုင္ၿပီဗ်ိဳ႕။အေျခ
အေနကို သေဘာေပါက္သြားတဲ့ စုန္းမေတြ ခ်က္ခ်င္းထရပ္လိုက္ၾကတယ္။
ထဘီေတြကို ခ်က္ခ်င္းပဲ ျပန္ဝတ္လိုက္တယ္။
ၿပီးေတာ့ ေရွ႕ကို ထြက္လာတယ္။ အလယ္မွာ
ကေဝကြၽန္းရွင္၊ သူ႔ရဲ႕ေရွ႕ေျခတစ္လွမ္းေလာက္
အကြာမွာ ငတုတ္နဲ႔ ငမဲဆိုတဲ့ ကေဝႏွစ္ေယာက္
က ကာၿပီး ဘယ္တစ္ေယာက္ ညာတစ္ေယာက္
ေနရာယူထားၾကတယ္။ စုန္းမ မိဂ်မ္းနဲ႔ မိပန္းက
ေရွ႕ဆုံးကို ထြက္လာၿပီး အလယ္တည့္တည့္မွာ
ရပ္ေနၾကတယ္ဗ်။
"ဟဲ…အေကာင္စုတ္၊ ေသွ်ာင္တစ္ထုံး၊ လြတ္
အိတ္တစ္လုံးနဲ႔ ဘယ္ကေန ဘယ္လို ေရာက္
လာတဲ့ ဘာေကာင္တုံး။ ကေဝကြၽန္းရွင္ကို နင္
ယွဥ္ႏိုင္မယ္ ထင္လို႔လား။အခုခ်က္ခ်င္း လွည့္
ျပန္ရင္ နင့္အသက္က ဆက္ရွင္ေနႏိုင္ေသး
တယ္။ ငါေျပာတာ ၾကားလား အေကာင္စုတ္"
ေမာက္ကေတာ္ မိဂ်မ္းဆိုတဲ့ စုန္းမက ဘိုးလူ
ေပကို ႀကိမ္းေမာင္းၿပီး ႏွင္ထုတ္ေနတာဗ်။
"ဟဲ့ ……မိဂ်မ္း၊ ဒီအေကာင္ကို လြယ္လြယ္နဲ႔
လႊတ္ႏိုင္႐ိုးလားဟဲ့။ ငါစီရင္တဲ့ ေသြးစိမ္ေမွာ္
အစီအရင္ႀကီး ပ်က္သြားၿပီဟဲ့။ ဒါဟာ ငါ့အ
တြက္ နည္းတဲ့ ဆုံးရႈံးမႈ မဟုတ္ဘူး။ နင္တို႔
သိသလား။ ဒီအေကာင္ကို သြက္သြက္လည္
႐ူးသြားေအာင္ လုပ္ၿပီးမွ လႊတ္ရမယ္ဟဲ့၊ ၾကား
သလား ေကာင္မႏွစ္ေကာင္"
"ၾကားပါၿပီ အရွင္ႀကီး"
စုန္းမႏွစ္ေယာက္က ေရွ႕ကို ေျခတစ္လွမ္းတိုး
လာတယ္။
"ေဟ့ …ကေဝကြၽန္းရွင္ ငဘိုးခင္ရဲ႕၊ မင္းမယား
ေမာက္ကေတာ္ေတြကို ေသေစ့ခ်င္လို႔ ေရွ႕တင္
ေပးလိုက္ေရာ့လား"
"ဟာ..မေလာက္ေလး မေလာက္စား အေကာင္
စုတ္ကေလးကမ်ား ငါ့ကို ေစာ္ကားလိုက္တာ၊
ငဘိုးခင္ေလး ဘာေလးနဲ႔၊ ငါ့အသက္က နင့္
အသက္ထက္ သုံးဆေလာက္ႀကီးတယ္ မသာ
ေလာင္းရဲ႕၊ ငါက ဘႀကီးေတာ္ လက္ထက္က
တည္းက ေမြးခဲ့တာေပါ့။ မေသခင္မွတ္ထား
လိုက္ဦး။ ငါ့မယား ေမာက္ကေတာ္ေတြကို ေရွ႕
တင္ေပးတာက နင့္လို မသာေလာင္းနဲ႔ ငါနဲ႔
ပညာခ်င္း တန္းမတူလို႔ကြ၊ သိပလား။
ဟား ဟား ဟား ဟား…"
"ေၾသာ္…ေၾသာ္…ဒီလိုလား ငဘိုးခင္ရဲ႕၊ ငါ့နာ
မည္ကိုလည္း မေသခင္ မွတ္ထားလိုက္ပါဦး။
ငါ့နာမည္ ဘိုးလူေပတဲ့ေဟ့"
"ဘာ …ဘိုးလူေပ ဟုတ္လား။ ဒါဆိုရင္ ကေဝ
ပ်ံဘရွံရဲ႕သားေပါ့"
"ေၾသာ္.ေၾသာ္.ဒါေတြလည္း ငဘိုးခင္ သိသားပဲ"
"ဟား ဟား ဟား ဟား …သိတာေပါ့ကြာ။ သိပ္
သိတာေပါ့။ မင္းအေမ မဖန္ဟာ အင္မတန္လွ
တဲ့ မိန္းမတစ္ေယာက္ပဲ။ ငါက မဖန္ေလးကို
ေတာ္ေကာက္မလို႔ ျပင္ေနတုန္းမွာ ငဘရွံက
ျဖတ္ယူသြားခဲ့တာကြ။ လက္စသတ္ေတာ့ မင္း
က ငါ့မယား မေတာ္လိုက္ရတဲ့ မယ္ဖန္ရဲ႕သား
ကိုး။မင္းကိုယ္ထဲမွာ ကေဝ့ေသြးေတြ စီးေနတာ
မင္း မသိဘူးလား။ မင္းကို ကေဝ့ေသြးခ်င္းမို႔
ကိုယ္ခ်င္းစာၿပီး ခြင့္လႊတ္လိုက္မယ္။ အခုခ်က္
ခ်င္း ျပန္ရင္ မင္းအသက္ကို ခ်မ္းသာရာရေစ
မယ္။ ျပန္လိုက ျပန္ခြင့္ရွိတယ္ ေမာင္လူေပေရ"
"ဟား ဟား ဟား ဟား၊ ကေဝကြၽန္းရွင္ ငဘိုး
ခင္ ေျခဖဝါးမွာ ဘုရားနင္းထားတဲ့ ကေဝ။ ဒီ
ညဟာ ခင္ဗ်ား ဘယ္ေတာ့မွ ျပန္မေရာက္ႏိုင္
ေတာ့တဲ့ လူ႔ေလာကကို ႏႈတ္ဆက္ရမယ့္ ည
ပဲ ငဘိုးခင္"
"ဟဲ့ …ေကာင္မေတြ၊ ဒီေကာင္စုတ္ကို သတ္
လိုက္ေတာ့ "
ကေဝကြၽန္းရွင္ရဲ႕ အမိန႔္ရတာနဲ႔ ေမာက္က
ေတာ္ႏွစ္ေယာက္ရဲ႕ ပါးစပ္ထဲက စိမ္းစိမ္းျပာ
ျပာ စက္ေတြ ထြက္လာေရာဗ်ိဳ႕။ စက္တန္း
ႀကီးႏွစ္တန္းက ဘယ္ညာညႇပ္ၿပီး ဘိုးလူေပ
ဆီကို တိုးဝင္လာတာဗ်။ဘိုးလူေပက လက္
နဲ႔ ကာလိုက္တယ္။ စက္ေတြက ေရွ႕တိုးလို႔
မရေတာ့ဘဲ တုံ႔ခနဲ ရပ္သြားတယ္။
စုန္းမႏွစ္ေယာက္ ထဘီေတြကို ျဖန္းခနဲ ခါ
ၿပီး ျပန္ဝတ္လိုက္တယ္။ဒါေပမဲ့ စက္ေတြက
ေတာ့ေရွ႕ကို တိုးမလာေတာ့ဘူးဗ်။စုန္းမႏွစ္
ေယာက္က လက္ဖဝါးေတြကို ပြတ္ၿပီး စက္
ကို တြန္းတယ္။ ဒါလည္း မရဘူးဗ်။
"ဟဲ့ေကာင္ႏွစ္ေကာင္…ကူလိုက္ေတာ့ေလ"
ကေဝႀကီးရဲ႕ အမိန႔္သံၾကားေတာ့မွ ကေဝ
ငတုတ္နဲ႔ ငမဲက ေရွ႕ကို တိုးလားၿပီး မိဂ်မ္း
နဲ႔ မိပန္းရဲ႕ ေက်ာကုန္းကို သူတို႔ လက္ဝါး
ေတြနဲ႔ တြန္းလိုက္ၾကတယ္ဗ်။
ဟာ တိုးလာၿပီဗ်ိဳ႕။ စက္ေတြတိုးလာၿပီး ဘိုးလူ
ေပဆီကို စုန္းမေတြရဲ႕ စက္ေတြတိုးဝင္လာၿပီ။
"ဟာ…ကဲ…"
ဘိုးလူေပ ႐ိုက္ခ်လိုက္ၿပီဗ်ိဳ႕။ ေရွ႕တိုးလာတဲ့
စက္ေတြကို လက္ဝါးနဲ႔ ႐ိုက္ခ်လိုက္တာဗ်။
"ဝုန္း"
ဟာ…မီးလုံးႀကီး ထေတာက္ၿပီး စုန္းမေတြ လြင့္
ထြက္သြားတာ ႏွစ္လံေလာက္ေရာက္သြားတာ
ဗ်ိဳ႕။ သြားၿပီ။ လႈပ္ကို မလႈပ္ေတာ့ဘူး။ ဘိုးလူ
ေပ ဆုံးျဖတ္ၿပီးသြားၿပီဗ်။ ပါးစပ္က စကားတစ္
ခြန္းမွ မေျပာေတာ့ဘူး။ ကေဝ ငတုတ္နဲ႔ ကေဝ
ငမဲ ေရွ႕ကို ေျခႏွစ္လွမ္း တက္လာတယ္။
ဟာ…ပစ္ၿပီဗ်ိဳ႕။ ဒါက ကေဝစက္ဗ်။ လက္ဝါး
အလယ္တည့္တည့္က ထြက္လာတဲ့ မီးလုံး
ေသးေသးေလးေတြဗ်။ က်ဳပ္သိတယ္။ ဒါ က
ေဝစက္ အစစ္ေပါ့ဗ်ာ။ေဟာ..မီးလုံးေသးေသး
ေလးေတြက တျဖည္းျဖည္းႀကီးလာတာ တင္း
နစ္ေဘာလုံး အ႐ြယ္ေလာက္ကို ေရာက္လာ
ၿပီဗ်ိဳ႕။ဘိုးလူေပရဲ႕မ်က္ႏွာတည့္တည့္ကို တန္း
ဝင္လာတာဗ်။
မီးလုံးေလးႏွစ္လုံး ေရွ႕ဆင့္ေနာက္ဆင့္ပဲဗ်ာ။
ေျပးၿပီ။ ဘိုးလူေပ ေျပးထြက္သြားၿပီ။ ႐ိုက္ၿပီ
ဗ်ာ။ ႏွစ္ခ်က္ဆင့္ၿပီး ႐ိုက္ၿပီဗ်ိဳ႕။
"ဝုန္း…ဝုန္း"
ဟာ…ဝင္းခနဲ ဝင္းခနဲ ျဖစ္ၿပီး စက္လႊတ္လိုက္
တဲ့ ကေဝေတြကို ျပန္ၿပီး မွန္ကုန္ၿပီဗ်ိဳ႕။
"အား…အား"
ကေဝငတုတ္ေရာ ကေဝငမဲေရာ သူတို႔စက္နဲ႔
သူတို႔ ျပန္ခံသြားရၿပီဗ်ိဳ႕။ ဟာ ရင္ဘတ္ႀကီးေတြ
ပြင့္ကိုထြက္သြားတာပဲဗ်ာ။
အို.ေသြးေတြထြက္လာလိုက္တာမွ ျမင္လို႔ကို
မေကာင္းေအာင္ပါပဲဗ်ာ။
"ဘုန္း…ဘုန္း"
သြားကုန္ၿပီဗ်ိဳ႕။ဘိုးလူေပရဲ႕ ကေဝစက္႐ိုက္ခ်က္
ကေတာ့ ျပင္းခ်က္ဗ်ာ။ က်ဳပ္ျဖင့္ တစ္ခါမွကို မ
ျမင္ဖူးတာဗ်။ ငတုတ္ေရာ ငမဲေရာ ရင္ဘတ္ႀကီး
ေတြ ပြင့္ထြက္ၿပီး ေသသြားၾကၿပီဗ်။
"ေတာက္…ဘရွံသားက လူပါးအေတာ္ဝေနပါ
တာကိုး။ ကဲ…ေရာ့ေဟ့။ ဒါေလး ျမည္းၾကည့္
စျမးပါဦး"
"႐ႊီး"
ဘုရားေရ၊ ျမန္လိုက္တဲ့ စက္ဗ်ာ။ ကေဝဘိုးခင္
ႀကီး ပစ္လိုက္တဲ့ စက္က ဝင္းခနဲ တစ္ခ်က္
လက္ၿပီး ႐ႊီးခနဲ ျမည္သြားတာဗ်။ ဘိုးလူေပက
လက္ဝါးႏွစ္ဖက္နဲ႔ ေဘးကို ေဆာင့္တြန္းသလို
လုပ္လိုက္တာ။
"ဝုန္း"
ကေဝစက္က ခရာခ်ဳံႀကီးထဲ ေရာက္သြားၿပီး မီး
ဟုန္းဟုန္းေတာက္ေတာ့တာပဲဗ်ာ။က်ဳပ္ျဖင့္ လန႔္
လိုက္တာဗ်ာ။ စက္ကတုံးပင္ႀကီးေနာက္ကို တိုး
ၿပီး ကပ္လိုက္မိတယ္ဗ်။ ဟာ…ကေဝဘိုးခင္ႀကီး
က ပါးစပ္ႀကီးဟၿပီး စက္ေတြ ထုတ္ေနၿပီဗ်ိဳ႕။
ဟာ…ပါးစပ္ထဲကေရာ မ်က္လုံးေတြထဲကပါ
ဝင္းဝင္း ဝင္းဝင္းနဲ႔ ကေဝစက္ေတြ ထြက္လာ
တာဗ်။ ဘိုးလူေပ သူ႔လြယ္အိတ္ထဲက ပစၥည္း
တစ္ခုကို ထုတ္ယူလိုက္တယ္ဗ်။ ကေဝစက္
ေတြ ဘိုးလူေပကို ပတ္ၿပီး ဝိုင္းေနၿပီဗ်။
"ေဟ့ ငဘိုးခင္၊ ငါ့အေဖ ပထမံ ဆရာပြားႀကီး
ရဲ႕စက္ျဖတ္အင္းကြ။ မင္းျမည္းစမ္းၾကည့္၊ ေရာ့ …"
ဘိုးလူေပက အင္းပစ္လိုက္ၿပီဗ်ိဳ႕။
"ဝုန္း…ဖ်န္း…ဖ်န္း…ဖ်န္း…ဖ်န္း"
ဟာ..ဘိုးလူေပပစ္တဲ့ အင္းက မီးေတြထ
ေတာက္ၿပီး ကေဝႀကီးရဲ႕ စက္တန္းႀကီးကို
အပိုင္းပိုင္း ျဖတ္ပစ္ေတာ့တာဗ်ာ။
ကြၽန္းႀကီးတစ္ကြၽန္းလုံးမ်ား လင္းထိန္သြားသ
လားေတာင္ ထင္လိုက္ရသဗ်။ ကေဝစက္ေတြ
ေပ်ာက္သြားတဲ့ အခ်ိန္မွာ ကေဝကြၽန္းရွင္လို႔
ေခၚတဲ့ ကေဝႀကီးဘိုးခင္ဟာ ဒူးေထာက္လ်က္
ႀကီး က်သြားတယ္ဗ်။ ဒါေပမဲ့ ခ်က္ခ်င္းျပန္ထ
လာၿပီး ေနာက္ကြၽမ္းပစ္ေတာ့တာပဲဗ်ာ။
တစ္ခ်က္၊ ႏွစ္ခ်က္။ဘိုးလူေပက သူ႔လြယ္အိတ္
ထဲက ပစၥည္းတစ္ခုကို ထုတ္ၿပီး အသင့္ေစာင့္
ေနလိုက္တယ္ဗ်။ သုံးခ်က္။
"ဝုန္း"
"ေဝါင္း…ေဝါင္း…"
ဟာ…က်ားႀကီးျဖစ္သြားၿပီဗ်ိဳ႕။ ကေဝဘိုးခင္
က်ားႀကီး ျဖစ္သြားၿပီ။
က်ားက နည္းတဲ့အေကာင္ႀကီး မဟုတ္ဘူးဗ်။ ဆယ့္ႏွစ္ေတာင္ေလာက္ရွိတဲ့ အေကာင္ႀကီး
ဗ်။ပါးစပ္ႀကီးၿဖဲထားလိုက္တာ အစြယ္ႀကီးေတြ
မွ ေဖြးေနတာပဲဗ်ာ။
ကေဝဘိုးခင္ရဲ႕ ပညာသင္တပည့္ေတြေတာင္
ေၾကာက္လြန္းလို႔ တဲႀကီးေပၚကို တက္ၿပီးေျပး
ၾကၿပီဗ်ိဳ႕။ က်ဳပ္ေစာထီးနဲ႔ ေစာဝင္းကို လွည့္
ၾကည့္လိုက္ေတာ့ ညီအစ္ကိုႏွစ္ေယာက္ က
နစိုပင္ႀကီးေအာက္မွာ တစ္ေယာက္နဲ႔ တစ္
ေယာက္ ဖက္ၿပီး အသားတဆတ္ဆတ္တုန္
ေနၾကတာဗ်ိဳ႕
အၿမီးႀကီး တလႈပ္လႈပ္နဲ႔ ဘိုးလူေပကို မာန္ဖီ
ေနတဲ့ ဆယ့္ႏွစ္ေတာင္ က်ားႀကီးကို ၾကည့္
ရတာ လေရာင္ထိန္ထိန္ေအာက္မွာ လွ
ေတာင္လွေသးေရာ့ဗ်ာ။
ဘိုးလူေပက ေရွ႕ကို ေျခတစ္လွမ္းတိုးလိုက္
တယ္။ ဘိုးလူေပ တစ္ခ်က္ လႈပ္လိုက္တာနဲ႔
က်ားက 'ေဝါင္း'ခနဲ မာန္ဖီၿပီး ခုန္အုပ္ေတာ့
တာဗ်။ အဆင္သင့္ျပင္ထားတဲ့ ဘိုးလူေပက
က်ား အခုလို ခုန္အုပ္ေအာင္ တမင္လုပ္တာ
ဗ်။ ပါးစပ္ႀကီးဟၿပီး မာန္ဖီေနတဲ့ က်ားရဲ႕ပါးစပ္
ထဲကို အင္းပစ္သြင္းလိုက္ၿပီဗ်ိဳ႕။
လ်င္လိုက္တဲ့ ဘိုးလူေပဗ်ာ။ အင္းကို က်ားပါး
စပ္ထဲ ပိုင္ပိုင္ႏိုင္ႏိုင္ ပစ္သြင္းၿပီးတာနဲ႔ ေျမႀကီး
ေပၚမွာ ျပားေနေအာင္ ဝပ္ၿပီးသားဗ်။
"အုန္း"
အင္းက မီးထေတာက္ၿပီး ကေဝစက္နဲ႔ ေတြ႕
ပုံပဲဗ်။ မာေက်ာတဲ့အရာႏွစ္ခု မ်က္ႏွာခ်င္းဆိုင္
ၿပီး ႐ိုက္လိုက္သလို 'အုန္း'ခနဲျမည္ၿပီး က်ားရဲ႕
ပါးစပ္ထဲက မီးေရာင္ေတြေရာ စက္ေရာင္ေတြ
ေရာ ထြက္လာေတာ့တာပဲဗ်ာ။
"ဘုန္း"
က်ားႀကီးျပဳတ္က်သြားၿပီဗ်ိဳ႕။ ေျမႀကီးမွာ တြန႔္
လိမ္ၿပီး လွိမ့္ေနတယ္။ ဟာ…လွိမ့္ေနတဲ့ က်ား
ႀကီးကေန ကေဝႀကီးဘိုးခင္ ျပန္ျဖစ္သြားၿပီဗ်ိဳ႕။
"အဲဒါ က်ဳပ္အေဖ ပထမံဆရာပြားႀကီးရဲ႕ က
ေဝသက္ျဖတ္အင္းေတာ္ႀကီးပဲ ဦးဘိုးခင္ရဲ႕"
"ေဗ်ာ…ေဗ်ာ"
ဟာ…ဘာႀကီးတုံးဟ။ လမုေတာထဲက ေဗ်ာခနဲ
ေဗ်ာခနဲ တိုးထြက္လာတာဗ်။ ဘိုးလူေပေတာင္
ေနာက္ကို ေျခလွမ္းဆယ္လွမ္းေလာက္ ဆုတ္
ေျပးသြားတယ္။ က်ဳပ္လည္း စက္ကတုံးပင္ႀကီး
ကို ကြယ္ၿပီး ေသေသခ်ာခ်ာၾကည့္လိုက္မိတယ္
ဟာ…မိေက်ာင္းႀကီးဗ်။ နည္းတဲ့အေကာင္ႀကီး
မဟုတ္မွ မဟုတ္တာဗ်ာ။ ေယာက္်ားႀကီးႏွစ္
ဖက္စာေလာက္ ရွိတယ္။ ပါးစပ္ႀကီးဟၿပီး ေရွ႕
ကို တိုးသြားေနတာဗ်။
"ေဖာင္း"
ဟာ…ကေဝကြၽန္းရွင္ႀကီးကို ထိုးဟပ္လိုက္ၿပီဗ်ိဳ႕။
ဟာ…ျပန္ဆုတ္သြားၿပီဗ်။ သူလာတဲ့လမ္းေၾကာင္း
က ဗိုက္ရာႀကီးအတိုင္း ေနာက္ကိုဆုတ္သြားတာ
ဗ်ိဳ႕။ ကေဝကြၽန္းရွင္ႀကီးက မိေက်ာင္းပါးစပ္ထဲမွာ
မေသမရွင္နဲ႔ ပါသြားေလရဲ႕။
က်ဳပ္လည္း ဘိုးလူေပရွိတဲ့ဆီကို ထြက္လာခဲ့
တယ္
"ေမာင္တာေတ…ကေဝဘိုးခင္ကို ခ်ီသြားတဲ့
မိေက်ာင္းက တျခားဟုတ္႐ိုးလားကြဲ႕။ ေရငန္
ပိုင္ရဲ႕ စီးေတာ္မိေက်ာင္းႀကီးေလ"
"ဟာ…ဟုတ္လား ဆရာႀကီး၊ နည္းနည္းေနာ
ေနာႀကီးမွ မဟုတ္တာဗ်ာ"
ကိစၥၿပီးသြားတာနဲ႔ ေနာက္တစ္ေန႔မွာပဲ ဘိုးလူေပနဲ႔ က်ဳပ္
ျပန္လာခဲ့တယ္။
ငါးရက္ေျမာက္တဲ့ေန႔မွာ က်ဳပ္ ထေနာင္းကုန္းကို ျပန္ေရာက္ခဲ့တယ္။
ဘိုးလူေပကေတာ့ ကိစၥတစ္ခု ေပၚလာတာနဲ႔ ရန္ကုန္မွာပဲ
ေနခဲ့တယ္

ၿပီးပါၿပီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)