ဆရာမနိုင် တစ္ဆေအိုင် (စ/ဆုံး)
ဒီတော့ ကျုပ်တို့အနံ့ကို သူတို့ ဘယ်ရမှာတုံး ဗျာ။ ကိုတောင်လုံးက ကျောမှာ လွယ်ထားတဲ့ မြားကျည်တောက်ထဲက မြားတစ်ချောင်းကို ထုတ်ယူလိုက်တယ်။မြားက သိပ်မရှည်ဘူးဗျ။ ကိုတောင်လုံးက သူ့လက်ထဲက ဒူးလေးကို လေးကြိုးတင်လိုက်တယ်။ ပြီးတော့ မြားလမ်း ကြောင်းအချိုင့်လေးထဲမှာ မြားထည့်လိုက် တယ်။မြားဖုန်းတိုတိုလေးအောက်ကို မြားထိုး ထည့်လိုက်တာဗျ။ ကိုတောင်လုံးက ဂျီတစ်ကောင်ကို စိတ်တိုင်း ကျရွေးပြီး ချိန်လိုက်တယ်။ ကိုတောင်လုံးက အသက်ကို အရှည်ကြီးရှူလိုက်တဲ့ အသံကို ကျုပ်ကြားလိုက်တယ်။ ကျုပ်ကြည့်နေတယ်ဗျ ကိုတောင်လုံးရဲ့ လက်ညှိုးလေးက ခလုတ်ကို ဖြည်းဖြည်းလေး ဆွဲလိုက်တယ်။ "ဖျပ်…ဝှီး" လေးကြိုးက ဖျက်ကနဲ ပြုတ်ထွက်သွားပြီး မြားက ဝှီးခနဲ ပျံထွက်သွားတယ်။ "အိ" ထိပြီဗျာ။ ချက်ကောင်းဗျ။ ဂျီရဲ့လက်ပြင်ကို မြားစိုက်သွားတာ။ ဒါပေမဲ့ ဂျီက လဲကျမသွား ဘူးဗျ။ သွေးရူးသွေးတန်းနဲ့ စွတ်ပြေးတော့ တာဗျို့။ ဟာ…တောင်ဘက်ကို လှည့်ပြီးပြေး နေတာဗျ။ ဟင်…တစ္ဆေအိုင်ဘက်ကို ပြေးတာ ဗျို့။ ကျန်တဲ့ ဂျီနှစ်ကောင်ကတော့ လန့်ပြီး ပြေးထွက်သွားတာပေါ့ဗျာ။ မြားမှန်သွားတဲ့ ဂျီကတော့ တစ္ဆေအိုင်ကြီး ဘက်ကို စွတ်ပြေးနေတော့ဗျို့။ ဟော ကို တောင်လုံးက ရှေ့ကပြေးလိုက်...