ကဝေသိုက် (စ/ဆုံး)
“ဒီလိုပါ ကိုလူပေရယ်၊ ကိုလူပေရဲ့ဖခင် ပထမံဆရာ
ပွားကြီးရှိစဉ်တုံးက ကျုပ်ကို မကြာမကြာပြောတာကွဲ့
‘ဟဲ့..ငထွန်း နင်ငါ့ဆီကပညာကို ဘာဖြစ်လို့ ထိထိ
ရောက်ရောက် မယူတာတုံး တနေ့ကြရင် နင်မှားမှန်း
သိလိမ့်မယ်နော် ငထွန်း’လို့ ပြောခဲ့တာကို ကျုပ်နား
ထဲမှာ ပြန်ပြီး ကြားကြားနေလို့ပါကွယ်”
ဘိုးထွန်းပြောတဲ့ စကားကိုကြားတော့ ဘိုးလူပေက
ဘာမှ ပြန်မပြောဘဲ ခေါင်းညိမ့်ပြီး ပြုံးရုံပြုံးနေတယ်
ဗျ။ ကျုပ်လည်း ကျုပ်ဆရာကြီးဘိုးလူပေကို သေ
သေချာချာ သတိထားမိတယ်ဗျ။ ဘိုးလူပေက ကျုပ်
စပြီး တွေ့တုံးကလိုပဲဗျ။
ဒီအရွယ်အတိုင်း မပြောင်းဘူး။ သျှောင်တစောင်း
လေး ထုံးလို့ပဲဗျ။ နှုတ်ခမ်းမွှေးလေးသဲ့သဲ့နဲ့ အသား
က လတ်လတ် အမြဲတမ်း ပုတီးစိပ်တရားထိုင်လုပ်
နေလို့လားတော့ မသိဘူးဗျ။ အသားအရေက စို
ပြေပြီး မျက်လုံးတွေကလည်း ကြည်လင်နေတာ
ဗျို့။ မျက်နှာမှာ လောဘ ဒေါသ အရိပ်တွေ ကင်း
နေတော့ ပိုပြီး ကြည်လင်နေတော့တာပေါ့ဗျာ။
ခဏနေတော့ ဆရာကြီးက ဘိုးထွန်းကို ကျီတော်
ကဝေမ အကြောင်းထပ်မေးတယ်။
“နေဦး ကိုလူပေ၊ ကျုပ်က ကျီတော်အကြောင်းကို
အကြမ်းဖျင်းလောက်ပဲသိတာ။ အသေးစိတ်သိတဲ့
လူတစ်ယောက်ရှိတယ်။ ဒီကောင့်နာမည်က ပိုကာ
လို့ခေါ်တယ်။ ကျုပ်တို့ ယာကြီးကုန်းက ပေးဖို့ တာ
ဝန်ကျတဲ့ ဆီတို့ ဆန်တို့ ငပိငခြောက်တို့ ငွေကြေး
တို့ကို ပိုကာက သွားသွားပို့ရတာကွဲ့၊ တစ်ရွာကို
တစ်ယောက်ပဲလာရတာ။ သူတို့ကဝေသိုက်ထဲကို
လူစိမ်းလုံးဝအဝင်ခံတာ မဟုတ်ဘူး။ သူတို့သတ်
မှတ်ထားတဲ့ လူနဲ့ လှည်းပဲ ဝင်ရတာ ဝင်ပြီးရင်
ပေးစရာရှိတာ ပေးပြီး ချက်ချင်းပြန်ထွက်ရတာ
နဲ့ ကို့လူပေရဲ့”
“ဒီရွာခုနှစ်ရွာက ပုံမှန်ပို့နေတဲ့ အခွန်အခတွေနဲ့တင်
ဒီကဝေသိုက်က ဟာမတွေ စားလို့ ဘယ်ကုန်မှာတုံး
အကိုထွန်းရဲ့”
“ဟာ…ဘယ်ကုန်လိမ့်မတုံး ကိုလူပေရယ် ဒါကြောင့်
ကျီတော်ကဝေမဆိုတဲ့ကောင်မက သူ့ကိုယ်သူ မြို့
စားမကြီးလိုလို ဘုရင်မလိုလို ထင်နေတာဖြစ်မှာ
ပေါ့ကွယ်”
“အင်း…ကျီတော်ကဝေသိုက်က ဟာတွေတော့
ကျုပ်နဲ့ တွေ့ကြတော့မှာပေါ့ အစ်ကိုထွန်းရာ ကျုပ်
ကလည်း အထက်ပုဂ္ဂိုလ်ကြီးတွေ အမိန့်ချလိုက်
လို့ကတော့ နည်းနည်းမှ လက်တွန့်တဲ့သူ မဟုတ်
ဘူး အစ်ကိုထွန်းရဲ့”
“ဝမ်းသာလိုက်တာကိုလူပေရယ် ကျုပ်တို့ရွာက
လူတွေလည်း ဘာမှမတတ်လို့သာ ခေါင်းငုံ့ပြီး
ခံနေကြရတာကွဲ့။ စိတ်ထဲမှာတော့ ဘယ်သူမှ
ကျေနပ်တာ မဟုတ်ဘူး ကိုလူပေရဲ့”
“နို့ နေပါဦး အစ်ကိုထွန်းရဲ့၊ ဒီကဝေသိုက်ကြီး ဒီ
နေရာကို ရောက်လာတာ ဘယ်လောက်ကြာ
ပြတုံး”
“ဟာ ခြောက်နှစ် ခုနှစ်နှစ်လောက် ရှိပြီထင်တယ်
ကွဲ့”
” ဘယ်ကနေများ ဒီကိုရောက်လာရတာတုံး အကို
ထွန်းရဲ့”
“ကျုပ်ကြားတာတော့ ဟိုတုံးက နာမည်ကြီးခဲ့
တဲ့ ဆည်တော်ကဝေမရဲ့ မျိုးဆက်တွေလို့
ပြောတယ်ကွဲ့”
“အင်း …ဖြစ်နိုင်တာပေါ့ အစ်ကိုထွန်းရဲ့ ဆည်တော်
ကဝေမရဲ့အဆက်တွေမို့လို့ ကျီတော်ကို ရွေးပြီး အ
သိုက်လာစိုက်တာ ဖြစ်မယ်ဗျ”
“ဘိုးထွန်း …ဗျို့ ဘိုးထွန်း”
“ဟေ ဘယ်သူတုံး”
ဘိုးတော်ကြီးက ပြူတင်းပေါက်ကနေ ငုံ့ကြည့်တယ်။
“ဟ..ပိုကာပါလား၊ မင်းကတော့ အသက်ရှည်ဦးမဲ့
ကောင်ပဲ။ အခုပဲ မင်းအကြောင်း ပြောနေတာကွ။
လာ လာ အိမ်ပေါ်တက်ခဲ့။ ရေငတ်တုံး ရေတွင်းထဲ
ကျဆိုသလို ဖြစ်တော့တာပဲဟေ့”
အသားညိုညို ဂင်တိုတို လူတစ်တစ်ယောက်
အိမ်ပေါ်ကိုဒတက်လာတယ်ဗျ။ဆံပင်က ဂတုံး
ဆံတောက်ညှပ်နဲ့ တော်တော်ကို သန်မာမဲ့လူပဲဗျို့။
“ဟဲ့ ပိုကာလာ ဒီကို…။ ဒါ ငါ့ ဆရာကြီး ပထမံ
ဆရာပွားကြီးရဲ့သားတပည့်ဆရာကိုလူပေတဲ့။
လာ လာ အထက်ဆရာကြီးကိုဦးခိုက်ကွဲ့”
ကိုပိုကာဆိုတဲ့လူက ဘိုးထွန်းပြောတဲ့အတိုင်းပဲဗျ။
ဆရာကြီးဘိုးလူပေရှေ့မှာ ရိုရိုသေသေထိုင်ပြီး ဆ
ရာကြီးကို ကန်တော့တယ်။
“ကဲ ပိုကာ မင်းလာရင်းကိစ္စကို အရင်ပြောစမ်း”
“တခြား ဘာကိစ္စမှ မရှိဘူး ဘိုး၊ ဘိုးအိမ်မှာ ဧည့်
သည်တွေ ရောက်နေတယ်လို့ လုံးတင်ပြောသွား
လို့ ဘာများလုပ်ကိုင်ပေးရမှာတုံးလို့ လာမေးတာ
ဘိုးရဲ့”
“အော် ဒါဆိုရင်တော့ နေရာကြပြီပေါ့ကွယ်၊ ဒီက
ဆရာကိုလူပေက ကျီတော်ကဝေသိုက် ကိစ္စလာ
တာကွဲ့။ ဆရာကြီး သိချင်တာလေးတွေကို မင်းက
သေသေချာချာ ပြောပြပေတော့”
“ဟုတ်ကဲ့ ဘိုး ကျုပ်သိတာတွေ ပြောပြပါ့မယ်”
ဒီတော့မှ ဘိုးလူပေက စပြီး မေးတော့တာဗျို့။
“မောင်ပိုကာရေ…အဲ့ဒီကျီတော်ကဝေမရဲ့ ကဝေ
သိုက်က ဘယ်နားမှာရှိတာတုံးကွဲ့”
“ကျီတော်ရဲ့တောင်ဘက် ခွေးတဟောင်လောက်
ဝေးတဲ့ နေရာမှာပါ ဆရာကြီး”
“ကျီတော်နဲ့ အဲဒီကဝေသိုက်နဲ့ကြားမှာ ယာတွေ
ရှိလား မောင်ပိုကာရဲ့”
“ဟာ မဟုတ်ဘူး ဆရာကြီး အဲဒီ့ဘက်မှာ ဘာ
ယာခင်းမှ မရှိဘူး တောတွေပဲ ရှိတာဗျ”
“အော် ဒါဆိုရင် ကဝေသိုက်က တောထဲမှာပေါ့”
“ဟုတ်တယ် ဆရာကြီး ဟိုတုံးကတော့ လက်ချိုး
ထင်းလေး ဘာလေးလိုဆိုရင် အဲဒီ့တောထဲမှာ
သွားပြီး ထင်းခွေကြာတာပဲ ဆရာကြီးရဲ့၊ ဒီနောက်
ပိုင်းကျတော့ အဲဒီ့ဘက်ကို ဘယ်သူမှ မသွားရဲ
တော့ဘူး သွားရင်လည်း မြွေလိုက်လို့ ပြေးရ
ကျားသစ်လိုက် လို့ပြေးရဆိုတော့ သွားရဲတဲ့
သူ လူကို မရှိတော့ပါဘူး ဆရာကြီးရဲ့”
“အဲဒီကဝေသိုက်ကို သွားရင် ဘယ်လိုသွားရတုံးကွဲ့”
“ဒီကနေ လက်ပံကုန်းကို အရင်သွားရတယ် ဆရာ
ကြီး၊ လက်ပံကုန်း ရောက်တော့မှ အရှေ့ထောင်
တက်လိုက်ရင် ကျီတော်ကို ရောက်ရောဗျ။ ကျီ
တော်ရောက်တော့မှ တောင်ဘက်ထွက်လိုက်ရင်
တောတွေ့တာပဲဗျ။ တောထဲမှာတော့ လှည်းလမ်း
ရှိတယ် အဲဒီ လှည်းလမ်းအတိုင်းသွားရင် ကျီတော်
ရှင်မနေတဲ့ နေရာကို ရောက်ရောဗျ”
“အထဲဝင်ဖို့ရော လွယ်ရဲ့လား မောင်ပိုကာရဲ့”
“ဟာ ဘယ်လွယ်မှာတုံးဗျ၊ ကျီတော်ရှင်မက သူ့နေ
ရာကို ရွာလေးတစ်ရွာလိုကို လုပ်ထားတာ ဆရာ
ကြီးရဲ့ တကယ်တော့ ဝိုင်းအကြီးကြီးပေါ့ဗျာ။ ဝိုင်းကြီး
လို့ရွာခရိုးတားသလိုကို ဆူးခက်တွေနဲ့ ကာထားတာ
ဗျ။လူမပြောနဲ့ တောကောင်တွေတောင် ဖောက်မဝင်
နိုင်ဘူး။ ဆူးခက်ခရိုးမှ အထူကြီးကာထားတာဗျ။ ပြီး
တော့ဝင်ပေါက် နှစ်ပေါက်ပဲ ရှိတယ်။ ဝိုင်းကြီးရဲ့အ
ရှေ့ဘက်မှာ တစ်ပေါက် အနောက်ဘက်မှာ တစ်
ပေါက်ဗျ။ ကျုပ်သွားပြီး ဆီတွေ ဆန်တွေပို့တဲ့အခါ
ဆိုရင်တော့ အရှေ့ဘက် အပေါက်ကပဲ အမြဲဝင်
တယ်။ ဆင်မတို့ဓါတ်တော်တို့ မြခိုးတို့ဘက်က လူ
တွေ ရိက္ခာလာပို့ရင်တော့ အနောက်ဘက်အပေါက်
က ဝင်ကြရတယ် ပြောတာပဲ ဆရာကြီး”
“နို့ အဲဒီ ဝင်ပေါက်တွေမှာ တံခါးတွေ ဘာတွေ
ရှိလားကွဲ့”
“ဟာ ရှိပါပြီလား ဆရာကြီးရယ်၊ တံခါးမှ အခိုင်
အမာကို လုပ်ထားတာဗျ။ သစ်သားတံခါးကြီး
တွေကိုအထဲကအမြဲတမ်း မင်းတုတ်ချပြီး ပိတ်
ထားတာ။ ကျုပ်က ဘယ်ရွာက လှည်းပါ၊ နာမည်
က ဘယ်သူပါလို့ အော်ပြောလိုက်တော့မှ တံခါး
ကို ဖွင့်ပေးတာဗျ”
“ဒါဆိုရင် ဒီအပေါက်တွေမှာ အစောင့်အမြဲချထား
ရမှာပေါ့”
“ဘာအစောင့်မှတော့ မတွေ့ဘူးဗျ။ ကျုပ်အော်လိုက်
ရင် တအောင့်လောက်ရှိတာနဲ့ တံခါးကြီးက သူ့အလို
လို ပွင့်သွားတာဗျ။ ကျုပ်လှည်းမောင်းပြီး ဝင်လိုက်
တာနဲ့ တံခါးက သူ့အလိုလို ပြန်ပိတ်သွားတာ တစ်
ယောက်ယောက်က အပိတ်အဖွင့် လုပ်ပေးနေသလို
တော့ ရှိတယ်။ ဒါပေမယ့် လူကိုမြင်ရတာ မဟုတ်ဘူး
ဆရာကြီးရဲ့။ အောင်မလေးဗျာ ပြောရင်နဲ့ ကြက်သီး
တွေတောင်ထလာပြီ ဆရာကြီးရယ် ကျုပ်ပြောပြနေ
တာကို ကျီတော်ရှင်မများ သိသွားပြီလား မသိဘူးဗျ”
“ဟား ဟား ဟား ဒီလောက်လည်း မကြောက်ပါနဲ့ မောင်ပိုကာရယ် ကျုပ်တစ်ယောက်လုံး ရှိပါတယ်
ကွဲ့။ မင်း ရှင်မလည်း မသိလောက်ပါဘူးကွယ်။ ဒါ
ထက် ဝန်းကြီးထဲမှာ အိမ်တွေရှိလားကွဲ့”
“ဟာ ရှိတာပေါ့ ဆရာကြီးရဲ့။ ကျုပ်တို့က ရိက္ခာပို့
တဲ့သူတွေဆိုတော့ ဝိုင်းကြီးတောင်ဘက်က ရိက္ခာ
ကျီထဲကို ပို့ပေးရတယ်။ ကျီသော့ကိုင်တဲ့ မိန်းမနှစ်
ယောက်က တံခါးဖွင့်ပေးတယ်။ သူတို့လည်း စုန်း
မတွေပဲ ထင်ပါတယ်ဗျာ။ အဲဒီကို သွားရင် တဲအိမ်
ငါးလုံးလောက်ကို ကျော်သွားရတယ်ဗျ။ တဲတိုင်းမှာ
မိန်းမနှစ်ယောက်၊ သုံးယောက် နေတာကို တွေ့ရ
တယ်။ ကျီတော်ရှင်မက ဝိုင်းကြီးရဲ့ အလယ်မှာ
အိမ်ကြီးတစ်လုံးနဲ့ နေတာဗျ။ သူ့အိမ်ရဲ့အရှေ့၊
အနောက်၊ တောင်၊ မြောက်မှာ တဲအိမ် ငါးလုံး
ခြောက်လုံးရှိတယ်။ စုစုပေါင်း ပညာသည်တွေ
နေတဲ့တဲက အလုံးအစိပ်လောက် ရှိမယ်ဗျ”
“ဒါဆိုရင် ကျီတော်ကဝေမရဲ့ တပည့်စုစုပေါင်း ငါး
ဆယ်ကျော်လောက် ရှိမှာပေါ့”
“ဟာ ရှိမယ် ရှိမယ် ဆရာကြီး အဲဒီလောက်ရှိနိုင်
တယ်”
“ကျီတော်မှာ မောင်ပိုကာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ
ဘာတွေ ရှိသလားကွဲ့”
“ဟာ ရှိတာပေါ့ ဆရာကြီးရဲ့၊ ကျုပ်တို့ ခုနှစ်ရွာမှာ
က ဟိုတုံးကတည်းက ဟိုရွာ ဒီရွာ လှည့်ပတ်ပြီး
အိမ်ထောင်ချပေးကြတာ ဆိုတော့ အားလုံးဟာ
ဆွေရိပ်မကင်း၊ မျိုးရိပ်မကင်းတွေချည်းပဲဗျ။ ကျီ
တော်မှာဆိုရင် ကျုပ်အဘဘက်က အမျိုးတွေမှ
အများကြီးရှိတာ ဆရာကြီးရဲ့”
“ဟာ ဒါဆိုရင် ဟန်ကျပြီပေါ့ကွယ်၊ ကျုပ်တို့ကို
ကျီတော်က စိတ်ချရတဲ့သူနဲ့ ဆက်ပေးစမ်းပါကွယ်”
ဒီတော့မှ ဘိုးထွန်းက ဝင်ပြောတာဗျ။
“ဟာ ဒီအတွက်တော့ မပူနဲ့ကိုလူပေရဲ့၊ ကျုပ်ညီ
အရင်းရဲ့သား ကျုပ်တူအရင်း မောင်ခင်ဆိုတာ
ကျီတော်မှာ ရှိတယ်ကွဲ့။ဟိုရောက်ရင် မောင်ခင့်
အိမ်မှာတည်းပါ။ မောင်ခင်ဆိုတဲ့ကောင်က ကျုပ်
ငယ်ငယ်တုံးကလိုပဲ။ အထက်လမ်းဆရာတွေကို
အားကြီး ရိုသေလေးစားတာကွဲ့၊ ကဲ မနက်ဖြန်
မနက်စောစော မောင်ပိုကာက ကိုလူပေတို့ ဆ
ရာတပည့်ကို ကျီတော်က ကျုပ်တူ မောင်ခင့်
အိမ်ကို အရောက်ပို့ပေးလိုက်ပါကွယ်။ ပြီးတော့
ဒီကိစ္စကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နဲ့ လုပ်
ရမယ်ကွဲ့။ ကျီတော်ကဝေမက ကိုလူပေတို့
ရောက်လာတာကို ကြိုမသိလေကောင်းလေပဲ”
“စိတ်ချပါဘိုး ကျုပ် မနက်စောစော လှည်းကောက်
ပြီး လာခဲ့ပါမယ်”
“အေး အေး မောင်ပိုကာရေ အစစအရာရာ စိတ်ချ
မယ်နော်”
“စိတ်ချပါ ဘိုး။ စိတ်ချပါ”
ဘိုးထွန်းရဲ့ သားတွေနဲ့ ချွေးမတွေလည်း ယာထဲက
နေ အစောကြီး ပြန်လာပြီး ကျုပ်တို့ကို ချက်ပြုတ်
ကျွေးမွေး ဧည့်ဝတ်ပြုကြတယ်ဗျ။ နောက်နေ့ရောက်
တော့ ကိုပိုကာ လိုက်ပို့လို့ ကျုပ်နဲ့ဆရာကြီး ကျီတော်
ကို ရောက်တယ်။ ဘိုးထွန်းရဲ့တူ ကိုခင်က ဘိုးလူပေ
ကို တွေ့တွေ့ချင်း ကြည်ညိုသွားရောဗျ။
ဘိုးလူပေ သိချင်တာတွေကို ကိုခင်က အကုန်ပြော
နိုင်တယ်။ ဘာဖြစ်လို့တုံးဆိုတော့ ကျီတော်ရွာက
ရိက္ခာတွေ ပို့ရတဲ့လူက ကိုခင်ဖြစ်နေတာကိုဗျ။
“ဆရာကြီး ဘာမှမပူနဲ့ ကဝေသိုက်ထဲကို ရောက်
အောင် ကျုပ်လိုက်ပို့ပေးမယ်။ အဲဒီထဲကို ဝင်တဲ့
လျှို့ဝှက်အပေါက်ကို ကျုပ်သိတယ်။ ကျုပ်လည်း
ဒီကောင်မကြီးတွေကို ဖြိုပစ်ချင်တကြာပြီဗျ”
ဘိုးလူပေကလည်း အချိန်ဆွဲတတ်တဲ့လူ မဟုတ်
ဘူးဗျို့။ ရောက်တဲ့ညပဲ ကဝေသိုက်ကိုဝင်ဖို့ ဆုံး
ဖြတ်လိုက်တယ်။ ဒါကိုလည်း ဆရာကြီးက ကျုပ်
ကို ပြောပြတယ်ဗျ။
“နောက်နေ့ဆိုရင် ကျုပ်ရောက်နေတာကို ကျီတော်
ကဝေမ သိသွားမှာ သေချာတယ်ကွဲ့၊ ဒီတော့ သူ
မသိခင် ကိုယ်ကလက်ဦးမှု ယူရမယ် မောင်တာတေ
ရဲ့။ ဒါဆိုရင် လွယ်လွယ်လေးနဲ့ ကိစ္စပြီးသွားမယ်”
ညရှစ်နုာရီလောက်မှာ ကိုခင်က ကျုပ်တို့ကို လိုက်
ပို့တယ်။ ကဝေသိုက်ကို ဝင်ဖို့ လျှို့ဝှက်အပေါက်ကို
ကိုခင်က ဖွင့်ပေးတယ်။ ကျီတော်ကဝေမ နေတဲ့အိမ်
ကိုလည်း လမ်းညွှန်လိုက်တယ်။သူကတော့ ကျီတော်
ကို ပြန်သွားတယ်။
ဘိုးလူပေက ကဝေသိုက်ထဲကို ရောက်တာနဲ့ က
ဝေမနေဲ့ စုန်းမတွေရဲ့စက်ကို သိမ်းတယ်။ အချို့ကို
တော့ စက်မသိမ်းပဲ ချုပ်ထားလိုက်တယ်။
ကိုခင် ပြောထားလို့ ကဝေမတွေကိုးကွယ်တဲ့ ကဝေ
နတ်ကြီးရုပ်ထုရှိတဲ့ နတ်ကွန်းထဲသို့ ကျုပ်နဲ့ ဘိုးလူ
ပေ အခက်အခဲ မရှိဘဲ ချက်ချင်းရောက်ခဲ့ကြတယ်။
ဘိုးလူပေက ပထမံအတတ်နဲ့ စီရင်ထားတဲ့ ဆေးဖ
ယောင်းတိုင်ကြီးတစ်တိုင်ကို ကဝေနတ်ကြီးရဲ့ရှေ့
မှာ ထွန်းပြီး အမိန့်ပြန်တယ်။
“ပထမံ ပုဂ္ဂိုလ်ကြီးတွေရဲ့အမိန့်အရ ကျွန်ပ် ဒီနေရာ
ကို ရောက်လာခဲ့တယ်။ သင်တို့အားလုံးရဲ့စက်တွေ
ကို ကျွန်ုပ်သိမ်းလိုက်ပြီ။ သင်တို့ရဲ့ပညာတွေ ထုတ်
လို့မရ၊ ပိတ်သွားစေ၊ မြုံသွားစေ၊ ဒီအမိန့်ကို အာခံတဲ့
စုန်း၊ ကဝေ၊ ကတော်၊ မောက်လုံး၊ မောက်ပြား အား
လုံး လောင်မီးကျသလို ပူလောင်ကျွမ်းမြိုက်ကြစေ၊
အထက်ဆရာအားလုံးရဲ့အမိန့် ကျွန်ပ်ဆရာ မောင်
လူပေရဲ့အမိန့်”
လို့ အမိန့်ပြန်ပြီးတာနဲ့ မြေပြင်ကို ဖနောင့်နဲ့ ပေါက်
လိုက်တယ်ဗျ။
“ဝုန်း”
ကဝေနတ်ရုပ်ကြီးရှေ့မှာ ထွန်းထားတဲ့ ဆေးဖရောင်း
တိုင်ကြီးက ဝုန်းကနဲ မီးတောက်ကြီး တက်သွားပြီး က
ဝေနတ်ကြီးရဲ့နှာခေါင်းပေါက် နားပေါက်တွေထဲကို မီး
တောက်တွေ ဝင်သွားတယ်ဗျ။ ခဏကြာတော့ ကဝေ
နတ်ရုပ်ကြီး တစ်ခုလုံး မီးဟုန်းဟုန်း ထတောက်တော့
တာပဲဗျာ။
“မောင်တာတေ ဆေးဖယောင်းတိုင် ယူလိုက်”
ကျုပ်လည်း ဆေးဖယောင်းတိုင်ကို ကပျာကယာ
ပြေးပြီး နှုတ်ယူလိုက်တယ်ဗျ။
“မီးမှုတ်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်”
“အောင်မလေးတော့၊ သေပါပြီတော့၊ ကယ်ပါဦး
ရှင်မရဲ့၊ ပူလှချည်ရဲ့တော့”
ဟာ ကဝေသိုက်ကြီး တစ်ခုလုံး၊ အော်သံဟစ်သံ
တွေနဲ့ ကျွက်ကျွက်ကို ညံသွားတော့တာပဲဗျို့။
“ဝီ” “ဝီ” “ဝီ”
ဟာ မီးလုံးကြီးဗျို့။ ကျုပ်တို့ ရှေ့နားမှာ ပျံနေတာဗျ။
“သတိထား မောင်တာတေ ဒါလောင်မီးကဝေကွဲ့။
ကျုပ်ချုပ်လို့ မရလို့ ကဝေမပဲကွဲ့၊ ဒီကောင်မနဲ့ သူ့
သခင်မ နှစ်ယောက်ပဲ ကျန်မှာပါကွယ်။ ကျန်တာ
တွေကတော့ သူတို့တဲထဲမှာ လူးလှိမ့်နေကြပါပြီ”
ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ အင်းတစ်ချပ် နှိုက်
ပြီး ကျုပ်တို့ဘက်ကို တည့်တည့်ကြီး နှိမ့်ပျံလာတဲ့
မီးလုံးကြီးဆီကို လက်ထဲက အင်းနဲ့ပစ်လိုက်ရော
ဗျို့။
“ဝုန်း”
ဟာ မီးတောက်ကြီးဗျာ။ နဲနဲနောနော မဟုတ်ဘူး
ဗျို့။ ကဝေသိုက်ကြီး တစ်ခုလုံး လင်းထိန်သွားတာ
နေ့ဘက်လား မှတ်ရတယ်။ လောင်မီးကဝေမရဲ့
စက်တွေကလည်း ဖြာထွက်လာတာ။
ဘိုးလူပေက စက်တွေကို လက်နဲ့ ယမ်းပစ်လိုက်တာ စက်တွေက ကျုပ်တို့ဘက်ကို ရောက်မလာတော့ပဲ ဘေးဘက်တွေ ထွက်သွားရောဗျ။ လောင်မီးကဝေမ
ရဲ့အဖြစ်အပျက်ကိုသိသွားတဲ့ ကျီတော်ကဝေမက
ကိုယ်တိုင် ထွက်လာတော့တာပေါ့ဗျာ။
“ဟဲ့ ဘယ်ကအကောင်က ငါ့နယ်မြေကို ကျူးကျော်
လာတာတုံး၊ ကျီတော်ကဝေမအကြောင်းကို နည်း
နည်းမှ မကြားဘူးလို့ လာပြီး စမ်းတာလား။ဟိုနောက်
အကောင် ပေါက်စလေးကို ဘာလို့ခေါ်လာတာတုံး။
ကဝေနတ်ကြီးကို ယစ်ပူဇော်ဖို့လား။ ဟား ဟား
ဟား ဟား”
ကျီတော်ကဝေမက အရပ်ရှည်ရှည် ထွားထွားကျိုင်း
ကျိုင်းကြီးဗျ။
“ဟဲ့ ကျီတော်ကဝေမ နင်တို့ ကိုးကွယ်တဲ့ ကဝေနတ်
ကြီးလား မီးလောင်ပြီး ပြာတောင်ကျတော့မယ်”
“နင်က တော်တော်စွာတဲ့ အကောင်ပဲ ကဲ ရော့
ကျီတော်ကဝေမရဲ့စက်၊ နင်ခံနိုင်ရင်ခံပေတော့
မခံနိုင်ရင်တော့ မသာပေါ်ပြီသာ မှတ်ပေတော့
ဟေ့”
ဟာ ကျီတော်ကဝေမ စက်တွေ လွှတ်ပြီဗျို့။ စက်
တွေက တဝင်းဝင်းတလက်လက်နဲ့ ဘိုးလူပေဆီ
ကို ပြေးဝင်လာတာဗျ။ ဘိုးလူပေက အင်းတစ်ချပ်
ကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အဆင်
သင့် စောင့်နေတယ်ဗျ။
ဟော ပစ်ပြီဗျို့။ ဘိုးလူပေ အင်းပစ်လိုက်ပြီ။
“ဝုန်း၊ ဝုန်း”
ဟာ ကျီတော်ကဝေမ လွှတ်လိုက်တဲ့ စက်တွေ အ
ပိုင်းပိုင်း ပြတ်ထွက်သွားပြီဗျာ။ ကျီတော်ကဝေမ
ကိုယ်တိုင် မြေကြီးပေါ်ကို ဖင်ထိုင်လျက် လဲကျ
သွားပြီဗျို့။ ဒါပေမဲ့ ကျီတော်ကဝေမက ချက်ချင်း
ထပြီး ဆံပင်ကို ဖြေပြီး ဖားလျားချလိုက်တယ်ဗျ။
ဆရာကြီးဘိုးလူပေရဲ့အကျင့်ကို ကျုပ်က သိပြီး
သားဗျ။ ဘယ်တော့မှ အချိန်ဆွဲတဲ့ ပုဂ္ဂိုလ်မဟုတ်
ဘူး။ လုပ်စရာရှိတာ မြန်မြန်လုပ်တတ်တဲ့ပုဂ္ဂိုလ်ဗျ။
ကျီတော်ကဝေမက ကောင်းကင်ကို တစ်ချက်
မော့ကြည့်တယ်ဗျ။
“နင် ဒီလို စက်ကြိုးနင်းပြီး ထွက်ပြေးလို့ လွတ်မယ်
ထင်သလား ကဝေမရဲ့။ ရိုးသားတဲ့ တောင်သူတွေ
အပေါ်မှာ ဗိုလ်ကျပြီး အနိုင်ကျင့်တဲ့ နင့်လိုဟာမျိုး
ကို ဟောဒီလို ပွဲသိမ်းလိုက်မယ် ကဲ ဟာ”
လို့ ပြောပြီးတာနဲ့ ဘိုးလူပေက အင်းတစ်ချပ်ပစ်
သွင်းလိုက်ရောဗျို့။
“ဝုန်း”
ဆိုတဲ့အသံကြီးနဲ့ အတူတူ မီးခိုးလုံးကြီး ထွက်သွား
ရောဗျ။ အခိုးအငွေ့တွေ ငြိမ်ပြီး တဖြေးဖြေးပျောက်
သွားတော့ မြေကြီးမှာ စန့်စန့်ကြီး လဲကျနေတဲ့ ကျီ
တော်ကဝေမကို တွေ့ရတော့တာပဲဗျာ။
ဆရာကြီး ဘိုးလူပေက အချိန်ဆွဲတဲ့သူမဟုတ်ဘူး
လေ။ ကဝေသတ်ဖြတ်အင်းကြီးကို ပစ်သွင်းလိုက်
ပုံရတယ်ဗျ။ ပထမံအင်းကတော့ ပြင်းချက်များ…။
ဘိုးလူပေက လက်ဦးသွားလို့ ပွဲက ခဏလေး သိမ်း
သွားတော့တာဗျ။
ခဏကြာတော့ လူသံတွေကြားနေရတယ်ဗျ။
လက်စသတ်တော့ ကိုခင့်က ကျီတော်နဲ့ လက်ပံ
ကုန်းက လူတွေ စုပြီး ကဝေသိုက်ကို ဖျက်ဖို့ဝင်
လာတာဗျို့။ ရွာသားတွေရဲ့ညာသံပေးပြီး ဝင်လာ
တဲ့ အသံကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ က
ဝေမတွေနဲ့ စုန်းမတွေက ကြောက်လန့်တကြား
ဖြစ်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ကြ
ရောဗျို့။
ဆရာကြီးဘိုးလူပေက အားလုံးကို ပညာတွေ စွန့်
ခိုင်းပြီး ရွာသူကြီးတွေ လက်ထဲကိုအပ်လိုက်တယ်
ဗျ။ ကျုပ်နဲ့ ဘိုးလူပေကတော့ နောက်တစ်နေ့မှာ
ပဲ ပြန်လာခဲ့ကြတာပေါ့ဗျာ။
ပြီးပါပြီ
Zawgyi Code
“ဒီလိုပါ ကိုလူေပရယ္၊ ကိုလူေပရဲ႕ဖခင္ ပထမံဆရာ
ပြားႀကီးရွိစဥ္တုံးက က်ဳပ္ကို မၾကာမၾကာေျပာတာကြဲ႕
‘ဟဲ့..ငထြန္း နင္ငါ့ဆီကပညာကို ဘာျဖစ္လို႔ ထိထိ
ေရာက္ေရာက္ မယူတာတုံး တေန႔ၾကရင္ နင္မွားမွန္း
သိလိမ့္မယ္ေနာ္ ငထြန္း’လို႔ ေျပာခဲ့တာကို က်ဳပ္နား
ထဲမွာ ျပန္ၿပီး ၾကားၾကားေနလို႔ပါကြယ္”
ဘိုးထြန္းေျပာတဲ့ စကားကိုၾကားေတာ့ ဘိုးလူေပက
ဘာမွ ျပန္မေျပာဘဲ ေခါင္းညိမ့္ၿပီး ၿပဳံး႐ုံၿပဳံးေနတယ္
ဗ်။ က်ဳပ္လည္း က်ဳပ္ဆရာႀကီးဘိုးလူေပကို ေသ
ေသခ်ာခ်ာ သတိထားမိတယ္ဗ်။ ဘိုးလူေပက က်ဳပ္
စၿပီး ေတြ႕တုံးကလိုပဲဗ်။
ဒီအ႐ြယ္အတိုင္း မေျပာင္းဘူး။ ေသွ်ာင္တေစာင္း
ေလး ထုံးလို႔ပဲဗ်။ ႏႈတ္ခမ္းေမႊးေလးသဲ့သဲ့နဲ႔ အသား
က လတ္လတ္ အၿမဲတမ္း ပုတီးစိပ္တရားထိုင္လုပ္
ေနလို႔လားေတာ့ မသိဘူးဗ်။ အသားအေရက စို
ေျပၿပီး မ်က္လုံးေတြကလည္း ၾကည္လင္ေနတာ
ဗ်ိဳ႕။ မ်က္ႏွာမွာ ေလာဘ ေဒါသ အရိပ္ေတြ ကင္း
ေနေတာ့ ပိုၿပီး ၾကည္လင္ေနေတာ့တာေပါ့ဗ်ာ။
ခဏေနေတာ့ ဆရာႀကီးက ဘိုးထြန္းကို က်ီေတာ္
ကေဝမ အေၾကာင္းထပ္ေမးတယ္။
“ေနဦး ကိုလူေပ၊ က်ဳပ္က က်ီေတာ္အေၾကာင္းကို
အၾကမ္းဖ်င္းေလာက္ပဲသိတာ။ အေသးစိတ္သိတဲ့
လူတစ္ေယာက္ရွိတယ္။ ဒီေကာင့္နာမည္က ပိုကာ
လို႔ေခၚတယ္။ က်ဳပ္တို႔ ယာႀကီးကုန္းက ေပးဖို႔ တာ
ဝန္က်တဲ့ ဆီတို႔ ဆန္တို႔ ငပိငေျခာက္တို႔ ေငြေၾကး
တို႔ကို ပိုကာက သြားသြားပို႔ရတာကြဲ႕၊ တစ္႐ြာကို
တစ္ေယာက္ပဲလာရတာ။ သူတို႔ကေဝသိုက္ထဲကို
လူစိမ္းလုံးဝအဝင္ခံတာ မဟုတ္ဘူး။ သူတို႔သတ္
မွတ္ထားတဲ့ လူနဲ႔ လွည္းပဲ ဝင္ရတာ ဝင္ၿပီးရင္
ေပးစရာရွိတာ ေပးၿပီး ခ်က္ခ်င္းျပန္ထြက္ရတာ
နဲ႔ ကို႔လူေပရဲ႕”
“ဒီ႐ြာခုႏွစ္႐ြာက ပုံမွန္ပို႔ေနတဲ့ အခြန္အခေတြနဲ႔တင္
ဒီကေဝသိုက္က ဟာမေတြ စားလို႔ ဘယ္ကုန္မွာတုံး
အကိုထြန္းရဲ႕”
“ဟာ…ဘယ္ကုန္လိမ့္မတုံး ကိုလူေပရယ္ ဒါေၾကာင့္
က်ီေတာ္ကေဝမဆိုတဲ့ေကာင္မက သူ႔ကိုယ္သူ ၿမိဳ႕
စားမႀကီးလိုလို ဘုရင္မလိုလို ထင္ေနတာျဖစ္မွာ
ေပါ့ကြယ္”
“အင္း…က်ီေတာ္ကေဝသိုက္က ဟာေတြေတာ့
က်ဳပ္နဲ႔ ေတြ႕ၾကေတာ့မွာေပါ့ အစ္ကိုထြန္းရာ က်ဳပ္
ကလည္း အထက္ပုဂၢိဳလ္ႀကီးေတြ အမိန႔္ခ်လိုက္
လို႔ကေတာ့ နည္းနည္းမွ လက္တြန႔္တဲ့သူ မဟုတ္
ဘူး အစ္ကိုထြန္းရဲ႕”
“ဝမ္းသာလိုက္တာကိုလူေပရယ္ က်ဳပ္တို႔႐ြာက
လူေတြလည္း ဘာမွမတတ္လို႔သာ ေခါင္းငုံ႔ၿပီး
ခံေနၾကရတာကြဲ႕။ စိတ္ထဲမွာေတာ့ ဘယ္သူမွ
ေက်နပ္တာ မဟုတ္ဘူး ကိုလူေပရဲ႕”
“ႏို႔ ေနပါဦး အစ္ကိုထြန္းရဲ႕၊ ဒီကေဝသိုက္ႀကီး ဒီ
ေနရာကို ေရာက္လာတာ ဘယ္ေလာက္ၾကာ
ျပတုံး”
“ဟာ ေျခာက္ႏွစ္ ခုႏွစ္ႏွစ္ေလာက္ ရွိၿပီထင္တယ္
ကြဲ႕”
” ဘယ္ကေနမ်ား ဒီကိုေရာက္လာရတာတုံး အကို
ထြန္းရဲ႕”
“က်ဳပ္ၾကားတာေတာ့ ဟိုတုံးက နာမည္ႀကီးခဲ့
တဲ့ ဆည္ေတာ္ကေဝမရဲ႕ မ်ိဳးဆက္ေတြလို႔
ေျပာတယ္ကြဲ႕”
“အင္း …ျဖစ္ႏိုင္တာေပါ့ အစ္ကိုထြန္းရဲ႕ ဆည္ေတာ္
ကေဝမရဲ႕အဆက္ေတြမို႔လို႔ က်ီေတာ္ကို ေ႐ြးၿပီး အ
သိုက္လာစိုက္တာ ျဖစ္မယ္ဗ်”
“ဘိုးထြန္း …ဗ်ိဳ႕ ဘိုးထြန္း”
“ေဟ ဘယ္သူတုံး”
ဘိုးေတာ္ႀကီးက ျပဴတင္းေပါက္ကေန ငုံ႔ၾကည့္တယ္။
“ဟ..ပိုကာပါလား၊ မင္းကေတာ့ အသက္ရွည္ဦးမဲ့
ေကာင္ပဲ။ အခုပဲ မင္းအေၾကာင္း ေျပာေနတာကြ။
လာ လာ အိမ္ေပၚတက္ခဲ့။ ေရငတ္တုံး ေရတြင္းထဲ
က်ဆိုသလို ျဖစ္ေတာ့တာပဲေဟ့”
အသားညိဳညိဳ ဂင္တိုတို လူတစ္တစ္ေယာက္
အိမ္ေပၚကိုဒတက္လာတယ္ဗ်။ဆံပင္က ဂတုံး
ဆံေတာက္ညႇပ္နဲ႔ ေတာ္ေတာ္ကို သန္မာမဲ့လူပဲဗ်ိဳ႕။
“ဟဲ့ ပိုကာလာ ဒီကို…။ ဒါ ငါ့ ဆရာႀကီး ပထမံ
ဆရာပြားႀကီးရဲ႕သားတပည့္ဆရာကိုလူေပတဲ့။
လာ လာ အထက္ဆရာႀကီးကိုဦးခိုက္ကြဲ႕”
ကိုပိုကာဆိုတဲ့လူက ဘိုးထြန္းေျပာတဲ့အတိုင္းပဲဗ်။
ဆရာႀကီးဘိုးလူေပေရွ႕မွာ ႐ို႐ိုေသေသထိုင္ၿပီး ဆ
ရာႀကီးကို ကန္ေတာ့တယ္။
“ကဲ ပိုကာ မင္းလာရင္းကိစၥကို အရင္ေျပာစမ္း”
“တျခား ဘာကိစၥမွ မရွိဘူး ဘိုး၊ ဘိုးအိမ္မွာ ဧည့္
သည္ေတြ ေရာက္ေနတယ္လို႔ လုံးတင္ေျပာသြား
လို႔ ဘာမ်ားလုပ္ကိုင္ေပးရမွာတုံးလို႔ လာေမးတာ
ဘိုးရဲ႕”
“ေအာ္ ဒါဆိုရင္ေတာ့ ေနရာၾကၿပီေပါ့ကြယ္၊ ဒီက
ဆရာကိုလူေပက က်ီေတာ္ကေဝသိုက္ ကိစၥလာ
တာကြဲ႕။ ဆရာႀကီး သိခ်င္တာေလးေတြကို မင္းက
ေသေသခ်ာခ်ာ ေျပာျပေပေတာ့”
“ဟုတ္ကဲ့ ဘိုး က်ဳပ္သိတာေတြ ေျပာျပပါ့မယ္”
ဒီေတာ့မွ ဘိုးလူေပက စၿပီး ေမးေတာ့တာဗ်ိဳ႕။
“ေမာင္ပိုကာေရ…အဲ့ဒီက်ီေတာ္ကေဝမရဲ႕ ကေဝ
သိုက္က ဘယ္နားမွာရွိတာတုံးကြဲ႕”
“က်ီေတာ္ရဲ႕ေတာင္ဘက္ ေခြးတေဟာင္ေလာက္
ေဝးတဲ့ ေနရာမွာပါ ဆရာႀကီး”
“က်ီေတာ္နဲ႔ အဲဒီကေဝသိုက္နဲ႔ၾကားမွာ ယာေတြ
ရွိလား ေမာင္ပိုကာရဲ႕”
“ဟာ မဟုတ္ဘူး ဆရာႀကီး အဲဒီ့ဘက္မွာ ဘာ
ယာခင္းမွ မရွိဘူး ေတာေတြပဲ ရွိတာဗ်”
“ေအာ္ ဒါဆိုရင္ ကေဝသိုက္က ေတာထဲမွာေပါ့”
“ဟုတ္တယ္ ဆရာႀကီး ဟိုတုံးကေတာ့ လက္ခ်ိဳး
ထင္းေလး ဘာေလးလိုဆိုရင္ အဲဒီ့ေတာထဲမွာ
သြားၿပီး ထင္းေခြၾကာတာပဲ ဆရာႀကီးရဲ႕၊ ဒီေနာက္
ပိုင္းက်ေတာ့ အဲဒီ့ဘက္ကို ဘယ္သူမွ မသြားရဲ
ေတာ့ဘူး သြားရင္လည္း ေႁမြလိုက္လို႔ ေျပးရ
က်ားသစ္လိုက္ လို႔ေျပးရဆိုေတာ့ သြားရဲတဲ့
သူ လူကို မရွိေတာ့ပါဘူး ဆရာႀကီးရဲ႕”
“အဲဒီကေဝသိုက္ကို သြားရင္ ဘယ္လိုသြားရတုံးကြဲ႕”
“ဒီကေန လက္ပံကုန္းကို အရင္သြားရတယ္ ဆရာ
ႀကီး၊ လက္ပံကုန္း ေရာက္ေတာ့မွ အေရွ႕ေထာင္
တက္လိုက္ရင္ က်ီေတာ္ကို ေရာက္ေရာဗ်။ က်ီ
ေတာ္ေရာက္ေတာ့မွ ေတာင္ဘက္ထြက္လိုက္ရင္
ေတာေတြ႕တာပဲဗ်။ ေတာထဲမွာေတာ့ လွည္းလမ္း
ရွိတယ္ အဲဒီ လွည္းလမ္းအတိုင္းသြားရင္ က်ီေတာ္
ရွင္မေနတဲ့ ေနရာကို ေရာက္ေရာဗ်”
“အထဲဝင္ဖို႔ေရာ လြယ္ရဲ႕လား ေမာင္ပိုကာရဲ႕”
“ဟာ ဘယ္လြယ္မွာတုံးဗ်၊ က်ီေတာ္ရွင္မက သူ႔ေန
ရာကို ႐ြာေလးတစ္႐ြာလိုကို လုပ္ထားတာ ဆရာ
ႀကီးရဲ႕ တကယ္ေတာ့ ဝိုင္းအႀကီးႀကီးေပါ့ဗ်ာ။ ဝိုင္းႀကီး
လို႔႐ြာခ႐ိုးတားသလိုကို ဆူးခက္ေတြနဲ႔ ကာထားတာ
ဗ်။လူမေျပာနဲ႔ ေတာေကာင္ေတြေတာင္ ေဖာက္မဝင္
ႏိုင္ဘူး။ ဆူးခက္ခ႐ိုးမွ အထူႀကီးကာထားတာဗ်။ ၿပီး
ေတာ့ဝင္ေပါက္ ႏွစ္ေပါက္ပဲ ရွိတယ္။ ဝိုင္းႀကီးရဲ႕အ
ေရွ႕ဘက္မွာ တစ္ေပါက္ အေနာက္ဘက္မွာ တစ္
ေပါက္ဗ်။ က်ဳပ္သြားၿပီး ဆီေတြ ဆန္ေတြပို႔တဲ့အခါ
ဆိုရင္ေတာ့ အေရွ႕ဘက္ အေပါက္ကပဲ အၿမဲဝင္
တယ္။ ဆင္မတို႔ဓါတ္ေတာ္တို႔ ျမခိုးတို႔ဘက္က လူ
ေတြ ရိကၡာလာပို႔ရင္ေတာ့ အေနာက္ဘက္အေပါက္
က ဝင္ၾကရတယ္ ေျပာတာပဲ ဆရာႀကီး”
“ႏို႔ အဲဒီ ဝင္ေပါက္ေတြမွာ တံခါးေတြ ဘာေတြ
ရွိလားကြဲ႕”
“ဟာ ရွိပါၿပီလား ဆရာႀကီးရယ္၊ တံခါးမွ အခိုင္
အမာကို လုပ္ထားတာဗ်။ သစ္သားတံခါးႀကီး
ေတြကိုအထဲကအၿမဲတမ္း မင္းတုတ္ခ်ၿပီး ပိတ္
ထားတာ။ က်ဳပ္က ဘယ္႐ြာက လွည္းပါ၊ နာမည္
က ဘယ္သူပါလို႔ ေအာ္ေျပာလိုက္ေတာ့မွ တံခါး
ကို ဖြင့္ေပးတာဗ်”
“ဒါဆိုရင္ ဒီအေပါက္ေတြမွာ အေစာင့္အၿမဲခ်ထား
ရမွာေပါ့”
“ဘာအေစာင့္မွေတာ့ မေတြ႕ဘူးဗ်။ က်ဳပ္ေအာ္လိုက္
ရင္ တေအာင့္ေလာက္ရွိတာနဲ႔ တံခါးႀကီးက သူ႔အလို
လို ပြင့္သြားတာဗ်။ က်ဳပ္လွည္းေမာင္းၿပီး ဝင္လိုက္
တာနဲ႔ တံခါးက သူ႔အလိုလို ျပန္ပိတ္သြားတာ တစ္
ေယာက္ေယာက္က အပိတ္အဖြင့္ လုပ္ေပးေနသလို
ေတာ့ ရွိတယ္။ ဒါေပမယ့္ လူကိုျမင္ရတာ မဟုတ္ဘူး
ဆရာႀကီးရဲ႕။ ေအာင္မေလးဗ်ာ ေျပာရင္နဲ႔ ၾကက္သီး
ေတြေတာင္ထလာၿပီ ဆရာႀကီးရယ္ က်ဳပ္ေျပာျပေန
တာကို က်ီေတာ္ရွင္မမ်ား သိသြားၿပီလား မသိဘူးဗ်”
“ဟား ဟား ဟား ဒီေလာက္လည္း မေၾကာက္ပါနဲ႔ ေမာင္ပိုကာရယ္ က်ဳပ္တစ္ေယာက္လုံး ရွိပါတယ္
ကြဲ႕။ မင္း ရွင္မလည္း မသိေလာက္ပါဘူးကြယ္။ ဒါ
ထက္ ဝန္းႀကီးထဲမွာ အိမ္ေတြရွိလားကြဲ႕”
“ဟာ ရွိတာေပါ့ ဆရာႀကီးရဲ႕။ က်ဳပ္တို႔က ရိကၡာပို႔
တဲ့သူေတြဆိုေတာ့ ဝိုင္းႀကီးေတာင္ဘက္က ရိကၡာ
က်ီထဲကို ပို႔ေပးရတယ္။ က်ီေသာ့ကိုင္တဲ့ မိန္းမႏွစ္
ေယာက္က တံခါးဖြင့္ေပးတယ္။ သူတို႔လည္း စုန္း
မေတြပဲ ထင္ပါတယ္ဗ်ာ။ အဲဒီကို သြားရင္ တဲအိမ္
ငါးလုံးေလာက္ကို ေက်ာ္သြားရတယ္ဗ်။ တဲတိုင္းမွာ
မိန္းမႏွစ္ေယာက္၊ သုံးေယာက္ ေနတာကို ေတြ႕ရ
တယ္။ က်ီေတာ္ရွင္မက ဝိုင္းႀကီးရဲ႕ အလယ္မွာ
အိမ္ႀကီးတစ္လုံးနဲ႔ ေနတာဗ်။ သူ႔အိမ္ရဲ႕အေရွ႕၊
အေနာက္၊ ေတာင္၊ ေျမာက္မွာ တဲအိမ္ ငါးလုံး
ေျခာက္လုံးရွိတယ္။ စုစုေပါင္း ပညာသည္ေတြ
ေနတဲ့တဲက အလုံးအစိပ္ေလာက္ ရွိမယ္ဗ်”
“ဒါဆိုရင္ က်ီေတာ္ကေဝမရဲ႕ တပည့္စုစုေပါင္း ငါး
ဆယ္ေက်ာ္ေလာက္ ရွိမွာေပါ့”
“ဟာ ရွိမယ္ ရွိမယ္ ဆရာႀကီး အဲဒီေလာက္ရွိႏိုင္
တယ္”
“က်ီေတာ္မွာ ေမာင္ပိုကာနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြ
ဘာေတြ ရွိသလားကြဲ႕”
“ဟာ ရွိတာေပါ့ ဆရာႀကီးရဲ႕၊ က်ဳပ္တို႔ ခုႏွစ္႐ြာမွာ
က ဟိုတုံးကတည္းက ဟို႐ြာ ဒီ႐ြာ လွည့္ပတ္ၿပီး
အိမ္ေထာင္ခ်ေပးၾကတာ ဆိုေတာ့ အားလုံးဟာ
ေဆြရိပ္မကင္း၊ မ်ိဳးရိပ္မကင္းေတြခ်ည္းပဲဗ်။ က်ီ
ေတာ္မွာဆိုရင္ က်ဳပ္အဘဘက္က အမ်ိဳးေတြမွ
အမ်ားႀကီးရွိတာ ဆရာႀကီးရဲ႕”
“ဟာ ဒါဆိုရင္ ဟန္က်ၿပီေပါ့ကြယ္၊ က်ဳပ္တို႔ကို
က်ီေတာ္က စိတ္ခ်ရတဲ့သူနဲ႔ ဆက္ေပးစမ္းပါကြယ္”
ဒီေတာ့မွ ဘိုးထြန္းက ဝင္ေျပာတာဗ်။
“ဟာ ဒီအတြက္ေတာ့ မပူနဲ႔ကိုလူေပရဲ႕၊ က်ဳပ္ညီ
အရင္းရဲ႕သား က်ဳပ္တူအရင္း ေမာင္ခင္ဆိုတာ
က်ီေတာ္မွာ ရွိတယ္ကြဲ႕။ဟိုေရာက္ရင္ ေမာင္ခင့္
အိမ္မွာတည္းပါ။ ေမာင္ခင္ဆိုတဲ့ေကာင္က က်ဳပ္
ငယ္ငယ္တုံးကလိုပဲ။ အထက္လမ္းဆရာေတြကို
အားႀကီး ႐ိုေသေလးစားတာကြဲ႕၊ ကဲ မနက္ျဖန္
မနက္ေစာေစာ ေမာင္ပိုကာက ကိုလူေပတို႔ ဆ
ရာတပည့္ကို က်ီေတာ္က က်ဳပ္တူ ေမာင္ခင့္
အိမ္ကို အေရာက္ပို႔ေပးလိုက္ပါကြယ္။ ၿပီးေတာ့
ဒီကိစၥကို အတတ္ႏိုင္ဆုံး သိုသိုသိပ္သိပ္နဲ႔ လုပ္
ရမယ္ကြဲ႕။ က်ီေတာ္ကေဝမက ကိုလူေပတို႔
ေရာက္လာတာကို ႀကိဳမသိေလေကာင္းေလပဲ”
“စိတ္ခ်ပါဘိုး က်ဳပ္ မနက္ေစာေစာ လွည္းေကာက္
ၿပီး လာခဲ့ပါမယ္”
“ေအး ေအး ေမာင္ပိုကာေရ အစစအရာရာ စိတ္ခ်
မယ္ေနာ္”
“စိတ္ခ်ပါ ဘိုး။ စိတ္ခ်ပါ”
ဘိုးထြန္းရဲ႕ သားေတြနဲ႔ ေခြၽးမေတြလည္း ယာထဲက
ေန အေစာႀကီး ျပန္လာၿပီး က်ဳပ္တို႔ကို ခ်က္ျပဳတ္
ေကြၽးေမြး ဧည့္ဝတ္ျပဳၾကတယ္ဗ်။ ေနာက္ေန႔ေရာက္
ေတာ့ ကိုပိုကာ လိုက္ပို႔လို႔ က်ဳပ္နဲ႔ဆရာႀကီး က်ီေတာ္
ကို ေရာက္တယ္။ ဘိုးထြန္းရဲ႕တူ ကိုခင္က ဘိုးလူေပ
ကို ေတြ႕ေတြ႕ခ်င္း ၾကည္ညိဳသြားေရာဗ်။
ဘိုးလူေပ သိခ်င္တာေတြကို ကိုခင္က အကုန္ေျပာ
ႏိုင္တယ္။ ဘာျဖစ္လို႔တုံးဆိုေတာ့ က်ီေတာ္႐ြာက
ရိကၡာေတြ ပို႔ရတဲ့လူက ကိုခင္ျဖစ္ေနတာကိုဗ်။
“ဆရာႀကီး ဘာမွမပူနဲ႔ ကေဝသိုက္ထဲကို ေရာက္
ေအာင္ က်ဳပ္လိုက္ပို႔ေပးမယ္။ အဲဒီထဲကို ဝင္တဲ့
လွ်ိဳ႕ဝွက္အေပါက္ကို က်ဳပ္သိတယ္။ က်ဳပ္လည္း
ဒီေကာင္မႀကီးေတြကို ၿဖိဳပစ္ခ်င္တၾကာၿပီဗ်”
ဘိုးလူေပကလည္း အခ်ိန္ဆြဲတတ္တဲ့လူ မဟုတ္
ဘူးဗ်ိဳ႕။ ေရာက္တဲ့ညပဲ ကေဝသိုက္ကိုဝင္ဖို႔ ဆုံး
ျဖတ္လိုက္တယ္။ ဒါကိုလည္း ဆရာႀကီးက က်ဳပ္
ကို ေျပာျပတယ္ဗ်။
“ေနာက္ေန႔ဆိုရင္ က်ဳပ္ေရာက္ေနတာကို က်ီေတာ္
ကေဝမ သိသြားမွာ ေသခ်ာတယ္ကြဲ႕၊ ဒီေတာ့ သူ
မသိခင္ ကိုယ္ကလက္ဦးမႈ ယူရမယ္ ေမာင္တာေတ
ရဲ႕။ ဒါဆိုရင္ လြယ္လြယ္ေလးနဲ႔ ကိစၥၿပီးသြားမယ္”
ညရွစ္ႏုာရီေလာက္မွာ ကိုခင္က က်ဳပ္တို႔ကို လိုက္
ပို႔တယ္။ ကေဝသိုက္ကို ဝင္ဖို႔ လွ်ိဳ႕ဝွက္အေပါက္ကို
ကိုခင္က ဖြင့္ေပးတယ္။ က်ီေတာ္ကေဝမ ေနတဲ့အိမ္
ကိုလည္း လမ္းၫႊန္လိုက္တယ္။သူကေတာ့ က်ီေတာ္
ကို ျပန္သြားတယ္။
ဘိုးလူေပက ကေဝသိုက္ထဲကို ေရာက္တာနဲ႔ က
ေဝမေနဲ႔ စုန္းမေတြရဲ႕စက္ကို သိမ္းတယ္။ အခ်ိဳ႕ကို
ေတာ့ စက္မသိမ္းပဲ ခ်ဳပ္ထားလိုက္တယ္။
ကိုခင္ ေျပာထားလို႔ ကေဝမေတြကိုးကြယ္တဲ့ ကေဝ
နတ္ႀကီး႐ုပ္ထုရွိတဲ့ နတ္ကြန္းထဲသို႔ က်ဳပ္နဲ႔ ဘိုးလူ
ေပ အခက္အခဲ မရွိဘဲ ခ်က္ခ်င္းေရာက္ခဲ့ၾကတယ္။
ဘိုးလူေပက ပထမံအတတ္နဲ႔ စီရင္ထားတဲ့ ေဆးဖ
ေယာင္းတိုင္ႀကီးတစ္တိုင္ကို ကေဝနတ္ႀကီးရဲ႕ေရွ႕
မွာ ထြန္းၿပီး အမိန႔္ျပန္တယ္။
“ပထမံ ပုဂၢိဳလ္ႀကီးေတြရဲ႕အမိန႔္အရ ကြၽန္ပ္ ဒီေနရာ
ကို ေရာက္လာခဲ့တယ္။ သင္တို႔အားလုံးရဲ႕စက္ေတြ
ကို ကြၽႏ္ုပ္သိမ္းလိုက္ၿပီ။ သင္တို႔ရဲ႕ပညာေတြ ထုတ္
လို႔မရ၊ ပိတ္သြားေစ၊ ၿမဳံသြားေစ၊ ဒီအမိန႔္ကို အာခံတဲ့
စုန္း၊ ကေဝ၊ ကေတာ္၊ ေမာက္လုံး၊ ေမာက္ျပား အား
လုံး ေလာင္မီးက်သလို ပူေလာင္ကြၽမ္းၿမိဳက္ၾကေစ၊
အထက္ဆရာအားလုံးရဲ႕အမိန႔္ ကြၽန္ပ္ဆရာ ေမာင္
လူေပရဲ႕အမိန႔္”
လို႔ အမိန႔္ျပန္ၿပီးတာနဲ႔ ေျမျပင္ကို ဖေနာင့္နဲ႔ ေပါက္
လိုက္တယ္ဗ်။
“ဝုန္း”
ကေဝနတ္႐ုပ္ႀကီးေရွ႕မွာ ထြန္းထားတဲ့ ေဆးဖေရာင္း
တိုင္ႀကီးက ဝုန္းကနဲ မီးေတာက္ႀကီး တက္သြားၿပီး က
ေဝနတ္ႀကီးရဲ႕ႏွာေခါင္းေပါက္ နားေပါက္ေတြထဲကို မီး
ေတာက္ေတြ ဝင္သြားတယ္ဗ်။ ခဏၾကာေတာ့ ကေဝ
နတ္႐ုပ္ႀကီး တစ္ခုလုံး မီးဟုန္းဟုန္း ထေတာက္ေတာ့
တာပဲဗ်ာ။
“ေမာင္တာေတ ေဆးဖေယာင္းတိုင္ ယူလိုက္”
က်ဳပ္လည္း ေဆးဖေယာင္းတိုင္ကို ကပ်ာကယာ
ေျပးၿပီး ႏႈတ္ယူလိုက္တယ္ဗ်။
“မီးမႈတ္ၿပီး လြယ္အိတ္ထဲ ထည့္ထားလိုက္”
“ေအာင္မေလးေတာ့၊ ေသပါၿပီေတာ့၊ ကယ္ပါဦး
ရွင္မရဲ႕၊ ပူလွခ်ည္ရဲ႕ေတာ့”
ဟာ ကေဝသိုက္ႀကီး တစ္ခုလုံး၊ ေအာ္သံဟစ္သံ
ေတြနဲ႔ ကြၽက္ကြၽက္ကို ညံသြားေတာ့တာပဲဗ်ိဳ႕။
“ဝီ” “ဝီ” “ဝီ”
ဟာ မီးလုံးႀကီးဗ်ိဳ႕။ က်ဳပ္တို႔ ေရွ႕နားမွာ ပ်ံေနတာဗ်။
“သတိထား ေမာင္တာေတ ဒါေလာင္မီးကေဝကြဲ႕။
က်ဳပ္ခ်ဳပ္လို႔ မရလို႔ ကေဝမပဲကြဲ႕၊ ဒီေကာင္မနဲ႔ သူ႔
သခင္မ ႏွစ္ေယာက္ပဲ က်န္မွာပါကြယ္။ က်န္တာ
ေတြကေတာ့ သူတို႔တဲထဲမွာ လူးလွိမ့္ေနၾကပါၿပီ”
ဘိုးလူေပက ေျပာေျပာဆိုဆိုနဲ႔ အင္းတစ္ခ်ပ္ ႏႈိက္
ၿပီး က်ဳပ္တို႔ဘက္ကို တည့္တည့္ႀကီး ႏွိမ့္ပ်ံလာတဲ့
မီးလုံးႀကီးဆီကို လက္ထဲက အင္းနဲ႔ပစ္လိုက္ေရာ
ဗ်ိဳ႕။
“ဝုန္း”
ဟာ မီးေတာက္ႀကီးဗ်ာ။ နဲနဲေနာေနာ မဟုတ္ဘူး
ဗ်ိဳ႕။ ကေဝသိုက္ႀကီး တစ္ခုလုံး လင္းထိန္သြားတာ
ေန႔ဘက္လား မွတ္ရတယ္။ ေလာင္မီးကေဝမရဲ႕
စက္ေတြကလည္း ျဖာထြက္လာတာ။
ဘိုးလူေပက စက္ေတြကို လက္နဲ႔ ယမ္းပစ္လိုက္တာ စက္ေတြက က်ဳပ္တို႔ဘက္ကို ေရာက္မလာေတာ့ပဲ ေဘးဘက္ေတြ ထြက္သြားေရာဗ်။ ေလာင္မီးကေဝမ
ရဲ႕အျဖစ္အပ်က္ကိုသိသြားတဲ့ က်ီေတာ္ကေဝမက
ကိုယ္တိုင္ ထြက္လာေတာ့တာေပါ့ဗ်ာ။
“ဟဲ့ ဘယ္ကအေကာင္က ငါ့နယ္ေျမကို က်ဴးေက်ာ္
လာတာတုံး၊ က်ီေတာ္ကေဝမအေၾကာင္းကို နည္း
နည္းမွ မၾကားဘူးလို႔ လာၿပီး စမ္းတာလား။ဟိုေနာက္
အေကာင္ ေပါက္စေလးကို ဘာလို႔ေခၚလာတာတုံး။
ကေဝနတ္ႀကီးကို ယစ္ပူေဇာ္ဖို႔လား။ ဟား ဟား
ဟား ဟား”
က်ီေတာ္ကေဝမက အရပ္ရွည္ရွည္ ထြားထြားက်ိဳင္း
က်ိဳင္းႀကီးဗ်။
“ဟဲ့ က်ီေတာ္ကေဝမ နင္တို႔ ကိုးကြယ္တဲ့ ကေဝနတ္
ႀကီးလား မီးေလာင္ၿပီး ျပာေတာင္က်ေတာ့မယ္”
“နင္က ေတာ္ေတာ္စြာတဲ့ အေကာင္ပဲ ကဲ ေရာ့
က်ီေတာ္ကေဝမရဲ႕စက္၊ နင္ခံႏိုင္ရင္ခံေပေတာ့
မခံႏိုင္ရင္ေတာ့ မသာေပၚၿပီသာ မွတ္ေပေတာ့
ေဟ့”
ဟာ က်ီေတာ္ကေဝမ စက္ေတြ လႊတ္ၿပီဗ်ိဳ႕။ စက္
ေတြက တဝင္းဝင္းတလက္လက္နဲ႔ ဘိုးလူေပဆီ
ကို ေျပးဝင္လာတာဗ်။ ဘိုးလူေပက အင္းတစ္ခ်ပ္
ကို လက္မွာ က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး အဆင္
သင့္ ေစာင့္ေနတယ္ဗ်။
ေဟာ ပစ္ၿပီဗ်ိဳ႕။ ဘိုးလူေပ အင္းပစ္လိုက္ၿပီ။
“ဝုန္း၊ ဝုန္း”
ဟာ က်ီေတာ္ကေဝမ လႊတ္လိုက္တဲ့ စက္ေတြ အ
ပိုင္းပိုင္း ျပတ္ထြက္သြားၿပီဗ်ာ။ က်ီေတာ္ကေဝမ
ကိုယ္တိုင္ ေျမႀကီးေပၚကို ဖင္ထိုင္လ်က္ လဲက်
သြားၿပီဗ်ိဳ႕။ ဒါေပမဲ့ က်ီေတာ္ကေဝမက ခ်က္ခ်င္း
ထၿပီး ဆံပင္ကို ေျဖၿပီး ဖားလ်ားခ်လိုက္တယ္ဗ်။
ဆရာႀကီးဘိုးလူေပရဲ႕အက်င့္ကို က်ဳပ္က သိၿပီး
သားဗ်။ ဘယ္ေတာ့မွ အခ်ိန္ဆြဲတဲ့ ပုဂၢိဳလ္မဟုတ္
ဘူး။ လုပ္စရာရွိတာ ျမန္ျမန္လုပ္တတ္တဲ့ပုဂၢိဳလ္ဗ်။
က်ီေတာ္ကေဝမက ေကာင္းကင္ကို တစ္ခ်က္
ေမာ့ၾကည့္တယ္ဗ်။
“နင္ ဒီလို စက္ႀကိဳးနင္းၿပီး ထြက္ေျပးလို႔ လြတ္မယ္
ထင္သလား ကေဝမရဲ႕။ ႐ိုးသားတဲ့ ေတာင္သူေတြ
အေပၚမွာ ဗိုလ္က်ၿပီး အႏိုင္က်င့္တဲ့ နင့္လိုဟာမ်ိဳး
ကို ေဟာဒီလို ပြဲသိမ္းလိုက္မယ္ ကဲ ဟာ”
လို႔ ေျပာၿပီးတာနဲ႔ ဘိုးလူေပက အင္းတစ္ခ်ပ္ပစ္
သြင္းလိုက္ေရာဗ်ိဳ႕။
“ဝုန္း”
ဆိုတဲ့အသံႀကီးနဲ႔ အတူတူ မီးခိုးလုံးႀကီး ထြက္သြား
ေရာဗ်။ အခိုးအေငြ႕ေတြ ၿငိမ္ၿပီး တေျဖးေျဖးေပ်ာက္
သြားေတာ့ ေျမႀကီးမွာ စန႔္စန႔္ႀကီး လဲက်ေနတဲ့ က်ီ
ေတာ္ကေဝမကို ေတြ႕ရေတာ့တာပဲဗ်ာ။
ဆရာႀကီး ဘိုးလူေပက အခ်ိန္ဆြဲတဲ့သူမဟုတ္ဘူး
ေလ။ ကေဝသတ္ျဖတ္အင္းႀကီးကို ပစ္သြင္းလိုက္
ပုံရတယ္ဗ်။ ပထမံအင္းကေတာ့ ျပင္းခ်က္မ်ား…။
ဘိုးလူေပက လက္ဦးသြားလို႔ ပြဲက ခဏေလး သိမ္း
သြားေတာ့တာဗ်။
ခဏၾကာေတာ့ လူသံေတြၾကားေနရတယ္ဗ်။
လက္စသတ္ေတာ့ ကိုခင့္က က်ီေတာ္နဲ႔ လက္ပံ
ကုန္းက လူေတြ စုၿပီး ကေဝသိုက္ကို ဖ်က္ဖို႔ဝင္
လာတာဗ်ိဳ႕။ ႐ြာသားေတြရဲ႕ညာသံေပးၿပီး ဝင္လာ
တဲ့ အသံေၾကာင့္ ဆန႔္ငင္ဆန႔္ငင္ျဖစ္ေနတဲ့ က
ေဝမေတြနဲ႔ စုန္းမေတြက ေၾကာက္လန႔္တၾကား
ျဖစ္ၿပီး အသက္ခ်မ္းသာေပးဖို႔ ေတာင္းပန္ၾက
ေရာဗ်ိဳ႕။
ဆရာႀကီးဘိုးလူေပက အားလုံးကို ပညာေတြ စြန႔္
ခိုင္းၿပီး ႐ြာသူႀကီးေတြ လက္ထဲကိုအပ္လိုက္တယ္
ဗ်။ က်ဳပ္နဲ႔ ဘိုးလူေပကေတာ့ ေနာက္တစ္ေန႔မွာ
ပဲ ျပန္လာခဲ့ၾကတာေပါ့ဗ်ာ။
ၿပီးပါၿပီ
Comments
Post a Comment