ဘင်ဂျို ဘစော (စ/ဆုံး)
“တာတေရေ ဟေ့ကောင် တာတေ၊
ဟာ ဒီကောင် ဇိမ်ယူနေတာကိုး”
ကျုပ် ဖျတ်ကနဲ့ လန့်နိုးသွားတယ်
ဒီတော့မှ နေ့ခင်းကြောင်တောင် ကျုပ်
အိပ်မက် မက်နေတာကို သိတော့တာ
ဗျ။ ဝိုင်းဝကို လှမ်းကြည့်လိုက်တော့
ဝါးဖတ်ခမောက်ကလေး ဆောင်းပြီး
ရပ်နေတာ ချော်တွင်းကုန်းက ကိုကြီး
သိန်းမောင်ဗျ။ အရပ်ကြီးက ကလန်
ကလားကြီးနဲ့ သွားအဖွားသားနဲ့ ကျုပ်
ကို ရယ်ကျဲကျဲလုပ်ပြီး ကြည့်နေတာ
ဗျ။ ကျုပ်လည်း သစ်သားကွပ်ပျစ်
ပေါ်မှာ လူးလဲထလိုက်ပြီး…
“ကိုကြီးသိန်းမောင် လာလေဗျာ
ခင်ဗျား ကျုပ်အိမ်လာတာကို ဧည့်
သည်လုပ်နေရလားဗျ”
ကိုကြီးသိန်းမောင်က တကယ့်လူရိုး
ကြီးဗျ။ အသက်သုံးဆယ်လောက်ရှိ
ပြီ။ အိမ်ထောင်လည်း မပြုဘူး။မိဘ
တွေ ယာမှာပဲ အလုပ်လုပ်တာ။ညီ
အစ်ကိုနှစ်ယောက် ရှိတာဗျ။ သူ့ညီ
က ကိုသိန်းဆောင်တဲ့။
သူ့ထက် သုံးနှစ်လောက်ငယ်တယ်။
ကိုသိန်းဆောင်လည်း သူ့လိုပဲ လူရိုး
ကြီးပါပဲဗျာ။ အလုပ်တော့ လွှတ်လုပ်
တဲ့ လူတွေဗျို့။ အသောက်အစား
လောင်းကစားကလည်း ကင်းကြ
တယ်ဗျ။ ရပ်ကျိုးရွာကျိုးကလည်း
အလွန်လုပ်တဲ့ ညီအစ်ကိုတွေဗျ။
ချော်တွင်းကုန်းသားတွေထဲမှာ
ကိုကြီးသိန်းမောင်တို့ ညီအစ်ကိုက
တကယ့်ကို လူရိုသေ ရှင်ရိုသေပါ
ပဲဗျာ။ ကျုပ်ခေါ်လိုက်တော့မှ ဝိုင်း
ထဲမှာ ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်း
ဝင်လာတာဗျ။
“ကိုကြီးသိန်းမောင် ကုန်းကြောင်း
လာတာလား၊ လှည်းမပါခဲ့ဘူးလား”
“မပါဘူး တာတေရ၊ ငါကုန်းကြောင်းပဲ
လာခဲ့တာ”
“နွားမအားလို့လား”
“အေးကွ၊ သိန်းဆောင်က ဒီနေ့အ
စောကြီးကတည်းက ထပြီး ဆီကြိတ်
နေတော့ နွားတွေ ပင်ပန်းနေတာနဲ့
လှည်းမမောင်းတော့ဘူးကွာ၊ ဒီအ
တိုင်းပဲ လျှောက်ခဲ့တော့တယ်”
ကျုပ်က အိမ်ပေါ်တက်ပြီး ရေနွေး
ဗန်းနဲ့လက်ဖက်အုပ်ကလေး ယူခဲ့တယ်။
ကျုပ်တို့အညာအိမ်တွေကတော့ လက်
ဖက်တို့ မြေပဲကြော်တို့ဆိုတာ ပြတ်တယ်
လို့ မရှိပါဘူးဗျာ။ ကိုကြီးသိန်းမောင်ကို
နဂါးဆေးပေါ့လိပ်အသစ်တစ်လိပ် မီး
ညှိပြီး တည်လိုက်တယ်။ ကိုကြီးသိန်း
မောင်က ဆေးပေါ့လိပ်ကလေး သုံး
လေးဖွာ ဖွားပြီး ချထားလိုက်တယ်။
ပြီးတော့ ကျုပ် ငှဲ့ပေးတဲ့ ရေနွေးကြမ်း
ပူပူကလေးကို ‘ဝူး’ကနဲမှုတ်ပြီး ကြိုက်
ချလိုက်တယ်။ လက်ဖက်တစ်ဇွန်း
လည်းခပ်ပြီး စားတယ်
“ဒီလိုဟေ့ တာတေရ၊ ငါတို့အိမ်မှာ
ဆရာကြီး တစ်ယောက် ရောက်နေ
တယ်ကွ”
“ဟင် ဘယ်ကဆရာကြီးတုံးဗျ
ဆေးဆရာလား”
“ငါတို့အဘငယ်ငယ်က အကာအ
ကွယ်ဆေးတွေ ထိုးပေးတဲ့ ဆရာလို့
ပြောတယ်ကွ၊ ကိစ္စလေးတစ်ခုရှိလို့
ရောက်လာတာ။ ဆရာကြီးက အ
သက် ခုနှစ်ဆယ်လောက်ရှိပြီကွ၊
ဒါပေမဲ့ တော်တော်ကို သန်သန်မာ
မာ၊ ဖျတ်ဖျတ်လတ်လတ် ရှိတယ်
ကွ၊ အခု ငါ့အဘဆီကို ရောက်လာ
တာက ကိစ္စတစ်ခု ရှိလို့တဲ့ဟေ့”
“ဟင် ဘာကိစ္စများတုံး ကိုကြီး
သိန်းမောင်ရဲ့ ”
“သိုက်တူးမလို့တဲ့ကွ”
“ဗျာ …သိုက်တူးဖို့ ဟုတ်လား၊
မဖြစ်နိုင်တာဗျာ”
“ဖြစ်နိုင်တယ်ကွ တာတေရ၊ ဒီဆရာ
ကြီးက သီလ သမာဓိ အတော်ရှိတာ
သူများ အသွေးအသားကို လုံးဝမ
စားဘူးကွ၊ သက်သက်လွတ်နဲ့ ကျင့်
စဉ်ဝင်နေတာ နှစ်ပေါင်းမနည်းတော့
ဘူးဆိုပဲကွ။ အခု သူ သိုက်တူးမယ်
ဆိုတာကလည်း သိုက်ထဲက ပစ္စည်း
ဥစ္စာတွေကို လိုချင်တပ်မက်လို့ မ
ဟုတ်ဘူးကွ”
“ဟင် ဒါဖြင့် ဘာလို့တူးမှာတုံး”
“သိုက်ထဲက ရွှေပုရပိုဒ်ကို ဖတ်ချင်လို့
တဲ့ကွ၊ သူပညာအဆင့်တက်ဖို့အတွက်
အဲဒီသိုက်ထဲက ရွှေပုရပိုဒ်ကို ဖတ်ရမှ
ဖြစ်မှာတဲ့ကွ”
“ဟာ အဲဒီရွှေပုရပိုဒ်ကို ယူလို့ရပါ့
မလားဗျ၊ ကိုကြီးသိန်းမောင်ရဲ့”
“မဟုတ်ဘူးကွ တာတေရ၊ ဆရာကြီး
က အဲဒီရွှေပုရပိုဒ်ကို ယူမှာမဟုတ်ဘူး
ကွ၊ အဲဒီနေရာမှာတင် ဖတ်မှာ၊ ဖတ်ပြီး
တာနဲ့ သိုက်ထဲက ပြန်ထွက်မှာတဲ့ တာ
တေရ၊ သိုက်ထဲက ပစ္စည်းကိုလည်းအပ်
တိုတစ်ချောင်းတောင် မယူဘူးတဲ့ကွ”
“သြော်”
“အေး အဲဒီနေရာမှာ သူ့နောက်က တပည့်တစ်ယောက်လိုချင်လို့တဲ့ကွ၊
အဲဒီတပည့်က သတ္တိကောင်းရမယ်တဲ့၊
ပြီးတော့ လောဘစိတ်ရှိတဲ့လူ မဟုတ်
ရဘူးတဲ့။ ဆရာ့စကားကို နားထောင်တဲ့
သူ ဖြစ်ရမယ်တဲ့ကွ။ ဆရာကြီးပြောတော့
ငါက မင်းကို တန်းမြင်တာဟေ့။ သိန်း
ဆောင်ကလည်း အဲဒီလိုလူဟာ ဒီနယ်
မှာ တာတေတစ်ယောက်ပဲ ရှိတယ်ကွ
အစ်ကိုကြီးရလို့ ပြောတယ်”
“သြော် ကျုပ်က အဲဒီဆရာကြီးရဲ့
တပည့်လုပ်ပြီး သိုက်ထဲကို ဝင်လိုက်
ရမယ် ဆိုပါတော့ဗျာ”
“အေး ဟုတ်တယ်၊ ဟုတ်တယ် တာတေရ”
တာတေဆိုတဲ့ ကျုပ်ကလည်း ဒီလို
ထူးထူးဆန်းဆန်းကိစ္စတွေဆိုရင် ဘယ်
တုန်းကမှ လက်လွှတ်ရိုးထုံးစံ မရှိဘူး
လေဗျာ။ အဘနဲ့ အမေ့ကို ပြောပြပြီး
ကျုပ် ကိုကြီးသိန်းမောင်နဲ့ တစ်ခါတည်း
လိုက်ခဲ့တယ်။ လမ်းရောက်တော့ ကျုပ်
က ကိုကြီးသိန်းမောင်ကို မေးမိတာဗျ။
“နေပါဦးဗျ ကိုကြီးသိန်းမောင်ရဲ့၊
အဲဒီဆရာကြီးရဲ့ နာမည်က
ဘယ်သူတဲ့တုံး”
“ဆရာဖိုးတဲ့ကြ”
“ဗျာ ဆရာဖိုး ဟုတ်လား ကိုကြီးသိန်းမောင်”
ကျုပ်က တအံ့တသြ မေးလိုက်တော့
ကိုကြီးသိန်းမောင်က အံ့သြပြီး ကျုပ်
ကို ကြည့်တယ်ဗျ
“မင်း သိလို့လား တာတေ”
“ဟာ မသိပါဘူးဗျာ၊ စောစောက အိပ်
နေတုန်း အိပ်မက်ထဲမှာ မဖဲဝါက ကျုပ်
ကို နှစ်ခါတောင် ပြောတာဗျ”
“ဟေ မဖဲဝါ ဟုတ်လား၊ မဖဲဝါက
ဘာပြောလို့တုံး”
“ဆရာဖိုးကို လိုက်ပြီး ကူညီလိုက်ပါတဲ့ဗျာ”
“ဟေ ဟုတ်လား တာတေ၊ ထူးဆန်း
လှချည်လားကွ”
ဆရာဖိုးဆိုတာ ဖြူဖြူသွယ်သွယ်ဗျ။
ဥပဓိရုပ်က တော်တော်ကို ခန့်ညား
တဲ့ ပုဂ္ဂိုလ်ပါဗျာ။ သီလ သမာဓိ အ
ပြည့်ရှိတဲ့ပုံဗျ။ အဲဒီညမှာ ဆရာဖိုးက
ကျုပ်ကို အင်းသုံးချပ်ပေးတယ်။
ပထမအင်းက နဂါးတွေလာရင်
ပစ်ရမယ်တဲ့ဗျ။ ဒုတိယအင်းက
ဂဠုန်တွေလာရင် ပစ်ရမယ်တဲ့ဗျ။
တတိယအင်းကတော့ သက်စောင့်
အင်းဆိုပဲ။ အင်မတန်လိုအပ်မှ
ပစ်ရမှာတဲ့ဗျ။
ချော်တွင်းကုန်း အနောက်ဘက်ကို
ဆရာဖိုးနဲ့ ကျုပ်ထွက်လာခဲ့ကြတယ်
ညဆယ်နာရီတိတိဗျ။ လရောင်ဖျော့
ဖျော့လေးက ယာခင်းတွေထဲကို
အလင်းရောင်ဝါးဝါး ကျနေတယ်။
ယာခင်းကြီးတစ်ခုထဲကို ရောက်
တော့ ဆရာဖိုးက ရပ်လိုက်တယ်။
ယာတောအစပ်မှာ ပေါက်နေတဲ့
ထန်းပင်တွေ၊ ထနောင်းတွေ၊ သ
မုန်းပင်တွေ အနေအထားကို အ
ကဲခတ်ပြီး ကြည့်တယ်။
“ဒီနေရာပဲကွ မောင်တာတေရ၊
ကဲ မင်း နောက်ကို နည်းနည်းဆုတ်
နေ၊ ဆရာ သိုက်ကို အမိန့်ပြန်ပြီး
အင်းပစ်တော့မယ်”
ကျုပ်က နောက်ကို နည်းနည်းဆုတ်
နေလိုက်တယ်။ ဆရာဖိုးက ဂါထာတွေ၊
မန္တန်တွေ ရွတ်ပြီး အမိန့်တော်ပြန်တယ်
အမိန့်ပြန်ပြီးတာနဲ့ လက်ထဲက အင်းနဲ့
ပစ်လိုက်တယ်။
“ဝုန်း”
ဟာ ‘ဝုန်း’ဆိုတဲ့ အသံကြီးနဲ့ ဘွားကနဲ
ပေါ်လာတာ နန်းဆောင်ကြီးဗျ။ ရှေ့
မှာ ဝင်းတံတိုင်းအမြင့်ကြီးနဲ့ ကနုတ်
ပန်းတွေ ဖော်ထားတဲ့ တံခါးကြီးနှစ်
ချပ် ပိတ်လို့။ ဆရာဖိုးက ပါးစပ်က
မန္တန်တွေ ရွတ်ပြီး နောက်ထပ် အင်း
တစ်ချပ်နဲ့ ထပ်ပြီး ပစ်လိုက်တယ်။
“ဝုန်း”
ဟာ တံခါးကြီးနှစ်ချပ် ဝုန်းကနဲ ပွင့်
သွားတာဗျို့။ ဆရာဖိုးက ကျုပ်ကို
ခေါင်းညိတ်ခေါ်ပြီး ရှေ့ကနေ ဝင်ချ
သွားတယ်။ ကျုပ်လည်း နောက်က
လိုက်ရတာပေါ့ဗျာ။ ဟာ စစ်သည်
တွေ ပြေးထွက်လာပြီဗျို့။လှံတွေ၊
ဓါးတွေ၊ တဝင်းဝင်းနဲ့ဗျာ။အသည်း
ယားစရာကောင်းလိုက်တာ။
ဟော ဆရာဖိုးက အင်းနဲ့ပစ်ပြီဗျို့။
“ရွှီး” “ရွှီး” “ရွှီး”
ဒီတစ်ခါပစ်တဲ့အင်းက အသံမြည်ပြီး
ဝင်းကနဲ ဝင်းကနဲနဲ့ ပျံနေတာဗျို့။
အရှေ့၊ အနောက်၊ တောင်၊ မြောက်
အရပ်လေးမျက်နှာကို လှစ်ကနဲ လှစ်
ကနဲ ပြေးနေတာ။ ဟော ဆရာဖိုးက
အင်းကို ပြန်ဖမ်းပြီး ယူလိုက်တယ်။
ဟာ ပြေးထွက်လာတဲ့ စစ်သားနှစ်
ဆယ်လောက် ပြေးလာတဲ့ပုံစံအ
တိုင်း ကျောက်ရုပ်တွေလို ငြိမ်သွား
တယ်ဗျို့။ ကျုပ်ဖြင့် တစ်သက်နဲ့
တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးတာပါဗျာ။
ဆရာဖိုးက ရှေ့က ခပ်သွက်သွက်
သွားတယ်။ ကျုပ်က သူ့နောက်က
ခပ်သွက်သွက် လိုက်ရတာပေါ့ဗျာ။
ဆရာဖိုးကလည်း ဆေးလွယ်အိတ်
ကြီးတစ်လုံး စလွယ်သိုင်း လွယ်လို့
ဗျ။ ကျုပ်တို့ဆရာတပည့် ဥယျာဉ်
ကြီးတစ်ခုကို ဖြတ်ပြီး လျှောက်
တယ်။ နန်းဆောင်ကြီးတစ်ခုရှေ့
ကို ရောက်လာတယ်။
ရွှေရောင်တံခါးကြီးတစ်ချပ် ပိတ်လို့ဗျ။
ဆရာဖိုးက လှစ်ကနဲ အင်းတစ်ချပ်
ပစ်သွင်းလိုက်တယ်။
“ဝုန်း”
ဟော တံခါးကြီး ပွင့်သွားပြီ။ ဟာ
ပြေးထွက်လာကြပြီဗျို့။ မိန်းကလေး
တွေချည်းပဲဗျ။ အားလုံး ချောချော
လှလှတွေချည်းပဲ။ဒါပေမဲ့ အားလုံး
ဓါးတွေဝင့်ပြီး ပြေးလာကြတာဗျို့။
ဝတ်ထားတဲ့ အဝတ်အစားတွေက
လည်း အရောင်မျိုးစုံဗျ။ ရှေးခေတ်
က အဝတ် ပုံစံတွေပေါ့ဗျာ။
“ရွှီ” “ရွှီ”
ဟော လွှတ်လျင်တဲ့ ဆရာဖိုးဗျ။
အင်းပစ်လိုက်ပြီဗျို့။ ဟာ ဒါ စော
စောက အင်းပဲဗျို့။ အရပ်လေးမျက်
နှာကို ဝင်းကနဲ ဝင်းကနဲနဲ့ လှစ်ကနဲ
လှစ်ကနဲ ပြေးနေတာဗျ။ အားလုံး
ငြိမ်သွားပြီ။ ပြေးလာတဲ့ပုံအတိုင်း
ကျောက်ရုပ်တွေပဲ ဖြစ်သွားတာဗျ။
ဆရာဖိုး အဲဒီမိန်းခလေးတွေကို ကျော်
ပြီး သုတ်သုတ်သုတ်နဲ့ ဝင်သွားတယ်။
သူသွားတဲ့နေရာကို ကျုပ်လှမ်းကြည့်
လိုက်တော့ ရွှေကလပ်နဲ့ တင်ထား
တဲ့ ရွှေပုရပိုဒ်ကြီးတစ်ဆူဗျ။ လက်စ
သတ်တော့ ဆရာဖိုး လာရှာတာ ဒီ
ပုရပိုဒ်ကြီးကိုး။
ဆရာဖိုးက အပြေးအလွှားသွားပြီး
ပုရပိုဒ်ကြီးဘေးမှာ ရိုရိုသေသေ
ကြုံ့ကြုံ့လေးထိုင်ပြီး ဖတ်တော့
တာပဲဗျို့။ ကျုပ်အလှည့် ရောက်
ပြီလေ။ ဆရာဖိုး ပေးထားတဲ့ အင်း
တွေကို အစဉ်အတိုင်း ထပ်ပြီး ကျုပ်
ကိုင်ထားတယ်။ ဘေးဘီကိုလည်း
ကျုပ် လှည့်ပတ်ကြည့်နေတယ်။
ကျုပ် ပေါ့ဆလို့ မဖြစ်ဘူးဗျ။ ဆရာ
ဖိုးရဲ့ အသက်က ကျုပ်လက်ထဲ
မှာ ရှိနေပြီလေဗျာ။ ပြောရရင်
တော့ ကျုပ်အသက်လည်း ပါ
တာပေါ့ဗျာ။
“ရွှီ ၊ ရွှီ၊ ရွှီ”
ဟာ နောက်ဘက်ကနေ မြွေကြီးတွေ
ထွက်လာပြီ။ အောင်မလေး ပါးပျဉ်းကြီး
တွေခွက်လ်ို့ဗျာ၊ ကြောက်စရာကြီးတွေ
ဗျ၊ ဘယ်နှကောင်မှန်းတောင် မသိတော့
ပါဘူးဗျာ။ ရွှေပုရပိုဒ်ကြီးကို သဲကြီးမဲကြီး
ဖတ်နေတဲ့ ဆရာဖိုးကတော့ ဘာကိုမှ
သိပုံမပေါ်ဘူးဗျ။ ကျုပ်သာ ချွေးသီး
ချွေးပေါက်တွေ ကျနေတာဗျို့။
ကျုပ်ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။
ဆရာဖိုးက နဂါးလာရင် ပစ်ဖို့ဆိုပြီး
အင်းပေးထားတာဗျ။ အခုတော့
နဂါး မလာဘဲ မြွေတွေလာတာ။
ဘာပဲဖြစ်ဖြစ် မြွေလည်း နဂါးပဲပေါ့
ဗျာ။ ကဲကွာ ကျုပ်ပစ်ပြီဗျို့။ အင်းနဲ့
လှမ်းပစ်လိုက်ပြီ။
“ဝုန်း”
ဟာ မီးခိုးလုံးကြီးထပြီး မြွေတွေ
ပျောက်သွားပြီဗျို့။ ကျုပ်လည်း
တော်တော်ကို အားတက်သွား
တာဗျာ။ ဆရာဖိုးကတော့ ဖတ်
တယ်ဗျို့။ ခေါင်းကို စိုက်နေတာပဲ
ဗျာ။ ရွှေပုရပိုဒ်ထဲက စာတွေကို
အလွတ်ကျက်နေတာ ထင်တယ်
ဗျ။ ဒီအဘိုးကြီး ကြည့်ရတာ
ဥာဏ်ကောင်းမယ့်ပုံပဲ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ဘာသံတွေတုံးဗျ။ အမယ်လေး
လင်းနို့ကြီးတွေဗျို့။ ကျုပ်တို့နဲ့ မလှမ်း
မကမ်းမှာ ပျံနေတာဗျ။
အလိုမျက်နှာတွေက လူမျက်နှာကြီးတွေဗျို့။
အကောင်က ကြောင်ကြီးကြီးတစ်ကောင်
လောက်ရှိမယ်။အတောင်ပံကတော့လင်းနို့
တောင်ပံကြီးတွေဗျ။ ဆရာဖိုးပြောတော့
ဂဠုန်လာမယ် ပြောပေမယ့် အခုလာ
တာက လူမျက်နှာနဲ့ လင်းနို့ကြီးတွေဗျ။
အကောင်သုံးဆယ်လောက်ရှိမယ်။
ကျုပ် ရှေ့ကို နှစ်လှမ်းတိုးလိုက်တယ်။
ကဲကွာ ဂဠုန်ဖြစ်ဖြစ်၊ လင်းနို့ဖြစ်ဖြစ်
ငှက်ပဲဗျာ။ ကျုပ်ပစ်ပြီဗျို့။ ဒုတိယဂဠုန်
အင်းနဲ့ ပစ်လိုက်ပြီ။
“ဝုန်း၊ ဝုန်း”
ဟာ မီးခိုးတွေ အလုံးလိုက်ထွက်ပြီး
ပျောက်သွားပြီဗျို့။ ကျုပ်ဖြင့် စိတ်ထဲမှာ
ပျော်လိုက်တာ မပြောပါနဲ့တော့ဗျာ။
ဆရာဖိုးက သူ့ရဲ့ ရွှေပုရပိုဒ်ကြီးကို
စူးစိုက်ပြီး ဖတ်နေတုန်းပဲဗျို့။ ကျုပ်လည်း
နောက်ဆုံးအင်းကို ကျစ်ကျစ်ပါအောင်
ဆုပ်ပြီး ကြည့်နေရတာပေါ့ဗျာ။ ဒါပေမဲ့
ဘာမှမလာတော့ဘူးဗျ။ ငြိမ်သွားပြီ။
ဟော ပြီးပြီ။ ဆရာဖိုး ဖတ်လို့ပြီးသွား
ပြီ။ ခပ်သုတ်သုတ်ထပြီး ကျုပ်ဆီကို
လျှောက်လာတယ်။
“မောင်တာတေ မင်းကတော့ အာဂ
ကောင်ပဲကွာ၊ ကျုပ်ကိစ္စ အောင်သွား
ပါပြီ။ သိုက်ထဲက ပြန်ထွက်ဖို့ပဲ ရှိပါ
တော့တယ် ”
“ဒေါင် ဒေါင် ဒေါင် ဒေါင် ”
“ဟ ဒါ ဘာသံတုံးကွ၊ မောင်တာတေရဲ့”
“ဒါ ဘင်ဂျိုတီးတဲ့အသံဗျ၊ ဆိုနေတဲ့
သီချင်းက နန်းကြာညိုကြော့ ယိုးဒယားဗျ”
“အေး တော်တော်ကိုကောင်းတဲ့
အဆိုအတီးပါလားကွဲ့၊ သတိထားဟေ့
မောင်တာတေ၊ သိုက်နန်းရှင်ရဲ့ မာ
ယာတွေ ဖြစ်နေဦးမယ်ကွ”
“ဟာ မ မဟုတ်ဘူး ဆရာကြီး၊ ဒါ ဒါ
ကျုပ်တို့ရွာက ဦးဘစောကြီး အသံဗျ၊
ဘင်ဂျို ဘင်ဂျိုဘစောဗျ”
“ဟေ ကြံကြီးစည်ရာ မောင်တာတေရာ။
မင်းတို့ရွာက ဘင်ဂျိုဆရာက ဒီသိုက်ထဲမှာ
ရှိပါ့မလားကွ။ ဒါ သိုက်နန်းရှင်ရဲ့ မာယာပဲ
ဟေ့၊ သတိထား မောင်တာတေ”
“ဟာ မ မဟုတ်ဘူး ဆရာကြီး၊ ဘင်ဂျို
ဘစော ပျောက်သွားတာ ဆယ်နှစ်ကျော်
ပြီဗျ။ ကျုပ် သွားကြည့်ချင်တယ် ဆရာကြီး၊
ဟိုဘက်အဆောင်က ထွက်လာတဲ့အသံဗျ”
“ကဲ ဒါဆိုလည်း ဆရာကြီးပါ လိုက်မှာ
ပေါ့ကွာ၊ ခပ်သုတ်သုတ်တော့ သွားဟေ့။
အချိန်ကြာလို့ မဖြစ်ဘူးကွ”
ပတ္တမြားရောင်တောက်နေတဲ့ နန်းဆောင်
ကြီးရဲ့ ကြက်သွေးရောင်လိုက်ကာကြီးတွေ
ကို မ,ပြီး ကျုပ်အထဲကို ကြည့်လိုက်တယ်။
ဟာ နန်းဆောင်တစ်ခုလုံး မွှေးပြီး လင်းနေ
တာဗျ။ အို ရွှေသလွန်ပေါ် ထိုင်နေတဲ့မိန်း
မက လှလိုက်တာဗျာ။ သူ့ဘေးမှာ မတ်
တတ်ရပ်နေတဲ့ မိန်းကလေး လေးယောက်
က ရွှေယပ်တောင်တွေ ကိုင်လို့ဗျ။
အားလုံးကတော့ ကျောက်ရုပ်တွေလို
ငြိမ်နေတာပေါ့ဗျာ။ ဆရာဖိုးရဲ့ အင်းအ
စွမ်းက ထက်ပါဘိဗျာ။
“သတိထား မောင်တာတေ၊ ဒီသိုက်ကို
ရွှေကြာယံသိုက်လို့ ခေါ်တယ်၊ သလွန်ပေါ်
ကဟာ ရွှေကြာယံသခင်မကွဲ့၊ ဘေးကဟာ
က သူရဲ့ ရံရွှေတော်တွေကွ”
ဟာ ဟုတ်ပါ့ဗျာ၊ ရွှေကြာယံသခင်မရဲ့
ရွှေက ကတ္တီပါဖုန်ပေါ်မှာထိုင်ပြီး ဘင်ဂျို
ကို အဆက်မပြတ်တီးနေတာ ကျုပ်တို့
ရွာက ဦးဘစောကြီးမှ ဦးဘစောကြီး
အစစ်ဗျ။ သူက မျက်စိမမြင်တော့ ရွှေ
ကြာယံ သခင်မ အင်းနဲ့ အချုပ်ခံထား
ရတာကို မမြင်ဘူးပေါ့ဗျာ။ သူဖျော်ဖြေ
နေကျအချိန်မှာ လာပြီး ဖျော်ဖြေနေ
တာ ထင်တယ်ဗျ။
ကျုပ် ဘင်ဂျိုဘစောနားကို ပြေးကပ်
လိုက်ပြီး သူ့ပခုံးကို လှုပ်လိုက်တယ်။
“ဦးဘစော၊ ဦးဘစော၊ ခင်ဗျား ထနောင်း
ကုန်းက ဦးဘစောမို့လား၊ ဘင်ဂျိုဘစော
ဆိုတာလေ”
ဒီတော့မှ ဘင်ဂျိုဘစောက သူဆိုနေတဲ့
နန်းကြာညိုကြော့ကို ရပ်လိုက်ပြီး ပျာ
ပျာသလဲနဲ့ …
“အေး ဟုတ်တယ်၊ မင်းက ဘယ်သူတုံး”
“ကျုပ်က ထနောင်းကုန်းသား တာတေဗျ”
“မောင်တာတေ ဘစောက မြန်မြန်ခေါ်
ထုတ်သွား၊ ဝင်တဲ့အပေါက်ကို ရောက်
အောင် ပြေးတော့ ”
ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ
မျက်မမြင် ဘင်ဂျိုဘစောကြီးရဲ့ ဘင်ဂျို
ကို ပခုံးထမ်းပြီး ဦးဘစောကြီးကို လက်
တစ်ဖက်ကဆွဲပြီး ပြေးရတော့တာပေါ့ဗျာ။
လက်ထဲမှာလည်း ဆရာဖိုး ပေးထားတဲ့
သက်စောင့်အင်းက အဆင်သင့်ဗျ။
ဒါပေမဲ့ တံခါးပေါက်ကို ရောက်တဲ့အထိ
ဘာမှ အန္တရာယ် မတွေ့ခဲ့ပါဘူးဗျာ။
ကျုပ်တို့နောက်က ဆရာဖိုး ထွက်
လာတယ်။
“ကဲဟေ့ မောင်တာတေ နောက်ဆုတ်
ကျုပ် သိုက်ပြန်ဖျောက်တော့မယ်”
ပြောပြောဆိုဆိုနဲ့ ဆရာဖိုးက အင်းနှစ်
ချပ်ကို ဆက်တိုက်ပစ်သွင်းလိုက်တယ်။
“ဝုန်း” “ဝုန်း”
ဟော သိုက်နန်းကြီး ဗြုန်းကနဲ
ပျောက်သွားပြီဗျို့။
“ပထမအင်းက သူတို့ကို အနှောင်အဖွဲ့က
လွှတ်ပေးလိုက်တာ။ နောက်အင်းက သိုက်
နန်းကြီးကို ပြန်ဖျောက်လိုက်တာကွ၊ ကဲ
ခပ်သုတ်သုတ် သွားကြတော့ဟေ့၊ ဆရာ
ကြီးက နောက်က အခြေအနေကိုကြည့်
ရင်း လိုက်ခဲ့မယ်”
ချော်တွင်းကုန်းရောက်တော့ လင်းကြက်
တောင် တွန်ပြီဗျ။ ဆရာကြီးက ဦးဘ
စောကို နောက်တစ်ခါ သိုက်က လာမ
ခေါ်နိုင်အောင် အင်းတစ်ချပ် ပြာချပြီး
တိုက်တယ်။ မနက်ပိုင်းမှာပဲ ကိုကြီး
သိန်းမောင်က ကျုပ်နဲ့ ဘင်ဂျိုဘစော
ကို သူ့လှည်းနဲ့ လိုက်ပို့တယ်။
ကျုပ် မပြန်ခင် ဆရာဖိုးက ကျုပ်ကို
ကျေးဇူးတင်လွန်းလို့ဆိုပြီး အင်းတွေ
ပေးလိုက်တယ်ဗျ။ ဆရာဖိုးရဲ့ အင်းတွေ
စွမ်းတာတော့ ကျုပ်လက်တွေ့ပါပဲဗျာ။
ထနောင်းကုန်းကိုရောက်တော့ ကျုပ်က
လှည်းကို ကိုချက်ကြီးတို့ဝိုင်းအထိ တန်း
မောင်းခိုင်းလိုက်တယ်။
“လေးလေးချက်ကြီး၊ မြန်မြန်လာဗျို့”
“ဟေ့ တာတေလား၊ ဘာဖြစ်လို့တုံးကွ”
“ဒီမှာ ခင်ဗျားဘထွေး၊ ဘင်ဂျိုဘစောကို
ကျုပ် ပြန်ခေါ်လာပြီဗျ”
“ဟေ ဟုတ်လား၊ ဘယ်မှာတုံး”
ဝိုင်းထဲက ကိုချက်ကြီးတို့မိသားစုတွေ
ပြေးထွက်လာကြတာဗျို့။
“ဟာ ဘထွေး”
“ဟာ အစ်ကိုလေးပါလား”
ပြောရင်းနဲ့ ဘင်ဂျိုဘစောကြီးကိုဖက်ပြီး
ငိုကြပါလေရောဗျာ။ ဘင်ဂျိုဘစောက
လည်း မျက်ရည်တွေ ကျလို့ဗျ။
ဒီသတင်းက ချက်ချင်းအိမ်နီးချင်းတွေ
ဆီကို ပျံ့သွားပြီး ရွာထဲကလူတွေပါ
ရောက်ချလာကြတာပေါ့ဗျာ။ သူတို့တွေ
ဝိုင်းထဲဝင်သွားတဲ့ အချိန်မှာပဲ ကျုပ်နဲ့
ကိုသိန်းမောင်က လှည်းနဲ့ ပြန်ထွက်
လာခဲ့ရတာဗျို့။
ကျုပ်တို့ ရွာသားတွေဆိုတာ အံ့သြလွန်းလို့
အဲဒီနေ့က ထမင်းစားဖို့တောင် မေ့နေကြ
တယ်ဆိုပဲ။ အဲဒီညက စပြီး ကျုပ်တို့ရွာထဲ
မှာ ဘင်ဂျိုဘစောရဲ့ နန်းကြာညိုကြော့
ဘင်ဂျိုသံလေးက အမြဲလွှမ်းနေတော့တာပေါ့ဗျာ။
ပြီးပါပြီ
Zawgyi Code
“တာေတေရ ေဟ့ေကာင္ တာေတ၊
ဟာ ဒီေကာင္ ဇိမ္ယူေနတာကိုး”
က်ဳပ္ ဖ်တ္ကနဲ႔ လန္႔ႏိုးသြားတယ္
ဒီေတာ့မွ ေန႔ခင္းေၾကာင္ေတာင္ က်ဳပ္
အိပ္မက္ မက္ေနတာကို သိေတာ့တာ
ဗ်။ ဝိုင္းဝကို လွမ္းၾကည့္လိုက္ေတာ့
ဝါးဖတ္ခေမာက္ကေလး ေဆာင္းၿပီး
ရပ္ေနတာ ေခ်ာ္တြင္းကုန္းက ကိုႀကီး
သိန္းေမာင္ဗ်။ အရပ္ႀကီးက ကလန္
ကလားႀကီးနဲ႔ သြားအဖြားသားနဲ႔ က်ဳပ္
ကို ရယ္က်ဲက်ဲလုပ္ၿပီး ၾကည့္ေနတာ
ဗ်။ က်ဳပ္လည္း သစ္သားကြပ္ပ်စ္
ေပၚမွာ လူးလဲထလိုက္ၿပီး…
“ကိုႀကီးသိန္းေမာင္ လာေလဗ်ာ
ခင္ဗ်ား က်ဳပ္အိမ္လာတာကို ဧည့္
သည္လုပ္ေနရလားဗ်”
ကိုႀကီးသိန္းေမာင္က တကယ့္လူ႐ိုး
ႀကီးဗ်။ အသက္သုံးဆယ္ေလာက္ရွိ
ၿပီ။ အိမ္ေထာင္လည္း မျပဳဘူး။မိဘ
ေတြ ယာမွာပဲ အလုပ္လုပ္တာ။ညီ
အစ္ကိုႏွစ္ေယာက္ ရွိတာဗ်။ သူ႔ညီ
က ကိုသိန္းေဆာင္တဲ့။
သူ႔ထက္ သုံးႏွစ္ေလာက္ငယ္တယ္။
ကိုသိန္းေဆာင္လည္း သူ႔လိုပဲ လူ႐ိုး
ႀကီးပါပဲဗ်ာ။ အလုပ္ေတာ့ လႊတ္လုပ္
တဲ့ လူေတြဗ်ိဳ႕။ အေသာက္အစား
ေလာင္းကစားကလည္း ကင္းၾက
တယ္ဗ်။ ရပ္က်ိဳး႐ြာက်ိဳးကလည္း
အလြန္လုပ္တဲ့ ညီအစ္ကိုေတြဗ်။
ေခ်ာ္တြင္းကုန္းသားေတြထဲမွာ
ကိုႀကီးသိန္းေမာင္တို႔ ညီအစ္ကိုက
တကယ့္ကို လူ႐ိုေသ ရွင္႐ိုေသပါ
ပဲဗ်ာ။ က်ဳပ္ေခၚလိုက္ေတာ့မွ ဝိုင္း
ထဲမွာ ေျခလွမ္းက်ဲႀကီးေတြနဲ႔ လွမ္း
ဝင္လာတာဗ်။
“ကိုႀကီးသိန္းေမာင္ ကုန္းေၾကာင္း
လာတာလား၊ လွည္းမပါခဲ့ဘူးလား”
“မပါဘူး တာေတရ၊ ငါကုန္းေၾကာင္းပဲ
လာခဲ့တာ”
“ႏြားမအားလို႔လား”
“ေအးကြ၊ သိန္းေဆာင္က ဒီေန႔အ
ေစာႀကီးကတည္းက ထၿပီး ဆီႀကိတ္
ေနေတာ့ ႏြားေတြ ပင္ပန္းေနတာနဲ႔
လွည္းမေမာင္းေတာ့ဘူးကြာ၊ ဒီအ
တိုင္းပဲ ေလွ်ာက္ခဲ့ေတာ့တယ္”
က်ဳပ္က အိမ္ေပၚတက္ၿပီး ေရေႏြး
ဗန္းနဲ႔လက္ဖက္အုပ္ကေလး ယူခဲ့တယ္။
က်ဳပ္တို႔အညာအိမ္ေတြကေတာ့ လက္
ဖက္တို႔ ေျမပဲေၾကာ္တို႔ဆိုတာ ျပတ္တယ္
လို႔ မရွိပါဘူးဗ်ာ။ ကိုႀကီးသိန္းေမာင္ကို
နဂါးေဆးေပါ့လိပ္အသစ္တစ္လိပ္ မီး
ညႇိၿပီး တည္လိုက္တယ္။ ကိုႀကီးသိန္း
ေမာင္က ေဆးေပါ့လိပ္ကေလး သုံး
ေလးဖြာ ဖြားၿပီး ခ်ထားလိုက္တယ္။
ၿပီးေတာ့ က်ဳပ္ ငွဲ႔ေပးတဲ့ ေရေႏြးၾကမ္း
ပူပူကေလးကို ‘ဝူး’ကနဲမႈတ္ၿပီး ႀကိဳက္
ခ်လိုက္တယ္။ လက္ဖက္တစ္ဇြန္း
လည္းခပ္ၿပီး စားတယ္
“ဒီလိုေဟ့ တာေတရ၊ ငါတို႔အိမ္မွာ
ဆရာႀကီး တစ္ေယာက္ ေရာက္ေန
တယ္ကြ”
“ဟင္ ဘယ္ကဆရာႀကီးတုံးဗ်
ေဆးဆရာလား”
“ငါတို႔အဘငယ္ငယ္က အကာအ
ကြယ္ေဆးေတြ ထိုးေပးတဲ့ ဆရာလို႔
ေျပာတယ္ကြ၊ ကိစၥေလးတစ္ခုရွိလို႔
ေရာက္လာတာ။ ဆရာႀကီးက အ
သက္ ခုႏွစ္ဆယ္ေလာက္ရွိၿပီကြ၊
ဒါေပမဲ့ ေတာ္ေတာ္ကို သန္သန္မာ
မာ၊ ဖ်တ္ဖ်တ္လတ္လတ္ ရွိတယ္
ကြ၊ အခု ငါ့အဘဆီကို ေရာက္လာ
တာက ကိစၥတစ္ခု ရွိလို႔တဲ့ေဟ့”
“ဟင္ ဘာကိစၥမ်ားတုံး ကိုႀကီး
သိန္းေမာင္ရဲ႕ ”
“သိုက္တူးမလို႔တဲ့ကြ”
“ဗ်ာ …သိုက္တူးဖို႔ ဟုတ္လား၊
မျဖစ္ႏိုင္တာဗ်ာ”
“ျဖစ္ႏိုင္တယ္ကြ တာေတရ၊ ဒီဆရာ
ႀကီးက သီလ သမာဓိ အေတာ္ရွိတာ
သူမ်ား အေသြးအသားကို လုံးဝမ
စားဘူးကြ၊ သက္သက္လြတ္နဲ႔ က်င့္
စဥ္ဝင္ေနတာ ႏွစ္ေပါင္းမနည္းေတာ့
ဘူးဆိုပဲကြ။ အခု သူ သိုက္တူးမယ္
ဆိုတာကလည္း သိုက္ထဲက ပစၥည္း
ဥစၥာေတြကို လိုခ်င္တပ္မက္လို႔ မ
ဟုတ္ဘူးကြ”
“ဟင္ ဒါျဖင့္ ဘာလို႔တူးမွာတုံး”
“သိုက္ထဲက ေ႐ႊပုရပိုဒ္ကို ဖတ္ခ်င္လို႔
တဲ့ကြ၊ သူပညာအဆင့္တက္ဖို႔အတြက္
အဲဒီသိုက္ထဲက ေ႐ႊပုရပိုဒ္ကို ဖတ္ရမွ
ျဖစ္မွာတဲ့ကြ”
“ဟာ အဲဒီေ႐ႊပုရပိုဒ္ကို ယူလို႔ရပါ့
မလားဗ်၊ ကိုႀကီးသိန္းေမာင္ရဲ႕”
“မဟုတ္ဘူးကြ တာေတရ၊ ဆရာႀကီး
က အဲဒီေ႐ႊပုရပိုဒ္ကို ယူမွာမဟုတ္ဘူး
ကြ၊ အဲဒီေနရာမွာတင္ ဖတ္မွာ၊ ဖတ္ၿပီး
တာနဲ႔ သိုက္ထဲက ျပန္ထြက္မွာတဲ့ တာ
ေတရ၊ သိုက္ထဲက ပစၥည္းကိုလည္းအပ္
တိုတစ္ေခ်ာင္းေတာင္ မယူဘူးတဲ့ကြ”
“ေၾသာ္”
“ေအး အဲဒီေနရာမွာ သူ႔ေနာက္က တပည့္တစ္ေယာက္လိုခ်င္လို႔တဲ့ကြ၊
အဲဒီတပည့္က သတၱိေကာင္းရမယ္တဲ့၊
ၿပီးေတာ့ ေလာဘစိတ္ရွိတဲ့လူ မဟုတ္
ရဘူးတဲ့။ ဆရာ့စကားကို နားေထာင္တဲ့
သူ ျဖစ္ရမယ္တဲ့ကြ။ ဆရာႀကီးေျပာေတာ့
ငါက မင္းကို တန္းျမင္တာေဟ့။ သိန္း
ေဆာင္ကလည္း အဲဒီလိုလူဟာ ဒီနယ္
မွာ တာေတတစ္ေယာက္ပဲ ရွိတယ္ကြ
အစ္ကိုႀကီးရလို႔ ေျပာတယ္”
“ေၾသာ္ က်ဳပ္က အဲဒီဆရာႀကီးရဲ႕
တပည့္လုပ္ၿပီး သိုက္ထဲကို ဝင္လိုက္
ရမယ္ ဆိုပါေတာ့ဗ်ာ”
“ေအး ဟုတ္တယ္၊ ဟုတ္တယ္ တာေတရ”
တာေတဆိုတဲ့ က်ဳပ္ကလည္း ဒီလို
ထူးထူးဆန္းဆန္းကိစၥေတြဆိုရင္ ဘယ္
တုန္းကမွ လက္လႊတ္႐ိုးထုံးစံ မရွိဘူး
ေလဗ်ာ။ အဘနဲ႔ အေမ့ကို ေျပာျပၿပီး
က်ဳပ္ ကိုႀကီးသိန္းေမာင္နဲ႔ တစ္ခါတည္း
လိုက္ခဲ့တယ္။ လမ္းေရာက္ေတာ့ က်ဳပ္
က ကိုႀကီးသိန္းေမာင္ကို ေမးမိတာဗ်။
“ေနပါဦးဗ် ကိုႀကီးသိန္းေမာင္ရဲ႕၊
အဲဒီဆရာႀကီးရဲ႕ နာမည္က
ဘယ္သူတဲ့တုံး”
“ဆရာဖိုးတဲ့ၾက”
“ဗ်ာ ဆရာဖိုး ဟုတ္လား ကိုႀကီးသိန္းေမာင္”
က်ဳပ္က တအံ့တၾသ ေမးလိုက္ေတာ့
ကိုႀကီးသိန္းေမာင္က အံ့ၾသၿပီး က်ဳပ္
ကို ၾကည့္တယ္ဗ်
“မင္း သိလို႔လား တာေတ”
“ဟာ မသိပါဘူးဗ်ာ၊ ေစာေစာက အိပ္
ေနတုန္း အိပ္မက္ထဲမွာ မဖဲဝါက က်ဳပ္
ကို ႏွစ္ခါေတာင္ ေျပာတာဗ်”
“ေဟ မဖဲဝါ ဟုတ္လား၊ မဖဲဝါက
ဘာေျပာလို႔တုံး”
“ဆရာဖိုးကို လိုက္ၿပီး ကူညီလိုက္ပါတဲ့ဗ်ာ”
“ေဟ ဟုတ္လား တာေတ၊ ထူးဆန္း
လွခ်ည္လားကြ”
ဆရာဖိုးဆိုတာ ျဖဴျဖဴသြယ္သြယ္ဗ်။
ဥပဓိ႐ုပ္က ေတာ္ေတာ္ကို ခန္႔ညား
တဲ့ ပုဂၢိဳလ္ပါဗ်ာ။ သီလ သမာဓိ အ
ျပည့္ရွိတဲ့ပုံဗ်။ အဲဒီညမွာ ဆရာဖိုးက
က်ဳပ္ကို အင္းသုံးခ်ပ္ေပးတယ္။
ပထမအင္းက နဂါးေတြလာရင္
ပစ္ရမယ္တဲ့ဗ်။ ဒုတိယအင္းက
ဂဠဳန္ေတြလာရင္ ပစ္ရမယ္တဲ့ဗ်။
တတိယအင္းကေတာ့ သက္ေစာင့္
အင္းဆိုပဲ။ အင္မတန္လိုအပ္မွ
ပစ္ရမွာတဲ့ဗ်။
ေခ်ာ္တြင္းကုန္း အေနာက္ဘက္ကို
ဆရာဖိုးနဲ႔ က်ဳပ္ထြက္လာခဲ့ၾကတယ္
ညဆယ္နာရီတိတိဗ်။ လေရာင္ေဖ်ာ့
ေဖ်ာ့ေလးက ယာခင္းေတြထဲကို
အလင္းေရာင္ဝါးဝါး က်ေနတယ္။
ယာခင္းႀကီးတစ္ခုထဲကို ေရာက္
ေတာ့ ဆရာဖိုးက ရပ္လိုက္တယ္။
ယာေတာအစပ္မွာ ေပါက္ေနတဲ့
ထန္းပင္ေတြ၊ ထေနာင္းေတြ၊ သ
မုန္းပင္ေတြ အေနအထားကို အ
ကဲခတ္ၿပီး ၾကည့္တယ္။
“ဒီေနရာပဲကြ ေမာင္တာေတရ၊
ကဲ မင္း ေနာက္ကို နည္းနည္းဆုတ္
ေန၊ ဆရာ သိုက္ကို အမိန္႔ျပန္ၿပီး
အင္းပစ္ေတာ့မယ္”
က်ဳပ္က ေနာက္ကို နည္းနည္းဆုတ္
ေနလိုက္တယ္။ ဆရာဖိုးက ဂါထာေတြ၊
မႏၲန္ေတြ ႐ြတ္ၿပီး အမိန္႔ေတာ္ျပန္တယ္
အမိန္႔ျပန္ၿပီးတာနဲ႔ လက္ထဲက အင္းနဲ႔
ပစ္လိုက္တယ္။
“ဝုန္း”
ဟာ ‘ဝုန္း’ဆိုတဲ့ အသံႀကီးနဲ႔ ဘြားကနဲ
ေပၚလာတာ နန္းေဆာင္ႀကီးဗ်။ ေရွ႕
မွာ ဝင္းတံတိုင္းအျမင့္ႀကီးနဲ႔ ကႏုတ္
ပန္းေတြ ေဖာ္ထားတဲ့ တံခါးႀကီးႏွစ္
ခ်ပ္ ပိတ္လို႔။ ဆရာဖိုးက ပါးစပ္က
မႏၲန္ေတြ ႐ြတ္ၿပီး ေနာက္ထပ္ အင္း
တစ္ခ်ပ္နဲ႔ ထပ္ၿပီး ပစ္လိုက္တယ္။
“ဝုန္း”
ဟာ တံခါးႀကီးႏွစ္ခ်ပ္ ဝုန္းကနဲ ပြင့္
သြားတာဗ်ိဳ႕။ ဆရာဖိုးက က်ဳပ္ကို
ေခါင္းညိတ္ေခၚၿပီး ေရွ႕ကေန ဝင္ခ်
သြားတယ္။ က်ဳပ္လည္း ေနာက္က
လိုက္ရတာေပါ့ဗ်ာ။ ဟာ စစ္သည္
ေတြ ေျပးထြက္လာၿပီဗ်ိဳ႕။လွံေတြ၊
ဓါးေတြ၊ တဝင္းဝင္းနဲ႔ဗ်ာ။အသည္း
ယားစရာေကာင္းလိုက္တာ။
ေဟာ ဆရာဖိုးက အင္းနဲ႔ပစ္ၿပီဗ်ိဳ႕။
“႐ႊီး” “႐ႊီး” “႐ႊီး”
ဒီတစ္ခါပစ္တဲ့အင္းက အသံျမည္ၿပီး
ဝင္းကနဲ ဝင္းကနဲနဲ႔ ပ်ံေနတာဗ်ိဳ႕။
အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္
အရပ္ေလးမ်က္ႏွာကို လွစ္ကနဲ လွစ္
ကနဲ ေျပးေနတာ။ ေဟာ ဆရာဖိုးက
အင္းကို ျပန္ဖမ္းၿပီး ယူလိုက္တယ္။
ဟာ ေျပးထြက္လာတဲ့ စစ္သားႏွစ္
ဆယ္ေလာက္ ေျပးလာတဲ့ပုံစံအ
တိုင္း ေက်ာက္႐ုပ္ေတြလို ၿငိမ္သြား
တယ္ဗ်ိဳ႕။ က်ဳပ္ျဖင့္ တစ္သက္နဲ႔
တစ္ကိုယ္ ဒီတစ္ခါပဲ ျမင္ဖူးတာပါဗ်ာ။
ဆရာဖိုးက ေရွ႕က ခပ္သြက္သြက္
သြားတယ္။ က်ဳပ္က သူ႔ေနာက္က
ခပ္သြက္သြက္ လိုက္ရတာေပါ့ဗ်ာ။
ဆရာဖိုးကလည္း ေဆးလြယ္အိတ္
ႀကီးတစ္လုံး စလြယ္သိုင္း လြယ္လို႔
ဗ်။ က်ဳပ္တို႔ဆရာတပည့္ ဥယ်ာဥ္
ႀကီးတစ္ခုကို ျဖတ္ၿပီး ေလွ်ာက္
တယ္။ နန္းေဆာင္ႀကီးတစ္ခုေရွ႕
ကို ေရာက္လာတယ္။
ေ႐ႊေရာင္တံခါးႀကီးတစ္ခ်ပ္ ပိတ္လို႔ဗ်။
ဆရာဖိုးက လွစ္ကနဲ အင္းတစ္ခ်ပ္
ပစ္သြင္းလိုက္တယ္။
“ဝုန္း”
ေဟာ တံခါးႀကီး ပြင့္သြားၿပီ။ ဟာ
ေျပးထြက္လာၾကၿပီဗ်ိဳ႕။ မိန္းကေလး
ေတြခ်ည္းပဲဗ်။ အားလုံး ေခ်ာေခ်ာ
လွလွေတြခ်ည္းပဲ။ဒါေပမဲ့ အားလုံး
ဓါးေတြဝင့္ၿပီး ေျပးလာၾကတာဗ်ိဳ႕။
ဝတ္ထားတဲ့ အဝတ္အစားေတြက
လည္း အေရာင္မ်ိဳးစုံဗ်။ ေရွးေခတ္
က အဝတ္ ပုံစံေတြေပါ့ဗ်ာ။
“႐ႊီ” “႐ႊီ”
ေဟာ လႊတ္လ်င္တဲ့ ဆရာဖိုးဗ်။
အင္းပစ္လိုက္ၿပီဗ်ိဳ႕။ ဟာ ဒါ ေစာ
ေစာက အင္းပဲဗ်ိဳ႕။ အရပ္ေလးမ်က္
ႏွာကို ဝင္းကနဲ ဝင္းကနဲနဲ႔ လွစ္ကနဲ
လွစ္ကနဲ ေျပးေနတာဗ်။ အားလုံး
ၿငိမ္သြားၿပီ။ ေျပးလာတဲ့ပုံအတိုင္း
ေက်ာက္႐ုပ္ေတြပဲ ျဖစ္သြားတာဗ်။
ဆရာဖိုး အဲဒီမိန္းခေလးေတြကို ေက်ာ္
ၿပီး သုတ္သုတ္သုတ္နဲ႔ ဝင္သြားတယ္။
သူသြားတဲ့ေနရာကို က်ဳပ္လွမ္းၾကည့္
လိုက္ေတာ့ ေ႐ႊကလပ္နဲ႔ တင္ထား
တဲ့ ေ႐ႊပုရပိုဒ္ႀကီးတစ္ဆူဗ်။ လက္စ
သတ္ေတာ့ ဆရာဖိုး လာရွာတာ ဒီ
ပုရပိုဒ္ႀကီးကိုး။
ဆရာဖိုးက အေျပးအလႊားသြားၿပီး
ပုရပိုဒ္ႀကီးေဘးမွာ ႐ို႐ိုေသေသ
ႀကဳံ႕ႀကဳံ႕ေလးထိုင္ၿပီး ဖတ္ေတာ့
တာပဲဗ်ိဳ႕။ က်ဳပ္အလွည့္ ေရာက္
ၿပီေလ။ ဆရာဖိုး ေပးထားတဲ့ အင္း
ေတြကို အစဥ္အတိုင္း ထပ္ၿပီး က်ဳပ္
ကိုင္ထားတယ္။ ေဘးဘီကိုလည္း
က်ဳပ္ လွည့္ပတ္ၾကည့္ေနတယ္။
က်ဳပ္ ေပါ့ဆလို႔ မျဖစ္ဘူးဗ်။ ဆရာ
ဖိုးရဲ႕ အသက္က က်ဳပ္လက္ထဲ
မွာ ရွိေနၿပီေလဗ်ာ။ ေျပာရရင္
ေတာ့ က်ဳပ္အသက္လည္း ပါ
တာေပါ့ဗ်ာ။
“႐ႊီ ၊ ႐ႊီ၊ ႐ႊီ”
ဟာ ေနာက္ဘက္ကေန ေႁမြႀကီးေတြ
ထြက္လာၿပီ။ ေအာင္မေလး ပါးပ်ဥ္းႀကီး
ေတြခြက္လ္ို႔ဗ်ာ၊ ေၾကာက္စရာႀကီးေတြ
ဗ်၊ ဘယ္ႏွေကာင္မွန္းေတာင္ မသိေတာ့
ပါဘူးဗ်ာ။ ေ႐ႊပုရပိုဒ္ႀကီးကို သဲႀကီးမဲႀကီး
ဖတ္ေနတဲ့ ဆရာဖိုးကေတာ့ ဘာကိုမွ
သိပုံမေပၚဘူးဗ်။ က်ဳပ္သာ ေခြၽးသီး
ေခြၽးေပါက္ေတြ က်ေနတာဗ်ိဳ႕။
က်ဳပ္ေရွ႕ကို တစ္လွမ္းတိုးလိုက္တယ္။
ဆရာဖိုးက နဂါးလာရင္ ပစ္ဖို႔ဆိုၿပီး
အင္းေပးထားတာဗ်။ အခုေတာ့
နဂါး မလာဘဲ ေႁမြေတြလာတာ။
ဘာပဲျဖစ္ျဖစ္ ေႁမြလည္း နဂါးပဲေပါ့
ဗ်ာ။ ကဲကြာ က်ဳပ္ပစ္ၿပီဗ်ိဳ႕။ အင္းနဲ႔
လွမ္းပစ္လိုက္ၿပီ။
“ဝုန္း”
ဟာ မီးခိုးလုံးႀကီးထၿပီး ေႁမြေတြ
ေပ်ာက္သြားၿပီဗ်ိဳ႕။ က်ဳပ္လည္း
ေတာ္ေတာ္ကို အားတက္သြား
တာဗ်ာ။ ဆရာဖိုးကေတာ့ ဖတ္
တယ္ဗ်ိဳ႕။ ေခါင္းကို စိုက္ေနတာပဲ
ဗ်ာ။ ေ႐ႊပုရပိုဒ္ထဲက စာေတြကို
အလြတ္က်က္ေနတာ ထင္တယ္
ဗ်။ ဒီအဘိုးႀကီး ၾကည့္ရတာ
ဥာဏ္ေကာင္းမယ့္ပုံပဲ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ဘာသံေတြတုံးဗ်။ အမယ္ေလး
လင္းႏို႔ႀကီးေတြဗ်ိဳ႕။ က်ဳပ္တို႔နဲ႔ မလွမ္း
မကမ္းမွာ ပ်ံေနတာဗ်။
အလိုမ်က္ႏွာေတြက လူမ်က္ႏွာႀကီးေတြဗ်ိဳ႕။
အေကာင္က ေၾကာင္ႀကီးႀကီးတစ္ေကာင္
ေလာက္ရွိမယ္။အေတာင္ပံကေတာ့လင္းႏို႔
ေတာင္ပံႀကီးေတြဗ်။ ဆရာဖိုးေျပာေတာ့
ဂဠဳန္လာမယ္ ေျပာေပမယ့္ အခုလာ
တာက လူမ်က္ႏွာနဲ႔ လင္းႏို႔ႀကီးေတြဗ်။
အေကာင္သုံးဆယ္ေလာက္ရွိမယ္။
က်ဳပ္ ေရွ႕ကို ႏွစ္လွမ္းတိုးလိုက္တယ္။
ကဲကြာ ဂဠဳန္ျဖစ္ျဖစ္၊ လင္းႏို႔ျဖစ္ျဖစ္
ငွက္ပဲဗ်ာ။ က်ဳပ္ပစ္ၿပီဗ်ိဳ႕။ ဒုတိယဂဠဳန္
အင္းနဲ႔ ပစ္လိုက္ၿပီ။
“ဝုန္း၊ ဝုန္း”
ဟာ မီးခိုးေတြ အလုံးလိုက္ထြက္ၿပီး
ေပ်ာက္သြားၿပီဗ်ိဳ႕။ က်ဳပ္ျဖင့္ စိတ္ထဲမွာ
ေပ်ာ္လိုက္တာ မေျပာပါနဲ႔ေတာ့ဗ်ာ။
ဆရာဖိုးက သူ႔ရဲ႕ ေ႐ႊပုရပိုဒ္ႀကီးကို
စူးစိုက္ၿပီး ဖတ္ေနတုန္းပဲဗ်ိဳ႕။ က်ဳပ္လည္း
ေနာက္ဆုံးအင္းကို က်စ္က်စ္ပါေအာင္
ဆုပ္ၿပီး ၾကည့္ေနရတာေပါ့ဗ်ာ။ ဒါေပမဲ့
ဘာမွမလာေတာ့ဘူးဗ်။ ၿငိမ္သြားၿပီ။
ေဟာ ၿပီးၿပီ။ ဆရာဖိုး ဖတ္လို႔ၿပီးသြား
ၿပီ။ ခပ္သုတ္သုတ္ထၿပီး က်ဳပ္ဆီကို
ေလွ်ာက္လာတယ္။
“ေမာင္တာေတ မင္းကေတာ့ အာဂ
ေကာင္ပဲကြာ၊ က်ဳပ္ကိစၥ ေအာင္သြား
ပါၿပီ။ သိုက္ထဲက ျပန္ထြက္ဖို႔ပဲ ရွိပါ
ေတာ့တယ္ ”
“ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ”
“ဟ ဒါ ဘာသံတုံးကြ၊ ေမာင္တာေတရဲ႕”
“ဒါ ဘင္ဂ်ိဳတီးတဲ့အသံဗ်၊ ဆိုေနတဲ့
သီခ်င္းက နန္းၾကာညိဳေၾကာ့ ယိုးဒယားဗ်”
“ေအး ေတာ္ေတာ္ကိုေကာင္းတဲ့
အဆိုအတီးပါလားကြဲ႕၊ သတိထားေဟ့
ေမာင္တာေတ၊ သိုက္နန္းရွင္ရဲ႕ မာ
ယာေတြ ျဖစ္ေနဦးမယ္ကြ”
“ဟာ မ မဟုတ္ဘူး ဆရာႀကီး၊ ဒါ ဒါ
က်ဳပ္တို႔႐ြာက ဦးဘေစာႀကီး အသံဗ်၊
ဘင္ဂ်ိဳ ဘင္ဂ်ိဳဘေစာဗ်”
“ေဟ ႀကံႀကီးစည္ရာ ေမာင္တာေတရာ။
မင္းတို႔႐ြာက ဘင္ဂ်ိဳဆရာက ဒီသိုက္ထဲမွာ
ရွိပါ့မလားကြ။ ဒါ သိုက္နန္းရွင္ရဲ႕ မာယာပဲ
ေဟ့၊ သတိထား ေမာင္တာေတ”
“ဟာ မ မဟုတ္ဘူး ဆရာႀကီး၊ ဘင္ဂ်ိဳ
ဘေစာ ေပ်ာက္သြားတာ ဆယ္ႏွစ္ေက်ာ္
ၿပီဗ်။ က်ဳပ္ သြားၾကည့္ခ်င္တယ္ ဆရာႀကီး၊
ဟိုဘက္အေဆာင္က ထြက္လာတဲ့အသံဗ်”
“ကဲ ဒါဆိုလည္း ဆရာႀကီးပါ လိုက္မွာ
ေပါ့ကြာ၊ ခပ္သုတ္သုတ္ေတာ့ သြားေဟ့။
အခ်ိန္ၾကာလို႔ မျဖစ္ဘူးကြ”
ပတၱျမားေရာင္ေတာက္ေနတဲ့ နန္းေဆာင္
ႀကီးရဲ႕ ၾကက္ေသြးေရာင္လိုက္ကာႀကီးေတြ
ကို မ,ၿပီး က်ဳပ္အထဲကို ၾကည့္လိုက္တယ္။
ဟာ နန္းေဆာင္တစ္ခုလုံး ေမႊးၿပီး လင္းေန
တာဗ်။ အို ေ႐ႊသလြန္ေပၚ ထိုင္ေနတဲ့မိန္း
မက လွလိုက္တာဗ်ာ။ သူ႔ေဘးမွာ မတ္
တတ္ရပ္ေနတဲ့ မိန္းကေလး ေလးေယာက္
က ေ႐ႊယပ္ေတာင္ေတြ ကိုင္လို႔ဗ်။
အားလုံးကေတာ့ ေက်ာက္႐ုပ္ေတြလို
ၿငိမ္ေနတာေပါ့ဗ်ာ။ ဆရာဖိုးရဲ႕ အင္းအ
စြမ္းက ထက္ပါဘိဗ်ာ။
“သတိထား ေမာင္တာေတ၊ ဒီသိုက္ကို
ေ႐ႊၾကာယံသိုက္လို႔ ေခၚတယ္၊ သလြန္ေပၚ
ကဟာ ေ႐ႊၾကာယံသခင္မကြဲ႕၊ ေဘးကဟာ
က သူရဲ႕ ရံေ႐ႊေတာ္ေတြကြ”
ဟာ ဟုတ္ပါ့ဗ်ာ၊ ေ႐ႊၾကာယံသခင္မရဲ႕
ေ႐ႊက ကတၱီပါဖုန္ေပၚမွာထိုင္ၿပီး ဘင္ဂ်ိဳ
ကို အဆက္မျပတ္တီးေနတာ က်ဳပ္တို႔
႐ြာက ဦးဘေစာႀကီးမွ ဦးဘေစာႀကီး
အစစ္ဗ်။ သူက မ်က္စိမျမင္ေတာ့ ေ႐ႊ
ၾကာယံ သခင္မ အင္းနဲ႔ အခ်ဳပ္ခံထား
ရတာကို မျမင္ဘူးေပါ့ဗ်ာ။ သူေဖ်ာ္ေျဖ
ေနက်အခ်ိန္မွာ လာၿပီး ေဖ်ာ္ေျဖေန
တာ ထင္တယ္ဗ်။
က်ဳပ္ ဘင္ဂ်ိဳဘေစာနားကို ေျပးကပ္
လိုက္ၿပီး သူ႔ပခုံးကို လႈပ္လိုက္တယ္။
“ဦးဘေစာ၊ ဦးဘေစာ၊ ခင္ဗ်ား ထေနာင္း
ကုန္းက ဦးဘေစာမို႔လား၊ ဘင္ဂ်ိဳဘေစာ
ဆိုတာေလ”
ဒီေတာ့မွ ဘင္ဂ်ိဳဘေစာက သူဆိုေနတဲ့
နန္းၾကာညိဳေၾကာ့ကို ရပ္လိုက္ၿပီး ပ်ာ
ပ်ာသလဲနဲ႔ …
“ေအး ဟုတ္တယ္၊ မင္းက ဘယ္သူတုံး”
“က်ဳပ္က ထေနာင္းကုန္းသား တာေတဗ်”
“ေမာင္တာေတ ဘေစာက ျမန္ျမန္ေခၚ
ထုတ္သြား၊ ဝင္တဲ့အေပါက္ကို ေရာက္
ေအာင္ ေျပးေတာ့ ”
က်ဳပ္လည္း ဘာမွေတြးမေနေတာ့ဘဲ
မ်က္မျမင္ ဘင္ဂ်ိဳဘေစာႀကီးရဲ႕ ဘင္ဂ်ိဳ
ကို ပခုံးထမ္းၿပီး ဦးဘေစာႀကီးကို လက္
တစ္ဖက္ကဆြဲၿပီး ေျပးရေတာ့တာေပါ့ဗ်ာ။
လက္ထဲမွာလည္း ဆရာဖိုး ေပးထားတဲ့
သက္ေစာင့္အင္းက အဆင္သင့္ဗ်။
ဒါေပမဲ့ တံခါးေပါက္ကို ေရာက္တဲ့အထိ
ဘာမွ အႏၲရာယ္ မေတြ႕ခဲ့ပါဘူးဗ်ာ။
က်ဳပ္တို႔ေနာက္က ဆရာဖိုး ထြက္
လာတယ္။
“ကဲေဟ့ ေမာင္တာေတ ေနာက္ဆုတ္
က်ဳပ္ သိုက္ျပန္ေဖ်ာက္ေတာ့မယ္”
ေျပာေျပာဆိုဆိုနဲ႔ ဆရာဖိုးက အင္းႏွစ္
ခ်ပ္ကို ဆက္တိုက္ပစ္သြင္းလိုက္တယ္။
“ဝုန္း” “ဝုန္း”
ေဟာ သိုက္နန္းႀကီး ျဗဳန္းကနဲ
ေပ်ာက္သြားၿပီဗ်ိဳ႕။
“ပထမအင္းက သူတို႔ကို အေႏွာင္အဖြဲ႕က
လႊတ္ေပးလိုက္တာ။ ေနာက္အင္းက သိုက္
နန္းႀကီးကို ျပန္ေဖ်ာက္လိုက္တာကြ၊ ကဲ
ခပ္သုတ္သုတ္ သြားၾကေတာ့ေဟ့၊ ဆရာ
ႀကီးက ေနာက္က အေျခအေနကိုၾကည့္
ရင္း လိုက္ခဲ့မယ္”
ေခ်ာ္တြင္းကုန္းေရာက္ေတာ့ လင္းၾကက္
ေတာင္ တြန္ၿပီဗ်။ ဆရာႀကီးက ဦးဘ
ေစာကို ေနာက္တစ္ခါ သိုက္က လာမ
ေခၚႏိုင္ေအာင္ အင္းတစ္ခ်ပ္ ျပာခ်ၿပီး
တိုက္တယ္။ မနက္ပိုင္းမွာပဲ ကိုႀကီး
သိန္းေမာင္က က်ဳပ္နဲ႔ ဘင္ဂ်ိဳဘေစာ
ကို သူ႔လွည္းနဲ႔ လိုက္ပို႔တယ္။
က်ဳပ္ မျပန္ခင္ ဆရာဖိုးက က်ဳပ္ကို
ေက်းဇူးတင္လြန္းလို႔ဆိုၿပီး အင္းေတြ
ေပးလိုက္တယ္ဗ်။ ဆရာဖိုးရဲ႕ အင္းေတြ
စြမ္းတာေတာ့ က်ဳပ္လက္ေတြ႕ပါပဲဗ်ာ။
ထေနာင္းကုန္းကိုေရာက္ေတာ့ က်ဳပ္က
လွည္းကို ကိုခ်က္ႀကီးတို႔ဝိုင္းအထိ တန္း
ေမာင္းခိုင္းလိုက္တယ္။
“ေလးေလးခ်က္ႀကီး၊ ျမန္ျမန္လာဗ်ိဳ႕”
“ေဟ့ တာေတလား၊ ဘာျဖစ္လို႔တုံးကြ”
“ဒီမွာ ခင္ဗ်ားဘေထြး၊ ဘင္ဂ်ိဳဘေစာကို
က်ဳပ္ ျပန္ေခၚလာၿပီဗ်”
“ေဟ ဟုတ္လား၊ ဘယ္မွာတုံး”
ဝိုင္းထဲက ကိုခ်က္ႀကီးတို႔မိသားစုေတြ
ေျပးထြက္လာၾကတာဗ်ိဳ႕။
“ဟာ ဘေထြး”
“ဟာ အစ္ကိုေလးပါလား”
ေျပာရင္းနဲ႔ ဘင္ဂ်ိဳဘေစာႀကီးကိုဖက္ၿပီး
ငိုၾကပါေလေရာဗ်ာ။ ဘင္ဂ်ိဳဘေစာက
လည္း မ်က္ရည္ေတြ က်လို႔ဗ်။
ဒီသတင္းက ခ်က္ခ်င္းအိမ္နီးခ်င္းေတြ
ဆီကို ပ်ံ႕သြားၿပီး ႐ြာထဲကလူေတြပါ
ေရာက္ခ်လာၾကတာေပါ့ဗ်ာ။ သူတို႔ေတြ
ဝိုင္းထဲဝင္သြားတဲ့ အခ်ိန္မွာပဲ က်ဳပ္နဲ႔
ကိုသိန္းေမာင္က လွည္းနဲ႔ ျပန္ထြက္
လာခဲ့ရတာဗ်ိဳ႕။
က်ဳပ္တို႔ ႐ြာသားေတြဆိုတာ အံ့ၾသလြန္းလို႔
အဲဒီေန႔က ထမင္းစားဖို႔ေတာင္ ေမ့ေနၾက
တယ္ဆိုပဲ။ အဲဒီညက စၿပီး က်ဳပ္တို႔႐ြာထဲ
မွာ ဘင္ဂ်ိဳဘေစာရဲ႕ နန္းၾကာညိဳေၾကာ့
ဘင္ဂ်ိဳသံေလးက အၿမဲလႊမ္းေနေတာ့တာေပါ့ဗ်ာ။
ၿပီးပါၿပီ
Comments
Post a Comment