လူနက်ကြီး (စ / ဆုံး)
ကျုပ်ပြောတော့ ကိုကြီးပွေလီက အင်္ကျီချွတ်ပြီး
သူ့ကျောကုန်းကို ပြရှာတယ်ဗျ
"ဟာ ဖနောင့်ရာကြီး မရှိတော့ဘူး ကိုကြီးပွေလီရေ"
"ဟေ…ဟုတ်လား၊ မင်းဆေးက တော်တော်စွမ်းပါလား
တာတေရ"
"ဆေးစွမ်းတာထက် ကိုကြီးပွေလီကို ကန်သွားတာ
မကောင်းဆိုးဝါးဆိုတာ သေချာနေပြီဗျ။ ဒါ သစ်စုန်း
ဆေးတော်ဗျ၊ ကန်သွားတာက လူဆိုရင် ဘာမှ
ထူးခြားမှာ မဟုတ်ဘူး၊ အခုဟာက မကောင်းဆိုးဝါး
ကန်တာမို့လို့ ချက်ချင်းပျောက်သွားတာ၊ သစ်စုန်း
ဆေးတော်က စုန်း၊ တစ္ဆေ၊ သရဲ၊ ဘုတ်၊ ပြိတ္တာတွေ
ဆိုရင် လွှတ်နိုင်တဲ့ဆေးဗျ ကိုကြီးပွေလီရဲ့"
"ဟေ…ဒါဆိုရင် ညက ငါ ဓါးနဲ့ပြေးခုတ်တဲ့
လူနက်ကြီးက လူမဟုတ်ဘူးပေါ့ ဟုတ်လား တာတေ"
"ဘယ်က လူဟုတ်မှာတုံး ကိုကြီးပွေလီရာ၊
အဲဒါ တစ္ဆေလား၊ မြေဘုတ်လား တစ်ခုခုပဲဗျ"
"ဟာ ဒါဆိုရင် တို့ရွာထဲကို မကောင်းဆိုးဝါး
ဝင်နေပြီပေါ့ တာတေ"
"ဟုတ်တယ်ဗျ ကိုကြီးပွေလီရ၊ သတိတော့
ထားကြရလိမ့်မယ်၊ ရွာထဲကို မကောင်းဆိုးဝါး
ရောက်နေတယ်ဆိုတာ ကောင်းတာမဟုတ်ဘူးဗျ၊
ဒီအကောင် ရွာထဲကို ဘယ်လိုလုပ်ပြီး
ဝင်လာတာပါလိမ့်။ ဒီလိုကောင်တွေ မပြောနဲ့၊
မဖဲဝါတောင် ရွာတွေထဲကို ဝင်လို့မရဘူး၊
ရွာတွေမှာ သူ့ပိုင်ရာဆိုင်ရာဆိုတာ ရှိတယ်ဗျ
ကိုကြီးပွေလီရဲ့၊ တစ္ဆေ၊ သရဲတွေ ဝင်ချင်တိုင်း
ဝင်လို့ရတာ မဟုတ်ဘူး။ အထက်ပုဂ္ဂိုလ်ကြီး
တွေရဲ့ အမိန့်ဆိုတာကို ဒီလိုကောင်တွေ
နည်းနည်းမှ လွန်ဆန်ရဲတာ မဟုတ်ဘူးဗျ။
တစ်ခါတစ်ရံတော့လည်း ပိုင်ရာဆိုင်ရာတွေရဲ့
အလစ်မှာ ဝင်သွားတာတွေတော့ ရှိတာပေါ့ဗျာ။
ဒါလည်း ခဏပါပဲ၊ နောက်တော့ သိသွားတာပါပဲ၊
ဒါပေမဲ့ မွေးထားတဲ့ သရဲတွေကျတော့ တစ်မျိုး
ပေါ့ဗျာ၊ သူတို့ကတော့ ရွာသားလို ဖြစ်နေတော့
ရွာထဲမှာ သွားလာနိုင်ကြတယ်ဗျ။ ဒါလည်း
စည်းကမ်းနဲ့ နေကြရတာ၊ အခုဟာက
ဘာလဲဆိုတာကိုတော့ ကျုပ်တို့ စောင့်ကြည့်
ရဦးမယ်ဗျ ကိုကြီးပွေလီရ"
"အေး အေး၊ ဒါဆိုရင် ငါပြန်ဦးမယ်ကွာ၊
မင်းဆီကို ငါလာပြီး ဒီအကြောင်းတွေပြောတာ
ဘယ်သူမှ မသိစေနဲ့ကွာ"
"ဟာ ဒါတော့ စိတ်ချ ကိုကြီးပွေလီရေ၊ အဲဒီမှာ
အကြောင်းထူးရင်သာ ကျုပ်ကို ချက်ချင်းလာပြောဗျာ"
"အေး ပြောမယ်၊ ပြောမယ်"
ဝါးဖတ်ခမောက်ခလေး ခေါင်းမှာ ပြန်ဆောင်း
လိုက်ပြီး နှုတ်ခမ်းမွေးပြားပြားနဲ့ ကိုပွေလီကြီး
ပြန်သွားရောဗျို့၊ ကျုပ်ကတော့ လူနက်ကြီး
အကြောင်းကို ကျုပ်ဆက်ပြီး တွေးနေမိတော့
တာပေါ့ဗျာ။ ကျုပ်စိတ်ထင်တော့ တစ်နေရာကို
သွားရင်းနဲ့ ရွာထဲကိုဝင်ပြီး ဖြတ်သွားတာ
ဖြစ်မှာပေါ့ဗျာ၊ ဒါပေမဲ့ ကိုကြီးပွေလီ ပြေးပြီး
ဓါးနဲ့ပိုင်းလိုက်တဲ့ လူနက်ကြီးကိုတော့
ကျုပ် တော်တော်လေး စိတ်ဝင်စားသွားတာ
အမှန်ပဲဗျ။
နေအတော်လေး မြင့်လာတော့ ညက
ဘန့်ဘွေးကုန်းမှာ တွေ့လိုက်တဲ့ လူနက်ကြီး
သတင်းက ကျုပ်တို့ ထနောင်းကုန်းမှာ
တော်တော်လေူ ပျံ့နေပြီဗျ။ စျေးဆိုင်မှာ
စျေးသွားဝယ်ပြီး ပြန်လာတဲ့ ကျုပ်အမေကတောင်
ကျုပ်ကို ဒီအကြောင်း ပြန်ပြောလို့ဗျ။
"တာတေ၊ မနက်စောစောက ပွေလီ
နင့်ဆီလာသွားတာ ဒီကိစ္စ လာပြောတာမို့လား၊
ညက ဘန့်ဘွေးကုန်းမှာ လူနက်ကြီးဝင်တဲ့
ကိစ္စလေ"
"ဟုတ်တယ် အမေရ၊ သက်သက်လန့်တာနေမှာပါဗျာ"
ကျုပ်က အမေ ဘာတွေကြားလာလဲဆိုတာ
သိချင်တာနဲ့ တမင်ပြောလိုက်တာဗျ။ အမေက
ကျုပ်ဘက်ကို လှည့်လိုက်ပြီး ပြောရောဗျ။
"တာတေ၊ သက်သက်လန့်တာ မဟုတ်ဘူးဟဲ့၊
မြင်တဲ့သူတွေက တကယ်မြင်လိုက်တာတဲ့။
အရပ်ကြီးက ဆယ်ပေလောက် ရှိတယ်ဆိုပဲ၊
ကိုယ်လုံးကြီးကလည်း အကြီးကြီးပဲတဲ့ဟဲ့"
ကျုပ်တို့ရွာသားတွေဆီကို ရောက်လာပြီဆိုရင်
တစ်စိတ်က တစ်အိတ်ဖြစ်ပြီပေါ့ဗျာ။
"သရဲတွေ့လိုက်တာ ဖြစ်မှာပေါ့ အမေရာ"
"ဒါနဲ့ ပွေလီကရော ဘာတွေပြောသွားတုံး နင့်ကို"
"အဲဒီအကြောင်းပဲ လာပြောတာပါ အမေရာ၊
ညက သူတို့တစ်ရွာလုံး လန့်ကြတဲ့အကြောင်းပေါ့"
"အေးဟဲ့၊ ညက ငါလည်း အိပ်ပျော်သွားလိုက်တာ
မိုးလင်းမှ တစ်ရေးပဲနိုးတာ၊ ခါတိုင်းဆိုရင် တစ်ညကို
နှစ်ခါ သုံးခါ နိုးတာ၊ ဒါကြောင့် ဘာသံမှ မကြားလိုက်တာ။
ရွာထဲက လူတွေက ညတည်းက အသံတွေကြားလို့
ထွက်ကြည့်ကြတယ်ဆိုပဲ၊ သူတို့က ဘန့်ဘွေးကုန်း
မီးလောင်ကုန်း မီးလောင်တယ်ထင်လို့ ထွက်ကြည့်
ကြတာတဲ့"
"ကျုပ်လည်း အိပ်ပျော်နေတာ၊ ဘာသံမှ
မကြားလိုက်ဘူး၊ အမေရ၊ ကိုပွေလီကြီး
လာပြောမှ ဒီအကြောင်း သိတာဗျ"
"နေဦးဟဲ့ တာတေရဲ့၊ ဒီည ငါတို့ကင်းလှည့်ထင်တယ်"
အမေပြောမှ ကျုပ်ရက်တွက်ကြည့်မိတယ်ဗျ။
"ဟာ ဟုတ်သားပဲ အမေရ၊ ဒီည ကျုပ်ကင်းလှည့်ဗျ၊
ကျုပ်ရယ်၊ချက်ဖောင်းရယ်၊ ပုရစ်ရယ် ကင်းတွဲဗျ"
"အေး ဒါဆိုလည်း သတိဝီရိယနဲ့ စောင့်ကြနော်၊
အကုန်လုံးလည်း တစ်ပြိုင်တည်း အိပ်မနေကြနဲ့ဦး"
"မအိပ်ပါဘူး အမေရာ၊ အလှည့်ကျ အိပ်တာပါ၊
နှစ်ယောက်စောင့် တစ်ယောက်အိပ်ပေါ့ဗျာ"
ညနေ လေးနာရီလောက်ကျတော့ အဘ မြို့က
ပြန်ရောက်လာတယ်ဗျ။ ကျုပ်တို့ရွာမှာက ကား
ထောင်တဲ့လူ မရှိဘူးလေဗျာ၊ ဘန့်ဘွေးကုန်းမှာသာ
ကားထောင်တဲ့သူရှိတာ၊ ကျုပ်တို့မြို့သွားချင်ရင်
ဘန့်ဘွေးကုန်းကိုသွားပြီး စီးကြရတာ။ ပြန်ရင်လည်း
ဘန့်ဘွေးကုန်းကနေ ရွာကို လျှောက်ပြန်ရတာဗျ။
အဘလည်း ဘန့်ဘွေးကုန်းမှာ ဒီသတင်း
ကြားခဲ့ပြီးပြီပေါ့ဗျာ။
"ကိုဥာဏ် တော် ဘာတွေကြားခဲ့တုံး"
အမေက အဘကို ဆီးမေးတော့တာဗျို့။ အဘက
ခေါင်းမှာပေါင်းထားတဲ့ အညာတဘက်အကြားလေးကို
ဖြုတ်လိုက်ပြီး ပြောသဗျ။
"အေး ကြားတယ်ဟဲ့ ငွေစိန်ရဲ့၊ လူနက်ကြီး
တွေ့လို့တဲ့၊ ကင်းတဲက သံချောင်းခေါက်လို့
ရွာသားတွေ ဝိုင်းလိုက်တော့ ပျောက်သွားတယ်တဲ့။
သရဲနေမှာပေါ့ဟယ်၊ ဘယ်ကသရဲက ရွာထဲ
ဝင်လာတာလဲမှ မသိတာ၊ ရွာသားတွေနဲ့ တွေ့တော့
သရဲလည်း ပြေးရတော့တာပေါ့ဟာ"
အဘကတော့ ကျုပ်တွေးသလိုပဲ တွေးတာဗျ။
သိပ်လည်း အရေးထားပုံ မရဘူးဗျ။ ညရောက်တော့
ကျောက်ခဲနဲ့ သံမဏိ ကျုပ်ကို လာခေါ်တယ်။
ဒီကောင်နှစ်ကောင်က ကျုပ်ကင်းလှည့်ဆိုရင်
ကျုပ်ဆီကို လာနေကျဗျ။ ကင်းတဲမှာ
ရေနွေးသောက်၊စကားပြောနဲ့ တော်တော်လေး
ညဉ့်နက်မှ ပြန်အိပ်ကြတာ။ ကျုပ်က
ရွာလယ်ကင်းမှာ စောင့်ရတာလေဗျာ။
ဘန့်ဘွေးကုန်းက သုံးကင်းပဲထားတာ။
ကျုပ်တို့ ထနောင်းကုန်းက ရွာပိုကြီးတော့
ငါးကင်းထားရတယ်။ ရွာလယ်ကင်း၊
အရှေ့ပိုင်းကင်း၊ အနောက်ပိုင်းကင်း၊
တောင်ပိုင်းကင်း၊ မြောက်ပိုင်းကင်း
အားလုံး ငါးကင်းဗျ။ ကိုယ့်အိမ် ကင်းလှည့်
ကျလို့ မစောင့်နိုင်ရင် လူငှားရတာပေါ့ဗျာ
ကျုပ်တို့ရောက်တော့ ပုရစ်က ရောက်နှင့်နေပြီဗျ။
ချက်ဖောင်းတော့ မရောက်သေးဘူးဗျ။ ပုရစ်အိမ်က
လက်ဖက်ခြောက်ခတ်ပြီး ယူလာတဲ့ ရေနွေးကြမ်း
ကရာကြီးက အသင့်ချလို့ဗျ။ အကြမ်းပန်းကန်
ငါးလုံးလည်း ဆေးပြီးသားချလို့။
ကျုပ်တို့လေးယောက် ရေနွေးအိုးကြီးကို
ဝိုင်းထိုင်ပြီး အကြမ်းဝိုင်းဖွဲ့ရုံပဲ ရှိသေးတယ်
ချက်ဖောင်း ရောက်လာတယ်ဗျ။ ဒီကောင့်မှာ
အညာစောင်အထူကြီးတစ်ထည် ပါလာတယ်။
လေးခွတစ်ချောင်းနဲ့ လောက်စာလုံးတွေလည်း
ပါလာတယ်။ ပုရစ်က ချက်ဖောင်းရဲ့ လေးခွကို
သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။
"ဟာ မင်းလေးခွက ကောင်းလှချည်လားကွ၊
ကျွဲချိုခွပဲ ချက်ဖောင်းရ"
ဟုတ်တယ်ဗျ။ ချက်ဖောင်းလေးခွက ကျွဲချိုခွဗျ။
ကွေးကွေးလေး လုပ်ထားတာ။ တော်တော်လှတယ်။
"ငါ့ခွက ကျွဲချိုတော့ မဟုတ်ဘူးကွ၊ ဒါပေမဲ့
ပိတောက်သားခွကွ။ ခွလုပ်ထားတာ အချိုး
ကိုက်လို့လား မသိဘူး။ပစ်လိုက်ရင် တန်းမှန်
တာဟေ့"
ပြောပြောဆိုဆိုနဲ့ ပုရစ်ကလည်း သူ့လေးခွကို
ထုတ်ပြတယ်။ ပိတောက်သားခွ ညိုညိုလေးဗျ။
ကျုပ်ကတော့ ဘာခွမှ မပါဘူး။
ငါးတောင့်ထိုးဓါတ်မီးကြီးပဲ ပါတယ်။ ကင်းတဲပေါ်မှာ
စကားလေးပြောလိုက် ပဲကြီးလှော်နဲ့ ထန်းလျက်ခဲလေး
စားလိုက်၊ ရေနွေးကြမ်းလေး သောက်လိုက်နဲ့ပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်တို့အားလုံး နားတွေ မျက်စိတွေကတော့
ဖွင့်ထားကြရတာဗျ။ တစ်နေရာရာက ချွတ်ကနဲ
ကြားတာနဲ့ ကျုပ်လက်ထဲက ငါးတောင့်ထိုးဓါတ်မီး
ကြီးနဲ့ ထိုးကြည့်ပြီးသားပဲဗျို့။
ညဆယ့်နာရီကျော်တာနဲ့ တော်တော်အေးလာပြီဗျ။
ကျောက်ခဲနဲ့ သံမဏိတို့နှစ်ယောက်က ခေါင်းစွပ်တွေ
ထုတ်ပြီး စွပ်ကြပြီဗျို့။ အနွေးထည်ကြီးတွေ
ဝတ်ထားတဲ့ကြားကကို ချမ်းနေတာဗျ။ ဒီကောင်
နှစ်ကောင် ပုဆိုးတွေ ခြုံထားကြတယ်။ တကယ်
ချမ်းလာပြီဆိုရင် ပုဆိုးခြုံတာက လွှတ်နွေးတာကိုးဗျ။
"ဝုတ်၊ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်"
"ဟော ခွေးဟောင်တယ်၊ ခွေးဟောင်တယ်"
ချက်ဖောင်းက ပြောတာဗျ။ ကျုပ်တို့အားလုံး
ခွေးဟောင်သံကို နားစွင့်ကြတယ်။ မြောက်ပိုင်းက
လာတဲ့ အသံဗျ။ ခွေးဟောင်တဲ့အသံကို
ကျုပ်သေသေချာချာ နားထောင်တော့ တစ်ခုခုတော့
ထူးပြီဆိုတာ ကျုပ်သိလိုက်တယ်ဗျ။
ဒါပေမဲ့ ခွေးဟောင်သံက ရပ်သွားတယ်။ ကျုပ်တို့
အားလုံး နားစွင့်ပေမယ့် ဘာသံမှ မကြားတော့ဘူးဗျ။
ဒါပေမဲ့ ဆယ့်တစ်နာရီလောက်ရောက်တော့ ကျောက်ခဲ
နဲ့ သံမဏိ ပြန်သွားကြတယ်။ သန်းခေါင်ကျော်လောက်
ရောက်တော့ အနောက်ပိုင်းက လူတစ်ယောက်
အော်တဲ့အသံနဲ့ ခွေးတွေ စူးစူးဝါးဝါး ထိုးဟောင်လိုက်တဲ့
အသံ ပေါ်လာရောဗျို့။
"ဝူး ၊ ဝူး၊ ဝူး၊ ဝုတ်၊ ဝုတ်၊ ဝုတ်"
"လူနက်ကြီးဟေ့၊ လူနက်ကြီး၊ နွားပေါက်ကလေး
ပါသွားပြီဟေ့၊ လိုက်ကြပါဟ၊ လိုက်ကြပါ"
"ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်"
ဟော မြောက်ပိုင်းကင်းကလည်း ခေါက်ပြီ။
ဟော အရှေ့ပိုင်း၊ တောင်ပိုင်း ကျုပ်တို့လည်း
ခေါက်ရပြီပေါ့ဗျာ။
"ဒေါင်၊ ဒေါင် ၊ ဒေါင်၊ ဒေါင်၊ ဒေါင်"
ပုရစ်က အချက်ပေးတဲ့ ကင်းသံချောင်းကို ခေါက်တယ်။
ကျုပ်က ကင်းတဲလာကတည်းက မလိုမယ်ကာ
မျက်ကွင်းဆေးကွင်းလာတာဗျ။ ကျုပ် ဓါတ်မီးနဲ့
ထိုးပြီး အရှေ့ အနောက် တောင် မြောက် အားလုံး
လိုက်ကြည့်တယ်။
"ဟာ လူနက်ကြီး၊ လူနက်ကြီး"
ကျုပ်ပါးစပ်က လွှတ်ကနဲ အော်လိုက်မိတာဗျ။
ကျုပ်ရဲ့ ဓါတ်မီးရောင်အောက်ကနေ ဖြတ်ပြေး
သွားတာဗျို့။
"ဟင်…တာတေ၊ လူနက်ကြီး ဟုတ်လား"
ချက်ဖောင်းက ကြောက်လန့်တကြား မေးတာဗျို့။
"အေး ဟုတ်တယ်၊ မြောက်ဘက်ကိုပြေးပြီ၊
ပခုံးပေါ်မှာ နွားပေါက်လေး ထမ်းသွားတယ်ကွ၊
နည်းတဲ့အရပ်ကြီး မဟုတ်ဘူး ခေါင်းတုံးကြီးနဲ့ကွ"
"ဟာ ဟုတ်လား၊ မင်း သေသေချာချာ မြင်လိုက်တယ်၊
ဟုတ်လား တာတေ"
"အေး ငါမြင်လိုက်တယ်၊ ဒီကောင်ကြီးတော့
ငါတို့ရွာကို မွှေပြီဟေ့"
ခဏနေတော့ အိမ်ထဲကလူတွေ ထွက်လာကြရောဗျို့။
ဓါတ်မီးတွေ တဝင်းဝင်းနဲ့ ဟိုထိုး သည်ထိုး လုပ်ကြ
တာပေါ့ဗျာ။
"မြောက်ပိုင်းက စံကွန့်တို့ဝိုင်းထဲက နွားပေါက်
ကလေးကို ဝင်ဆွဲတာတဲ့ကွ"
"ဟာ ဟုတ်လား၊ ပါသွားရောလား"
"အေး ပါသွားတယ်၊ နွားဖြူလေးတဲ့ကွ"
"ဟာ လူနက်ကြီး ဟုတ်လား"
"အေး စံကွန့် မြင်လိုက်တာ လူနက်ကြီးတဲ့ကွ"
တစ်ယောက်တစ်ပေါက် ပြောသံတွေ ဆူညံ
နေတော့တာပေါ့ဗျာ။
"ကိုကြီးတာတေ၊ မြင်လိုက်သေးလား"
ကျောက်ခဲနဲ့ သံမဏိပါ ပြန်ရောက်လာကြတာဗျ။
ကျောက်ခဲက ကျုပ်ကို မေးတာ။ ကျုပ်က အသံ
ခပ်တိုးတိုးနဲ့ ကျောက်ခဲတို့ကို ပြောပြတယ်။
"ငါ အိမ်မှာကတည်းက မျက်ကွင်းဆေး ကွင်းလာတာကွ၊
ဟိုဘက်လမ်းကို ဖြတ်ပြေးသွားတာ၊ ငါ့ဓါတ်မီးရောင်
အောက်မှာ သေသေချာချာကို မြင်ရတာ၊ လူနက်ကြီးကွ
ကျောက်ခဲရ၊ အရပ်ကြီး အရှည်ကြီးပဲ ခုနှစ်ပေလောက်
ရှိမယ်၊ ခေါင်းတုံးကြီးနဲ့ ၊ ကိုယ်လုံးကြီးကလည်း
အကြီးကြီးပဲ၊ နံကယ်ပိုင်း အပြာကွက်ကြီး
စည်းထားတာ။ အပေါ်ပိုင်းက ဘာမှမပါဘူးကွ၊
နွားပေါက်အဖြူလေး ထမ်းပြီး ပြေးသွားတာကွ"
"ဟာ…ကြောက်စရာကြီးပါလား ကိုကြီးတာတေရာ"
ခဏနေတော့ ကလေးတွေကို နေခဲ့ခိုင်းပြီး
လူကြီးတွေနဲ့ ကာလသားတွေ စုပြီး မြောက်ပိုင်းမှာ
ဓါတ်မီးတွေနဲ့ လိုက်ထိုးပြီး ရှာကြတာပေါ့ဗျာ။
သစ်ပင်ကြိုကြား၊ အိမ်တွေပတ်ပတ်လည်၊
လမ်းကြိုလမ်းကြား၊ အို…နေရာလပ်မကျန်အောင်
ရှာကြတာဗျို့၊ ဒါပေမဲ့ ဘာမှ မတွေ့ပါဘူးဗျာ။
ဒါနဲ့ မြောက်တံခါးဖွင့်ပြီး ရွာပြင်ထွက်ရှာကြတယ်။
"ဟာ …ဟိုမှာ ဟိုမှာ နွားဖြူလေး၊ နွားဖြူလေး"
ဘထွေးထွန်းလှက အရင်ဆုံး လှမ်းမြင်လိုက်တာဗျ။
ဘန့်ဘွေးကုန်းကို သွားတဲ့လမ်းက ဘိစပ်ချုံကြီး
ဘေးမှာ လဲနေတဲ့နွားဖြူလေးကို မီးရောင်အောက်မှာ
လှမ်းမြင်ရတာဗျ။
"ဟေ့ကောင်တွေ ရမ်းမသွားနဲ့၊ သတိထား၊
ဘိစပ်ချုံထဲကို လေးခွနဲ့ အရင်ပစ်ကြစမ်း"
လေးလေးချက်ကြီးက အော်ပြီး သတိပေးတော့မှ ရှေ့က
သွားနေတဲ့လူတွေတုံ့ကနဲ ရပ်သွားပြီး ဘိစပ်ချုံထဲကို
လေးခွတွေနဲ့ ဝိုင်းပစ်ကြတော့တာဗျို့။ ဒါပေမဲ့ ဘာမှ
မရှိဘူးဗျ။ ဒီတော့မှ ရှေ့တိုးသွားကြတာပေါ့ဗျာ။
နွားဖြူလေးက သေနေပြီ။ ကျုပ်တို့ ဓါတ်မီးတွေနဲ့
ထိုးပြီး ကြည့်တော့ လည်းပင်းကို
လိမ်ပြီးချိုးထားတာဗျ။
ပြီးတော့ ဂုတ်မှာ ဒဏ်ရာကြီးဗျ။ နည်းတဲ့ဒဏ်ရာ
မဟုတ်ဘူး၊ ဒါနဲ့ ဒါ ဘာဒဏ်ရာလဲဆိုပြီး လူကြီး
တွေက ကြည့်ကြတော့ ဓါးဒဏ်ရာလည်း
မဟုတ်ဘူးဗျ။
"ဟာ…ဒါ ပါးစပ်နဲ့ကိုက်ထားတဲ့ ဒဏ်ရာကွ၊
ပါးစပ်နဲ့ ကိုက်ပြီး သွေးစုပ်သွားတာကွ၊ နွားကိုယ်ထဲမှာ
သွေးမရှိတော့ဘူး၊ မယုံရင် မင်းတို့ ဖိပြီးညှစ်ကြည့်"
ဘထွေးထွန်းလှက ပြောတော့ ကိုရွှေမောင်း
ဆိုတဲ့ တောင်ပိုင်းကလူတွေ နွားကို ဖိပြီးညှစ်
ကြည့်တယ်၊ ဟုတ်တယ်ဗျ၊ ဘာသွေးမှ
ထွက်မလာဘူး
" ကဲ တွေ့လား၊ ဒါ သွေးစုပ်သွားတာကွ"
ဘထွေးထွန်းလှက ထပ်ပြောတော့ ကျုပ်တို့
ရွာသားတွေ တစ်ယောက်မျက်နှာ တစ်ယောက်
လှည့်ကြည့်ကြတယ်၊ ဓါတ်မီးရောင်အောက်မှာ
မျက်နှာလေးတွေ ငယ်လို့ဗျ။ တော်တော်ကို
ကြောက်သွားကြတဲ့ပုံပဲဗျို့။
"ဘထွေး၊ ဒါဆိုရင် လူနက်ကြီးက
သွေးစုပ်ဖုတ်ကောင်ကြီးလားဗျ"
ပုရစ်က လှမ်းမေးလိုက်တာဗျ။
"ပုရစ်ရေ၊ ဖုတ်ကောင်လား ဘာလားတော့
ဘထွေး မသိဘူးကွ၊ သွေးစုပ်တာတော့ သေချာတယ်"
ဘထွေး ပြန်ပြောလိုက်တော့ ကျန်တဲ့လူတွေလည်း
ကြောင်တောင်တောင် ဖြစ်ကုန်ပြီး ဘာပြောရမှန်း
မသိအောင်ကို ဖြစ်သွားရောဗျို့။
"ကဲ မျိုးဆွေတို့၊ ခင်ထွန်းတို့ ၊ ပေါက်စတို့ လာကြဟေ့၊
နွားဖြူလေးကို ရွာထဲ ပြန်သယ်ကြရအောင် "
လေးလေးချက်ကြီးက ဆော်သြလိုက်တော့
ပေါက်စတို့က နွားဖြူလေးကို သယ်ဖို့ လုပ်ကြ
တာပေါ့ဗျာ။
"နေဦးကွ ချက်ကြီးရ၊ ငါ တစ်ခု တွေးမိတယ်ကွ၊
ဒီနွားသေကို ရွာထဲပြန်ယူလို့ ဖြစ်ပါ့မလားကွ၊
တော်တော်ကြာ လူနက်ကြီးက နွားသေနောက်ကို
ပြန်လိုက်လာရင် ခက်မယ် "
ဘထွေးထွန်းလှက ပြောလိုက်တာဗျ။
"ဟင်…ဒါဆိုရင် ဘယ်လိုလုပ်မတုံး ဘထွေးရဲ့"
"ငါတော့ ဒီနားမှာပဲ ကျင်းတူးပြီး မြှုပ်ပစ်လိုက်ချင်
တယ်ကွာ၊ နေဦး၊ ဒီထဲမှာ နွားရှင် စံကွန့်ပါလားဟေ့"
"ဘထွေးထွန်းလှ ကျုပ် ဒီမှာဗျ ။ ခွေးဟောင်သံတွေ
ကြားလို့ ကျုပ် ကပျာကယာ ထကြည့်တော့
လူနက်ကြီးက ကျုပ်နွားလေးကို လည်လိမ်ချိုးပြီး
ပခုံးမှာ ထမ်းပြေးတာဗျ။ ဝိုင်းတံခါးပိတ်ထားတာကို
ဘယ်လိုထွက်သွားလဲ မသိဘူးဗျာ၊ အပြင်ရောက်
သွားတာပဲဗျ ဘထွေးရဲ့ "
အားလုံးကတော့ နွားသေလေးကို ရွာပြင်မှာပဲ
မြှုပ်ပစ်လိုက်စေချင်ကြတယ်ဗျ။
"ကဲ စံကွန့်၊ မင်းရော ဘယ်လိုလုပ်ချင်တုံး၊
ရွာထဲပြန်သယ်ချင်လား၊ ဒီမှာမြှုပ်ခဲ့မလား"
"ဟာ ဘထွေးတို့ ကြိုက်သလိုလုပ်ဗျာ၊
နွားက သေနေပြီပဲ၊ မကောင်းဆိုးဝါး သွေးစုပ်
ထားတဲ့ နွားကို ကျုပ်လည်း ရွာထဲက
ပြန်မသယ်ချင်ပါဘူးဗျာ"
"ကဲ ဒါဆိုရင် မျိုးဆွေတို့ ရွာထဲပြန်ကွာ၊
တူရွင်းတွေ ပေါက်တူးတွေ သုံးလေးလက်
ယူခဲ့၊ မြန်မြန်ပြန်ခဲ့ကြဟေ့ ကြားလား"
"ဟုတ်ကဲ့ ဘထွေး"
မျိုးဆွေတို့ ပေါက်စတို့ လေးယောက် ရွာထဲ
ပြန်သွားပြီး ပေါက်တူးတွေ တူးရွင်းတွေ
ယူလာကြတယ်။
လေးလေးချက်ကြီးက ဘန့်ဘွေးပင်ကြီး နှစ်ပင်
ကြားက နေရာမှာ တူးခိုင်းလိုက်တယ်ဗျ။
ကျုပ်တို့တွေ တစ်ယောက်တစ်လှည့် ဝိုင်းတူး
လိုက်ကြတာ သိပ်မကြာဘူးဗျ။
ကျင်းတူလို့ ပြီးသွားရောဗျို့။ နွားသေလေးကို
မြေကျင်းအနက်ကြီးထဲမှာ ထည့်ပြီး မြှုပ်လိုက်
ကြတယ်။ သေသေချာချာ မြေဖို့ပြီးမှ ကျုပ်တို့
အားလုံး ရွာထဲကို ပြန်လာခဲ့ကြတယ်။ကျုပ်ဒို့
ကင်းမှာ နဂိုအတိုင်း သုံးယောက် ပြန်ဖြစ်သွား
တော့တာပေါ့ဗျာ။ ကျုပ်တို့ သုံးယောက်စလုံး
မိုးလင်းတဲ့အထိ မအိပ်ဘဲ စောင့်ကြပေမယ့်
ဘာမှထူးထူးခြားခြား မရှိတော့ဘူးဗျ။
မနက်ကျတော့ ထနောင်းကုန်းကို လူနက်ကြီး
ဝင်သွားတဲ့အကြောင်း၊ နွားပေါက်ကလေးကို
ထမ်းပြီး ရွာပြင်ထွက်သွားတဲ့အကြောင်း၊
နွားလေးတစ်ကိုယ်လုံးက သွေးတွေစုပ်သွားတဲ့
အကြောင်းတွေ အနီးအနားရွာတွေအထိ
ပျံ့နှံ့သွားတော့တာပေါ့ဗျာ
ဘန့်ဘွေးကုန်းတို့၊ မီးလောင်ကုန်းတို့လို
ကပ်နေတဲ့ရွာတွေကတော့ ချက်ချင်း
ရောက်လာပြီး သတင်းမေးကြတာပေါ့ဗျာ
ပြဿနာက ဒါနဲ့တင် ပြီးမသွားဘူးဗျို့။
နောက်ညတွေက စပြီး ထနောင်းကုန်း၊
မီးလောင်ကုန်း၊ ဘန့်ဘွေးကုန်းရွာတွေမှာ
လူနက်ကြီးကို မမြင်ရတော့ပေမယ့်
မနက်မိုးလင်းရင် ဟိုဝိုင်း ဒီဝိုင်းတွေမှာ
အိပ်တန်းတက်နေတဲ့ ကြက်တွေ တန်းအောက်
ပြုတ်ကျပြီး သေနေတာတွေ နေ့တိုင်း
တွေ့ရရောဗျို့။ ကြက်တွေအားလုံးကို
လည်ပင်းက ကိုက်ဖောက်ပြီး သွေးတွေ
စုပ်ထားတာဗျ။
ဒီတော့ ထနောင်းကုန်း၊ ဘန့်ဘွေးကုန်း၊
မီးလောင်ကုန်းက ရွာသားတွေ ထိတ်လန့်ကုန်
တော့တာပေါ့ဗျာ။ ညဆိုရင် အိမ်တံခါးတွေ
ပိတ်ပြီး အိမ်ထဲမှာပဲ နေကြတာဗျ။ ကင်းစောင့်
ရတဲ့လူတွေလည်း လန့်ကြတာပေါ့ဗျာ။
ကင်းတွဲတွေတောင် ပြန်ပြီးတွဲကြရတာဗျ။
ကင်းသုံးယောက်မှာ လူကြီးပိုင်းတစ်ယောက်
ထည့်ပေးရတာပေါ့ဗျာ။
အရေးရယ် အကြောင်းရမယ်ဆိုရင် လူကြီး
တစ်ယောက် ပါမှ ဖြစ်မှာလေ။ ကျုပ်က သတိထားပြီး
နားထောင်နေတာဗျ။ ထနောင်းကုန်းရယ်၊ ဘန့်ဘွေး
ကုန်းရယ်၊ မီးလောင်ကုန်းရယ်ကို လူနက်ကြီးက
အလှည့်ကျ ဝင်မွှေနေတာဗျ။ ဒီညဆိုရင် ကျုပ်တို့
ထနောင်းကုန်း အလှည့်ကျပေါ့ဗျာ။
ကျုပ်ရယ် ၊ ကျောက်ခဲရယ်၊ သံမဏိရယ် ည
ကိုးနာရီထိုးတာနဲ့ ရွာထဲ ထွက်ခဲ့တယ်ဗျ။ ကျုပ်
ကတော့ မျက်ကွင်းဆေးကွင်းထားတာပေါ့ဗျာ။
ကျောက်ခဲနဲ့သံမဏိကတော့ လောက်စလုံး
လွယ်အိတ် တစ်ယောက်တစ်အိတ် လွယ်လို့ဗျ။
လက်ထဲမှာလည်း လေးခွ တစ်ယောက်တစ်ချောင်း
ကိုင်ထားတယ်။ ကျုပ်တွက်တာသာ မမှားဘူးဆိုရင်
လူနက်ကြီး ဒီညတောင်ပိုင်းကို ဝင်မှာဗျ။
ကျုပ်တို့ တောင်ပိုင်းက ဘိုးကံစိန်တို့
ဝိုင်းထောင့်က မန်ကျည်းပင်ပေါ်ကိုတက်ပြီး
ငြိမ်နေလိုက်ကြတယ်ဗျို့။ ဆယ်နာရီကျော်တာနဲ့
အေးတော့တာပေါ့ပဲဗျာ။ ဒါပေမဲ့ ကျုပ်တို့က
ကိုယ်ဇောနဲ့ကိုယ်ဆိုတော့ သိပ်အေးတယ်လို့
မထင်ကြဘူးဗျ။ ကျုပ်တို့သုံးယောက်စလုံး
အနွေးထည် အထူကြီးတွေဝတ်ပြီး ခေါင်းစွပ်တွေ
တော့ စွပ်ထားကြတာပေါ့ဗျာ။ သန်းခေါင်ကျော်
တာနဲ့ ခွေးဟောင်သံတွေ ကြားတော့တာဗျ။
ခွေးဟောင်သံတွေက တဖြည်းဖြည်း ရွေ့လာ
လိုက်တာ တောင်ပိုင်းကို ရောက်လာရောဗျို့။
"ကျောက်ခဲနဲ့ သံမဏိ ငြိမ်ငြိမ်လေး နေကြ
ပေတော့ဟေ့၊ လူနက်ကြီး နီးလာပြီကွ"
ကျုပ်ပြောလို့ စကားမဆုံးခင်ဘဲ ကျုပ်မျက်စိ
အောက်ကို လူနက်ကြီး ရောက်လာရောဗျို့။
ဒီတစ်ခါတော့ ကျုပ် သေသေချာချာ တွေ့ရပြီဗျ။
အရပ်ကြီးက ခုနှစ်ပေလောက် မြင့်တယ်ဗျို့။
ခေါင်းတုံးပြောင်ကြီးနဲ့ ရင်ဘတ်ကားကားကြီးမှာ
ကြွက်သားတွေမှ ဖုထစ်နေတာဗျို့။ ပခုံးလုံးလုံး
ကြီးမှာလည်း ကြွက်သားတွေမှ ထစ်ထွက်နေတာဗျ။
ခါးမှာ နံကယ်ပိုင်းအကွက်ကြီးတစ်ထည်
ပတ်ထားတယ်။ အပေါ်ပိုင်းကတော့ ဗလ
ကျင်းနေတာပေါ့ဗျာ။ လူနက်ကြီးက သူ့ရဲ့
ပြူးထွက်နေတဲ့ မျက်လုံးနီနီကြီးတွေနဲ့ ဟိုကြည့်
ဒီကြည့် လုပ်နေတယ်ဗျို့။ ကျုပ်က မြင်နေပေမယ့်
ကျောက်ခဲနဲ့ သံမဏိကတော့ ဘာမှ မမြင်ကြဘူး
ပေါ့ဗျာ။ သူကိုယ်သူ လူမမြင်အောင် သေသေချာချာ
ကိုယ်ဖျောက်ထားပုံရတယ်ဗျ။
ဟော…ဝင်သွားပြီဗျို့၊ လူနက်ကြီး ဝင်ချသွားပြီ။
တခြားကို သွားတာမဟုတ်ဘူးဗျ။ ဘိုးကံစိန်တို့
ဝိုင်းထဲကို ဝင်သွားတာဗျ။ အလုံကာထားတဲ့
ခြံစည်းရိုးကို ဖြတ်ပြီးဝင်သွားတာဗျို့။
ဟော ၊ ဝိုင်းထဲရောက်သွားပြီ။ ဟိုကြည့် ဒီကြည့်
လုပ်နေပြီး အိမ်ဘေးက ပတ်ဝင်သွားပြီဗျို့။ ဟော
ပြန်ထွက်လာပြီ။ လူနက်ကြီး ပြန်ထွက်လာပြီ။
လက်ထဲမှာ ကြက်လေးကောင် ပါလာတယ်ဗျ။
လက်တစ်ဖက်ကို နှစ်ကောင်စီ ဆွဲလာတာဗျို့။
ကြက်တွေက အော်လည်း မအော်၊ ရုန်းလည်း
မရုန်းဘူးဗျ။ ဟော…ထိုင်ချလိုက်ပြီ၊ လူနက်ကြီး
ထိုင်ချလိုက်ပြီဗျို့။ မြေကြီးပေါ်မှာ မုဆိုးဒူးထောက်
ထိုင်ပြီး ကြက်တွေကို တစ်ကောင်ပြီးတစ်ကောင်
သွေးစုပ်တော့တာဗျို့။ ကြက်တွေမှာ သွေးတစ်စက်မှ
မရှိတော့မှ ကြက်သေတွေကို မြေကြီးပေါ်ကို
ပစ်ချခဲ့ပြီး ထွက်လာရောဗျာ။ ဟော မြောက်စည်းရိုး
ဘက်ကို သွားနေပြီဗျို့။ ကျုပ်စိတ်ထင်တော့
လူနက်ကြီး ရွာပြင်ထွက်တော့မယ် ထင်တယ်ဗျ။
ကျုပ်အံ့သြတာက ဘိုးကံစိန်တို့ဝိုင်းထဲက ငနီတို့၊
ငညိုတို့ဆိုတဲ့ ခွေးကြီးနှစ်ကောင် တစ်ချက်မှ
မဟောင်တာကို ကျုပ် အံ့သြနေတာဗျ။
"ကျောက်ခဲနဲ့ သံမဏိ ဟိုမှာကြည့်၊ ဘိုးကံစိန်တို့
ဝိုင်းထဲမှာ ကြက်တွေ သေနေတယ် မြင်လား"
ကျုပ်ပြတော့မှ ဒီကောင်တွေ မြင်သွားတာဗျ။
"ဟာ…ဟုတ်သားပဲဗျ၊ ကြက်လေးကောင်တောင်
အတုံးအရုံး သေနေပါလား၊ ဟာ ဒါဆိုရင် ဒီဝိုင်းထဲကို
လူနက်ကြီးဝင်ပြီး သွေးစုပ်သွားတာပေါ့ ဟုတ်လား
ကိုကြီးတာတေ"
"ဟုတ်တယ် ကျောက်ခဲ၊ လူနက်ကြီး စောစောကပဲ
ရောက်လာပြီး ကြက်တွေကို သွေးစုပ်သွားတာကွ"
"ဟာ ကိုကြီးတာတေကလည်း မြင်ရင်ပြောမှပေါ့ဗျာ။
ကျုပ်နဲ့ သံမဏိ ခွနဲ့ ဆက်တိုက်ဆွဲကြမှာပေါ့"
"ခွနဲ့ပစ်လို့ ဘာဖြစ်မှာတုံး ကျောက်ခဲရ၊
ဟိုက မင်းတို့ကို မြင်သွားပြီး သွေးစုပ်သွားမှ
ဒုက္ခဖြစ်နေဦးမယ်"
ကျုပ်ပြောလိုက်တော့မှ ဒီကောင်တွေ လန့်သွားတာဗျ။
ခေါင်းလေးတွေတောင် ပုသွားတယ်။ ကျုပ်တို့သုံး
ယောက် မန်ကျည်းပင်ပေါ်က ပြန်ဆင်းလာကြတယ်။
လမ်းလျှောက်ရင်း ကျုပ်တွေးလာတာဗျ။ ဒီ လူနက်ကြီး
ကြည့်ရတာ ကြွက်သားတွေ ဖုထစ်ပြီး ပန်းပုထုထားတဲ့
အရုပ်တစ်ရုပ်လို ပုံစံကြီးဗျ။ ပြီးတော့ ကြက်တွေကို သွေးစုပ်တုန်းက ထိုင်တဲ့ပုံစံကလည်းမုဆိုးဒူးထောက် ပုံစံကြီးဗျ။
ထောင်ထားတဲ့ ဒူးခေါင်းပေါ်မှာ
ကြက်ကိုတင်ပြီးမှ သွေးစုပ်တာဗျ ။ လူနက်ကြီးရဲ့
ပုံစံက ထူးတော့ တော်တော်ကို ထူးနေတာဗျို့။
ကျောက်ခဲနဲ့ သံမဏိကို အိမ်တွေပြန်ပို့ပြီး
ကျုပ်တစ်ယောက်တည်း တွေးရင်းနဲ့ အိမ်ပြန်လာတယ်။
ကျုပ် အိပ်ရာထဲဝင်တော့မယ်လုပ်တော့ ကျုပ်
ခေါင်းထဲမှာ အတွေးတစ်ခု ဖျက်ကနဲ ပေါ်လာတာဗျို့။
"ဟာ…ဒါ ဟိုအရုပ်ကြီးပဲ"
ဟုတ်တယ်ဗျို့။ ကျုပ်ခေါင်းထဲမှာ ပေါ်လာပြီ။
ကျုပ် ဆယ်နှစ်သားလောက်က အဘ နေမကောင်းလို့
ဘန့်ဘွေးကုန်းက ဆေးဆရာကြီးဦးအုံအိမ်မှာ
ဆေးကုတာကို ကျုပ်သတိရသွားတယ်။ ဒီတုန်းက
အဘက လမ်းမလျှောက်နိုင်လို့ ကျုပ်က လှည်း
ကောက်ပြီး လိုက်ပို့ရတာဗျ။
ကျုပ်က ဆယ်နှစ်သားတည်းက လှည်းကို
ကျွမ်းကျွမ်းကျင်ကျင် မောင်းတက်နေပြီလေဗျာ။
ဒီတုန်းက ဘုရားခန်းမှာ ဆေးဆရာကြီးက
အဘကို သွေးစမ်းပြီး ရောဂါရှာနေတုန်း ကျုပ်က
ဘုရားခန်းဘေးက အခန်းကို ကာထားတဲ့
ခန်းဆီစကို အသာလှပ်ပြီး ကြည့်လိုက်တာဗျ။
အဲဒီမှာ ကျုပ်တွေ့တာ မဲနက်နေတဲ့ အရုပ်ကြီးဗျ။
ခေါင်းတုံးပြောင်ကြီးနဲ့ မုဆိုးဒူးထောက် ထိုင်နေတာဗျ။
ထောင်ထားတဲ့ ဒူးပေါ်မှာ လက်တစ်ဖက်တင်ထားပြီး
လက်ဝါးဖြန့်ထားတယ်။ အဲဒီလက်ဝါးပေါ်မှာ ကြေး
သောက်ရေခွက်ကလေးတစ်လုံးရှိတယ်ဗျ။ အရုပ်ကို
အနက်ရောင်သစ်သားနဲ့ ထုထားတာလား၊ ဒါမှမဟုတ်
ဆေးအနက် သုတ်ထားတာလား ဆိုတာတော့
ကျုပ် သေသေချာချာ မသိခဲ့ဘူးဗျ။
အမြင့်က နှစ်ပေလောက် ရှိတယ်။ အောက်ပိုင်းမှာ
နံကယ်ပိုင်းအကွက်ကြီး ပတ်ထားတယ်။ အပေါ်
ပိုင်းကတော့ ကြွက်သားအဖုအထစ်တွေနဲ့ဗျ။
ညက ကျုပ် သေသေချာချာ တွေ့ခဲ့ရတဲ့
လူနက်ကြီးက အဲဒီအရုပ်နဲ့ တစ်ပုံစံတည်းပဲဗျို့။
ကျုပ် မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲအရုပ်ကလေး
ယူပြီး ပြောလိုက်တယ်။
"သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ ကျုပ်တို့ရွာတွေမှာ
အခုတလော သောင်းကျန်းနေတဲ့ လူနက်ကြီးဟာ
ဘန့်ဘွေးကုန်းက ဆုံးသွားတဲ့ ဆေးဆရာကြီး
ဆရာအုံအိမ်က အရုပ်ကြီးနဲ့ တစ်ပုံစံတည်းပဲဗျ။
အဲဒါ ဘယ်လိုဖြစ်တယ်ဆိုတာ ကျုပ်ကို အိပ်မက်
ပေးပြီး ပြောပြပါ မဖဲဝါ"
ကျုပ် အိပ်ပျော်သွားတော့ တစ်ပင်လုံး ဝါထိန်နေအောင်
ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီးနားကို ရောက်နေတယ်ဗျ။
မဖဲဝါက ကျုပ်နဲ့ရွယ်တူ ကောင်မလေးတစ်ယောက်ပုံစံ
ဖန်ဆင်းထားတယ်။ ဆံပင်က အရှည်ကြီး၊ ကျောပေါ်ကို
ဖြန့်ချထားတယ်၊ ထဘီရော အင်္ကျီရော အဝါရောင်ဗျ။
နားအပေါ်မှာ ဆယ့်နှစ်ရာသီပွင့် အဝါလေးတစ်ပွင့်
ပန်ထားတယ်။ လေတွေ တဝေါဝေါ တိုက်နေပေမယ့်
ဆယ်နှစ်ရာသီပင်ကြီးနဲ့ မဖဲဝါရဲ့ခေါင်းက ဆံပင်လေး
တစ်ပင်တောင် မလှုပ်ဘူးဗျ။
"တာတေ နင်ထင်တာ ဟုတ်တယ်၊ အဲဒီလူနက်ကြီးက
ဆရာအုံရဲ့ အရုပ်မှာ ဝင်နေတဲ့ 'အရုပ်ဝိညာဉ်'ပဲ။
ဆရာအုံရှိတုန်းက အဲဒီအရုပ်ကို သူ့ဆရာဆီက
လက်ဆင့်ကမ်း ယူလာပြီး ဆေးစောင့်ကြီးလို့
ခေါ်တယ်၊ တစ်ပတ်ကို တစ်ခါ ကြက်သွေး၊
ဆိတ်သွေးတွေ တိုက်တယ်၊ လက်ဝါးထဲက
ကြေးခွက်ထဲကို သွေးထည့်ပြီး တိုက်ရတယ်။
အရုပ်မှာ ကပ်နေတဲ့ ဝိညာဉ်က ဆရာအုံ ရှိတုန်းက
သွေးမှန်မှန်သောက်နေကျ တာတေရဲ့၊
အခု ဆရာအုံကလည်း ဆုံးသွားတာ နှစ်နှစ်ရှိပြီ၊
သွေးမသောက်ရတာလည်း ကြာပြီ။ သူ့ရဲ့
ဝိညာဉ် ဆက်ပြီး တည်ရှိဖို့ အခက်အခဲ ဖြစ်လာပြီ
တာတေ၊ ဒါကြောင့် ညဘက် ထွက်ထွက်ပြီး
သွေးစုပ်နေတာ"
"ဒါဆိုရင် ဒီလူနက်ကြီးက ဆေးစောင့်ကြီးပေါ့
ဟုတ်လား မဖဲဝါ"
"ဘယ်က ဆေးစောင့်ရမှာလဲ တာတေ၊ ကပ္ပလီ
သရဲကြီး အရုပ်မှာ ဝင်ပူးနေတာဟဲ့ "
"ဟာ…ကူညီပါဦး မဖဲဝါရယ်၊ ကျုပ်တို့ရွာတွေ
ဒုက္ခရောက်နေပါပြီဗျာ"
"ဒါဆိုရင် နင် ဒီလိုလုပ် တာတေ၊ မနက်ဖြန်ည
ဒီအကောင်ကြီး မီးလောင်ကုန်းက ကြက်တွေကို
သွေးသွားစုပ်လိမ့်မယ်၊ အဲဒီအချိန်မှာ နင်က
ဆရာအုံတို့အိမ်က အရုပ်ကြီးကို ခပ်မြန်မြန်
မီးရှို့ပစ်လိုက်၊ ဒီအကောင်ကြီး ပြန်ကပ်စရာ
မရှိတော့ဘူးဆိုရင် ငါ့ဆီကို ရောက်လာလိမ့်
မယ်။ ဒီတော့မှ ငါ နေရာပေးလိုက်ပါ့မယ်၊
ရွာတွေထဲဝင်ပြီး သွေးမစုပ်အောင်လည်း
ငါ အမိန့်ပေးထားလိုက်မယ် "
နောက်နေ့ရောက်တော့ ကျုပ် ဘန့်ဘွေးကုန်းကို
သွားတယ်။ ကိုကြီးပွေလီကို အကျိုးအကြောင်း
ပြောပြပြီး ဘိုးအုံကြီးတို့အိမ်ကို သွားကြတယ်။
ဟိုရောက်တော့ ဘိုးအုံရဲ့သမီး အရီးလေး ညိုလုံးကို
လူနက်ကြီးအကြောင်း အားလုံးပြောပြတယ်။
နောက်ဆုံး မဖဲဝါ ပြောတဲ့အထိပေါ့ဗျာ။
အရီးလေးကလည်း ကျုပ်တို့ လုပ်ချင်ရာလုပ်ဖို့
ခွင့်ပြုတယ်ဗျ။ ဒီအကြောင်းကို ဘန့်ဘွေးကုန်း
ရွာသားတွေ မသိအောင်တော့ ကြိတ်လုပ်ရမှာ
ပေါ့ဗျာ။ ရွာသားတွေသိရင် ဘိုးအုံရဲ့ သား
သမီးတွေအပေါ်မှာ အမျက်ထားကြမှာပေါ့။
အရုပ်ကြီးက ဘိုးအုံ ရှိတုန်းကလို စင်နဲ့ကနားနဲ့
မဟုတ်တော့ဘူးဗျ။ အပေါ်ထပ်က အခန်းတစ်ခန်း
ထဲမှာ ကုလားထိုင် အကျိုးတွေ၊ ပစ္စည်းအပျက်
တွေနဲ့ ရောပြီး ပုံထားတာ။ ကျုပ်တို့က တစ်ခါတည်း
ယူမလာပါဘူး။ အပြင်ကို ထုတ်ထားပြီး ညမိုးချုပ်
လို့ လူခြေတိတ်တော့မှ ကိုပွေလီရယ်၊ ကျုပ်ရယ်၊
ကိုရှုပ်ထွေးရယ် အရုပ်ကြီးကို ဂုန်နီအိတ်တစ်လုံးနဲ့
ထည့်ပြီး ရွာပြင်ထုတ်လာကြတာဗျ။
ပြီးတော့ ယာကွက်ထဲသွားပြီး အဆင်သင့်
ပြင်ထားတဲ့ ထင်းချောင်းတွေနဲ့ မီးတင်ရှို့ပစ်
လိုက်ကြတယ်။ ကျုပ်တို့ မီးရှို့တော့ ညသန်းခေါင်
ကျော်ပြီ။ ဒီအချိန်က လူနက်ကြီး မီးလောင်ကုန်းမှာ
သွေးသွားစုပ်နေတဲ့အချိန်လေဗျာ။ အရုပ်တစ်ရုပ်လုံး
ပြာကျသွားတော့မှ အဲဒီပြာတွေကို မြေကျင်း
တူးပြီး မြှုပ်လိုက်ကြတယ်။
မဖဲဝါက သူပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ
ကျုပ်ယုံပြီးသားပါဗျာ။ မှီတွယ်စရာ အရုပ်ကြီး
မရှိတော့တဲ့ ကပ္ပလီသရဲကြီးကို မဖဲဝါက လိုက်နာ
ရမယ့် သရဲစည်းကမ်းတွေ တိတိကျကျ ပြောပြပြီး
နေစရာ ပေးလိုက်မှာပါ။
နောက်ညက စပြီး လူနက်ကြီး ပျောက်သွားရောဗျို့။
ထနောင်းကုန်း၊ မီးလောင်ကုန်း၊ ဘန့်ဘွေးကုန်းရွာတွေ
ဘယ်ရွာမှာမှ ကြက်တွေ၊ ဆိတ်တွေ သွေးစုပ်မခံ
ရတော့ဘူးဗျို့။ ကျောက်ခဲနဲ့ သံမဏိကတော့
ကျုပ် တစ်ခုခုလုပ်လိုက်ပြီ ဆိုတာကို သိကြတာ
ပေါ့ဗျာ။ ဒါပေမဲ့ ဆရာအုံမိသားစုကိုငဲ့ပြီး
ဒီအကြောင်းကို ကျုပ် အုပ်ထားရတာပေါ့ဗျာ။
ကိုပွေလီနဲ့ ကိုရှုပ်ထွေးလည်း ဒီအကြောင်းကို
မပြောကြဘူးဗျ။ ကျုပ်တို့သုံးယောက်ပဲ သိတဲ့
ကိစ္စဆိုတော့ ကျုပ်တို့ မပြောရင် ဘယ်သူသိမှာတုံးဗျာ။
ပြီးပါပြီ။
စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
မဖဲဝါရဲ့ ကျောက်ရုပ် စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် lik and share လေးနဲ့
လုပ်ပေးသွားပါအုံးဗျာ။
#တာတေ
#မဖဲဝါ
က်ဳပ္ေျပာေတာ့ ကိုႀကီးေပြလီက အက်ႌခၽြတ္ၿပီး
သူ႔ေက်ာကုန္းကို ျပရွာတယ္ဗ်
"ဟာ ဖေနာင့္ရာႀကီး မရိွေတာ့ဘူး ကိုႀကီးေပြလီေရ"
"ေဟ…ဟုတ္လား၊ မင္းေဆးက ေတာ္ေတာ္စြမ္းပါလား
တာေတရ"
"ေဆးစြမ္းတာထက္ ကိုႀကီးေပြလီကို ကန္သြားတာ
မေကာင္းဆိုးဝါးဆိုတာ ေသခ်ာေနၿပီဗ်။ ဒါ သစ္စုန္း
ေဆးေတာ္ဗ်၊ ကန္သြားတာက လူဆိုရင္ ဘာမွ
ထူးျခားမွာ မဟုတ္ဘူး၊ အခုဟာက မေကာင္းဆိုးဝါး
ကန္တာမို႔လို႔ ခ်က္ခ်င္းေပ်ာက္သြားတာ၊ သစ္စုန္း
ေဆးေတာ္က စုန္း၊ တစၧေ၊ သရဲ၊ ဘုတ္၊ ၿပိတၲာေတြ
ဆိုရင္ လႊတ္ႏိုင္တဲ့ေဆးဗ် ကိုႀကီးေပြလီရဲ့"
"ေဟ…ဒါဆိုရင္ ညက ငါ ဓါးနဲ႔ေျပးခုတ္တဲ့
လူနက္ႀကီးက လူမဟုတ္ဘူးေပါ့ ဟုတ္လား တာေတ"
"ဘယ္က လူဟုတ္မွာတံုး ကိုႀကီးေပြလီရာ၊
အဲဒါ တစၧေလား၊ ေျမဘုတ္လား တစ္ခုခုပဲဗ်"
"ဟာ ဒါဆိုရင္ တို႔ရြာထဲကို မေကာင္းဆိုးဝါး
ဝင္ေနၿပီေပါ့ တာေတ"
"ဟုတ္တယ္ဗ် ကိုႀကီးေပြလီရ၊ သတိေတာ့
ထားၾကရလိမ့္မယ္၊ ရြာထဲကို မေကာင္းဆိုးဝါး
ေရာက္ေနတယ္ဆိုတာ ေကာင္းတာမဟုတ္ဘူးဗ်၊
ဒီအေကာင္ ရြာထဲကို ဘယ္လိုလုပ္ၿပီး
ဝင္လာတာပါလိမ့္။ ဒီလိုေကာင္ေတြ မေျပာနဲ႔၊
မဖဲဝါေတာင္ ရြာေတြထဲကို ဝင္လို႔မရဘူး၊
ရြာေတြမွာ သူ႔ပိုင္ရာဆိုင္ရာဆိုတာ ရိွတယ္ဗ်
ကိုႀကီးေပြလီရဲ့၊ တစၧေ၊ သရဲေတြ ဝင္ခ်င္တိုင္း
ဝင္လို႔ရတာ မဟုတ္ဘူး။ အထက္ပုဂၢိုလ္ႀကီး
ေတြရဲ့ အမိန္႔ဆိုတာကို ဒီလိုေကာင္ေတြ
နည္းနည္းမွ လြန္ဆန္ရဲတာ မဟုတ္ဘူးဗ်။
တစ္ခါတစ္ရံေတာ့လည္း ပိုင္ရာဆိုင္ရာေတြရဲ့
အလစ္မွာ ဝင္သြားတာေတြေတာ့ ရိွတာေပါ့ဗ်ာ။
ဒါလည္း ခဏပါပဲ၊ ေနာက္ေတာ့ သိသြားတာပါပဲ၊
ဒါေပမဲ့ ေမြးထားတဲ့ သရဲေတြက်ေတာ့ တစ္မ်ိဳး
ေပါ့ဗ်ာ၊ သူတို႔ကေတာ့ ရြာသားလို ျဖစ္ေနေတာ့
ရြာထဲမွာ သြားလာႏိုင္ၾကတယ္ဗ်။ ဒါလည္း
စည္းကမ္းနဲ႔ ေနၾကရတာ၊ အခုဟာက
ဘာလဲဆိုတာကိုေတာ့ က်ဳပ္တို႔ ေစာင့္ၾကည့္
ရဦးမယ္ဗ် ကိုႀကီးေပြလီရ"
"ေအး ေအး၊ ဒါဆိုရင္ ငါျပန္ဦးမယ္ကြာ၊
မင္းဆီကို ငါလာၿပီး ဒီအေၾကာင္းေတြေျပာတာ
ဘယ္သူမွ မသိေစနဲ႔ကြာ"
"ဟာ ဒါေတာ့ စိတ္ခ် ကိုႀကီးေပြလီေရ၊ အဲဒီမွာ
အေၾကာင္းထူးရင္သာ က်ဳပ္ကို ခ်က္ခ်င္းလာေျပာဗ်ာ"
"ေအး ေျပာမယ္၊ ေျပာမယ္"
ဝါးဖတ္ခေမာက္ခေလး ေခါင္းမွာ ျပန္ေဆာင္း
လိုက္ၿပီး ႏႈတ္ခမ္းေမြးျပားျပားနဲ႔ ကိုေပြလီႀကီး
ျပန္သြားေရာဗ်ိဳ႕၊ က်ဳပ္ကေတာ့ လူနက္ႀကီး
အေၾကာင္းကို က်ဳပ္ဆက္ၿပီး ေတြးေနမိေတာ့
တာေပါ့ဗ်ာ။ က်ဳပ္စိတ္ထင္ေတာ့ တစ္ေနရာကို
သြားရင္းနဲ႔ ရြာထဲကိုဝင္ၿပီး ျဖတ္သြားတာ
ျဖစ္မွာေပါ့ဗ်ာ၊ ဒါေပမဲ့ ကိုႀကီးေပြလီ ေျပးၿပီး
ဓါးနဲ႔ပိုင္းလိုက္တဲ့ လူနက္ႀကီးကိုေတာ့
က်ဳပ္ ေတာ္ေတာ္ေလး စိတ္ဝင္စားသြားတာ
အမွန္ပဲဗ်။
ေနအေတာ္ေလး ျမင့္လာေတာ့ ညက
ဘန္႔ေဘြးကုန္းမွာ ေတြ့လိုက္တဲ့ လူနက္ႀကီး
သတင္းက က်ဳပ္တို႔ ထေနာင္းကုန္းမွာ
ေတာ္ေတာ္ေလူ ပ်ံ႔ေနၿပီဗ်။ ေစ်းဆိုင္မွာ
ေစ်းသြားဝယ္ၿပီး ျပန္လာတဲ့ က်ဳပ္အေမကေတာင္
က်ဳပ္ကို ဒီအေၾကာင္း ျပန္ေျပာလို႔ဗ်။
"တာေတ၊ မနက္ေစာေစာက ေပြလီ
နင့္ဆီလာသြားတာ ဒီကိစၥ လာေျပာတာမို႔လား၊
ညက ဘန္႔ေဘြးကုန္းမွာ လူနက္ႀကီးဝင္တဲ့
ကိစၥေလ"
"ဟုတ္တယ္ အေမရ၊ သက္သက္လန္႔တာေနမွာပါဗ်ာ"
က်ဳပ္က အေမ ဘာေတြၾကားလာလဲဆိုတာ
သိခ်င္တာနဲ႔ တမင္ေျပာလိုက္တာဗ်။ အေမက
က်ဳပ္ဘက္ကို လွည့္လိုက္ၿပီး ေျပာေရာဗ်။
"တာေတ၊ သက္သက္လန္႔တာ မဟုတ္ဘူးဟဲ့၊
ျမင္တဲ့သူေတြက တကယ္ျမင္လိုက္တာတဲ့။
အရပ္ႀကီးက ဆယ္ေပေလာက္ ရိွတယ္ဆိုပဲ၊
ကိုယ္လံုးႀကီးကလည္း အႀကီးႀကီးပဲတဲ့ဟဲ့"
က်ဳပ္တို႔ရြာသားေတြဆီကို ေရာက္လာၿပီဆိုရင္
တစ္စိတ္က တစ္အိတ္ျဖစ္ၿပီေပါ့ဗ်ာ။
"သရဲေတြ့လိုက္တာ ျဖစ္မွာေပါ့ အေမရာ"
"ဒါနဲ႔ ေပြလီကေရာ ဘာေတြေျပာသြားတံုး နင့္ကို"
"အဲဒီအေၾကာင္းပဲ လာေျပာတာပါ အေမရာ၊
ညက သူတို႔တစ္ရြာလံုး လန္႔ၾကတဲ့အေၾကာင္းေပါ့"
"ေအးဟဲ့၊ ညက ငါလည္း အိပ္ေပ်ာ္သြားလိုက္တာ
မိုးလင္းမွ တစ္ေရးပဲႏိုးတာ၊ ခါတိုင္းဆိုရင္ တစ္ညကို
ႏွစ္ခါ သံုးခါ ႏိုးတာ၊ ဒါေၾကာင့္ ဘာသံမွ မၾကားလိုက္တာ။
ရြာထဲက လူေတြက ညတည္းက အသံေတြၾကားလို႔
ထြက္ၾကည့္ၾကတယ္ဆိုပဲ၊ သူတို႔က ဘန္႔ေဘြးကုန္း
မီးေလာင္ကုန္း မီးေလာင္တယ္ထင္လို႔ ထြက္ၾကည့္
ၾကတာတဲ့"
"က်ဳပ္လည္း အိပ္ေပ်ာ္ေနတာ၊ ဘာသံမွ
မၾကားလိုက္ဘူး၊ အေမရ၊ ကိုေပြလီႀကီး
လာေျပာမွ ဒီအေၾကာင္း သိတာဗ်"
"ေနဦးဟဲ့ တာေတရဲ့၊ ဒီည ငါတို႔ကင္းလွည့္ထင္တယ္"
အေမေျပာမွ က်ဳပ္ရက္တြက္ၾကည့္မိတယ္ဗ်။
"ဟာ ဟုတ္သားပဲ အေမရ၊ ဒီည က်ဳပ္ကင္းလွည့္ဗ်၊
က်ဳပ္ရယ္၊ခ်က္ေဖာင္းရယ္၊ ပုရစ္ရယ္ ကင္းတဲြဗ်"
"ေအး ဒါဆိုလည္း သတိဝီရိယနဲ႔ ေစာင့္ၾကေနာ္၊
အကုန္လံုးလည္း တစ္ၿပိဳင္တည္း အိပ္မေနၾကနဲ႔ဦး"
"မအိပ္ပါဘူး အေမရာ၊ အလွည့္က် အိပ္တာပါ၊
ႏွစ္ေယာက္ေစာင့္ တစ္ေယာက္အိပ္ေပါ့ဗ်ာ"
ညေန ေလးနာရီေလာက္က်ေတာ့ အဘ ၿမိဳ႔က
ျပန္ေရာက္လာတယ္ဗ်။ က်ဳပ္တို႔ရြာမွာက ကား
ေထာင္တဲ့လူ မရိွဘူးေလဗ်ာ၊ ဘန္႔ေဘြးကုန္းမွာသာ
ကားေထာင္တဲ့သူရိွတာ၊ က်ဳပ္တို႔ၿမိဳ႔သြားခ်င္ရင္
ဘန္႔ေဘြးကုန္းကိုသြားၿပီး စီးၾကရတာ။ ျပန္ရင္လည္း
ဘန္႔ေဘြးကုန္းကေန ရြာကို ေလ်ွာက္ျပန္ရတာဗ်။
အဘလည္း ဘန္႔ေဘြးကုန္းမွာ ဒီသတင္း
ၾကားခဲ့ၿပီးၿပီေပါ့ဗ်ာ။
"ကိုဥာဏ္ ေတာ္ ဘာေတြၾကားခဲ့တံုး"
အေမက အဘကို ဆီးေမးေတာ့တာဗ်ိဳ႕။ အဘက
ေခါင္းမွာေပါင္းထားတဲ့ အညာတဘက္အၾကားေလးကို
ျဖဳတ္လိုက္ၿပီး ေျပာသဗ်။
"ေအး ၾကားတယ္ဟဲ့ ေငြစိန္ရဲ့၊ လူနက္ႀကီး
ေတြ့လို႔တဲ့၊ ကင္းတဲက သံေခ်ာင္းေခါက္လို႔
ရြာသားေတြ ဝိုင္းလိုက္ေတာ့ ေပ်ာက္သြားတယ္တဲ့။
သရဲေနမွာေပါ့ဟယ္၊ ဘယ္ကသရဲက ရြာထဲ
ဝင္လာတာလဲမွ မသိတာ၊ ရြာသားေတြနဲ႔ ေတြ့ေတာ့
သရဲလည္း ေျပးရေတာ့တာေပါ့ဟာ"
အဘကေတာ့ က်ဳပ္ေတြးသလိုပဲ ေတြးတာဗ်။
သိပ္လည္း အေရးထားပံု မရဘူးဗ်။ ညေရာက္ေတာ့
ေက်ာက္ခဲနဲ႔ သံမဏိ က်ဳပ္ကို လာေခၚတယ္။
ဒီေကာင္ႏွစ္ေကာင္က က်ဳပ္ကင္းလွည့္ဆိုရင္
က်ဳပ္ဆီကို လာေနက်ဗ်။ ကင္းတဲမွာ
ေရႏြေးေသာက္၊စကားေျပာနဲ႔ ေတာ္ေတာ္ေလး
ညဉ့္နက္မွ ျပန္အိပ္ၾကတာ။ က်ဳပ္က
ရြာလယ္ကင္းမွာ ေစာင့္ရတာေလဗ်ာ။
ဘန္႔ေဘြးကုန္းက သံုးကင္းပဲထားတာ။
က်ဳပ္တို႔ ထေနာင္းကုန္းက ရြာပိုႀကီးေတာ့
ငါးကင္းထားရတယ္။ ရြာလယ္ကင္း၊
အေရ႔ွပိုင္းကင္း၊ အေနာက္ပိုင္းကင္း၊
ေတာင္ပိုင္းကင္း၊ ေျမာက္ပိုင္းကင္း
အားလံုး ငါးကင္းဗ်။ ကိုယ့္အိမ္ ကင္းလွည့္
က်လို႔ မေစာင့္ႏိုင္ရင္ လူငွားရတာေပါ့ဗ်ာ
က်ဳပ္တို႔ေရာက္ေတာ့ ပုရစ္က ေရာက္ႏွင့္ေနၿပီဗ်။
ခ်က္ေဖာင္းေတာ့ မေရာက္ေသးဘူးဗ်။ ပုရစ္အိမ္က
လက္ဖက္ေျခာက္ခတ္ၿပီး ယူလာတဲ့ ေရႏြေးၾကမ္း
ကရာႀကီးက အသင့္ခ်လို႔ဗ်။ အၾကမ္းပန္းကန္
ငါးလံုးလည္း ေဆးၿပီးသားခ်လို႔။
က်ဳပ္တို႔ေလးေယာက္ ေရႏြေးအိုးႀကီးကို
ဝိုင္းထိုင္ၿပီး အၾကမ္းဝိုင္းဖဲြ႔ရံုပဲ ရိွေသးတယ္
ခ်က္ေဖာင္း ေရာက္လာတယ္ဗ်။ ဒီေကာင့္မွာ
အညာေစာင္အထူႀကီးတစ္ထည္ ပါလာတယ္။
ေလးခြတစ္ေခ်ာင္းနဲ႔ ေလာက္စာလံုးေတြလည္း
ပါလာတယ္။ ပုရစ္က ခ်က္ေဖာင္းရဲ့ ေလးခြကို
ေသေသခ်ာခ်ာၾကည့္ၿပီး ေျပာလိုက္တယ္။
"ဟာ မင္းေလးခြက ေကာင္းလွခ်ည္လားကြ၊
ကၽဲြခ်ိဳခြပဲ ခ်က္ေဖာင္းရ"
ဟုတ္တယ္ဗ်။ ခ်က္ေဖာင္းေလးခြက ကၽဲြခ်ိဳခြဗ်။
ေကြးေကြးေလး လုပ္ထားတာ။ ေတာ္ေတာ္လွတယ္။
"ငါ့ခြက ကၽဲြခ်ိဳေတာ့ မဟုတ္ဘူးကြ၊ ဒါေပမဲ့
ပိေတာက္သားခြကြ။ ခြလုပ္ထားတာ အခ်ိဳး
ကိုက္လို႔လား မသိဘူး။ပစ္လိုက္ရင္ တန္းမွန္
တာေဟ့"
ေျပာေျပာဆိုဆိုနဲ႔ ပုရစ္ကလည္း သူ႔ေလးခြကို
ထုတ္ျပတယ္။ ပိေတာက္သားခြ ညိုညိုေလးဗ်။
က်ဳပ္ကေတာ့ ဘာခြမွ မပါဘူး။
ငါးေတာင့္ထိုးဓါတ္မီးႀကီးပဲ ပါတယ္။ ကင္းတဲေပၚမွာ
စကားေလးေျပာလိုက္ ပဲႀကီးေလွာ္နဲ႔ ထန္းလ်က္ခဲေလး
စားလိုက္၊ ေရႏြေးၾကမ္းေလး ေသာက္လိုက္နဲ႔ေပါ့ဗ်ာ။
ဒါေပမဲ့ က်ဳပ္တို႔အားလံုး နားေတြ မ်က္စိေတြကေတာ့
ဖြင့္ထားၾကရတာဗ်။ တစ္ေနရာရာက ခၽြတ္ကနဲ
ၾကားတာနဲ႔ က်ဳပ္လက္ထဲက ငါးေတာင့္ထိုးဓါတ္မီး
ႀကီးနဲ႔ ထိုးၾကည့္ၿပီးသားပဲဗ်ိဳ႕။
ညဆယ့္နာရီေက်ာ္တာနဲ႔ ေတာ္ေတာ္ေအးလာၿပီဗ်။
ေက်ာက္ခဲနဲ႔ သံမဏိတို႔ႏွစ္ေယာက္က ေခါင္းစြပ္ေတြ
ထုတ္ၿပီး စြပ္ၾကၿပီဗ်ိဳ႕။ အေနြးထည္ႀကီးေတြ
ဝတ္ထားတဲ့ၾကားကကို ခ်မ္းေနတာဗ်။ ဒီေကာင္
ႏွစ္ေကာင္ ပုဆိုးေတြ ႃခံုထားၾကတယ္။ တကယ္
ခ်မ္းလာၿပီဆိုရင္ ပုဆိုးႃခံုတာက လႊတ္ေနြးတာကိုးဗ်။
"ဝုတ္၊ဝုတ္၊ ဝုတ္၊ ဝုတ္၊ ဝုတ္"
"ေဟာ ေခြးေဟာင္တယ္၊ ေခြးေဟာင္တယ္"
ခ်က္ေဖာင္းက ေျပာတာဗ်။ က်ဳပ္တို႔အားလံုး
ေခြးေဟာင္သံကို နားစြင့္ၾကတယ္။ ေျမာက္ပိုင္းက
လာတဲ့ အသံဗ်။ ေခြးေဟာင္တဲ့အသံကို
က်ဳပ္ေသေသခ်ာခ်ာ နားေထာင္ေတာ့ တစ္ခုခုေတာ့
ထူးၿပီဆိုတာ က်ဳပ္သိလိုက္တယ္ဗ်။
ဒါေပမဲ့ ေခြးေဟာင္သံက ရပ္သြားတယ္။ က်ဳပ္တို႔
အားလံုး နားစြင့္ေပမယ့္ ဘာသံမွ မၾကားေတာ့ဘူးဗ်။
ဒါေပမဲ့ ဆယ့္တစ္နာရီေလာက္ေရာက္ေတာ့ ေက်ာက္ခဲ
နဲ႔ သံမဏိ ျပန္သြားၾကတယ္။ သန္းေခါင္ေက်ာ္ေလာက္
ေရာက္ေတာ့ အေနာက္ပိုင္းက လူတစ္ေယာက္
ေအာ္တဲ့အသံနဲ႔ ေခြးေတြ စူးစူးဝါးဝါး ထိုးေဟာင္လိုက္တဲ့
အသံ ေပၚလာေရာဗ်ိဳ႕။
"ဝူး ၊ ဝူး၊ ဝူး၊ ဝုတ္၊ ဝုတ္၊ ဝုတ္"
"လူနက္ႀကီးေဟ့၊ လူနက္ႀကီး၊ ႏြားေပါက္ကေလး
ပါသြားၿပီေဟ့၊ လိုက္ၾကပါဟ၊ လိုက္ၾကပါ"
"ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္"
ေဟာ ေျမာက္ပိုင္းကင္းကလည္း ေခါက္ၿပီ။
ေဟာ အေရ႔ွပိုင္း၊ ေတာင္ပိုင္း က်ဳပ္တို႔လည္း
ေခါက္ရၿပီေပါ့ဗ်ာ။
"ေဒါင္၊ ေဒါင္ ၊ ေဒါင္၊ ေဒါင္၊ ေဒါင္"
ပုရစ္က အခ်က္ေပးတဲ့ ကင္းသံေခ်ာင္းကို ေခါက္တယ္။
က်ဳပ္က ကင္းတဲလာကတည္းက မလိုမယ္ကာ
မ်က္ကြင္းေဆးကြင္းလာတာဗ်။ က်ဳပ္ ဓါတ္မီးနဲ႔
ထိုးၿပီး အေရ႔ွ အေနာက္ ေတာင္ ေျမာက္ အားလံုး
လိုက္ၾကည့္တယ္။
"ဟာ လူနက္ႀကီး၊ လူနက္ႀကီး"
က်ဳပ္ပါးစပ္က လႊတ္ကနဲ ေအာ္လိုက္မိတာဗ်။
က်ဳပ္ရဲ့ ဓါတ္မီးေရာင္ေအာက္ကေန ျဖတ္ေျပး
သြားတာဗ်ိဳ႕။
"ဟင္…တာေတ၊ လူနက္ႀကီး ဟုတ္လား"
ခ်က္ေဖာင္းက ေၾကာက္လန္႔တၾကား ေမးတာဗ်ိဳ႕။
"ေအး ဟုတ္တယ္၊ ေျမာက္ဘက္ကိုေျပးၿပီ၊
ပခံုးေပၚမွာ ႏြားေပါက္ေလး ထမ္းသြားတယ္ကြ၊
နည္းတဲ့အရပ္ႀကီး မဟုတ္ဘူး ေခါင္းတံုးႀကီးနဲ႔ကြ"
"ဟာ ဟုတ္လား၊ မင္း ေသေသခ်ာခ်ာ ျမင္လိုက္တယ္၊
ဟုတ္လား တာေတ"
"ေအး ငါျမင္လိုက္တယ္၊ ဒီေကာင္ႀကီးေတာ့
ငါတို႔ရြာကို ေမႊၿပီေဟ့"
ခဏေနေတာ့ အိမ္ထဲကလူေတြ ထြက္လာၾကေရာဗ်ိဳ႕။
ဓါတ္မီးေတြ တဝင္းဝင္းနဲ႔ ဟိုထိုး သည္ထိုး လုပ္ၾက
တာေပါ့ဗ်ာ။
"ေျမာက္ပိုင္းက စံကြန္႔တို႔ဝိုင္းထဲက ႏြားေပါက္
ကေလးကို ဝင္ဆဲြတာတဲ့ကြ"
"ဟာ ဟုတ္လား၊ ပါသြားေရာလား"
"ေအး ပါသြားတယ္၊ ႏြားျဖဴေလးတဲ့ကြ"
"ဟာ လူနက္ႀကီး ဟုတ္လား"
"ေအး စံကြန္႔ ျမင္လိုက္တာ လူနက္ႀကီးတဲ့ကြ"
တစ္ေယာက္တစ္ေပါက္ ေျပာသံေတြ ဆူညံ
ေနေတာ့တာေပါ့ဗ်ာ။
"ကိုႀကီးတာေတ၊ ျမင္လိုက္ေသးလား"
ေက်ာက္ခဲနဲ႔ သံမဏိပါ ျပန္ေရာက္လာၾကတာဗ်။
ေက်ာက္ခဲက က်ဳပ္ကို ေမးတာ။ က်ဳပ္က အသံ
ခပ္တိုးတိုးနဲ႔ ေက်ာက္ခဲတို႔ကို ေျပာျပတယ္။
"ငါ အိမ္မွာကတည္းက မ်က္ကြင္းေဆး ကြင္းလာတာကြ၊
ဟိုဘက္လမ္းကို ျဖတ္ေျပးသြားတာ၊ ငါ့ဓါတ္မီးေရာင္
ေအာက္မွာ ေသေသခ်ာခ်ာကို ျမင္ရတာ၊ လူနက္ႀကီးကြ
ေက်ာက္ခဲရ၊ အရပ္ႀကီး အရွည္ႀကီးပဲ ခုႏွစ္ေပေလာက္
ရိွမယ္၊ ေခါင္းတံုးႀကီးနဲ႔ ၊ ကိုယ္လံုးႀကီးကလည္း
အႀကီးႀကီးပဲ၊ နံကယ္ပိုင္း အျပာကြက္ႀကီး
စည္းထားတာ။ အေပၚပိုင္းက ဘာမွမပါဘူးကြ၊
ႏြားေပါက္အျဖဴေလး ထမ္းၿပီး ေျပးသြားတာကြ"
"ဟာ…ေၾကာက္စရာႀကီးပါလား ကိုႀကီးတာေတရာ"
ခဏေနေတာ့ ကေလးေတြကို ေနခဲ့ခိုင္းၿပီး
လူႀကီးေတြနဲ႔ ကာလသားေတြ စုၿပီး ေျမာက္ပိုင္းမွာ
ဓါတ္မီးေတြနဲ႔ လိုက္ထိုးၿပီး ရွာၾကတာေပါ့ဗ်ာ။
သစ္ပင္ႀကိဳၾကား၊ အိမ္ေတြပတ္ပတ္လည္၊
လမ္းႀကိဳလမ္းၾကား၊ အို…ေနရာလပ္မက်န္ေအာင္
ရွာၾကတာဗ်ိဳ႕၊ ဒါေပမဲ့ ဘာမွ မေတြ့ပါဘူးဗ်ာ။
ဒါနဲ႔ ေျမာက္တံခါးဖြင့္ၿပီး ရြာျပင္ထြက္ရွာၾကတယ္။
"ဟာ …ဟိုမွာ ဟိုမွာ ႏြားျဖဴေလး၊ ႏြားျဖဴေလး"
ဘေထြးထြန္းလွက အရင္ဆံုး လွမ္းျမင္လိုက္တာဗ်။
ဘန္႔ေဘြးကုန္းကို သြားတဲ့လမ္းက ဘိစပ္ခ်ဳံႀကီး
ေဘးမွာ လဲေနတဲ့ႏြားျဖဴေလးကို မီးေရာင္ေအာက္မွာ
လွမ္းျမင္ရတာဗ်။
"ေဟ့ေကာင္ေတြ ရမ္းမသြားနဲ႔၊ သတိထား၊
ဘိစပ္ခ်ဳံထဲကို ေလးခြနဲ႔ အရင္ပစ္ၾကစမ္း"
ေလးေလးခ်က္ႀကီးက ေအာ္ၿပီး သတိေပးေတာ့မွ ေရ႔ွက
သြားေနတဲ့လူေတြတံု႔ကနဲ ရပ္သြားၿပီး ဘိစပ္ခ်ဳံထဲကို
ေလးခြေတြနဲ႔ ဝိုင္းပစ္ၾကေတာ့တာဗ်ိဳ႕။ ဒါေပမဲ့ ဘာမွ
မရိွဘူးဗ်။ ဒီေတာ့မွ ေရ႔ွတိုးသြားၾကတာေပါ့ဗ်ာ။
ႏြားျဖဴေလးက ေသေနၿပီ။ က်ဳပ္တို႔ ဓါတ္မီးေတြနဲ႔
ထိုးၿပီး ၾကည့္ေတာ့ လည္းပင္းကို
လိမ္ၿပီးခ်ိဳးထားတာဗ်။
ၿပီးေတာ့ ဂုတ္မွာ ဒဏ္ရာႀကီးဗ်။ နည္းတဲ့ဒဏ္ရာ
မဟုတ္ဘူး၊ ဒါနဲ႔ ဒါ ဘာဒဏ္ရာလဲဆိုၿပီး လူႀကီး
ေတြက ၾကည့္ၾကေတာ့ ဓါးဒဏ္ရာလည္း
မဟုတ္ဘူးဗ်။
"ဟာ…ဒါ ပါးစပ္နဲ႔ကိုက္ထားတဲ့ ဒဏ္ရာကြ၊
ပါးစပ္နဲ႔ ကိုက္ၿပီး ေသြးစုပ္သြားတာကြ၊ ႏြားကိုယ္ထဲမွာ
ေသြးမရိွေတာ့ဘူး၊ မယံုရင္ မင္းတို႔ ဖိၿပီးၫွစ္ၾကည့္"
ဘေထြးထြန္းလွက ေျပာေတာ့ ကိုေရႊေမာင္း
ဆိုတဲ့ ေတာင္ပိုင္းကလူေတြ ႏြားကို ဖိၿပီးၫွစ္
ၾကည့္တယ္၊ ဟုတ္တယ္ဗ်၊ ဘာေသြးမွ
ထြက္မလာဘူး
" ကဲ ေတြ့လား၊ ဒါ ေသြးစုပ္သြားတာကြ"
ဘေထြးထြန္းလွက ထပ္ေျပာေတာ့ က်ဳပ္တို႔
ရြာသားေတြ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္
လွည့္ၾကည့္ၾကတယ္၊ ဓါတ္မီးေရာင္ေအာက္မွာ
မ်က္ႏွာေလးေတြ ငယ္လို႔ဗ်။ ေတာ္ေတာ္ကို
ေၾကာက္သြားၾကတဲ့ပံုပဲဗ်ိဳ႕။
"ဘေထြး၊ ဒါဆိုရင္ လူနက္ႀကီးက
ေသြးစုပ္ဖုတ္ေကာင္ႀကီးလားဗ်"
ပုရစ္က လွမ္းေမးလိုက္တာဗ်။
"ပုရစ္ေရ၊ ဖုတ္ေကာင္လား ဘာလားေတာ့
ဘေထြး မသိဘူးကြ၊ ေသြးစုပ္တာေတာ့ ေသခ်ာတယ္"
ဘေထြး ျပန္ေျပာလိုက္ေတာ့ က်န္တဲ့လူေတြလည္း
ေၾကာင္ေတာင္ေတာင္ ျဖစ္ကုန္ၿပီး ဘာေျပာရမွန္း
မသိေအာင္ကို ျဖစ္သြားေရာဗ်ိဳ႕။
"ကဲ မ်ိဳးေဆြတို႔၊ ခင္ထြန္းတို႔ ၊ ေပါက္စတို႔ လာၾကေဟ့၊
ႏြားျဖဴေလးကို ရြာထဲ ျပန္သယ္ၾကရေအာင္ "
ေလးေလးခ်က္ႀကီးက ေဆာ္ၾသလိုက္ေတာ့
ေပါက္စတို႔က ႏြားျဖဴေလးကို သယ္ဖို႔ လုပ္ၾက
တာေပါ့ဗ်ာ။
"ေနဦးကြ ခ်က္ႀကီးရ၊ ငါ တစ္ခု ေတြးမိတယ္ကြ၊
ဒီႏြားေသကို ရြာထဲျပန္ယူလို႔ ျဖစ္ပါ့မလားကြ၊
ေတာ္ေတာ္ၾကာ လူနက္ႀကီးက ႏြားေသေနာက္ကို
ျပန္လိုက္လာရင္ ခက္မယ္ "
ဘေထြးထြန္းလွက ေျပာလိုက္တာဗ်။
"ဟင္…ဒါဆိုရင္ ဘယ္လိုလုပ္မတံုး ဘေထြးရဲ့"
"ငါေတာ့ ဒီနားမွာပဲ က်င္းတူးၿပီး ၿမွဳပ္ပစ္လိုက္ခ်င္
တယ္ကြာ၊ ေနဦး၊ ဒီထဲမွာ ႏြားရွင္ စံကြန္႔ပါလားေဟ့"
"ဘေထြးထြန္းလွ က်ဳပ္ ဒီမွာဗ် ။ ေခြးေဟာင္သံေတြ
ၾကားလို႔ က်ဳပ္ ကပ်ာကယာ ထၾကည့္ေတာ့
လူနက္ႀကီးက က်ဳပ္ႏြားေလးကို လည္လိမ္ခ်ိဳးၿပီး
ပခံုးမွာ ထမ္းေျပးတာဗ်။ ဝိုင္းတံခါးပိတ္ထားတာကို
ဘယ္လိုထြက္သြားလဲ မသိဘူးဗ်ာ၊ အျပင္ေရာက္
သြားတာပဲဗ် ဘေထြးရဲ့ "
အားလံုးကေတာ့ ႏြားေသေလးကို ရြာျပင္မွာပဲ
ၿမွဳပ္ပစ္လိုက္ေစခ်င္ၾကတယ္ဗ်။
"ကဲ စံကြန္႔၊ မင္းေရာ ဘယ္လိုလုပ္ခ်င္တံုး၊
ရြာထဲျပန္သယ္ခ်င္လား၊ ဒီမွာၿမွဳပ္ခဲ့မလား"
"ဟာ ဘေထြးတို႔ ႀကိဳက္သလိုလုပ္ဗ်ာ၊
ႏြားက ေသေနၿပီပဲ၊ မေကာင္းဆိုးဝါး ေသြးစုပ္
ထားတဲ့ ႏြားကို က်ဳပ္လည္း ရြာထဲက
ျပန္မသယ္ခ်င္ပါဘူးဗ်ာ"
"ကဲ ဒါဆိုရင္ မ်ိဳးေဆြတို႔ ရြာထဲျပန္ကြာ၊
တူရြင္းေတြ ေပါက္တူးေတြ သံုးေလးလက္
ယူခဲ့၊ ျမန္ျမန္ျပန္ခဲ့ၾကေဟ့ ၾကားလား"
"ဟုတ္ကဲ့ ဘေထြး"
မ်ိဳးေဆြတို႔ ေပါက္စတို႔ ေလးေယာက္ ရြာထဲ
ျပန္သြားၿပီး ေပါက္တူးေတြ တူးရြင္းေတြ
ယူလာၾကတယ္။
ေလးေလးခ်က္ႀကီးက ဘန္႔ေဘြးပင္ႀကီး ႏွစ္ပင္
ၾကားက ေနရာမွာ တူးခိုင္းလိုက္တယ္ဗ်။
က်ဳပ္တို႔ေတြ တစ္ေယာက္တစ္လွည့္ ဝိုင္းတူး
လိုက္ၾကတာ သိပ္မၾကာဘူးဗ်။
က်င္းတူလို႔ ၿပီးသြားေရာဗ်ိဳ႕။ ႏြားေသေလးကို
ေျမက်င္းအနက္ႀကီးထဲမွာ ထည့္ၿပီး ၿမွဳပ္လိုက္
ၾကတယ္။ ေသေသခ်ာခ်ာ ေျမဖို႔ၿပီးမွ က်ဳပ္တို႔
အားလံုး ရြာထဲကို ျပန္လာခဲ့ၾကတယ္။က်ဳပ္ဒို႔
ကင္းမွာ နဂိုအတိုင္း သံုးေယာက္ ျပန္ျဖစ္သြား
ေတာ့တာေပါ့ဗ်ာ။ က်ဳပ္တို႔ သံုးေယာက္စလံုး
မိုးလင္းတဲ့အထိ မအိပ္ဘဲ ေစာင့္ၾကေပမယ့္
ဘာမွထူးထူးျခားျခား မရိွေတာ့ဘူးဗ်။
မနက္က်ေတာ့ ထေနာင္းကုန္းကို လူနက္ႀကီး
ဝင္သြားတဲ့အေၾကာင္း၊ ႏြားေပါက္ကေလးကို
ထမ္းၿပီး ရြာျပင္ထြက္သြားတဲ့အေၾကာင္း၊
ႏြားေလးတစ္ကိုယ္လံုးက ေသြးေတြစုပ္သြားတဲ့
အေၾကာင္းေတြ အနီးအနားရြာေတြအထိ
ပ်ံ႔ႏွံ႔သြားေတာ့တာေပါ့ဗ်ာ
ဘန္႔ေဘြးကုန္းတို႔၊ မီးေလာင္ကုန္းတို႔လို
ကပ္ေနတဲ့ရြာေတြကေတာ့ ခ်က္ခ်င္း
ေရာက္လာၿပီး သတင္းေမးၾကတာေပါ့ဗ်ာ
ျပႆနာက ဒါနဲ႔တင္ ၿပီးမသြားဘူးဗ်ိဳ႕။
ေနာက္ညေတြက စၿပီး ထေနာင္းကုန္း၊
မီးေလာင္ကုန္း၊ ဘန္႔ေဘြးကုန္းရြာေတြမွာ
လူနက္ႀကီးကို မျမင္ရေတာ့ေပမယ့္
မနက္မိုးလင္းရင္ ဟိုဝိုင္း ဒီဝိုင္းေတြမွာ
အိပ္တန္းတက္ေနတဲ့ ၾကက္ေတြ တန္းေအာက္
ျပဳတ္က်ၿပီး ေသေနတာေတြ ေန့တိုင္း
ေတြ့ရေရာဗ်ိဳ႕။ ၾကက္ေတြအားလံုးကို
လည္ပင္းက ကိုက္ေဖာက္ၿပီး ေသြးေတြ
စုပ္ထားတာဗ်။
ဒီေတာ့ ထေနာင္းကုန္း၊ ဘန္႔ေဘြးကုန္း၊
မီးေလာင္ကုန္းက ရြာသားေတြ ထိတ္လန္႔ကုန္
ေတာ့တာေပါ့ဗ်ာ။ ညဆိုရင္ အိမ္တံခါးေတြ
ပိတ္ၿပီး အိမ္ထဲမွာပဲ ေနၾကတာဗ်။ ကင္းေစာင့္
ရတဲ့လူေတြလည္း လန္႔ၾကတာေပါ့ဗ်ာ။
ကင္းတဲြေတြေတာင္ ျပန္ၿပီးတဲြၾကရတာဗ်။
ကင္းသံုးေယာက္မွာ လူႀကီးပိုင္းတစ္ေယာက္
ထည့္ေပးရတာေပါ့ဗ်ာ။
အေရးရယ္ အေၾကာင္းရမယ္ဆိုရင္ လူႀကီး
တစ္ေယာက္ ပါမွ ျဖစ္မွာေလ။ က်ဳပ္က သတိထားၿပီး
နားေထာင္ေနတာဗ်။ ထေနာင္းကုန္းရယ္၊ ဘန္႔ေဘြး
ကုန္းရယ္၊ မီးေလာင္ကုန္းရယ္ကို လူနက္ႀကီးက
အလွည့္က် ဝင္ေမႊေနတာဗ်။ ဒီညဆိုရင္ က်ဳပ္တို႔
ထေနာင္းကုန္း အလွည့္က်ေပါ့ဗ်ာ။
က်ဳပ္ရယ္ ၊ ေက်ာက္ခဲရယ္၊ သံမဏိရယ္ ည
ကိုးနာရီထိုးတာနဲ႔ ရြာထဲ ထြက္ခဲ့တယ္ဗ်။ က်ဳပ္
ကေတာ့ မ်က္ကြင္းေဆးကြင္းထားတာေပါ့ဗ်ာ။
ေက်ာက္ခဲနဲ႔သံမဏိကေတာ့ ေလာက္စလံုး
လြယ္အိတ္ တစ္ေယာက္တစ္အိတ္ လြယ္လို႔ဗ်။
လက္ထဲမွာလည္း ေလးခြ တစ္ေယာက္တစ္ေခ်ာင္း
ကိုင္ထားတယ္။ က်ဳပ္တြက္တာသာ မမွားဘူးဆိုရင္
လူနက္ႀကီး ဒီညေတာင္ပိုင္းကို ဝင္မွာဗ်။
က်ဳပ္တို႔ ေတာင္ပိုင္းက ဘိုးကံစိန္တို႔
ဝိုင္းေထာင့္က မန္က်ည္းပင္ေပၚကိုတက္ၿပီး
ၿငိမ္ေနလိုက္ၾကတယ္ဗ်ိဳ႕။ ဆယ္နာရီေက်ာ္တာနဲ႔
ေအးေတာ့တာေပါ့ပဲဗ်ာ။ ဒါေပမဲ့ က်ဳပ္တို႔က
ကိုယ္ေဇာနဲ႔ကိုယ္ဆိုေတာ့ သိပ္ေအးတယ္လို႔
မထင္ၾကဘူးဗ်။ က်ဳပ္တို႔သံုးေယာက္စလံုး
အေနြးထည္ အထူႀကီးေတြဝတ္ၿပီး ေခါင္းစြပ္ေတြ
ေတာ့ စြပ္ထားၾကတာေပါ့ဗ်ာ။ သန္းေခါင္ေက်ာ္
တာနဲ႔ ေခြးေဟာင္သံေတြ ၾကားေတာ့တာဗ်။
ေခြးေဟာင္သံေတြက တျဖည္းျဖည္း ေရြ့လာ
လိုက္တာ ေတာင္ပိုင္းကို ေရာက္လာေရာဗ်ိဳ႕။
"ေက်ာက္ခဲနဲ႔ သံမဏိ ၿငိမ္ၿငိမ္ေလး ေနၾက
ေပေတာ့ေဟ့၊ လူနက္ႀကီး နီးလာၿပီကြ"
က်ဳပ္ေျပာလို႔ စကားမဆံုးခင္ဘဲ က်ဳပ္မ်က္စိ
ေအာက္ကို လူနက္ႀကီး ေရာက္လာေရာဗ်ိဳ႕။
ဒီတစ္ခါေတာ့ က်ဳပ္ ေသေသခ်ာခ်ာ ေတြ့ရၿပီဗ်။
အရပ္ႀကီးက ခုႏွစ္ေပေလာက္ ျမင့္တယ္ဗ်ိဳ႕။
ေခါင္းတံုးေျပာင္ႀကီးနဲ႔ ရင္ဘတ္ကားကားႀကီးမွာ
ႂကြက္သားေတြမွ ဖုထစ္ေနတာဗ်ိဳ႕။ ပခံုးလံုးလံုး
ႀကီးမွာလည္း ႂကြက္သားေတြမွ ထစ္ထြက္ေနတာဗ်။
ခါးမွာ နံကယ္ပိုင္းအကြက္ႀကီးတစ္ထည္
ပတ္ထားတယ္။ အေပၚပိုင္းကေတာ့ ဗလ
က်င္းေနတာေပါ့ဗ်ာ။ လူနက္ႀကီးက သူ႔ရဲ့
ျပဴးထြက္ေနတဲ့ မ်က္လံုးနီနီႀကီးေတြနဲ႔ ဟိုၾကည့္
ဒီၾကည့္ လုပ္ေနတယ္ဗ်ိဳ႕။ က်ဳပ္က ျမင္ေနေပမယ့္
ေက်ာက္ခဲနဲ႔ သံမဏိကေတာ့ ဘာမွ မျမင္ၾကဘူး
ေပါ့ဗ်ာ။ သူကိုယ္သူ လူမျမင္ေအာင္ ေသေသခ်ာခ်ာ
ကိုယ္ေဖ်ာက္ထားပံုရတယ္ဗ်။
ေဟာ…ဝင္သြားၿပီဗ်ိဳ႕၊ လူနက္ႀကီး ဝင္ခ်သြားၿပီ။
တျခားကို သြားတာမဟုတ္ဘူးဗ်။ ဘိုးကံစိန္တို႔
ဝိုင္းထဲကို ဝင္သြားတာဗ်။ အလံုကာထားတဲ့
ၿခံစည္းရိုးကို ျဖတ္ၿပီးဝင္သြားတာဗ်ိဳ႕။
ေဟာ ၊ ဝိုင္းထဲေရာက္သြားၿပီ။ ဟိုၾကည့္ ဒီၾကည့္
လုပ္ေနၿပီး အိမ္ေဘးက ပတ္ဝင္သြားၿပီဗ်ိဳ႕။ ေဟာ
ျပန္ထြက္လာၿပီ။ လူနက္ႀကီး ျပန္ထြက္လာၿပီ။
လက္ထဲမွာ ၾကက္ေလးေကာင္ ပါလာတယ္ဗ်။
လက္တစ္ဖက္ကို ႏွစ္ေကာင္စီ ဆဲြလာတာဗ်ိဳ႕။
ၾကက္ေတြက ေအာ္လည္း မေအာ္၊ ရုန္းလည္း
မရုန္းဘူးဗ်။ ေဟာ…ထိုင္ခ်လိုက္ၿပီ၊ လူနက္ႀကီး
ထိုင္ခ်လိုက္ၿပီဗ်ိဳ႕။ ေျမၾကီးေပၚမွာ မုဆိုးဒူးေထာက္
ထိုင္ၿပီး ၾကက္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္
ေသြးစုပ္ေတာ့တာဗ်ိဳ႕။ ၾကက္ေတြမွာ ေသြးတစ္စက္မွ
မရိွေတာ့မွ ၾကက္ေသေတြကို ေျမၾကီးေပၚကို
ပစ္ခ်ခဲ့ၿပီး ထြက္လာေရာဗ်ာ။ ေဟာ ေျမာက္စည္းရိုး
ဘက္ကို သြားေနၿပီဗ်ိဳ႕။ က်ဳပ္စိတ္ထင္ေတာ့
လူနက္ႀကီး ရြာျပင္ထြက္ေတာ့မယ္ ထင္တယ္ဗ်။
က်ဳပ္အံ့ၾသတာက ဘိုးကံစိန္တို႔ဝိုင္းထဲက ငနီတို႔၊
ငညိုတို႔ဆိုတဲ့ ေခြးႀကီးႏွစ္ေကာင္ တစ္ခ်က္မွ
မေဟာင္တာကို က်ဳပ္ အံ့ၾသေနတာဗ်။
"ေက်ာက္ခဲနဲ႔ သံမဏိ ဟိုမွာၾကည့္၊ ဘိုးကံစိန္တို႔
ဝိုင္းထဲမွာ ၾကက္ေတြ ေသေနတယ္ ျမင္လား"
က်ဳပ္ျပေတာ့မွ ဒီေကာင္ေတြ ျမင္သြားတာဗ်။
"ဟာ…ဟုတ္သားပဲဗ်၊ ၾကက္ေလးေကာင္ေတာင္
အတံုးအရံုး ေသေနပါလား၊ ဟာ ဒါဆိုရင္ ဒီဝိုင္းထဲကို
လူနက္ႀကီးဝင္ၿပီး ေသြးစုပ္သြားတာေပါ့ ဟုတ္လား
ကိုႀကီးတာေတ"
"ဟုတ္တယ္ ေက်ာက္ခဲ၊ လူနက္ႀကီး ေစာေစာကပဲ
ေရာက္လာၿပီး ၾကက္ေတြကို ေသြးစုပ္သြားတာကြ"
"ဟာ ကိုႀကီးတာေတကလည္း ျမင္ရင္ေျပာမွေပါ့ဗ်ာ။
က်ဳပ္နဲ႔ သံမဏိ ခြနဲ႔ ဆက္တိုက္ဆဲြၾကမွာေပါ့"
"ခြနဲ႔ပစ္လို႔ ဘာျဖစ္မွာတံုး ေက်ာက္ခဲရ၊
ဟိုက မင္းတို႔ကို ျမင္သြားၿပီး ေသြးစုပ္သြားမွ
ဒုႂကၡဖစ္ေနဦးမယ္"
က်ဳပ္ေျပာလိုက္ေတာ့မွ ဒီေကာင္ေတြ လန္႔သြားတာဗ်။
ေခါင္းေလးေတြေတာင္ ပုသြားတယ္။ က်ဳပ္တို႔သံုး
ေယာက္ မန္က်ည္းပင္ေပၚက ျပန္ဆင္းလာၾကတယ္။
လမ္းေလ်ွာက္ရင္း က်ဳပ္ေတြးလာတာဗ်။ ဒီ လူနက္ႀကီး
ၾကည့္ရတာ ႂကြက္သားေတြ ဖုထစ္ၿပီး ပန္းပုထုထားတဲ့
အရုပ္တစ္ရုပ္လို ပံုစံႀကီးဗ်။ ၿပီးေတာ့ ၾကက္ေတြကို ေသြးစုပ္တုန္းက ထိုင္တဲ့ပံုစံကလည္းမုဆိုးဒူးေထာက္ ပံုစံႀကီးဗ်။
ေထာင္ထားတဲ့ ဒူးေခါင္းေပၚမွာ
ၾကက္ကိုတင္ၿပီးမွ ေသြးစုပ္တာဗ် ။ လူနက္ႀကီးရဲ့
ပံုစံက ထူးေတာ့ ေတာ္ေတာ္ကို ထူးေနတာဗ်ိဳ႕။
ေက်ာက္ခဲနဲ႔ သံမဏိကို အိမ္ေတျြပန္ပို႔ၿပီး
က်ဳပ္တစ္ေယာက္တည္း ေတြးရင္းနဲ႔ အိမ္ျပန္လာတယ္။
က်ဳပ္ အိပ္ရာထဲဝင္ေတာ့မယ္လုပ္ေတာ့ က်ဳပ္
ေခါင္းထဲမွာ အေတြးတစ္ခု ဖ်က္ကနဲ ေပၚလာတာဗ်ိဳ႕။
"ဟာ…ဒါ ဟိုအရုပ္ႀကီးပဲ"
ဟုတ္တယ္ဗ်ိဳ႕။ က်ဳပ္ေခါင္းထဲမွာ ေပၚလာၿပီ။
က်ဳပ္ ဆယ္ႏွစ္သားေလာက္က အဘ ေနမေကာင္းလို႔
ဘန္႔ေဘြးကုန္းက ေဆးဆရာႀကီးဦးအံုအိမ္မွာ
ေဆးကုတာကို က်ဳပ္သတိရသြားတယ္။ ဒီတုန္းက
အဘက လမ္းမေလ်ွာက္ႏိုင္လို႔ က်ဳပ္က လွည္း
ေကာက္ၿပီး လိုက္ပို႔ရတာဗ်။
က်ဳပ္က ဆယ္ႏွစ္သားတည္းက လွည္းကို
ကၽြမ္းကၽြမ္းက်င္က်င္ ေမာင္းတက္ေနၿပီေလဗ်ာ။
ဒီတုန္းက ဘုရားခန္းမွာ ေဆးဆရာႀကီးက
အဘကို ေသြးစမ္းၿပီး ေရာဂါရွာေနတုန္း က်ဳပ္က
ဘုရားခန္းေဘးက အခန္းကို ကာထားတဲ့
ခန္းဆီစကို အသာလွပ္ၿပီး ၾကည့္လိုက္တာဗ်။
အဲဒီမွာ က်ဳပ္ေတြ့တာ မဲနက္ေနတဲ့ အရုပ္ႀကီးဗ်။
ေခါင္းတံုးေျပာင္ႀကီးနဲ႔ မုဆိုးဒူးေထာက္ ထိုင္ေနတာဗ်။
ေထာင္ထားတဲ့ ဒူးေပၚမွာ လက္တစ္ဖက္တင္ထားၿပီး
လက္ဝါးျဖန္႔ထားတယ္။ အဲဒီလက္ဝါးေပၚမွာ ေၾကး
ေသာက္ေရခြက္ကေလးတစ္လံုးရိွတယ္ဗ်။ အရုပ္ကို
အနက္ေရာင္သစ္သားနဲ႔ ထုထားတာလား၊ ဒါမွမဟုတ္
ေဆးအနက္ သုတ္ထားတာလား ဆိုတာေတာ့
က်ဳပ္ ေသေသခ်ာခ်ာ မသိခဲ့ဘူးဗ်။
အျမင့္က ႏွစ္ေပေလာက္ ရိွတယ္။ ေအာက္ပိုင္းမွာ
နံကယ္ပိုင္းအကြက္ႀကီး ပတ္ထားတယ္။ အေပၚ
ပိုင္းကေတာ့ ႂကြက္သားအဖုအထစ္ေတြနဲ႔ဗ်။
ညက က်ဳပ္ ေသေသခ်ာခ်ာ ေတြ့ခဲ့ရတဲ့
လူနက္ႀကီးက အဲဒီအရုပ္နဲ႔ တစ္ပံုစံတည္းပဲဗ်ိဳ႕။
က်ဳပ္ မဖဲဝါရဲ့ ကိုယ္တူကိုယ္ခဲြအရုပ္ကေလး
ယူၿပီး ေျပာလိုက္တယ္။
"သခ်ၤိဳင္းရွင္မႀကီး မဖဲဝါ၊ က်ဳပ္တို႔ရြာေတြမွာ
အခုတေလာ ေသာင္းက်န္းေနတဲ့ လူနက္ႀကီးဟာ
ဘန္႔ေဘြးကုန္းက ဆံုးသြားတဲ့ ေဆးဆရာႀကီး
ဆရာအံုအိမ္က အရုပ္ႀကီးနဲ႔ တစ္ပံုစံတည္းပဲဗ်။
အဲဒါ ဘယ္လိုျဖစ္တယ္ဆိုတာ က်ဳပ္ကို အိပ္မက္
ေပးၿပီး ေျပာျပပါ မဖဲဝါ"
က်ဳပ္ အိပ္ေပ်ာ္သြားေတာ့ တစ္ပင္လံုး ဝါထိန္ေနေအာင္
ပြင့္ေနတဲ့ ဆယ့္ႏွစ္ရာသီပင္ႀကီးနားကို ေရာက္ေနတယ္ဗ်။
မဖဲဝါက က်ဳပ္နဲ႔ရြယ္တူ ေကာင္မေလးတစ္ေယာက္ပံုစံ
ဖန္ဆင္းထားတယ္။ ဆံပင္က အရွည္ႀကီး၊ ေက်ာေပၚကို
ျဖန္႔ခ်ထားတယ္၊ ထဘီေရာ အက်ႌေရာ အဝါေရာင္ဗ်။
နားအေပၚမွာ ဆယ့္ႏွစ္ရာသီပြင့္ အဝါေလးတစ္ပြင့္
ပန္ထားတယ္။ ေလေတြ တေဝါေဝါ တိုက္ေနေပမယ့္
ဆယ္ႏွစ္ရာသီပင္ႀကီးနဲ႔ မဖဲဝါရဲ့ေခါင္းက ဆံပင္ေလး
တစ္ပင္ေတာင္ မလႈပ္ဘူးဗ်။
"တာေတ နင္ထင္တာ ဟုတ္တယ္၊ အဲဒီလူနက္ႀကီးက
ဆရာအံုရဲ့ အရုပ္မွာ ဝင္ေနတဲ့ 'အရုပ္ဝိညာဉ္'ပဲ။
ဆရာအံုရိွတုန္းက အဲဒီအရုပ္ကို သူ႔ဆရာဆီက
လက္ဆင့္ကမ္း ယူလာၿပီး ေဆးေစာင့္ႀကီးလို႔
ေခၚတယ္၊ တစ္ပတ္ကို တစ္ခါ ၾကက္ေသြး၊
ဆိတ္ေသြးေတြ တိုက္တယ္၊ လက္ဝါးထဲက
ေၾကးခြက္ထဲကို ေသြးထည့္ၿပီး တိုက္ရတယ္။
အရုပ္မွာ ကပ္ေနတဲ့ ဝိညာဉ္က ဆရာအံု ရိွတုန္းက
ေသြးမွန္မွန္ေသာက္ေနက် တာေတရဲ့၊
အခု ဆရာအံုကလည္း ဆံုးသြားတာ ႏွစ္ႏွစ္ရိွၿပီ၊
ေသြးမေသာက္ရတာလည္း ၾကာၿပီ။ သူ႔ရဲ့
ဝိညာဉ္ ဆက္ၿပီး တည္ရိွဖို႔ အခက္အခဲ ျဖစ္လာၿပီ
တာေတ၊ ဒါေၾကာင့္ ညဘက္ ထြက္ထြက္ၿပီး
ေသြးစုပ္ေနတာ"
"ဒါဆိုရင္ ဒီလူနက္ႀကီးက ေဆးေစာင့္ႀကီးေပါ့
ဟုတ္လား မဖဲဝါ"
"ဘယ္က ေဆးေစာင့္ရမွာလဲ တာေတ၊ ကပၸလီ
သရဲႀကီး အရုပ္မွာ ဝင္ပူးေနတာဟဲ့ "
"ဟာ…ကူညီပါဦး မဖဲဝါရယ္၊ က်ဳပ္တို႔ရြာေတြ
ဒုကၡေရာက္ေနပါၿပီဗ်ာ"
"ဒါဆိုရင္ နင္ ဒီလိုလုပ္ တာေတ၊ မနက္ျဖန္ည
ဒီအေကာင္ႀကီး မီးေလာင္ကုန္းက ၾကက္ေတြကို
ေသြးသြားစုပ္လိမ့္မယ္၊ အဲဒီအခ်ိန္မွာ နင္က
ဆရာအံုတို႔အိမ္က အရုပ္ႀကီးကို ခပ္ျမန္ျမန္
မီးရိႈ႔ပစ္လိုက္၊ ဒီအေကာင္ႀကီး ျပန္ကပ္စရာ
မရိွေတာ့ဘူးဆိုရင္ ငါ့ဆီကို ေရာက္လာလိမ့္
မယ္။ ဒီေတာ့မွ ငါ ေနရာေပးလိုက္ပါ့မယ္၊
ရြာေတြထဲဝင္ၿပီး ေသြးမစုပ္ေအာင္လည္း
ငါ အမိန္႔ေပးထားလိုက္မယ္ "
ေနာက္ေန့ေရာက္ေတာ့ က်ဳပ္ ဘန္႔ေဘြးကုန္းကို
သြားတယ္။ ကိုႀကီးေပြလီကို အက်ိဳးအေၾကာင္း
ေျပာျပၿပီး ဘိုးအံုႀကီးတို႔အိမ္ကို သြားၾကတယ္။
ဟိုေရာက္ေတာ့ ဘိုးအံုရဲ့သမီး အရီးေလး ညိုလံုးကို
လူနက္ႀကီးအေၾကာင္း အားလံုးေျပာျပတယ္။
ေနာက္ဆံုး မဖဲဝါ ေျပာတဲ့အထိေပါ့ဗ်ာ။
အရီးေလးကလည္း က်ဳပ္တို႔ လုပ္ခ်င္ရာလုပ္ဖို႔
ခြင့္ျပဳတယ္ဗ်။ ဒီအေၾကာင္းကို ဘန္႔ေဘြးကုန္း
ရြာသားေတြ မသိေအာင္ေတာ့ ႀကိတ္လုပ္ရမွာ
ေပါ့ဗ်ာ။ ရြာသားေတြသိရင္ ဘိုးအံုရဲ့ သား
သမီးေတြအေပၚမွာ အမ်က္ထားၾကမွာေပါ့။
အရုပ္ႀကီးက ဘိုးအံု ရိွတုန္းကလို စင္နဲ႔ကနားနဲ႔
မဟုတ္ေတာ့ဘူးဗ်။ အေပၚထပ္က အခန္းတစ္ခန္း
ထဲမွာ ကုလားထိုင္ အက်ိဳးေတြ၊ ပစၥည္းအပ်က္
ေတြနဲ႔ ေရာၿပီး ပံုထားတာ။ က်ဳပ္တို႔က တစ္ခါတည္း
ယူမလာပါဘူး။ အျပင္ကို ထုတ္ထားၿပီး ညမိုးခ်ဳပ္
လို႔ လူေျခတိတ္ေတာ့မွ ကိုေပြလီရယ္၊ က်ဳပ္ရယ္၊
ကိုရႈပ္ေထြးရယ္ အရုပ္ႀကီးကို ဂုန္နီအိတ္တစ္လံုးနဲ႔
ထည့္ၿပီး ရြာျပင္ထုတ္လာၾကတာဗ်။
ၿပီးေတာ့ ယာကြက္ထဲသြားၿပီး အဆင္သင့္
ျပင္ထားတဲ့ ထင္းေခ်ာင္းေတြနဲ႔ မီးတင္ရိႈ႔ပစ္
လိုက္ၾကတယ္။ က်ဳပ္တို႔ မီးရိႈ႔ေတာ့ ညသန္းေခါင္
ေက်ာ္ၿပီ။ ဒီအခ်ိန္က လူနက္ႀကီး မီးေလာင္ကုန္းမွာ
ေသြးသြားစုပ္ေနတဲ့အခ်ိန္ေလဗ်ာ။ အရုပ္တစ္ရုပ္လံုး
ျပာက်သြားေတာ့မွ အဲဒီျပာေတြကို ေျမက်င္း
တူးၿပီး ၿမွဳပ္လိုက္ၾကတယ္။
မဖဲဝါက သူေျပာတဲ့အတိုင္း လုပ္မယ္ဆိုတာ
က်ဳပ္ယံုၿပီးသားပါဗ်ာ။ မွီတြယ္စရာ အရုပ္ႀကီး
မရိွေတာ့တဲ့ ကပၸလီသရဲႀကီးကို မဖဲဝါက လိုက္နာ
ရမယ့္ သရဲစည္းကမ္းေတြ တိတိက်က် ေျပာျပၿပီး
ေနစရာ ေပးလိုက္မွာပါ။
ေနာက္ညက စၿပီး လူနက္ႀကီး ေပ်ာက္သြားေရာဗ်ိဳ႕။
ထေနာင္းကုန္း၊ မီးေလာင္ကုန္း၊ ဘန္႔ေဘြးကုန္းရြာေတြ
ဘယ္ရြာမွာမွ ၾကက္ေတြ၊ ဆိတ္ေတြ ေသြးစုပ္မခံ
ရေတာ့ဘူးဗ်ိဳ႕။ ေက်ာက္ခဲနဲ႔ သံမဏိကေတာ့
က်ဳပ္ တစ္ခုခုလုပ္လိုက္ၿပီ ဆိုတာကို သိၾကတာ
ေပါ့ဗ်ာ။ ဒါေပမဲ့ ဆရာအံုမိသားစုကိုငဲ့ၿပီး
ဒီအေၾကာင္းကို က်ဳပ္ အုပ္ထားရတာေပါ့ဗ်ာ။
ကိုေပြလီနဲ႔ ကိုရႈပ္ေထြးလည္း ဒီအေၾကာင္းကို
မေျပာၾကဘူးဗ်။ က်ဳပ္တို႔သံုးေယာက္ပဲ သိတဲ့
ကိစၥဆိုေတာ့ က်ဳပ္တို႔ မေျပာရင္ ဘယ္သူသိမွာတံုးဗ်ာ။
ၿပီးပါၿပီ။
စာဖတ်ပရိတ္သတ္မ်ားအားလံုးပဲ စိတ္ရႊင္လန္းပါေစခဗ်ာ
မဖဲဝါရဲ့ ေက်ာက္ရုပ္ စာအုပ္မွ ေကာက္ႏုတ္တင္ျပထားသည္။
ဤဝတၲုေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ lik and share ေလးနဲ႔
လုပ္ေပးသြားပါအံုးဗ်ာ။
#တာေတ
#မဖဲဝါ
Comments
Post a Comment