ကိုယ်ပျောက်မှော် (စ/ဆုံး)
ဒါပေမဲ့ ကျုပ်တို့ ရွာက မဟုတ်ဘူး။ ဘန့်ဘွေးကုန်းက ခေါက်တာ။ ကျုပ် တို့ရွာမှာ ဖြစ်နေတာတွေကို ဘန့်ဘွေး ကုန်းကလည်း အကုန်သိတယ်လေဗျာ။ ဒီတော့ သူတို့လည်း ကင်းတွေတွဲပြီး တစ်ရွာလုံးကို စောင့်နေကြတာဗျ။ ဘာဖြစ်လို့ ခေါက်တယ်ဆိုတာတော့ မသိဘူးဗျ။ ကျုပ်တို့ရွာက လူတွေက တော့ ဓါတ်မီးတွေ တဝင်းဝင်းနဲ့ ဟိုဝိုင်းထိုး ဒီဝိုင်းထိုး လုပ်နေကြတာဗျ။ မိုးလင်းတဲ့အထိ ကျုပ်တို့ရွာမှာ ဘာမှဖြစ်မသွားဘူးဗျ။ ကျုပ်လည်း အိမ်ပြန်ပြီး ထမင်း ကြမ်းစားပြီး ဝင်အိပ်လိုက်တာ အိပ်ပျော်သွားရောဗျို့။ "ကိုကြီးတာတေ၊ ကိုကြီးတာတေ" ကျုပ်လန့်နိုးသွားတယ်၊ ကျုပ်ကို ခေါ်သံကြားလို့ နိုးသွားတာဗျ။ ဒါပေမဲ့ နှစ်ညဆက် အိပ်ရေးပျက် ထားတော့ မျက်စိတွေက ဖွင့်လို့ကိုမရတာဗျို့။ "ဟဲ့ ကျောက်ခဲလား၊ လာလေ၊ နင့် ကိုကြီးတာတေ အိပ်လို့ " ကျုပ် ထထိုင်လိုက်တယ်၊ ကျောက်ခဲက လှေကားက ပြေးတက်လာတယ်။ "ကိုကြီးတာတေ၊ အိပ်နေလား၊ ဘန့်ဘွေးကုန်းသတင်း ပြောချင်လို့ လာတာဗ်" "အေး လာလေကွာ ကျောက်ခဲ၊ ငါလည်း အဲဒါ သိချင်နေတာကွ" ကျုပ်က အိပ်ရာက ထွက်ပြီး တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။ မအိပ်ခင်က သောက် လက်စ နဂါးဆေးပေါ့လိပ်ကလေးကို မီး ညှိပြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်