Posts

Showing posts from April, 2024

ကိုယ်ပျောက်မှော် (စ/ဆုံး)

ဒါပေမဲ့ ကျုပ်တို့ ရွာက မဟုတ်ဘူး။ ဘန့်ဘွေးကုန်းက ခေါက်တာ။ ကျုပ် တို့ရွာမှာ ဖြစ်နေတာတွေကို ဘန့်ဘွေး ကုန်းကလည်း အကုန်သိတယ်လေဗျာ။ ဒီတော့ သူတို့လည်း ကင်းတွေတွဲပြီး တစ်ရွာလုံးကို စောင့်နေကြတာဗျ။ ဘာဖြစ်လို့ ခေါက်တယ်ဆိုတာတော့ မသိဘူးဗျ။ ကျုပ်တို့ရွာက လူတွေက တော့ ဓါတ်မီးတွေ တဝင်းဝင်းနဲ့ ဟိုဝိုင်းထိုး ဒီဝိုင်းထိုး လုပ်နေကြတာဗျ။ မိုးလင်းတဲ့အထိ ကျုပ်တို့ရွာမှာ ဘာမှဖြစ်မသွားဘူးဗျ။ ကျုပ်လည်း အိမ်ပြန်ပြီး ထမင်း ကြမ်းစားပြီး ဝင်အိပ်လိုက်တာ အိပ်ပျော်သွားရောဗျို့။ "ကိုကြီးတာတေ၊ ကိုကြီးတာတေ" ကျုပ်လန့်နိုးသွားတယ်၊ ကျုပ်ကို ခေါ်သံကြားလို့ နိုးသွားတာဗျ။ ဒါပေမဲ့ နှစ်ညဆက် အိပ်ရေးပျက် ထားတော့ မျက်စိတွေက ဖွင့်လို့ကိုမရတာဗျို့။ "ဟဲ့ ကျောက်ခဲလား၊ လာလေ၊ နင့် ကိုကြီးတာတေ အိပ်လို့ " ကျုပ် ထထိုင်လိုက်တယ်၊ ကျောက်ခဲက လှေကားက ပြေးတက်လာတယ်။ "ကိုကြီးတာတေ၊ အိပ်နေလား၊ ဘန့်ဘွေးကုန်းသတင်း ပြောချင်လို့ လာတာဗ်" "အေး လာလေကွာ ကျောက်ခဲ၊ ငါလည်း အဲဒါ သိချင်နေတာကွ" ကျုပ်က အိပ်ရာက ထွက်ပြီး တန်းလျားမှာ ဝင်ထိုင်လိုက်တယ်။ မအိပ်ခင်က သောက် လက်စ နဂါးဆေးပေါ့လိပ်ကလေးကို မီး ညှိပြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်

လူသေရင် တစ္ဆေဖြစ်သတဲ့လား (စ/ဆုံး)

လေတွေ တဟူးဟူးတိုက်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီး အောက်မှာ မဖဲဝါကို ကျုပ်တွေ့တယ်။ သူ့ကို ကျုပ် လန့်မသွားအောင် ကျုပ်နဲ့ ရွယ်တူလောက်ရှိတဲ့ ကောင်မလေးအရွယ် ဖန်ဆင်းထားတာဗျ။ ဆံပင်ရှည်ရှည်လေးကို ဖားလျားချထားပြီး နားရွက်အပေါ်လောက်မှာ ဆယ့်နှစ်ရာသီအဝါ ပွင့်လေးတစ်ပွင့် ပန်ထားတယ်၊ ဆယ့်နှစ်ရာသီပင် ကြီးကလည်း တစ်ပင်လုံး အပွင့်ဝါတွေနဲ့ ဝေနေလို့ဗျ။ "တာတေ နင် မှတ်ထား၊လူသေတိုင်းလည်း တစ္ဆေ မဖြစ်ဘူး၊ တစ္ဆေဖြစ်တယ် ဆိုတာ သေခါနီး အသက်ကုန်ခါနီးလေးမှာ တစ်ခုခုကို စိတ်ထဲစွဲလန်းသွားတော့မှ တစ္ဆေဖြစ်တာ။ သရဲဖြစ်တယ်၊ ပြိတ္တာဖြစ်တယ် ဆိုတာကတော့ တစ်သက်လုံး အကုသိုလ်အလုပ်တွေ လုပ်ပြီး အကုသိုလ်စိတ်နဲ့ အမြဲလွှမ်းမိုးပြီး နေနေတဲ့ လူတွေ သေတဲ့အခါ အဲဒီအာရုံတွေကို စိတ်ကရောက်ပြီး ဖြစ်ကြတာ။ ဒါပေမဲ့ တစ်သက်လုံး ကောင်းတာလုပ်နေတဲ့ သူတော်ကောင်းကြီးတွေလည်း သေခါနီးမှာ တစ်ခုခုကို စွဲသွားရင် ခဏတော့ တစ္ဆေ ဖြစ်တတ်ကြတယ် အဲဒါထက် ထူးဆန်းတာက သန္ဓေမတည်၊ ဥကမပေါက်ဘဲ အရွယ်ရောက်ပြီးသား ငှက်တို့၊ မြွေတို့ သွားပြီး ဖြစ်တတ်ကြတယ်။ ဒါကတော့ သူတို့ရဲ့ ဝဋ်ကြွေးတစ်ခုခုကို ဆပ်ရတဲ့ သဘောပဲ တာတေ၊ ငှက်ကလေးတွေ၊ မြွေကြီးတွေ အဖြစ်ကို ဘွားကနဲ ပေါ်လာပြီး ဖြစ်သွားတာ၊ ဥက ပေ